fbpx

ကျော်ထင် – ၄၉- အနမ်း

November 26, 2018

                                                       
 

၄၉- အနမ်
ကျော်ထင်
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၈
မိမိ၌ရှိသော နှာဝတစုံဖြင့် ပါးပြင်ခုကို၊ ဒါမှမဟုတ် ပါးပြင်တစုံကို
နမ်
းလိုက်သည်ဆိုငြားအံ့။ ထိုအနမ်းတို့ သည် ပြုမူပုံခြင်းသာ တူချင်တူမည်။ လုပ်​​ဆောင်ပုံခြင်းသာ ထပ်တူကျချင်ကျမည်။ သို့သော် အနမ်း၏ အဓိပ္ပာယ်သည် တူသည်မမည်သေး။ အနမ်း၏အနက်သည် ထပ်တူမဖြစ်​​သေး။ အနမ်းသည် ကာယကံမြောက် တူသည် ရှိသော်ငြား မနောကံအရမူ အကွဲကြီး ကွဲလေ၏။ စင်စစ် ထိုအနမ်းတို့သည်ဝေါ်ဟာရအရသာ
တူခြင်
း ဖြစ်နိုင်သည်။ အနှစ်သာရကား အကွဲကြီးကွဲလေ၏။
 
ကျနော်သည် သားလေးကို မွေးပြီးကတည်းက နေ့စဉ်လိုလို နမ်းဖြစ်ခဲ့ပါသည်။ သားလေး၏ ပါးပြင်​​ရဲရဲလေးတွေသာမက သားလေး၏နဖူး၊
သား
လေး၏ကုပ်ပိုး၊ သားလေး၏လက်​​မောင်းသား ဝဝကစ်ကစ်။ သားလေး နီတာ ရဲကာလများကဆိုလျင် ခြေဖဝါး နုနုလေးများကိုပင် နမ်းဖြစ်လိုက်သေး၏။
ထို့အတူ ကျနော်သည် ကျနော်၏ချစ်ဇနီးကိုလည်း မကြာမကြာနမ်းဖြစ်မိပါသည်။ မယား၏
ပါးလျလျနှုတ်
ခမ်း လွှာများ၊ အိစက်ညက်​​ညောသောပါးပြင်နှစ်ဘက်အတွက် ဘယ်ပြန် ညာပြန်အနမ်းများ။ သေးသေးပါးပါး
နားရွက်
ဖျားလေးများနှင့်အတူကျဉ်းကျဉ်းသွယ်သွယ် နဖူးပြင်တို့ကိုလည်း မက်မက်စက်စက် နမ်းမိဖူးပါသည်။ နားထင်မှာ ကျဆင်နေသော ဆံနွယ်စများအပါ
အဝင်
၊ လက်​​မောင်းသားချောမွတ်မွတ်တို့သည်လည်း ကျနော်၏အနမ်းဧရိယာနယ်ခွင်တွင် ပါဝင်ခဲ့ပါသည်
သို့သော် နမ်းရသော အနမ်းတိုင်းတွင် ခံစားရသော ရသကား
မတူ။ သား
လေးကို နမ်သော အနမ်းတိုင်းတွင် စီးဆင်းသွားခြင်းကို သိသိသာသာ
ခံစား
နေရသည်။ မေတ္တာသည် ကျနော့်ထံပါးမှ သားထံပါးဆီသို့သာဥဒဟို စီးဆင်သွားသည်။ထို့အတွက် ကိုယ်ထဲ၊ စိတ်ထဲ၌ အေးချမ်နေ၏။ ထိုအနမ်းသည်အပြန်မလိုသော စီးစင်းခြင်း၊ အသွားချည်းပဲ ရှိသောစီးစင်းခြင်းဟု ခံစားမိသည်
တချို့ က ယင်းကို အစုန်ဟုတင်စားကြသည်။ ကျနော်ချစ်ခြင်းမေတ္တာသည်လည်း သားလေး၏အပေါ်တွင် အစုန်ခရီးသာဖြစ်ရမည်။ သားဆီက
ပြန်
လာမည့်အဆန်ကို ကျနော်သိ။ သားလေးဆီက ပြန်လာဖို့ မလို။
ပြန်
လည် ပေးဆပ်ခြင်းကို မမျှော်လင့်မိ။ မျှော်​​လင့်ချက်မထားသောအနမ်းသည် မပူလောင်၊ထာဝရအေးချမ်းမြဲ၊အေးချမ်း၏။ တခါတရံ ကျနော်၏အနမ်းကို သားလေးက ငြင်းဆန်​​တတ်သည်သို့သော် ကျနော် ဘာမှမဖြစ်မိ။ကျနော်၏မေတ္တာကား ဆက်လက် စီးမြဲ၊စီးစင်းဆဲပင်ဖြစ်၏။ နမ်းတယ်ကွာ၊ ကိုယ်သားလေး ကိုယ်နမ်းတာ ဘာဖြစ်လဲဟု သားလေးမခံချင်​​အောင်လည်း စလိုက်​​သေးသည်
