ကိုသန်းလွင် ● တရုတ်ပြည်လျှောက်ခဲ့သောလမ်း

December 26, 2018

ကိုသန်းလွင် ● တရုတ်ပြည်လျှောက်ခဲ့သောလမ်း
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၈

(၁)
မော်စီကုန်းကွယ်လွန်ပြီးနောက် မသေမချာမရေရာဖြစ်ခါစအချိန်၊ တရုတ်ပြည်သည် စက်မှုဖွံ့ဖြိုးမလာမီအချိန် ကွန်မြူနစ် ပါတီသည် တိုင်းပြည်ကိုကယ်တင်ပြီး ကမ္ဘာကြီးကိုပြုပြင်ရမည့်ကာလမရောက်မီအချိန်တွင် စီးပွားရေးတက္ကသိုလ်ကျောင်း သားတစုတို့သည် ရှန်ဟိုင်းမြို့အနီးမှတောတောင်ထူထပ်လှသော စခန်းတစ်ခုတွင် စုစည်းမိခဲ့ကြပါသည်။  ထိုစခန်းကို မော် ဂန်ရှမ်းစခမ်း (Bamboo Forest Of Moganshan) ဟုခေါ်ပါသည်။ သူတို့ဖြေရှင်းရမည့်ပြဿနာမှာ “တရုတ်ပြည်သည် အ နောက်နိုင်ငံများကို ဘယ်လိုမှီအောင်လိုက်မလဲ” ဟူသောပြဿနာ ဖြစ်ပါသည်။

(၂)
၁၉၈၄ ခုနှစ် ဆောင်းရာသီဖြစ်ပါသည်။ ကမ္ဘာ၏ဟိုဘက်တခြမ်းတွင် မစ္စတာရီဂင် အမေရိကားကိုအုပ်ချုပ်နေချိန် ဖြစ်ပါသည်။ တရုတ်ပြည်ကြီးသည် ဆယ်ခုနှစ်ပေါင်းများစွာ နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် ကမောက်ကမဖြစ်ရာ မှပြန်လည်နီုးထလာ ချိန်ဖြစ်ပါသည်။ နိုင်ငံ၏လေးပုံသုံးပုံသော လူတို့မှာ ဆင်းရဲတွင်းမှ မလွတ်ကင်းနိုင်ကြသေးပါ။ နိုင်ငံတော်ကဘယ်သူဘယ်မှာအလုပ်လုပ်၍၊ အဘယ်မျှရသည်ဆိုသည်ကိုဆုံးဖြတ်ပေးနေဆဲဖြစ်ပါသည်။

စီးပွားရေးကွန်ဖရင့်သို့ တက်ရောက်လာကြသော ကျောင်းသားများနှင့် သုတေသနလုပ်သူများက တိုင်းပြည်၏ ဈေးကွက်ကို ဖွင့်ပေးလိုကြသည်။ သို့ပါသော်လည်း ဈေးကွက်ပျက်သွားမှာကို စိုးရိမ်သည်။ စီးပွားရေးကိုထိန်းချုပ် ထားကြသော ဗျူရိုက ရက်များက ဈေးကွက်ကို လက်လွှတ်လိုက်ရမှာကို စိုးရိမ်နေကြသည်။

ညတည၏ နောက်ဆုံးအချိန်များမှာ သဘောတူညီချက်ရလိုက်ကြပါသည်။ “စက်ရုံများသည် မိမိတို့ကိုယ်တာကို နိုင်နင်း အောင် ထုတ်နိုင်ရမည်။ ထို့နောက် ရနိုင်သမျှရောင်းချရမည်။ ဈေးနှုန်းကိုကြိုက်သလို သတ်မှတ်နိုင်သည်။” ဤသို့ဆိုခြင်း မှာ စီးပွားရေးစနစ်၏နည်းဗျူဟာ (Plan) ချထားမှုများကို တော်လှန်လိုက်ခြင်းဖြစ်ပါသည်။ စီးပွားရေးနောက်ခံမရှိဘဲ အခန်း ထဲရှိ ပါတီတာဝန်ရှိသူများက ကျေနပ်အားရနေကြသည်။ သူတို့သည် မိမိရည်ရွယ်ထားသလို ဈေးကွက်ဘယ်လိုဖြစ်မည် မဖြစ်ကိုသိလိုကြသည်။ အခုအသက် ၇၆ နှစ်ရှိပြီး အငြိမ်းစားဖြစ်သော မစ္စတာ ဇူဂျင်း (Xu Jing) ကပြောပါသည်။ “စည်းကမ်း နည်းလမ်းတွေကိုမသိ၊ ဖြစ်ချင်တာနဲ့လုပ်ရတာဘဲ” ဟု ဆိုသည်။

