fbpx

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – အုပ်စုကွဲခြင်းနှင့် ရေးသားမထားသော စည်းမျဉ်းများ

November 29, 2018

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – အုပ်စုကွဲခြင်းနှင့် ရေးသားမထားသော စည်းမျဉ်းများ

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၁၆

(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၈

Steven Levitsky နှင့် Danicl Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE မှ The Guardrails of Democracy ကိုဆက်လက်၍ ဘာသာပြန်ခြင်းနှင့် The Unwritten Rules of American Politics တို့ကို ဘာသာပြန်ခြင်းဖြစ်သည်။

အုပ်စုကွဲခြင်း (Polarization )ဟူသော သဘောတရားနှင့် ပတ်သက်၍ အယူအဆနှစ်မျိုးရှိသည်။ တစ်ခုမှာ ၄င်းသည် ဒီမိုကရေစီဆိုင်ရာ စံနှုန်းများကို ဖျက်ဆီးနိုင်သည်ဟူ၍ဖြစ်သည်။ နောက်တစ်မျိုးမှာ ဒီမိုကရေစီရှင်သန်ရေးအတွက် လိုအပ်သော အရာဖြစ်သည်ဟူဖြစ်၏။ ထိုအယူအဆနှစ်မျိုးစလုံးသည် သူ့နေရာနှင့်သူ မှန်သည်ဟု ဆိုရမည်။

လူမှုရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ကွဲလွဲမှုများသည် အစွန်းရောက်သွားသော အခါတွင် လူများသည် နိုင်ငံရေးအုပ်စုများကွဲလာနိုင်သည်။ ထိုအုပ်စုများသည် အပြင်အားဖြင့်မတူရုံသာမက တစ်ခုနှင့်တစ်ခု ဆက်စပ်၍ မရလောက်အောင်ပင် ကွဲထွက်လာနိုင်သည်။ ထိုအခါမျိုးတွင် သည်းခံခြင်းကို ထိန်းသိမ်းထားဖို့ အတော်ခက်သွားလိမ့်မည်၊ သို့သော်လည်း နောက်တစ်ဖက်မှ ကြည့်လျှင် အုပ်စုကွဲလွဲ ခြင်းသည် နိုင်ငံရေးတွင် သဘာဝအလျောက် ရှိရမည့်အရာဖြစ်သည်။ ဒီမိုကရေစီအတွက် လိုအပ်သည်ဟုပင် ဆိုနိုင်သည်။

သမိုင်းအရကြည့်မည်ဆိုလျှင် နိုင်ငံရေးပါတီများသည် မူဝါဒအရကွဲလွဲသည့်ကြားကပင်၊ ဒီမိုကရေစီ စံနှုန်းများ(သည်ခံခြင်းနှင့် စိတ်ရှည်ခြင်း)တို့ကို ထိန်းသိမ်းထားနိုင်သောဖြစ်ရပ်များရှိသည်။ သို့သော်လည်း ထိုသဘောထားကွလွဲမှုများသည် ပြင်းထန်လာလျှင် နိုင်ငံရေးပြိုင်ဘက်များသည် ရန်သူများဖြစ်သွားကြမည်။ ထိုအခါ သည်းခံခြင်းသည် ပျောက်ကွယ်သွားပြီး အနိုင်ရရေးကိုသာ အပြင်းအထန်ဦးစားပေးကြတော့ မည်ဖြစ်သည်။ ထိုအခါ အဖွဲ့အစည်းအပေါ် စိတ်ရှည်မှုလည်း ပျောက်ကွယ်သွားမည်။ ထိုအခါတွင် ဒီမိုကရေစီစနစ်ကိုပါထိခိုက်တော့မည်ဖြစ်သည်။

