fbpx

ဆောင်းယွန်းလ ● ဒီဇင်ဘာကို လိုအပ်သလိုခံစားကြည့်ခြင်း

December 4, 2018

ဆောင်းယွန်းလ ● ဒီဇင်ဘာကို လိုအပ်သလိုခံစားကြည့်ခြင်း
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၈

ဒီဇင်ဘာတဲ့လား …
ဒီမှာတော့
တော်တန်ရုံ အနွေးထည်ခြုံလို့ မလုံနိုင်တဲ့ဆောင်းက
ရွှေ့ပြောင်းအလုပ်သမားလေးတယောက် ဘဝလို
ရေကြည်ရာမြက်နုရာခိုလှုံဖို့ ရောက်လာခဲ့ပြန်လေရဲ့ …

ငါတို့ဟာ ..
တန်ဖိုးမဖြတ်နိုင်လှတဲ့
မွေးရာပါလူ့အခွင့်အရေးတွေကို ပိုင်ဆိုင်ထားကြပြီဆိုတော့
အဲဒီ… ဒီဇင်ဘာရဲ့ နှင်းငွေ့နှင်းခဲ နှင်းပုလဲတွေကို
ငါတို့ရဲ့ အိမ်ဂေဟာတွေထဲမှာ
နွေးထွေးလုံခြုံအောင်လည်း သိမ်းဆည်းထားနိုင်ခွင့်ရှိကြတာပေါ့ …

ငါတို့သာ စိတ်ဝင်တစားရှိကြသေးတယ်ဆိုရင်
ဟောဟိုခပ်ဝေးဝေးမှာ လှမ်းမြင်နေရတဲ့
တောင်တန်းမြင့်ကြီးတွေရှိရာဆီကို
ငါတို့ရဲ့ ခြေဖဝါးတွေနဲ့ တလှမ်းချင်းဆက်သွယ်နိုင်သလို
ဒီဘက်အခြမ်း မလှမ်းမကမ်းမှာ မြင်နေရတဲ့
ပင်လယ်ပြာကြီးတွေထဲမှာလည်း
ငါတို့ရဲ့ ဆန္ဒတံဆိပ်တွေကို ရဲရဲကြီးခပ်နှိပ်နိုင်ကြသေးရဲ့…

ငါတို့ဟာ
ငါတို့သွားချင်တဲ့နေရာတွေဆီကို ရောက်ဖို့အတွက်
အထပ်ထပ်စစ်ဆေးမေးမြန်းမှုတွေကို ဖြေကြားစရာမလိုသလို
ငါတို့ ဆွေမျိုးအပေါင်းအသင်းတွေရဲ့ အိမ်တွေမှာ
ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုင်ဖို့ရာအတွက်
ဘယ်ရုံးကန္နားဂတ်တဲမှာမှ ဧည့်စာရင်းတိုင်စရာလည်းမလိုဘူး…

ငါတို့ရဲ့ ဖွင့်ထားတဲ့ အိမ်တံခါးမတွေက
အလုံပိတ်ထားတဲ့ စစ်စခန်းတွေရဲ့ တံခါးမတွေထက်လည်း
ပိုပြီးလုံခြုံစိတ်ချရတဲ့ အာမခံချက်မျိုးတွေကို ပေးနိုင်ကြလေရဲ့…

ငါတို့မှာ
ငါတို့ရင်ထဲက စကားတွေကို
ကျယ်ကျယ်လောင်လောင် ပြောနိုင်ဖို့အတွက်
လင်းလက်တဲ့ သတင်းကွန်ယက်တွေ ရှိကြတယ်…

ငါတို့အတွက်
အမှန်တရားတွေကို ဖော်ထုတ်ရေးသားနိုင်ဖို့
ကြားခံတည်းဖြတ် တံဆိပ်ကပ်ထားတဲ့အယ်ဒီတာတွေလည်း မလိုအပ်ဘူး….

ငါတို့မှာ
ဒုက္ခရောက်နေတဲ့သူတွေကို ကူညီစောင့်ရှောက်ဖို့အတွက်
တားမြစ်ကန့်သတ်ချက်တွေ မရှိသလို
အခွင့်အရေးပိတ်ဆို့ခံရမှုမျိုးတွေလည်း မရှိဘူး…

ငါတို့ဟာ
အဓမ္မခိုင်းစေခံရမှုအပေါင်းနဲ့လည်း ကင်းဝေးတယ်…

ငါတို့မှာ
ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရှိပြီး
ကိုယ့်ခရီးကိုယ်ဖောက်ပိုင်ခွင့်ရှိတဲ့ လက်နှစ်ဖက်နဲ့
ကိုယ့်ခရီးကိုယ်လျှောက်ပိုင်ခွင့်ရှိတဲ့ ခြေထောက်နှစ်ဖက်လည်းရှိကြရဲ့…

ဟောဟို ငါတို့ရှေ့နား ဒီဇင်ဘာတံတားပေါ်က
နှင်းအပြည့် ခုတ်မောင်းသယ်ဆောင်လာနေတဲ့
ဆောင်းရထားကြီးရဲ့ အတွင်းတွဲတနေရာမှာ
ပစ္စုပ္ပန်သတ်ပုံမပြည့်မစုံနဲ့ အနာဂတ်မလုံခြုံနိုင်သေးတဲ့
မြန်မာပြည်ထုတ် စာအုပ်တအုပ်ပါလာလေရဲ့…

အဲဒီစာအုပ်ကို
ငါတို့အားလုံးပြိုင်တူဖွင့်လို့ တရွက်ချင်းစီလှန်ဖတ်ကြတာပေါ့….

ပြီးရင် …
ငါတို့ရဲ့ အကျယ်လောင်ဆုံးအသံတွေနဲ့
တကမ္ဘာလုံးကကြားနိုင်အောင် သံပြိုင်ဟစ်ကြွေးလို့
မြန်မာပြည်အတွက် အလှဆုံးတေးတပုဒ်ကို
ငါတို့ရဲ့ လွတ်လပ်မှုတွေနဲ့အတူ ပေါင်းစပ်ရေးထုတ်ကြစို့ရဲ့….။ ။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဆောင်းယွန်းလ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)