သန်းဝင်းလှိုင် – မြန်မာပြည်၏ မောင့်ဘက်တန်

January 3, 2019

သန်းဝင်းလှိုင် – မြန်မာပြည်၏

(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၉

မောင့်ဘက်တန်သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါနီး၌ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ခဲ့သော မဟာမိတ်တပ်ပေါင်းစု ၏ စစ်သေနာပတိချုပ် ဖြစ်သည်။ စစ်ပြီးခါစတွင် မြန်မာပြည် ကို (ကက်စ်ဘီ (CAS(B)) ခေါ် မြန်မာနိုင်ငံဆိုင်ရာ မြို့ပြ အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်သွားခဲ့သူ ဖြစ်သည်။ စင်စစ် မြန်မာနိုင်ငံအုပ်ချုပ်အဖွဲ့ဟု ခေါ်နေသော်လည်း စစ်အုပ်ချုပ်ရေး ဖြင့် အုပ်ချုပ်သည့်ကာလ ဖြစ်သည်။ ကက်စ်ဘီအုပ်ချုပ်ရေးအဖွဲ့ စဖွဲ့သည့်နေ့မှာ ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဖြစ်သည်။ အဖွဲ့၏အကြီးအကဲမှာ ဗိုလ်ချုပ်စီအက်ဖ်ဘီပီယား (C,F,B Pearce) ဖြစ်သည်။ ထို့နောက် ၁၉၄၄ ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ ကက်စ်ဘီကို အရှေ့တောင်အာရှဆိုင်ရာ မဟာမိတ်တပ်များ၏ စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက် တန် လက်အောက်သို့ လွှဲပြောင်းပေးခဲ့သည်။ ထိုအချိန်မှစ၍ အိန္ဒိယနိုင်ငံ စစ်သေနာပတိချုပ်နှင့် စစ်ပြေးအစိုးရ ဘုရင်ခံချုပ် တို့ ပူးတွဲအုပ်ချုပ်သည့်စနစ် ပျက်သွားပြီး မြန်မာနိုင်ငံ စစ်အုပ် ချုပ်ရေးမှာ မောင့်ဘက်တန်၏ လက်အောက်သို့ လုံးဝ ကျ ရောက်သွားခဲ့သည်။

မောင့်ဘက်တန်နှင့် မြန်မာနိုင်ငံ ပတ်သက်ရပုံကို လေ့လာ ကြည့်ပါက မောင့်ဘက်တန်သည် ၁၉၄၃ နိုဝင်ဘာ ၁၆ တွင် မဟာမိတ်တပ်များ၏ အရှေ့တောင်အာရှ စစ်သေနာပတိချုပ် အဖြစ် အိန္ဒိယနိုင်ငံမှာ နယူးဒေလီမြို့၌ ရာထူးစတင်လက်ခံ သည်။ မြန်မာနိုင်ငံ၌ ၁၉၄၂ မတ်လမှစ၍ ဂျပန်လက်အောက် သို့ ကျရောက်ခဲ့ရပြီး ဒေါက်တာဘမော်က အဓိပတိ၊ ဗိုလ်ချုပ် အောင်ဆန်းက ကာကွယ်ဝန်ကြီးအဖြစ် ပါဝင်သောအခါ အစိုးရ အဖွဲ့က အုပ်ချုပ်ရသည်။ ဂျပန်က မသိမ်းပိုက်နိုင်၍ မြန်မာပြည် တောင်တန်းဒေသများကို ချန်ထားရာ ၁၉၄၄ ဇန်နဝါရီလ ၁ ရက်မှ စ၍ မောင့်ဘက်တန်က မဟာမိတ် စစ်သေနာပတိချုပ် အနေဖြင့် အိန္ဒိယမှ လှမ်း၍ အုပ်ချုပ်နေသည်။ ဗြိတိသျှတို့၏ မြန်မာပြည် ဘုရင်ခံဒေါ်မန်စမစ်မှာ အိန္ဒိယနိုင်ငံ ဆင်းမလာမြို့၌ စစ်ပြေး မြန်မာပြည်အစိုးရအဖွဲ့ဖြင့် ရုံးစိုက်နေသော်လည်း ထို အချိန်က မြန်မာပြည်တောင်တန်းဒေသကို မောင့်ဘက်တန်က တာဝန်ယူ အုပ်ချုပ်ခဲ့ရသည်။ ထိုစဉ်က မောင့်ဘက်တန်သည် လူလတ်ပိုင်းဖြစ်ပြီး သူ့အသက်မှာ ၄၃ နှစ်ကျော်ရှိပြီး ဖြစ်သည်။ ထိုအချိန်က ဘွဲ့ထူးဂုဏ်ထူးမှာ ရေတပ်ဗိုလ်ချုပ်၊ ဂုဏ်ထူး ဆောင် လေတပ်ဗိုလ်ချုပ် လော့ဒ်လူဝီမောင့်ဘက်တန်ဟူ၍ ဖြစ် သည်။

