fbpx

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဝေါဟာရသုံးခုကို ပြန်လည်သုံးသပ်ခြင်း

December 6, 2018

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဝေါဟာရသုံးခုကို ပြန်လည်သုံးသပ်ခြင်း

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၁၇

(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၈

Steven Levitsky နှင့် Danicl Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE မှ The Guardrails of Democracy ကိုဆက်လက်၍ ဘာသာပြန်ခြင်းနှင့် The Unwritten Rules of American Politics တို့ကို ဘာသာပြန်ခြင်းဖြစ်သည်။

ဆောင်းပါးနံပါတ် (၁၄)၊ (၁၅)၊ (၁၆) တို့တွင် နိုင်ငံရေးဝေါဟာရ သုံးခုကို ဖော်ထုတ်ခဲ့သည်။ ၄င်းတို့မှာ TOLERANCE(သည်းခံခြင်း)၊ FORBEARANCE(စိတ်ရှည်ခြင်း)နှင့် POLARIZATION (အုပ်စုကွဲခြင်း) တို့ဖြစ်သသည်။ ၄င်းတို့ကို ပြန်ပြောရလျှင်-

TOLERANCE (သည်းခံခြင်း) ဟူသည်မှာ ဆန့်ကျင်ဘက်နိုင်ငံရေးပါတီထဲတွင် ရှိကြသော နိုင်ငံရေးသမားများသည် တစ်ဦးနှင့်တစ်ဦးပြိုင်ဘက်များဖြစ်သော်လည်း၊ ရန်သူများဟုသဘောမထားခြင်း ဖြစ်သည်။

FORBEARANCE (စိတ်ရှည်ခြင်း) ဟူသည်မှာ ဥပဒေအရ ကိုယ်လုပ်ပိုင်ခွင့်ရှိတိုင်း မလုပ်ပဲ ထိန်းနိုင်ခြင်းကို ဆိုလိုသည်။

POLARIZATION (အုပ်စုကွဲခြင်း) ထိုအဓိပ္ပါယ်မှာ ရှင်းနေ၍ ထပ်ရှင်းစရာမလိုပါ၊ သို့ရာတွင် အုပ်စုကွဲခြင်း နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ဆန့်ကျင်ဘက်အုပ်စုထဲရှိလူများသည် ပြိုင်ဘက်များဖြစ်သော်လည်း ရန်သူများမဟုတ်ခြင်း၊  နောက်တစ်မျိုးမှာ တစ်ဦးနှင့်တစ်ဦး ရန်သူများဖြစ်၍ မုန်းတီးသည့်အဖြစ်သို့ ရောက်ခြင်း  ဖြစ်သည်။

(TOLERANCE) သည်းခံခြင်းနှင့် (FORBEARANCE) စိတ်ရှည်ခြင်းတို့သည် ဒီမိုကရေစီမပျက်စီး စေရန် အတွက် ရှိရမည့်စံနှုန်းများဖြစ်ကြသည်။ ၄င်းတို့ရှိလျှင် ဒီမိုကရေစီ ရှင်သန်မည် ၊ မရှိလျှင် ပျက်စီးမည်ဖြစ် သည်။ သို့သော်လည်း တတိယဝေါဟာရဖြစ်လာသော အုပ်စုကွဲခြင်း( POLARIZATION) သည် ဒီမိုကရေစီရှင် သန်ရန် အတွက် လိုအပ်ချက်ဖြစ်သလို ပျက်စီးရာအကြောင်းလည်းဖြစ်၏။ ဒီမိုကရေစီရှင်သန်စေရန် အုပ်စုကွဲ ခြင်းသည် ရှိကို ရှိရမည်ဖြစ်၏။ သို့သော် အုပ်စုကွဲခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ဘက်ဖြစ်ရုံသာမက တစ်ဦးတစ်ဦး ရန်သူများဖြစ်ကြပြီး မုန်းတီးသည့်အဖြစ်ကိုရောက်သွားလျှင် ဒီမိုကရေစီပျက်စီးရာသို့ ဦးတည် သွားလေသည်။ ထို့ကြောင့် အုပ်စုကွဲခြင်း သည် တန်ဆေး၊ လွန်ဘေး ဖြစ်နေသည်။