တရုတ်တို့၏ စီးပွားရေးသည်ဖွံ့ဖြိုးတိုးတက်လာသည်မှာ လွန်စွာလျင်မြန်သောကြောင့်လည်းကောင်း၊ ကြာလဲ ကြာလှပြီဖြစ် ၍လည်းကောင်း ဤအခြေအနေသို့ရောက်အောင် မည်သို့ကြိုးစားရမည်ကို မေ့လျော့လောက်ပါပြီ။ ထို့နောက် စိတ်မသက် သာသည့်နောက်ဆုံး ဖြစ်ချင်ရာဖြစ်လုပ်ရသည်။ အခြေအနေများကိုလည်း မည်သူမျှ သေချာမမှတ်မိတော့ပေ။ မစ္စတာဇူ ကတောင်ပေါ်မှ စခန်းတစ်ခုတွင်တင်ပြလိုက်သောမူဝါဒမှာ အစိုးရမူဝါဒဖြစ်သွားပြီး တရုတ်တို့၏စီးပွားရေးမှာ ဤအခြေအ နေသို့ရောက်ရှိလာခြင်းဖြစ်သည်။

ယခုအချိန်တွင် တရုတ်သည် အိုးပိုင်အိမ်ပိုင်အဖြစ်လည်းကောင်း၊ အင်တာနက်သုံးစွဲသူအရေအတွက်အနေဖြင့် လည်း ကောင်း၊ ကောလိပ်ဘွဲ့ရသူများနှင့်လည်းကောင်း ကမ္ဘာကြီးတွင်အများဆုံးဖြစ်နေပါပြီ၊ ဘီလျံနာများစွာ လည်းရှိနေကြပါပြီ၊ ဆင်းရဲသူဦးရေမှာ လူဦးရေ ၅ ရာခိုင်နှုန်းပင် မရှိတော့ပါ။ အောက်ကျနောက်ကျနိုင်လာသောအခြေအနေမှ အမေရိကန်တို့ နှင့်ယှဉ်နိုင်လာအောင်ဖြစ်လာသည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးကတည်းက အမေရိကန်တို့နှင့်ပြိုင်ဘက်ဖြစ်လာ အောင် တဟုန်ထိုးပြောင်းလဲခဲ့သည်။

တရုတ်ပြည်တွင် အလွန်ကြီးမားသော ဖြစ်စဉ်ကြီးတရပ်ဖြစ်ပေါ်နေပါသည်။ သမ္မတရှီက နိုင်ငံခြားတွင် ရွပ်ရွပ်ချွံခွံ လုပ်ပြနေ သလို နိုင်ငံတွင်းတွင်လည်း ပြတ်ပြတ်သားသားလုပ်ဆောင်လျက်ရှိပါသည်။ ထရမ့်က ကုန်သွယ်ရေးစစ်ပွဲကို ဖန်တီးနေချိန် တွင် စစ်အေးတိုက်ပွဲတစ်ခုသို့ သွားနေသလိုဖြစ်ပါသည်။ ယခုအချိန်တွင် တရုတ်တို့သည် “ဘယ်လိုမှီအောင်လိုက်ရမလဲ” ဆိုသောမေးခွန်းအစား “ဘယ်လိုရှေ့ကပြေးမလဲ” ဟု မေးရမလိုဖြစ်နေပါပြီ။ အမေရိကန်က ခပ်ကြမ်းကြမ်းလုပ်ဆောင်ပြနေချိန်တွင် တရုတ်တို့က အကောင်းဆုံးတုန့်ပြန်ရပါမည်။

သမိုင်းဆရာများအဖို့မူ မြင်နေကျပုံစံဘဲဖြစ်ပါသည်။ အင်အားကြီး နိုင်ငံတစ်ခုကရှိပြီး တဖြည်းဖြည်းအင်အား ကောင်းလာနေ သောနိုင်ငံက ချဲလင့်လုပ်နေခြင်းဖြစ်ပါသည်။ ဆယ်ခုနှစ်ပေါင်းများစွာ အမေရိကန်သည် တရုတ်တို့ကြီးပွားလာခြင်းကို ကြို ဆိုပြီး ၎င်း၏ ခေါင်းဆောင်များနှင့်လက်တွဲကာ စီးပွားရေးတွင်အကောင်း ဆုံးဖြစ်အောင် ဘယ်လိုလက်တွဲကြမည်နည်းဟု အဖြေရှာနေပါသည်။ သို့မှသာ နှစ်နိုင်ငံစလုံး အကျိုးဖြစ်ထွန်းကြပါလိမ့်မည်။

