fbpx

ကဗျာဆရာ လူအိမ် ဈာပန ဒီဇင်ဘာ ၁ ရက် ရေဝေးမှာပြုလုပ်မယ်

November 30, 2018

 

ကဗျာဆရာ လူအိမ် ဈာပန ဒီဇင်ဘာ ၁ ရက် ရေဝေးမှာပြုလုပ်မယ်
K (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၈

ကဗျာဆရာ လူအိမ်ဈာပန မီးသဂြိင်္ုဟ်ခြင်း အခမ်းအနားကို ကျန်ရစ်သူ မိသားစုဝင်များနဲ့ သူ့ရဲ့ရဲဘော်ရဲဘက်များက ဦးဆောင်ကာ ရန်ကုန်မြို့ရေဝေးသုသာန်မှာ ဒီဇင်ဘာ ၁ ရက် (စနေနေ့)းလွဲ ၃ နာရီမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါဈာပနအခမ်းအနားကို လိုက်ပါပို့ဆောင်လိုသူများအနေနဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အင်ကြင်းလမ်းA တိုက်၎၊ အခန်း ၃၀၁ရှိ နေအိမ်မှ လည်းကောင်း မြို့ထဲမှလိုက်ပါပို့ဆောင်မည့်သူများအတွက်၊ လပြည့်ဝန်းလက်ဖက်ရည်ဆိုင်ရှေ့ဗိုလ်ချုပ်လမ်းနှင့် ၃၄ လမ်းထောင့်တွင် (ထိုနေရာမှ မွန်းတည့် ၁၂ နာရီတွင် ထွက်ပါမည်) ကားများ စီစဉ်ထားတယ်လို့သိရပါတယ်။

ကဗျာဆရာလူအိမ်ဟာ ယုဇနနေအိမ်မှ ရုတ်တရက် မူးလဲပြီး ရန်ကုန် ဦးနှာက်နှင့်အာရုံကြောကုသဆောင်မှာ တက်ရောက်ကုသရင်း နိုဝင်ဘာ ၂၉ရက် နံနက် ၃နာရီ ၅၇မိနစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဇနီး၊ ဒေါ်မေမျိုးခင်၊ သမီး ရတနာရဲဌေး၊ သား ကောင်းမြတ်ရဲဌေးတို့ကျန်ရစ်ခဲ့ပါတယ်။

ကဗျာဆရာလူအိမ်ဟာ ၁၉၈၈ အရေးအခင်းကြီးပြီးနောက် တောခိုကျောင်းသားတဦးလည်းဖြစ်ကာ လွတ်မြောက်နယ်မြေဒေသမှာလည်း ညီနိုင်ကလောင်ဖြင့် ကဗျာများရေး သား ခဲ့ပါတယ်။ ငါတို့ကဗျာရေးတယ်၊ ပြာ၊ ရူးနေတဲ့ကမ္ဘာ၊ ဂျော်နီ၊ နွေဦး၊ အလံတိုင်၊ မင်းထွက်သွားတုန်းက၊ ငှက်ပျောပင်လေး၊ ကြည်း ရေ လေ စားသောက်ဆိုင် အစရှိတဲ့ကဗျာများဟာ ကဗျာချစ်သူကြားမှာအထူး ထင်ရှားပါတယ်။ ကဗျာရေးသားခြင်းအပြင် သီချင်းများလည်း ရေးသားခဲ့ပါတယ်။ ၂၀၁၆ခုနှစ်က ရူးနေတဲ့ကမ္ဘာတကိုယ်တော်ကဗျာစာအုပ်ကို စိတ်ကူးချို ချို စာအုပ်တိုက်ကနေ ထုတ်ဝေထားပါတယ်။ (ပန်းချီဓာတ်ပုံ- ဖေသစ်တည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:K ငြိမ်းချမ်း, ကဗျာ, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)