ယခုအထိရှေ့က ဆောင်းပါးတွင် ပါဝင်ခဲ့သော အကြောင်းအရာများကို အကျဉ်းပြန်လည်သုံးသပ်ခြင်း ဖြစ်သည်။ သမိုင်းအရ 1861 ခုနှစ်တွင် အမေရိကန် စတင်ခဲ့သည်။ ယင်းစစ်တွင် မြောက်ပိုင်းသည် ကျွန်ရောင်းကျွန်ဝယ်စနစ်ကို ဆန့်ကျင်သည်။ တောင်ပိုင်းသည် ကျွန်ရောင်းကျွန်ဝယ်စနစ်ကို ကျင့်သုံးသည်။ ပါတီအနေဖြင့် ကြည့်လျင် ကျွန်ရောင်းကျွန်ဝ်စနစ်ကို ကန့်ကွက်သောပါတီမှာ ရီပတ်ဘလစ်ကန်( (Republicam ) ဖြစ်ပြီး ကျွန်ရောင်းကျွန်ဝယ်စနစ်ကို ထောက်ခံသောပါတီမှာ ဒီမိုကရက် (Democrat) ဖြစ်သည်။ 1865 တွင် ပြည်တွင်းစစ်ပြီး ဆုံးသည်။ မြောက်ပိုင်း( ကျွန်ရောင်းကျွန်ဝယ်ဆန့်ကျင်သောဘက်)က အနိုင်ရသည်။

ပြည်တွင်းစစ်သည် အမေရိကန်၏ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးလိုက်သည်။ ပြည်တွင်းစစ်ပြီး သောအခါတွင် ဒီမိုကရေစီဆိုင်ရာ စံနှုန်းများ (သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း) တို့ကို ပြန်လည်၍ တည်ဆောက်ရ ခြင်းသည် တော်တော်ခက်ပါသည်။ စစ်၏ဒဏ်ရာဒဏ်ချက်များကိုလည်း တော်တော်ကြာအောင် ကုသရပါ သည်။ ဒီမိုကရက်ပါတီနှင့် ရီပတ်ဘလစ်ကန်ပါတီတို့သည် တရားဝင်ပြိုင်ဘက်များအဖြစ် အပြန်အလှန်လက်ခံကြ ရန်ကိုလည်း တော်တော်စောင့်ရသည်။ ထိုပါတီကြီးနှစ်ခုသည် တရားဝင်ပြိုင်ဘက်များအဖြစ် အပြန်လှန် လက်ခံကြပြီး သောအခါကျမှ ဒီမိုကရေစီစနစ်ဖြစ်လာစေမည့် နိုင်ငံရေးအခြေအနေမျိုးဖြစ်လာသည်။ ထိုအခါ သည်းခံခြင်း ဟူသော စံကို တည်ဆောက် နိုင်ခြင်းကြောင့် စိတ်ရှည်ခြင်းကို ဖြစ်လာစေသည်။

1888 ခုနှစ်တွင် ဗြိတိသျှနိုင်ငံရေးသိပံ္ပပညာရှင် ဂျိမ်းဘရိုက်(စ) (James Bryce ) က The American Commonwealth စာအုပ်တွင် ဤသို့ရေးသားထားသည့် အမေရိကန် နိုင်ငံ၏ ဒီမိုကရေစီစနစ်သည် ရေးသားထားသော အခြေခံဥပဒေကြောင့် ရှင်သန်ခြင်းမဟုတ်ဘဲ ရေးသား၍မထားသော စည်းမျဉ်း ဥပဒေများကြောင့်ဖြစ်သည်။ (Unwritten Rules)