မောင့်ဘက်တန်သည် ဂျာမန်ပြည်တစ်ခုဖြစ်သည့် ဟက်စ် မင်းဆက်လူဝီ ၄ မှ ဆင်းသက်လာသူ ဖြစ်သည်။ ဗြိတိသျှ ဝိတိုရိယဘုရင်မကြီး၏ တတိယသမီးတော် အဲလစ် (၁၈၄၇-၇၈) နှင့် ဂျာမန်မင်းသားကြီး (ဟက်မင်းဆက်) လူဝီ ၄ (၁၈၇၃-၁၈၉၂) တို့ လက်ဆက်သည်တွင် ဟက်မင်းသမီး ဝိတိုရိယ (၁၈၆၃-၁၉၅၀) ကို ဖွားမြင်ခဲ့သည်။ ယင်းမင်းသမီး နှင့် ဘက်ကင်ဘက် မင်းသားလူဝီ (၁၈၅၄-၁၉၂၁)တို့ လက် ဆက်ရာမှ ၁၉၀ဝ ပြည့်နှစ် ဇွန်လ ၂၅ ရက်တွင် ဖွားမြင်သော သားသမီးလေးယောက်အနက် အထွေးဆုံးသား ဖြစ်သည်။ ထို့ ကြောင့် မောင့်ဘက်တန်သည် ဝိတိုရိယဘုရင်မကြီး၏ မြစ် အရင်း ဖြစ်သည်။

အသက် ၁၃ နှစ်တွင် ဘုရင့်ရေတပ်သို့ဝင်ပြီး ဗိုလ်လောင်း ဖြစ်ကာ အသက် ၂၀ တွင် ဒုတိယဗိုလ်မှူးကြီး ဖြစ်လာပြီး သူ့အသက် ၃၇ တွင် ရေတပ်ဗိုလ်ကြီး ဖြစ်လာသည်။ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်စက မောင့်ဘက်တန်သည် အမှတ် ၅ ဖျက် သင်္ဘောတပ်မှူးအဖြစ်လည်းကောင်း၊ လေယာဉ်တင်သင်္ဘော ကြီး အီလပ်စထြီးရပ်စ် (H,M,S Illustrious) ၏ တပ်မှူး အဖြစ်လည်းကောင်း ထမ်းရွက်ခဲ့ရသည်။ သူ၏ အသက် ၄၃ နှစ်တွင် ရေတပ်ဗိုလ်မှူးကြီးရာထူးခန့်အပ်ခံရပြီးနောက် ဗြိတိသျှ တော်ဝင်စစ်ဦးစီးချုပ်အဖွဲ့ဝင်တွင် တစ်ဦး ဖြစ်လာသည်။

မောင့်ဘက်တန်သည် ဆဋ္ဌမမြောက် ဂျော့ဘုရင် (လက်ရှိ ဘုရင်မကြီး ဒုတိယမြောက်အယ်လစ်ဇဘက်၏ ခမည်းတော်)၊ နန်းစွန့်ဘုရင်အဖြစ် ကျော်ကြားခဲ့သော အဋ္ဌမမြောက်အက်ဒဝပ် ဘုရင်တို့၏ ညီအစ်ကိုဝမ်းကွဲတော်စပ်ပြီး လက်ရှိဘုရင်မကြီး ဒုတိယမြောက်အယ်လစ်ဇဘက်၏ ကြင်ယာတော်အက်ဒင်ဘာ ရာမြို့စား ဖိလစ်မင်းသားကြီးနှင့် ဦးလေး တော်စပ်သည်။ သူမ၏ ညီမဝမ်းကွဲ အီနာ (Ena) ) သည် စပိန် ၁၃ ဆက်မြောက် အယ်ဖွန်ဆိုဘုရင်ကို လက်ထပ်ခဲ့သူ ဖြစ်သည်။ သူမ၏ ညီမ လူဝီသည် ဆွီဒင် ၆ ဆက်မြောက် ဂုစတပ်ဘုရင်နှင့် လက်ဆက် သည်။ လူဝီမောင့်ဘက်တန်၏မိထွေး (ဒေါ်လေး) သည် ရုရှား နိုင်ငံ၏ နောက်ဆုံးဘုရင် ဒုတိယမြောက် နီကိုလပ်စ် (Nicholas)) နှင့် လက်ဆက်ခဲ့သူ ဖြစ်သည်။