ထိုအနမ်းတို့သည် ဘယ်အချိန်ဘယ်ကာလက စခဲ့သနည်း။ သားလေးမွေးသော ၂၀၀၈။ ထူးအိမ်သင်သီချင်းနှင့် ပုခက်တွင်း၌ သားလေးကိုသိပ်​​သောအခါ အိပ်ပျော်​​သေးခင် နမ်း၏၏။ အိပ်​​ပျော်​​နေစဉ်လည်း ဖွဖွနမ်း၏။ ရှမ်း ကန်နံဘေး တွန်းဘီးလေးနှင့် ထိန်ကျောင်းရင်းလည်း နမ်း၏။ ပြေးလွှားလာသော သားလေးကို ဆီးကြိုပွေ့ချီ
ပြီးလည်
း နမ်း၏။ သားလေး၏ဗိုက်သားလေးကို ပါးစပ်ဖြင့် ဗွားခနဲအသံထွက်​​အောင်ပြုလျက် သားလေးရယ်​​မောအောင်ပြု၍လည်း နမ်းသည်
သူ့မေမေ ရင်ခွင်တွင်း နို့စို့နေစဉ်လည်း နမ်းသည်။ ထိုအခါမျိုးတွင် သားလေးသည် ပိုချစ်စရာကောင်း၍ ပိုလို့ ပင် နမ်းမဝ ဖြစ်သေးသည်။သားလေးကို နမ်း၏။ထိုသို့ နမ်းစဉ်ကာလများတွင်အေးမြနေသောရင်၌စီးစင်းသွားသော ရသတခုကို ခံစားခဲ့ရသည်။ သို့မဟုတ် ရင်ထဲ၌ အေးမြနေသော စီးစင်းခြင်းတစ်ခု စီးမျှောသွားသကဲ့သို့ ခံစားလိုက်ရသည်
ဇနီးသည်ကိုနမ်ခဲ့စဉ်က သမီးရီးစားဘဝ။ ငွေဆောင်ရုပ်ရှင်ရုံ ပြင်ပြီးခါစ အပေါ်ထပ်။ အမှောင်ထု၏အောက်ထဲ၌ ကျနော်ကား ရုပ်ရှင်ကိုပင် ကောင်ကောင်း မကြည့်နိုင်။ ဒိန်းတလိန်းနတ်ဖမ်နေ၏။ ကျနော့်ချစ်သူက ၁၈ နှစ်။ ကျနော်က ၃၂ နှစ်။ ရွက်အိုနှင့် ရွက်နု ပုခုံးခြင်းထိလု ထိလုတွေမှာ လေအေးပေးစက်ကြီးတွေ ဖွင့်ထားရက်သားနှင့် ကျနော်ကား ချွေးပျံနေ၏။ ကာလီမယ်​​တော်ကြီးမီးနင်းပွဲတော် လှည့်လာသလို ရင်ခုန်လှုပ်ရှား အလုပ်များရသည်
လက်ကလေးကို ဖွဖွ ဆုပ်ကိုင်ရာမှ ပါးလေးကို မွမွပေးဖို့
သာကျ
နော် ကြိုးစားမိနေသည်။ သို့မဟုတ် မျှော်လင့်မိနေသည်။ သို့သော် ကျနော့် အနမ်းကို ငြင်းဆန်လိုက်မည်ကိုလည်း ကျနော်ကြောက်​​သည်။ ငြင်းလိုက်လျှင် ကျနော်ခက်မည်။ ကျနော် ရှက်သည်။ သို့သော် မတတ်နိုင်။ ကျနော် မတတ်နိုင်။ ရုပ်ရှင်ပြီးဆုံးတဲ့ထိ မနမ်းလိုက်ရ မှာကို ကျနော် ပိုကြောက်သည်။ တမ်းမက်ရလွန်သောအနမ်းတစ်ခုကို ကျနော် ဖန်တီးကြည့်ချင်​​သည်။ အိပ်မက်ထဲ ထိပင်ဝင်၍ ရင်ခုန်မြန်​​စေခဲ့သောအနမ်းကို လက်ဝယ်ပိုင်ပိုင်ရလိုချင်မိသည်
ထိုအနမ်းသည် ဆန်းသည်။ ထိုအနမ်းသည် ကြမ်းလိမ့်မည်။ မနမ်းခင်ကတည်းက ပူလောင်လွန်နေ၏။ ဆာလောင်လွန်နေ၏။ အနမ်းတစ်ခုပေးပြီး အနမ်းတစ်ခုကို ပြန်လိုချင်မိသည်။ ထိုအနမ်းကား အသွားအပြန်အနမ်း။ အပြန်အလှန်အနမ်း။ အပေး အယူ အနမ်း။ ရွက်နုလေး၏ ဘယ်ပုခုံးသားကို