နှစ်ဆယ်ရာစုနှစ်ထဲသို့ရောက်လာသောအခါတွင် အပြန်အလှန် သည်းခံခြင်းနှင့် လူအများပါသော အဖွဲ့အစည်းများအပေါ် စိတ်ရှည်ခြင်း ဟူသော ဒီမိုကရေစီဆိုင်ရာ စံနှုန်းများသည် အတော်လေးပင် ခိုင်မြဲလာလေသည်။ ၄င်းတို့သည် အစစအရာရာ တွင် ထိန်းကွပ်ပေးနိုင်သော အရာများလည်း ဖြစ်လာသည်။ လွှတ်တော်နှင့် တရားရေးရာတို့သည် အရာရာတွင် ထိန်းကွပ်ရာ၌တော်တော် သိမ်သိမ်မွေ့မွေ့ လုပ်ဆောင်ရသည်။ တစ်ဖက်တွင် သူတို့သည် သမ္မတ၏ အာဏာကိုပင် စည်းကြပ်ပေးရသောအလုပ်ကို လုပ်ရသည်၊ တစ်နည်းဆိုရသော် သူတို့သည် ဒီမိုကရေစီစနစ်ကို ထမ်းပေးသူများဖြစ်ရသည်။ တစ်ဖက်တွင်လည်း သူတို့( လွှတ်တော်နှင့် တရားရေးရာတို့) သည် အစိုးရကိုလည်း အလုပ်လုပ်၍ ရအောင် လုပ်ပေးရသည်။ ဤနေရာတွင် စိတ်ရှည်ခြင်း၏ အခန်းကဏ္ဍသည် အရေးပါလာပါသည်။ သမ္မတဦးဆောင်သော ဒီမိုကရေစီစနစ်သည် အောင်မြင်စေရန် အတွက် သမ္မတကိုပင် ထိန်းချုပ်နိုင်သောအဖွဲ့အစည်းများသည် ထိုလုပ်ပိုင်ခွင့်ကို နည်းနိုင်သမျှ နည်းနည်း သုံးရမည်ဖြစ်သည်။

ဤနေရာတွင်လည်း ဒီမိုကရေစီ၏ စံနှုန်းများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် လိုအပ်သည်။ အကယ်၍ ဤစံနှုန်းများ( သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း) သာမရှိခဲ့လျှင် လွှတ်တော်၊ တရားရေးရာနှင့် သမ္မတတို့၏ ကြားတွင် ထိန်းချုပ်မှု၊ ဟန်ချက်ညီမှု၊ တည်ငြိမ်မှု၊ မျှတမှုတို့သည် ဘယ်လိုဖြစ်မည်ကို စဉ်းစားကြည့်နိုင်သည်၊ ဤနေရာတွင် နှစ်မျိုးဖြစ်နိုင်သည်။ အစိုးရ၏ ပုံစံအရ ဖြစ်နိုင်သော အရာနှစ်မျိုး ရှိသည်။

စည်းလုံးမှုကင်းမဲ့သောအစိုးရလက်ထက်တွင် တရားရေးရာ ကိစ္စများသည် အတိုက်အခံ၏ လက်ထဲတွင် ကျရောက်သွားမည်။ ထိုအခါ အတိုက်အခံအဖွဲ့များသည် သူတို့လက်ထဲတွင်ရှိသော အာဏာလုပ်ပိုင်ခွင့်များကို အပြည့်အဝသုံးနိုင်သည်။ ၄င်းတို့ထဲတွင် အစိုးရကို သုံးစရာရန်ပုံငွေမရှိအောင် ပြုလုပ်ခြင်း၊ သမ္မတလုပ်သမျှကို ဆန့်ကျင်ခြင်း၊ နောက်ဆုံးတွင် သမ္မတကိုပင် ဖြုတ်ချရန် မဲပေးသည်အထိ ပြုလုပ်နိုင်သည်။ ထိုအခါ တရားရေးရာဝန်ထမ်းများသည် ဒီမိုကရေစီကို စောင့်ကြပ်ပေးသူများမဟုတ်တော့ပဲ အစိုးရကိုတိုက်ခိုက်သူများအဖြစ် ပြောင်းသွားမည်။ ဤသည်ကား စည်းလုံးမှုကင်းမဲ့သော အစိုးလက်ထက်တွင် ဖြစ်သည်။