ထိုအခါတွင် ရေးသားမထားသော စည်းမျဉ်းဥပဒေများ၏ အခန်းကဏ္ဍသည် ပေါ်လာမည်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီစနစ် ရှင်သန်၍ နေခြင်းအကြောင်းမှာ ရေးသားထားသော အခြေခံဥပဒေ ကြောင့်မဟုတ်ချေ၊ “ရေးမထားဘဲ လိုက်နာကြသော” စည်းမျဉ်းဥပဒေများထဲတွင် အထင်ရှားဆုံးမှာကား အမေရိကန် သမ္မတတို့၏ နှစ်ကြိမ်သာအရွေးခံသည့် စည်းမျဉ်းဥပဒေဖြစ်သည်။

အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေတွင် တရားရုံးချုပ်၏ တရားသူကြီးအရေအတွက် ဘယ်လောက်ရှိ ရမည်ဟူသည်ကို ရေးသားပြဌာန်းထားခြင်းမရှိပါ၊ ထို့ကြောင့် သမ္မတ ရူးစဘဲ့(Roosevelt ) သည် တရားရုံးချုပ် ၏ တရားသူကြိးအရေအတွက်ကို ထပ်တိုးရန် အကြံပြုခဲ့သည်။ ရေးသားမထားသော စည်းမျဉ်းဥပဒေအရ သမ္မတသည် တရားရုံးချုပ်၏ တရားသူကြီးအရေအတွက်ကို အတိုးအလျှော့လုပ်ခွင့်မရှိပါ၊ သမ္မတရူးစဘဲ့၏ အကြံပြုချက်သည် ရေးသားမထားသော ဥပဒေဖြစ်သည့် တရားရုံးချုပ် တရားသူကြိးအရေအတွက်ကို သမ္မတ အနေဖြင့် အတိုးအလျှော့မလုပ်ရဟူသည်ကို ချိုးဖောက်ခြင်းဖြစ်၍ အမတ်များအားလုံးက ကန့်ကွက်ကြသည် ကန့်ကွက်သည့်အထတွင် သမ္မတ၏ ပါတီလည်း ပါဝင်လည်းပါဝင်သည်။ ထို့ကြောင့်တရားသူကြီးအရေအတွက် တိုးရန် အစီအစဉ်ပျက်သွားသည်။

အမေရိကန်နိုင်ငံထူထောင်စဉ်အစက ဒီမိုကရေစီစံနှုန်းသည် အမည်မျှသာရှိ သော်လည်း ဧကန်တကယ် မရှိသေးပါ၊ ဒီမိုကရေစီကို အကာအကွယ်ပေးသောအဖွဲ့အစည်းများလည်း မရှိပါ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သည်းခံခြင်းဟူသည်မှာ မွေးဖွားဖို့ပြင်ဆင်သည့်အဆင့်ထက်ပင် နိမ့်ပါသေးသည်။ နိုင်ငံရေးပါတီနှစ်ခုဖြစ်သော ဖက်ဒရယ်(Federal) နှင့် ရီပတ်ဘလိကန်(Repablicam) တို့သည် တစ်ဦးနှင့် တစ်ဦး တရားဝင်ပြိုင်ဘက်များဟု အပြန်အလှန်ထင်မြင်ယူဆနေကြသည်။

၁၇၉၈ ခုနှစ်တွင် ဖက်ဒရယ်အစိုးရသည် ဥပဒေတစ်ခုကို ပြဌာန်းခဲ့သည်။ ထိုဥပဒေသည် အစိုးရနှင့် ပတ်သက်သော မဟုတ်မမှန်သော ပြောဆိုမှု၊ ရေးသားမှုတို့ကို ရာဇဝတ်ပြစ်မှုဟု သတ်မှတ်ရန် ရည်ရွယ်သည်။ သို့သော် ထိုဥပဒေတွင် ရေးသားထားသော စကားလုံးများသည် ကိုယ်လိုရာ ဆွဲ၍ အဓိပ္ပါယ်ကောက်ရာတွင် “အစိုးရကို ဝေဖန်မှုများ အားလုံးကို ရာဇဝတ်မှု” ဟူ၍ ကောက်ယူနိုင်သည်အထိ ပေါက်ရောက်သွားလေသည်။

