ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒီမိုကရေစီမှာ မူထက် လူက အရေးပါ

December 13, 2018

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒီမိုကရေစီမှာ မူထက် လူက အရေးပါ

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၁၈

(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၈

Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသောHOW DEMOCRACIES DIE ကို ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) က ဘာသာပြန်ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီ ရှင်သန်၍နေခြင်းအကြောင်းမှာ အခြေခံဥပဒေကြောင့် မဟုတ်၊ သမ္မတသည်လည်းကောင်း၊ လွှတ်တော်သည်လည်းကောင်းရှိသမျှ အာဏာကို အကုန်မသုံးဘဲ ထိမ်းသိမ်းနိုင်ခြင်းနှင့် အပြန်လှန်သည်းခံခြင်းတို့ကြောင့် ဖြစ်သည်ဟူသည်ကို ပြောခဲ့ပြီးဖြစ်သည်။ အတိုချုပ်ဆိုရသော်- မူကြောင့်မဟုတ်၊ လူကြောင့်-ဟုဆိုရပါလိမ့်မည်။
လွှတ်တော်သည် တရားရုံးချုပ်တွင် သမ္မတက ခန့်အပ်သူတိုင်းကို ပယ်ချရန် အာဏာရှိသည်။ သို့သော်လွှတ်တော်သည် ထိုအာဏာကို သုံးရာတွင် အလွန်ထိန်းထိန်းသိမ်းသိမ်းရှိခဲ့သည်။ အများ အားဖြင့်လွှတ်တော်သည် တရားရုံးချုပ်၏ တရားသူကြီးများခန့်အပ်ရာတွင် သမ္မတ၏ သဘောကို လက်ခံခဲ့သည်။

အခြေခံဥပဒေအရ လွှတ်တော်ကို ပေးထားသော လုပ်ပိုင်ခွင့်တစ်ခုမှာ- သမ္မတကို အကျင့်စာရိတ္တအမှုဖြင့် ဖယ်ရှားပစ်နိုင်ခြင်းဖြစ်သည်။ ၄င်းနှင့်ပတ်သက်၍ ဗြိတိသျှနိုင်ငံရေးပညာရှင် ဂျိမ်းဘရိုက် (Jame Bryce) က မှတ်ချက်ချသည်မှာ- ” အဲဒီလက်နက်ဟာ အလွန်ပြင်းလွန်းလှပါ တယ်။ အဲဒါကြောင့်လည်း သာမန်အားဖြင့် သုံးစွဲရန် မသင့်သော အရာဖြစ်နေပါတယ်။ အကယ်၍များ အဲဒီလက်နက်ဖြင့်တဲ့ လုပ်ပိုင်ခွင့်ကိုသာ အချိန်မရွေးသုံးနေမယ်ဆိုရင်၊ ရွေးကောက်ပွဲရလဒ်တွေကိုပါ အဓိပ္ပါယ်ကင်းမဲ့သွားစေနိုင်ပါတယ်”။