အမေရိကန်သမ္မတ ရှစ်ယောက်စလုံးက တရုတ်တို့သည် ခေတ်သစ်စီးပွားရေးစနစ်၏ဥပဒေများအောက်သို့ ခေါင်းငုံ့ဝင်လာရ မည်ဟု မျှော်လင့်ထားကြပါသည်။ ကြွယ်ဝချမ်းသာခြင်းက နိုင်ငံရေးလွတ်လပ်ခွင့်ကို တောင်းဆိုပြီး တရုတ်ပြည်ကို ဒီမို ကရေစီနိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲစေရမည် (သို့မဟုတ်) တရုတ်ပြည်၏စီးပွာရေးသည် အာဏာရှင် ဗျူရိုကရေစီ အလေးချိန်အောက်တွင်နစ်မြှုပ်သွားရမည်ဟုလည်း ခန့်မှန်းခဲ့ကြပါသည်။

သို့သော် ဤနှစ်မျိုးစလုံးဖြစ်မလာခဲ့ပါ၊ တရုတ်ခေါင်းဆောင်များသည် အနောက်ကခေါင်းဆောင်များ မျှော်မှန်းသလို တစ်ခုမှ ဖြစ်မလာအောင် ဆောင်ရွက်နိုင်ခြင်းရှိပါပေသည်။ သူတို့ကိုသူတို့ မတ်စ်ဝါဒီသမားဟု ပြောပြီး အရင်းရှင်စီးပွားရေးစနစ်ကို ထူထောင်လာသည်။ သြဇာအာဏာ ပါဝါရရှိအောင် ဖိနှိပ်ချုပ်ချယ်သည့် နည်းကိုသုံး ပါသည်။ သို့သော် (Entrepreneurship) စွန်းစားရှာဖွေခြင်း၊ တီထွင်ကြံဆခြင်း (Innovation) ကိုတော့ အထိအခိုက်မခံပါ။ ရန်သူ (သို့မဟုတ်) မလိုသူတို့နှင့် ဝိုင်း နေသော်လည်း စစ်မဖြစ်အောင်ရှောင်ရှားနိုင်ပါသည်။ အနှစ် ၄၀ လုံးလုံး မရပ်မနားဘဲ တရစပ်တိုးတက်မှုကို ရရှိနေပါသည်။ သင်ရိုးညွှန်တမ်း (Textbook) တိုင်းက ကျဆုံးရမည်ဟုပြောသောနည်းများဖြင့် အောင်မြင်ဖြစ်ထွန်းနေပါပြီ။

စက်တင်ဘာလအတွင်းက တရုတ်တို့သည်အသက်ရှည်ရှည်နေနိုင်မှု သက်တမ်းတွင် ရုရှားတို့ကိုကျော်တက် သွားပါသည်။ ရက်အနည်းငယ်အတွင်း ကွန်မြူနစ်ပါတီ၏ ၆၉ ကြိမ်မြောက်မွေးနေ့ပွဲကို ကျင်းပကြပါသည်။ တရုတ်ပြည်သည် မကြာမီ ကာလအတွင်း ကမ္ဘာ့အကြီးဆုံး စူပါပါဝါဖြစ်လာပါတော့မည်။

ကမ္ဘာကြီးက တရုတ်တို့ကိုပြောင်းလည်းပြစ်နိုင်လိမ့်မည် ယုံကြည်ခဲ့ကြသည်။ နှစ်ပေါင်းများစွာ တရုတ်ပြည်၏ အပြုအမူကို ပြောင်းလဲခဲ့ကြသည်ဟုဆိုနိုင်ပါသည်။ သို့သော်လည်း တရုတ်တို့၏အောင်မြင်မှုမှာ အံ့မခမ်းရှိလှသဖြင့် ကမ္ဘာကြီးကို တရုတ် တို့ ကပြောင်းလဲလိုက်သည်ဟု ဆိုရမလိုဖြစ်နေပါသည်။ အမေရိကန်တို့နားလည် သလို “ကမ္ဘာကြီး ဘယ်လိုအလုပ်လုပ်သည်” ဆိုသည်မှာလည်း ပြောင်းလဲခဲ့ရပါသည်။