ထိုဥပဒေသည် ရီပတ်ဘလစ်ကန်ပါတီ၏သတင်းစာများကို အရေးယူနိုင်ရန်ရည်ရွယ်ခဲ့သည်။ ထိုအချိန်( ခုနှစ် ၁၈၀၀) ဖက်ဒရယ်ပါတီနှင့် ရီပတ်ဘလစ်ကန်ပါတီတို့သည် ပြိုင်ဆိုင်ဆိုက်ခိုက်ကြရာတွင် နိုင်သောပါတီသည် အာဏာကို ထာဝစဉ် ချုပ်ကိုင်ထားရန်ရည်ရွယ်သည်။

ဤကဲ့သို့ အနိုင်ရရှိသော ပါတီသည် အာဏာကိုထာဝစဉ်တစ်သက်လုံး ချုပ်ကိုင်ထားရန် ရည်ရွယ်ခြင်းသည် ပျောက်ကွယ်သွားရန် နှစ်ပေါင်းတော်တော်စောင့်ခဲ့ရသည်။ အချိန်တော်တော်ပင်ကြာတော့မှ နိုင်ငံရေးပါတီ၏ သဘောသဘာဝသည် နိုင်သည့်အခါ ရှိသလို၊ ရှုံးသည်အလှည့်လည်းရှိခြင်းသည် နိုင်ငံရေး၏သဘောသဘာဝဖြစ်သည်ဟူသည်ကို လက်ခံလာခဲ့ကြသည်။ နိုင်ငံရေးပြိုင်ဘက်ဖြစ်သော နိုင်ငံရေးပါတီများသည် “ရန်သူများဖြစ်ရန် မလို”ဟူသော အတွေးအခေါ်ကို နှစ်ဦးနှစ်ဖက်တို့ လက်ခံနိုင် လာကြသည်။ ဤအတွေးအခေါ်ကို စတင်၍ လက်ခံကျင့်သုံးသော ပုဂိုလ်မှာ ဒီမိုကရက်တစ်ပါတီကို ထူထောင်သောသူ၊ နောက်ပိုင်းတွင် အမေရိကန်သမ္မတဖြစ်သွားသောပုဂ္ဂိုလ် မာတင်ဘင်ဘူရန်(Martin Van Buren) ဖြစ်သည်။ မာတင်ဘင်ဘူရန်နှင့်ပတ်သက်၍ အထုပ္ပတ္တိ ရေးဆရာတစ်ဦးက ဤသို့ရေးသည်။

“သူ့မှာ ပြိုင်ဘက်တွေအများ ကြီးရှိခဲ့ပါတယ်၊ ဒါပေမယ့် သူ့မှာ ရန်သူ မရှိသလောက်ပါဘဲ”။

ရှေးကနိုင်ငံရေးသမားများသည် ပြိုင်ဘက်ကို ရန်သူဟု အညှိုးထားကြသည်။ သို့သော် မာတင်ဘင်ဘူရန် ၏လက်ထက်တွင် ပြိုင်ဘက်ကို ရှိသင့်ရှိထိုက်သော အရာဟူ၍ လက်ခံကြသည်။ ယင်းလက်ထက်တွင် လုံးဝ “ဥဿုံ”ဆန့်ကျင်ရေးဟူသော နိုင်ငံရေးသဘောတရားသည် နှစ်ဦးနှစ်ဖက်အပြန်အလှန်သည်းခံသည့် အဖြစ်ကို ပြောင်းသွားလေသည်။

မာတင်ဘူတန် သမ္မတဖြစ်ခ့သော နှစ်များ( 1837-1840) တွင် နိုင်ငံရေးပါတီများသည် ကျွန်ရောင်း ကျွန်ဝယ်စနစ်ကို ပြသနာမဖြစ်အောင် ရှောင်နေကြသော ကာလဖြစ်သည်။ နိုင်ငံရေးပါတီများသည် ထိုကိစ္စနှင့် ပတ်သက်၍ ပြသနာမရှာမည့် လူမျိုးကိုသာ ရွေး၍ သမ္မတလောင်းအဖြစ်မြှောက်ကြသည်။ မာတင်ဘူတန်သည် ပြသနာမရှာတတ်သော လူမျိုးဖြစ်သဖြင့် သူ့ကို မျက်လှည့်ဆရာလေးဟူ၍ ပင် ခေါ်ကြသည်။