သီအိုရီသဘောတရားအရ ပြောရလျှင် အမေရိကန်သမ္မတများသည် အကျင့်စာရိတ္တအမှုဖြင့် ဖယ်ရှားခံရနိုင်သည့် အလားအလာသည် အမြဲရှိနေပါသည်။ အခြေခံဥပဒေသည် လွှတ်တော်၏ ဤလုပ်ပိုင်ခွင့်ကို ကိုယ်မလိုချင်သော သမ္မတများကို ဖယ်ရှားနိုင်သည်။ လက်နက်အဖြစ်သုံးနိုင်ပါ သည်။ ဤကဲ့သို့လက်နက်သဖွယ် သုံးနိုင်ရန်၊ တရားဥပဒေနည်းအရ တားမြစ်ချက်သည် သိပ်များများ မရှိပါ။ လွှတ်တော်တွင် ဆန္ဒမဲများများ (သုံးပုံနှစ်ပုံ) ရဖို့သာလိုအပ်ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် လွှတ်တော်သည် ဤလုပ်ပိုင်ခွင့်ကို သည်းခံစိတ်ဖြင့် ထိန်းထား သော သမိုင်းအစဉ်အလာရှိပါသည်။ အမေရိကန်သမ္မတများထဲတွင် လွှတ်တော်မှ အကျင့်စာရိတ္တအမှု ဖြင့် တရားစွဲခံရသော ပုဂ္ဂိုလ်မှာ သမ္မတအင်ဒရူးဂျွန်စင် (Andrew Johnson) ဖြစ်ပါသည်။ သို့သော် လွှတ်တော်တွင် မဲတစ်မဲဖြင့်ကပ်၍ သမ္မတဘက်က အနိုင်ရသွားခဲ့ပါသည်။ ဤကဲ့သို့ အလားတူအမှု မျိုးနောက်နှစ်ပေါင်းတစ်ရာကျော်အကြာတွင် သမ္မတနစ်စင် (Nixon) လက်ထက်တွင် ဖြစ်ခဲ့ပါသည်။

တရားဥပဒေဆိုင်ရာ ပညာရှင်မာ့တပ်ရှနက် (Mark Tushnet) က ဤကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ချသည်မှာ “အကျင့်စာရိတ္တအမှုနဲ့တရားစွဲဆိုခြင်းကို၊ လွှတ်တော်ဟာ စဉ်းစဉ်းစားစားလုပ် သင့်ပါတယ်။ ဒီအလုပ်ကိုတကယ်လုပ်မယ်ဆိုရင်၊ တရားစွဲခံရသူက တကယ်ဘဲပြုတ်ဖို့ သေချာတော့ မှလုပ်သင့်ပါတယ်။”

အမေရိကန်နိုင်ငံသည် လွှတ်တော်နှင့် အမေရိကန်သမ္မတတို့ကြား အပြန်အလှန်ထိန်းသိမ်း ခြင်းလုပ်ငန်းသည် ဒီမိုကရေစီစံနစ် မပျက်စီးစေခြင်းဖြစ်သည်။ လူပုဂ္ဂိုလ်များအချင်း သည်းခံနိုင်ခြင်း နှင့်ထိန်းသိမ်းနိုင်ခြင်းကြောင့်သာ ဖြစ်သည်။ အခြေခံဥပဒေကြောင့်မဟုတ်ပါ။ သို့သော် ဤသို့ဖြစ် ခြင်းသည် အလွယ်တကူအလိုအလျောက် ဖြစ်နေခြင်းတော့မဟုတ်ပါ။ သမိုင်းကို ပြန်ကြည့်လျှင်၊ ဒီမိုကရေစီဆိုင်ရာ စံနှုန်းများကို အကြိမ်ကြိမ်ခြိမ်းခြောက်ခံရသောအဖြစ်အပျက်များ၊ ဒီမိုကရေစီစံနှုန်း များကို ချိုးဖောက်သောအဆင့်ကိုပင် ရောက်ခဲ့သော အဖြစ်များရှိခဲ့ပါသည်။ ဤအဖြစ်အပျက်များ သည် မှတ်သားဖွယ်ကောင်းပါသည်။ ဤကဲ့သို့သောအဖြစ်သုံးခုရှိပါသည်။

ပထမတစ်ခုမှာ စောစောက လေ့လာခဲ့သော သမ္မတရူးစဘယ် (Roosevelt) ၏ အာဏာရှင်ဆန်ဆန် လုပ်ကိုင်မှု များဖြစ်သည်။ တရားရုံးချုပ်ကို နိုင်ငံရေးရောနှောသောလုပ်ငန်းများသည် ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်လာသောလုပ်ရပ်များ ဖြစ်ခဲ့ပါသည်။ နောက်ဆုံးသူ၏ သမ္မတသက်တမ်းကို သုံးကြိမ် (နောက်ပိုင်းတွင် လေးကြိမ်အထိ) ထပ်တိုးရန်ကြိုးပမ်းမှုများသည် နှစ်ပေါင်း ၁၅၀ တိုင်တိုင်ရှိခဲ့သော (ရေးသားမထားသော) စံနှုန်းကိုပင် ချိုးဖောက်ခြင်းဖြစ်ခဲ့ပါသည်။ ရူးစဘယ်သည် သူမဆုံးမှီပြောသွားသော သူ၏ (မဖြစ်နိုင်သော) အလိုဆန္ဒမှာ ဤသို့ဖြစ် သည်။