တရုတ်ခေါင်းဆောင်များက ဘယ်လိုလုပ်လိုက်သည်ကိုရှင်းမပြနိုင်ပါ။ ရိုးစင်းသောအဖြေမရှိပါ။ ရှေ့ကိုမျှော်မှန်း ကြည့်တတ် ခြင်း၊ ကုသိုလ်ကံကောင်းခြင်း၊ လူပုဂ္ဂိုလ်တို့၏လူမှုရေးပြဿနာကို ကြမ်ကြမ်းတန်းတန်းဖြေရှင်းနိုင်ခြင်း အရေးကြီးဆုံးကတော့ ကျရှုံးမှုမှာမှ ကြောက်ရွံ့သည့်အကြောက်တရားက အရေးကြီးဆုံးဖြစ်ပါလိမ့်မည်၊ မော်၏နောက်လိုက်များအဖို့ “တင်ရန်မင် ရင်ပြင်အရေးတော်ပုံ”၊ “ဆိုဗီယက်အင်ပိုင်ယာပြိုကွဲခြင်း” စသည့် အကြောင်းအရာများကြောင့် အကြောက်တရားက ကြီး စိုးခဲ့ပါသည်။

မော်စီကုန်း၏အမှားများကို နောက်ချန်ထားခဲ့နိုင်ပြီးသည့်နောက် ရုရှားတို့ဘယ်လိုအမှားတွေ ကျူးလွန်ခဲ့သည်ကို တရုတ်တို့ က သိလိုခဲ့ကြပါသည်။ သူတို့အဖို့ အချက်နှစ်ချက်ရှိပါသည်။ (၁) ပါတီကို လုပ်ငန်းအောင်မြင်ဖို့ပြုပြင်ရေး လုပ်ငန်းများ လုပ်ကြရမည်။ (၂) ထိုပြုပြင်ရေးဆိုရာ၌ ဒီမိုကရေစီရေးမပါဝင်စေရဟူ၍ ဖြစ်ပါသည်။

အပြောင်းအလဲကိုစမ်းသပ်လိုခြင်း၊ ထိုအပြောင်းအလဲကိုဆန့်ကျင်ခြင်း ဘက်နှစ်ဘက်ကို အစွန်းရောက်အောင် လုပ်လိုကြ သည်။ အဓိကကတော့ အကျအရှုံးမခံနိုင်ခြင်းပင်၊ တချို့က ဤသို့ဖွင့်ပေးခြင်း၊ ဖိနှိပ်ခြင်းတို့ကို အစွန်းရောက်အောင်ကျင့်သုံးခြင်းသည်တာရှည်တွင်တိုင်းပြည်က မခံနိုင်ဖြစ်ရမည်၊ တချိန်တွင်ပြိုကွဲရမည်ဟု ယုံကြည်ကြသည်။ သို့ပါသော်လည်း တရုတ်တို့အောင်မြင်ခြင်းမှာ ထိုအကြောင်းအရာများကြောင့်လည်းဖြစ်နိုင်သည်။

မော်ဂင်ရှန်ကွန်ဖရင့်တွင် ပါဝင်ခဲ့သူတိုင်းကတရုတ်ပြည်သည် ဘယ်လိုလမ်းကြောင်းကိုလိုက်၍ ဘယ်လိုအောင် မြင်လိမ့် မည်ဟု ကြိုတင်မမှန်းဆနိုင်ခဲ့ကြပါ။ သူတို့သည် တရုတ်ပြည် ကမ္ဘာကြီးနှင့်အဆက်ပြတ်နေစဉ်ကာလ အတွင်းကလူလား မြောက် ကြီးပြင်းခဲ့ကြပါသည်။ သူတို့တွေ့ကြုံရမည့် ချဲလင့်ဖြစ်သောအရာများအတွက် ပြင်ဆင်ခွင့်မရခဲ့ကြပါ၊ ပါတီအနေဖြင့် လူငယ်များကို အသစ်တဖန်တီထွင်ခြင်းနှင့် အသစ်ပြန်လည်စီစဉ်ခြင်း တို့ကို ကြုံတွေ့ခဲ့ရပါသည်။