သူသည် မင်းသွေးပါပြီး ရာထူးအတက်မြန်သဖြင့် သူ့ကို လူသိများသလို အများက လေးစားကြသည်။ ထူးခြားသည့် ပုဂ္ဂိုလ်တစ်ယောက်အဖြစ် အားလုံးက အသိအမှတ် ပြုခဲ့ကြ သည်။ သူ၏ ထူးခြားသော ကိုယ်ပိုင်ဟန်ပန် စရိုက်ကြောင့် လည်း လေးစားအသိအမှတ် ပြုကြခြင်း ဖြစ်သည်။ သူ့လို မင်းဆွေမင်းမျိုးထဲမှ တခြားမင်းညီမင်းသားများ၊ မြို့စားများ ကဲ့သို့ ထူးချွန်သူ၊ ရာထူးကြီးထမ်းရွက်ရသူများ ဖြစ်မလာကြ ပေ။ သူ့လို အာဏာအပြည့်အဝ မည်သူမျှ အပေးမခံရချေ။

လော့ဒ်မောင့်ဘက်တန်သည် ပင်ကိုကပင် စိတ်သဘော ထားပြည့်ဝ၍ ဖျတ်လတ်သည်။ စိတ်ထားကြံ့ခိုင်သည်။ ကိုယ့် ခွန်အားကို အားကိုးလိုစိတ် ရှိသည်။ အရာရာကို စူးစမ်းချင်စိတ် ရှိသည်။ ပင်ကိုစရိုက်အားဖြင့် ဟန်ပန်ကြီးသည်။ ဝင့်ပါသည်။ အလုပ်ကြိုးစားသည်။ မိမိလုပ်ကိုင်ရသည့်လုပ်ငန်းအပေါ် ကျွမ်း ကျင်ပိုင်နိုင်သည်။ ဉာဏ်ပညာမြင့်မား၍ ပိုင်းပိုင်းပြတ်ပြတ် ဆောင်ရွက်တတ်သူ ဖြစ်သည်။ ပင်ကိုစရိုက်၊ မျိုးရိုးဂုဏ်သိန် နှင့် ၄င်းအရည်အသွေးများ ပေါင်းစည်းလိုက်သည့်အခါ ချစ်ခင် နှစ်သက်စရာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသည်။ နန်းရင်းဝန် ချာချီက သူ့ကို ယုံကြည်သည်။ အာရှတိုက်မှ ဂျပန်ကို မောင်း ထုတ်နိုင်လိမ့်မည်ဟု အထင်ကြီးသည်။
သူ အုပ်ချုပ်ရသည့် တပ်များမှာ ထွေပြားသည်။ တာဝန် ပေး စေခိုင်းရာ၌ အခက်အခဲ များစွာ ရှိနိုင်သည်။ သူ့လက် အောက်ရှိ အဖွဲ့အစည်းများ၊ တပ်များ ဘယ်မျှ ထွေပြားသည်ကို လေ့လာပါက သူ့ဌာနချုပ်တွင် ဗိုလ်ချုပ်တစ်ယောက်စီ အုပ် ချုပ်သည့် ဌာနအဖွဲ့ (၃၀) ရှိသည်။ တိုက်ခိုက်ရေး၊ စစ်ဆင်ရေး ဘက်တွင် သူ့အောက်၌ ရေတပ်သေနာပတိ ၄၆ ယောက်၊ ကြည်းတပ်သေနာပတိ သုံးယောက်နှင့် လေတပ်သေနာပတိ တစ်ယောက်တို့ ရှိသည်။