“ကျွန်တော်တို့အလိုရှိသောအရာမှာ၊ စစ်ကြီးပြီးဆုံးသွားတာ တစ်ခုတည်းမဟုတ်ပါဘူး၊ စစ်တွေအားလုံးဖြစ်စေမယ် အစတွေဟူသ၍ ပြီးဆုံးသွားတာဖြစ်ပါတယ်။” ထိုအခါချိန်မှာ ၁၉၄၅ ခု – ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခါနီး အချိန်ဖြစ်သည်။

ရူးစဘယ့်၏ အာဏာရှင်ဖြစ်ရန် ကြိုးပမ်းမှုများသည် အမေရိကန်နိုင်ငံကို အာဏာရှင်စံနစ်ဆီ သို့ပို့မပေးခဲ့နိုင်ပါ။ အကြောင်းမှာ ရူးစဘယ့်ကို ပုဂ္ဂိုလ်ရေးအရ လေးစာကြည်ညိုခြင်းကို ဦးစားမပေးဘဲ၊ ရူစဘယ့်၏ ပါတီနှင့် ရူစဘယ့်ကိုဆန့်ကျင်သော ပါတီနှစ်ရပ်စလုံးသည် ဒီမိုကရေစီစနစ်မကျဆုံးရေးကိုသာ ဦးစားပေးခြင်းကြောင့်ဖြစ်သည်။

ဒုတိယစိန်ခေါ်မှုမှာ ၁၉၅၀ ၏ စောစောပိုင်းတွင်ဖြစ်ခဲ့သည်။ သမိုင်းကို ပြန်ပြောရလျှင် ၁၉၄၆ မှ ၁၉၅၄ ကြားကာလမှစရမည်ဖြစ်သည်။ ထိုကာလတွင် ရှရှားနိုင်ငံ (Soviet Union) သည် ကွန်မြူနစ် ဝါဒ (Communism) ကိုကျင့်သုံးပြီး၊ နယူကလီယာ စွမ်းအင်ဖြင့် (Nuclear Power) အင်အားကြီး နိုင်ငံ ဖြစ်လာသည်။

ကွန်မြူနစ်ဝါဒဟူသည် အများနားလည်သောစကားဖြင့် အတိုချုပ်ဖွင့်ရလျှင် – ထိုဝါဒသည် လူများအား လွပ်လပ်စွာပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်၊ ရေးသားခွင့်၊ စည်းရုံးခွင့် တို့ကို ပိတ်ပင်ထား သော ဝါဒဖြစ်သည်။ တစ်နည်းဆိုရသော် ဒီမိုကရေစီဝါဒ၏ ဆန့်ကျင်ဘက်ဖြစ်သည်။

ထိုကာလတွင် အမေရိကန်ပြည်ထောင်စုတွင် ကွန်မြူနစ်ဝါဒလွှမ်းမည်ကို စိုးရိမ်ကြောင့်ကျပြီး အလွန်တုန်လှုပ်ခြောက်ခြားနေကြသည်။ ထိုဖြစ်ရပ်ကို အခွင့်ကောင်းယူ၍ နိုင်ငံရေးသမားများသည် နိုင်ငံရေးအမြတ်ထုတ်ကြသည်။ သူတို့နှင့်မတန်သော လူပုဂ္ဂိုလ်၊ ပါတီစသည်တို့ကို သိက္ခာချလိုလျှင် ထိုလူ (သို့မဟုတ်) ပါတီသည် ကွမ်မြူနစ်ဝါဒကို ထောက်ခံသူဖြစ်သူဟု သတင်းဖြန့်လိုက်ရုံဖြင့် သိက္ခာချကျဆင်းသွားသည် နာမည်ပျက်သွားလေသည်။ ကိုယ်ဘက်က လက်ဦးဖို့သာလိုသည်။