လက်
ဖဝါးဖြင့် မဟာဗျူဟာမြောက် အုပ်မိုးလိုက်သည်။ ပြီး ဆုပ်ကိုင်လိုက်သည်။ ရင်ဘတ်တွင်းမှာတော အမောလွန်​​နေသည့် ကစား သမားလို အသက်ရှူနှုန်းတွေ မြန်လွန်နေသည်
ကျနော် ဆုံးဖြတ်ချက်ကို တိတိကျကျ သေသေသပ်သပ် ချမှတ်လိုက်သည်။ ထိုခဏ မွတ်သိပ်စွာ နမ်းရှိုက်မှုတို့သည်အပြန်အလှန်စီးမျှောသွားကြ၏။ ထိုအခိုက်အတန့် ရင်နှစ်စုံလုံးတို့တွင် ရေပူစီးကြောင်းများ မြောက်မြားစွာ ဖြစ်​​ပေါ် စီးစင်းသွားကြပေလိမ့်မည်
ယခုနှစ်၊ ယခုလ၊ ၂၀ ရက်​​နေ့တွင် ကျနော့်အသက်သည် ၄၉ နှစ် တင်းတင်းပြည့်ခဲ့ပြီ။ ထိုအသက်အရွယ်​​ရောက်မှ အမေ့ကို ကျနော်ထူးထူးခြားခြားနမ်းချင်​​နေမိသည်။ အမေ့ကိုမနမ်းဖြစ်ခဲ့သည်မှာကြာခဲ့ပြီ။ မူလတန်း လွန်ပြီးကတည်းက အမေ့ကို ကျနော် မနမ်းမိတော့။ အမေ့ပါးပြင်သည် ကျနော့်နှင်သွေးသား တော်စပ်​​နေသည့်တိုင် သူစိမ်းတစ်ရံဆံမျှ ဖြစ်​​သွားခဲ့၏။ အသက်အရွယ်အရ ၉ နှစ်သားအရွယ်အထိသည်မေ့ပါးပြင်နှင့်ကျနော် နီးစပ်ခဲ့သော ကာလများဖြစ်ခဲ့သည်။ ၉ နှစ်သား၏ အလွန်၊ ဒီမှာဘက်နှစ်ကာလများသည်မေ့ပါးပြင်နှင်ဝေးခဲ့သောနှစ်ကာလများသာ
ဖြစ်
ခဲ့၏။
အမိ အနမ်းမဲ့ကာလ၊ထိုကာလများသည်နှစ်​​​ပေါင်းလေးဆယ်။ ဆယ်စုနှစ်(၄)စု။အမေ့ကို နမ်းခဲ့ရသော အမိနမ်း ရသကိုပင် ရုပ်ဖမ်းမရတော့။ မမှတ်မိတော့။ အမိနမ်း ရသသည် ကျနော်နှင့် သူစိမ်းပြင်ပြင်ရှိချေ၏။ သွေးအေး၊ နေ​​အေး ဖြစ်နေ၏ ။သို့သော်နေ့ လှုပ်ခပ်မှုသည် ထိုသို့ မဟုတ်။ သွေးအေးမှုမှသည် သွေးနွေးမှုဆီ ပြောင်ရွေ့သွား ပြီ။
ကျနော်မေ့ကို နမ်းချင်​​နေမိသည်။ ကျနော် နှစ်ခြိုက်စွာနမ်းခဲ့စဉ်ကာလများက
မေသည် အသက်သုံး ဆယ်အရွယ်၊ လတ်ဆတ်​​နေသော ဥပဓိများပိုင်ဆိုင်ထားဆဲကာလ။ ကျနော် ကိုးနှစ်သားတွင်မေ ၃၄ နှစ် သ မီး။မိခင်တစ်​​ယောက်၏ ဖြစ်တည်မှုများ ဖွံဖြိုးနေဆဲ။ မာတာအင်္ဂါရုပ်များက အားကောင်နေဆဲ။
ယခုအခါ ကျနော် နမ်းချင်​​နေမိသော အမေ့ပါးပြင်သည် ခွက်နေသည်။ သွားရိုးတို့သည် ငေါ၍ ထွက်​​နေ၏။ ပါးစပ်​​ပေါက်မှ အနံအသက်တို့သည် အသက်ကို အားပြုရှူတိုင်း ပုပ်အီအီထွက်ထွက်လာတတ်သည်။ မျက်ကွင်း နှစ်ကွင်း၏ဧရိယာ ပရဝဏ်သည် အောင်မည်းညိုပန်းနှယ်။ ခရမ်းပြာဘက် လုလျက်။နားထင်စပ်တို့တွင် မည်း ညိုစပြုနေသည်။ ရှုံ့ တွနေသော လက်​​မောင်းသားတို့သည် ခေါက်ထားသော ခြုံစောင်တခုပေါ်တွင် အသက်ကင်းမဲ့သလိုကျလျက်။ ကျနော်သည်မေ့ဘေး ခုတင်​​ဇောင်းတွင် တင်ပါးလွှဲထိုင်လျက်မေ့ခန္ဓာကို ကျော်၍ လက်​​ထောက်လိုက်သည်
  