အကြောင်းဆက်အမျိုးမျိုး၊ အကျိုးဆက်အမျိုးမျိုး ပြဿနာ အဖုံဖုံ၊ ထွေပြားသည့်ကိစ္စတစ်ခုအတွက် သဘောတူညီတစ်ခု ရရှိရန် အမေရိကန်သမ္မတရုစဗဲ့၊ တရုတ်စစ်သေနာပတိချုပ် ချန်ကေရှိက်၊ အိန္ဒိယဘုရင်ခံချုပ်တို့နှင့် တိုင်ပင်ဆွေးနွေးပြီးမှ သူ့တို့ ခေါင်းညိတ်မှ ပြီးပြတ်သည်။ ကြည်း၊ရေ၊လေနှင့် စစ်ဦးစီးချုပ်များမှတစ်ဆင့် ဝင်စတန်ချာချီက သူ့ကို အမိန့်ပေး ညွှန်ကြားသည်။ သို့ဖြစ်၍ သူသည် ချာချီနှင့် အဆက်အသွယ် အမြဲရှိနေ ပေသည်။ သူကိုယ်တိုင်ကလည်း ကမ္ဘာ့နိုင်ငံရေး၊ ကမ္ဘာ့စစ်ရေး အခြေအနေများကို အမြဲတမ်း သိနားလည်ထားရန် အချိန်ရ သရွေ့ လေ့လာသည်။ ဂျပန်တို့ သိမ်းပိုက်ထားသည့် တိုင်းပြည် များတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ၊ အပြောင်း အလွဲများကို သူ အပြတ်မခံ၍ မရ။ ယင်းတို့မှာ စစ်ရေးနှင့် များစွာ ဆက်စပ်နေသည် မဟုတ်ပါလော။ အခြေအနေအားလုံး အဆင်ပြေညီညွတ်ရန် သူ့တွင် တာဝန်ရှိသည်။

မြန်မာနိုင်ငံကို ဂျပန်လက်မှ ပြန်လည်သိမ်းပိုက်ယူရေး သည် သူ၏ အဓိကတာဝန် ဖြစ်သည်။ အကျယ်အပြန့် ပြောဆို ရမည်ဆိုလျှင် မြန်မာနိုင်ငံကို သူ့လက်ထဲ ဝကွက်အပ်လိုက် ခြင်းသည် သူ့တာဝန် မပြီးမချင်း ဆင်းမလားမြို့ရှိ မြန်မာ အစိုးရအဖွဲ့အပေါ် သူ့အရိပ်ကြီးက လွှမ်းထားမည် ဖြစ်သည်။ ဗြိတိသျှအစိုးရအဖွဲ့မူ ဆင်းမလားရှိ မြန်မာအစိုးရအဖွဲ့ကို ဖျက် သိမ်းရန်လည်း မဆုံးဖြတ်၊ လန်ဒန်သို့ ရောက်ရှိနေသော မြန်မာ နိုင်ငံဆိုင်ရာရုံး၌ အကြံပေးအဖွဲ့အဖြစ် တွဲဖက်ထားရန်လည်း မဆုံးဖြတ်၊ ဒေါ်မန်စမစ်မှာ ဆင်းမလားတွင် မြန်မာပြည်စီမံကိန်း များ ရေးဆွဲသည်။

မောင့်ဘက်တန်လက်အောက်တွင်မူ မြန်မာနိုင်ငံ မြို့ပြ အုပ်ချုပ်ရေးအဖွဲ့တွင် မြို့ပြအုပ်ချုပ်ရေးအရာရှိများကို စစ်ဘက် ရာထူးဖြင့် ခန့်အပ်တာဝန်ပေးလျက် ရှိသည်။ ထိုဌာနမှာ လော လောဆယ်တွင် မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသများ ၏ အုပ်ချုပ်ရေးကို တာဝန်ယူရသည်။ ယင်းမှာ ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ တရားဥပဒေအရ ဒေါ်မန် စမစ်လက်အောက်တွင် ရှိကြသော်လည်း လက်တွေ့အုပ်ချုပ်မှု အရ အိန္ဒိယဘုရင်ခံချုပ်ဝေဗယ် လက်အောက်တွင် ရှိရသည်။
ယခုမူ ၁၉၄၄ ဇန်နဝါရီ ၁ ရက်မှစ၍ လက်တွေ့သဘော တရားအရရော ဥပဒေအရပါ မောင့်ဘက်တန်လက်အောက်သို့ လွှဲပြောင်းပေးလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ယင်းနှင့် ပတ်သက်၍ စစ်ဦးစီးအဖွဲ့၏ ညွှန်ကြားချက်ကို သူ၏ မြို့ပြ အုပ်ချုပ်ရေးဆိုင်ရာအပိုင်း စီရင်ခံစာ အပိုဒ် ၁ တွင် ဤသို့ ဖော်ပြထားသည်။