ထိုအခါ နိုင်ငံရေးအရ အမြတ်ထွက်သွားသောပါတီမှာ ရီပါဘလစ်ကန်ပါတီ (Republican Party) ဖြစ်သည်။ ဒုက္ခရောက်သောပါတီမှာ ဒီမိုကရက်ပါတီ (Democratic Party) ဖြစ်သည်။ ဒီမိုကရက် ပါတီဒုက္ခရောက်ခြင်းမှာ ကွန်မြူနစ်ဝါဒကိုထောက်ခံသောကြောင့်မဟုတ်ဘဲ၊ အမည်ကြောင့်ဖြစ်သည်။ အကြောင်းမှာ ဤသို့ဖြစ်၏ ကွန်မြူနစ်ပါတီကိုကျင့်သုံးသော ပါတီများသည်လည်ကောင်း၊ နိုင်ငံများ သည်လည်းကောင်း၊ သူတို့၏အမည်ရှေ့တွင် “ဒီမိုခရက်တစ်” ဟူ၍တပ်၍ခေါ်လေ့ရှိကြသည်။

စာရေးသူ၏ဖခင် ဦးခင်မောင်လတ်နှင့် မိခင်ဒေါ်ခင်မျိုးချစ်တို့ကဆိုကြသည် – “သူတို့ရှေ့က ဒီမိုကရက်တစ်ဆိုတဲ့ အမည်ပါလာရင် အဲဒီနိုင်ငံ၊ အဲဒီပါတီက အာဏာရှင်စနစ်ကိုကျင့်သုံးတဲ့ပါတီ၊ သို့မဟုတ် နိုင်ငံဖြစ်ရမယ်လို့သာ မှတ်လိုက်။ ဥပမာ ဒီမိုကရက်တစ်အီကွေဒါနိုင်ငံ(Democratic  Republic of Ecuador) ဒီမိုကရက်တစ်ပါရာဂွေးနိုင်ငံ (Democratic Republic of Paraguay) တွေဟာ အာဏာရှင်နိုင်ငံတွေ ဖြစ်ပါတယ်။

ဤဆောင်းပါးကို၏ အချက်အလက်များကို အတိုချုပ်ပြန်ပြောရလျှင် –
အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီရှင်သန်နေခြင်းမှာ မူကြောင့်မဟုတ်၊ လူကြောင့်ဖြစ်သည်။
အခြေခံဥပဒေအရ သမ္မတသည် အာဏာရှင်ဆန်ဆန်ပြုကျင့်နိုင်သော်လည်း လုပ်လေ့မရှိပါ။
လွှတ်တော်သည် မဲသုံးပုံနှစ်ပုံရလျှင်၊ သမ္မတကို အကျင့်စာရိတ္တအမှုဖြင့် စွပ်စွဲ၍ ဖြုတ်ပစ်နိုင်သည်။
သို့သော် သမ္မတနှင့် လွှတ်တော်တို့သည် အပြန်အလှန်ထိမ်းသိမ်းနေခြင်းကြောင့် ဒီမိုကရေစီ မဆုံးရှုံးခြင်းဖြစ်သည်။ သို့သော်ငြားလည်း၊ အပြန်အလှန်ထိမ်းသိမ်းခြင်းနှင့် သည်းခံခြင်းတို့ကို စိန်ခေါ်သောအဖြစ် များရှိခဲ့ပါသည်။ ယင်းစိန်ခေါ်မှုများအကြောင်းကို နောက်ဆောင်းပါးတွင် ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, အခန်းဆက်များ, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)