စည်းလုံးမှုမရှိသောအတိုက်အခံလက်ထက်တွင်ကား နောက်တစ်မျိုးဖြစ်နိုင်သည်။ အစိုးရသည် စည်းလုံးမှုအပြည့်ရှိသောအခါ တရားရေးရာကိစ္စများသည် သမ္မတလက်တွင် ရှိနေလိမ့်မည်။ အကယ်၍ အတိုက်အခံနှင့် အစိုးရကြားတွင် သည်းခံစိတ်ကင်းမဲ့သွားလျှင် လွှတ်တော်သည် အခြေခံဥပဒေကို ကာကွယ်ခြင်းထက် သမ္မတကို ကာကွယ်ခြင်းကို သာ ဦးစားပေးဆောင်ရွက်လိမ့်မည်။ ထိုအခါတွင် အတိုက်အခံကို အနိုင်မရအောင် နည်းအမျိုးမျိုးဖြင့် ပိတ်ပင်ခြင်းအလုပ်ကိုသာ ဦးစားပေးမည်။ ထိုအခါ သမ္မတသည် ကြိုက်ရာလုပ်နိုင်သော အခြေအနေဖြစ်သွားမည်။ သမ္မတသည် တရားမဝင်သော အလုပ်များ၊ အာဏာရှင်သန်သောအလုပ်များကိုပင် လုပ်နိုင်လာလိမ့်မည်။

ဤသည်ကား ဒီမိုကရေစီအတွက် စံနှုန်းများ(သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း)တို့ ကင်းသောအခါတွင် ဖြစ်တတ်သော အရာများဖြစ်သည်။

သမ္မတ၊ လွှတ်တော်နှင့်တရားရုံးချုပ်တို့တွင် အခြေခံဥပဒေ အရပေးအပ်ထားသော အာဏာခြောက်ခုရှိသည်။ ထိုအာဏာများကို သုံးနိုင်ခွင့်ရှိသလောက် အပြည့်သုံးမည်ဆိုလျှင်၊ ဒီမိုကရေစီစနစ်ကိုပင် ထိခိုက်သည်။ ထိုအာဏာခြောက်ရပ်မှာ –

(၁) ဝန်ထမ်းရေးရာ အမိန့်များထုတ်ပြန်ခြင်း

(၂) သမ္မတွင်ရှိသော ခွင့်လွှတ်ခြင်းအာဏာ (လွတ်ငြိမ်းချမ်းသာခွင့်)

(၃) တရားရုံးခန့်အပ်ခြင်း

(၄) စီးနိတ်လွှတ်တော်၏အကြံပေးခြင်း

(၅) စီးနိတ်လွှတ်တော်၏သဘောတူညီချက်

(၆) အပြစ်တင်ခြင်း၊ စွပ်စွဲခြင်း တို့ဖြစ်သည်။

ပထမသုံးခုသည် သမ္မတတွင် ရှိသည်။ (၁)၊ (၂)၊ (၃)။
နောက်ဆုံးသုံးခုသည် လွှတ်တော်တွင်ရှိသည် (၄)၊ (၅)၊ (၆)

ယင်းအာဏာလုပ်ပိုင်ခွင့်များကို အခြေခံဥပဒေအရ တရားဝင်ပေးအပ်ထားခြင်းလား၊ သို့မဟုတ် နားလည်မှုဖြင့် ခွင့်ပြုထားခြင်းလား ဟူသည်ကိုတော့ သိပ်မရှင်းပါ၊ သေချာသည်မှာ ၄င်းတို့ကို လက်နက်သဖွယ် သုံးလျှင် အရာရာဝင်ထိခိုက်နိုင်သည်။ ဒီမိုကရေစီစနစ်ပင် ကျဆုံးနိုင်သည်။ ယခုအထိအရာရာတွင် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း တို့ရှိနေခြင်းကြောင့် အမေရိကန်တွင် ဒီမိုကရေစီစနစ် တည်မြဲနေခြင်းဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, အခန်းဆက်များ, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)