ဥပမာ မစ္စတာဇူသည် ဂျာနယ်လစ်ပညာနှင့်ဘွဲ့ရပြီး မော်စီတုန်း၏ ယဉ်ကျေးမှုတော်လှန်ရေးဖြစ်ပွားခဲ့ပါသည်။ လူပေါင်းသန်း ချီ၍ ပါတီမှထုတ်ပယ်ခြင်း၊ တရားစွဲဆိုခံရခြင်း နောက်ဆုံး အသက်များစွာ အဆုံးရှုံးခံခဲ့ကြပါသည်။ ထိုအတောအတွင်းသူသည် ကေဒါကျောင်းတွင် အလုပ်ကြမ်းလုပ်ခဲ့ရပါသည်။ စစ်တပ်တွင် မတ်စ် ၀ါဒကို ပို့ချခဲ့ ရပါသည်။ မော်စီကုန်းကွယ်လွန်သောအခါ ပါတီသုတေသနဌာနတွင်တာဝန်ချခံရပါသည်။ ထိုဌာနသည် စီးပွား ရေးကို ထိမ်းသိမ်းကြည့်ရှုရပါသည်။ သူ၏ ပဌမအလုပ်မှာ စက်ရုံများကိုပိုမို လုပ်ပိုင်ခွင့်ပေး၍ ဆုံးဖြတ်ချက်များ ချမှတ်ရန်တာဝန်ပေးခံရပါသည်။ သူ့အနေဖြင့် အတွေ့အကြုံမရှိသေး သော်လည်း စီးပွားရေးတွင် ပေါ်လစီချမှတ်သူ ဖြစ်လာခဲ့ပါသည်။ ရှမ်ဆန်း (Shenzhen) တွင် တရုတ်ပြည်၏ စတော့ဈေး ကွက်ကို ထူထောင်သူဖြစ်လာခဲ့ပါသည်။

နောက်တယောက်မှာ မစ္စတာ ရှီယိုချွန် (Zohn Xiaochuan) ဆိုသူဖြစ်ပြီး သူက တရုတ်ပြည်၏ ဗဟိုဘဏ်ကို ထူထောင်ပြီး၁၅ နှစ်ကြာဦးဆောင်သူ တယောက်ဖြစ်လာပါသည်။ ဂျီဝီ (Lou Jiwei) မှာ တရုတ်ပြည် (China Wealth Funds)  ကို ထူထောင် ပြီး ဘဏ္ဍာရေးဝန်ကြီးအဖြစ်မှ အနားယူခဲ့ပါသည်။ နောက်တယောက်မှာ ဝန်ချီရှမ် (Wang Qishan) ဖြစ်ပြီး သူကတရုတ်ပြည် ၏ စိုက်ပျိုးရေးမူဝါဒများ ချမှတ်သူဖြစ်လာခဲ့ပါသည်။

မစ္စတာဝမ် မှာရင်းနှီးမြှုပ်နှံမှုဘဏ်ကိုထူထောင်ပြီး အာရှငွေကြေးအကြပ်အတည်းပေါ်သည့်ကာလအတွင်းမှာ ဦးဆောင်ခဲ့ပါ သည်။ ပီကင်းမြို့တော်ဝန်အဖြစ် ၂၀၀၈ ခုအိုလံပစ်ပွဲကို ဦးဆောင်ကျင်းပပေးခဲ့ သူဖြစ်ပါသည်။ တရုတ်ပြည်၏ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင်ပါဝင်ခဲ့ပြီး ယခုရှီ ၏လက်ထောက်ဖြစ်ပါသည်။

မော်ဂန်ရှမ် ကွန်ဖရင့်မှ ထိုလူများမှာ တရုတ်ပြည်၏အောင်မြင်မှုအတွက် ထင်ရှားသောဥပမာများ ဖြစ်ကြပါသည်။ သူတို့သည် တရုတ်ပြည်ကိုကွန်မြူနစ်များအဖြစ်မှ အရင်းရှင်စီးပွားရေးစနစ်ကိုထူထောင်သူတို့ ဖြစ်လာ ခဲ့ကြပါသည်။

(၃)
တိန့်ရှောင်ဖိန်းက “ဈေးကွက်စီးပွားရေး” ဆိုသည်နှင့်ကွန်မြူနစ်တို့သည် သူတို့၏အဓိကဝါဒ (Core Value) ကို ပစ်ပယ် လိုက်ကြပြီးဖြစ်ပါသည်။ ကားလ်မတ်စ်၏ဝါဒကိုလည်းပို့ချပြီး တဖက်က ဈေးကွက်စီးပွားရေးစနစ်ကို ထူထောင်ခြင်းမှာ ဝါဒ ထက်ပြည်သူတို့၏အကျိုးစီးပွားကို ရှေ့တန်းတင်လိုက်ခြင်းဖြစ်ပါသည်။

ကိုသန်းလွင်
Ref: The west was sure the Chinese approach would not work, It just had to wait. It is still waiting, by Phillip Pan New York Times November 18 2018.

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)