သို့သော် 1850 နှစ်များသည် ကျွန်ရောင်းကျွန်ဝယ်စနစ်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှစ်ခြမ်းကွဲ မည့် အန္တာရယ်ကြုံလာသည်။ ကျွန်ရောင်းကျွန်ဝယ်စနစ်ကြောင့် နိုင်ငံပြိုကွဲခြင်းသည် အမေရိကန်နိုင်ငံ၏ နုနယ်သေးသော အပြန်အလှန်သည်းခံခြင်း ဟူသော စံနှုန်းသည် ပျက်စီး ယို့ယွင်းသွားသည့် အဖြစ်ကို ရောက်သွားလေသည်။

ထိုအခါတွင် ကျွန်ရောင်းကျွန်ဝယ်စနစ်ကို လက်ခံသော ဒီမိုကရက်ပါတီ(တောင်ပိုင်း)နှင့် ကျွန်ရောင်း ကျွန်ဝယ်စနစ်ကို ဆန့်ကျင်သော ရီပတ်ဘလစ်ကန်ပါတီ(မြောက်ပိုင်း) တို့သည် တစ်ဦးကိုတစ်ဦး သစ္စာဖောက် များဟု စွပ်စွဲ၍ ရန်သူများအသွင်ပြောင်းသွားကြသည်။ သို့သော် တောင်နှင့်မြောက်တို့သည် နိုင်ငံရေးအရ အဖြေရှာခြင်းကိုတော့ ကြိုးပမ်းကြသည်။ ထိုက့သို့ ကြိုးပမ်းသည့်ကြားကပင် အကြမ်းဖက်မှုများစွာ အကြိမ်ကြိမ် ဖြစ်ပြီး နောက်ဆုံး 1861 တွင် စစ်စတင်ခဲ့သည်။

ထိုပြည်တွင်းစစ်တွင် တောင်ပိုင်းသည် ကျွန်ရောင်းကျွန်ဝယ်စနစ်ကို လက်ခံသောဘက်၊ မြောက်ပိုင်း သည် ကျွန်ရောင်းကျွန်ဝယ်စနစ်ကို ကန့်ကွက်သော ဘက်ဟူ၍ လွယ်လွယ်ကူကူမှတ်ထားကြပါသည်။ သို့သော်လည်း တောင်ပိုင်းမှ ဗိုလ်ချုပ်စတုံးဝေါဂျက်ဆင်(Stonewall Jackson) သည် ကျွန်ရောင်းကျွန် ဝယ်စနစ်ကို ကန့်ကွက်သောသူဖြစ်သည်။ သို့သော သူသည် သူ၏ ပြည်နယ်ဖြစ်သော ဗာဂျီနီးယား (Virginia) တွင် အခမဲ့စာသင်ကျောင်းကို ဖွင့်လှစ်၍ သူကိုယ်တိုင် လူမဲများကို စာသင်ပေး ခဲ့သည်။

သူသည် (1863) တွင် သူ့တပ်မှ ရဲဘော်တစ်ဦးက လူမှားပြီး ပစ်မိ၍ ထိုဒဏ်ရာဖြင့် သေဆုံးသွားသည်။ သူမသေမှီက တောင်ပိုင်းသည် စစ် နိုင်နေရာမှ သူသေပြီးနောက်ပိုင်းတွင် တောင်ပိုင်းက စစ်ရှုံးသွားသည်ကို တွေ့ရ သည်။ သူ၏ အုတ်ဂူတွင် ဤသို့ရေးထားသည်။ “ ဘုရားသခင်သည် တောင်ပိုင်းကို စစ်ရှုံးစေချင်သောအခါ၊ ဗိုလ်ချုပ်စတုံးဝေါဂျက်ဆင်ကို ဖယ်ပစ်လိုက်ရသည်။”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, အခန်းဆက်များ, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)