မပွင်
တော့သော မျက်လုံး၏အောက်၊ ခွက်ဆင်းသွားသော ပါးပြင်၏နယ်စပ်။ ကျနော် နစ်ခြိုက်စွာ နမ်းလိုက်မိ သည်။စီးဝင်လာသော ရသတစ်မျိုးကို ကျနော် ရရှိလိုက်သည်။ ခံစားမှုသည် ဟေမန္တလိုအအေး။မေတ္တာဓာတ်သည် ကျနော့်ဆီမှ စီးစင်းသွားခြင်းကို လှန်လျက်၊ကန်လျက်။ ကျနော့်ထံပါးသို့သာ ဒလဟော စီးကျလာသည်။ စီးဝင်ခြင်းဖြင့်သာ ကျနော့်ထံပါး တိုးဝင်လာသည်။ တော်ရုံမျက်ရည် မထွက်တတ်​​သော ကျနော့်မျက်လုံးအိမ်တွင် မျက်ရည်ကငွေ့ရည်လာဖွဲ့သည်။ မျက်​​တောင်ကို ဆတ်ခနဲခတ်လျက်၊ မျက်ရည်ကိုဖယ်ရှားလိုက်သည်။ လွင့်ပါးသွားသော မျက်ရည်စများအောက်တွင် စီးဝင်လာသောမေတ္တာဓာတ်က ကိန်းလျက်။ မိခင်အနမ်းသည် ကျနော့် ရင်၌စမ်ပေါက်သွားခဲ့ပြီ။
                                            
ကျော်ထင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာပဒေသာ, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)