”မြန်မာနိုင်ငံတွင် လက်တွေ့အားဖြင့် စစ်မြေပြင် ဖြစ် လာတော့မည်။ ထို့နောက် ဆက်လက်ဆင်နွှဲရမည့်တိုက်ပွဲများ အတွက် မြန်မာနိုင်ငံမှာ စစ်အခြေခံစခန်းတစ်ခုအဖြစ် တည်ရှိ နေဦးမည် သေချာသည်။ ထိုအခါ စစ်ရေးလိုအပ်ချက်များ အလွန့်အလွန် များပြားလာမည် ဖြစ်သည်။ ဤသို့ လိုအပ်ချက် များ ဖြည့်ဆည်းရဦးမည်။ မြို့ပြအုပ်ချုပ်ရေး ပြန်လည်လုပ် ဆောင်ရဦးမည်။ ထိုလုပ်ငန်းတာဝန်များ မပြီးမချင်း မြို့ပြ အုပ်ချုပ်ရေးဌာနသည် စစ်အုပ်ချုပ်ရေးအောက်တွင် ရှိရမည် ဖြစ်ပြီး ကျွန်တော်တို့ထဲမှ အမိန့်ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရလိမ့်မည်”

အတိအကျပြောရလျှင် ထိုအချိန်ကမြန်မာနိုင်ငံကို ဘုရင်ခံ နှစ်ယောက်က အုပ်ချုပ်နေရသည် ဟူ၍ပင် ဖြစ်သည်။ ဒေါ်မန် စမစ်မှာ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအက်ဥပဒေ အပိုဒ် ၁၃၉ အရ တရားဝင်ဘုရင်ခံ ဖြစ်သည်။ သို့သော် ထိုစဉ်ကမူ မြန်မာ နိုင်ငံမှာ သူ့အုပ်ချုပ်ရေးသြဇာအောက်တွင် မရှိပေ။ လက်တွေ့ ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များအရ မောင့်ဘက်တန်က မြန်မာနိုင်ငံဘုရင်ခံရာထူးကို ဆက်ခံထားသည်။

၁၉၄၄ နှစ်ဆန်းပိုင်းအထိ လော့ဒ်မောင့်ဘက်တန် လက် အောက်တပ်များသည် မြန်မာနိုင်ငံ ပြည်သိမ်းတိုက်ပွဲကို မစနိုင် သေးချေ။ ရွှေ့ဆိုင်းထားရသည်။ စစ်လက်နက်ရိက္ခာ စသည် လိုအပ်ချက်များကြောင့် ဖြစ်သည်။ သို့သော် မြစ်ကြီးနားမြို့ကို သိမ်းပိုက်ပြီး တရုတ်ပြည်ရှိ ချန်ကေရှိတ်နှင့် အဆက်အသွယ် မပြတ်စေရန် ရည်ရွယ်ချက်ဖြင့် စတီးဝဲလ်ခေါင်းဆောင်သည့် တပ်များကို ဟူးတောင်းတောကြီးသို့ ဦးတည်ချီတက်လျက် ရှိသည်။ ထိုအချိန်က ဂျပန်တပ်မတော်သည် တမူးမှတစ်ဆင့် အိန္ဒိယပြည်ထဲသို့ ချင်းတွင်းစစ်မျက်နှာ၌ ပြင်ဆင်နေကြပြီး ဖြစ်သည်။ ထိုစဉ်က စတီးဝဲလ်စစ်မျက်နှာတွင် ဂျပန်တပ်မှာ အရှုံးနှင့် ရင်ဆိုင်နေရသည်။ သို့သော်လည်း စစ်နယ်ကျွံနေသော ဂျပန်တပ်မတော်သည် အိန္ဒိယထိုးစစ်ကို အကျအန ပြင်ဆင်နေ သည်ကို မောင့်ဘက်တန်တို့ စဉ်းစား၍ မရနိုင်ပေ။

ထိုစဉ်အတွင်း ၁၉၄၃ သြဂုတ်လ ၁ ရက်နေ့မှ ၁၉၄၄ သြဂုတ်လ ၁ ရက်နေ့အထိ တစ်နှစ်တာ ကာလအတွင်း မြန်မာ တို့သည် ဂျပန်ဆန့်ကျင်ရေးစိတ်ဓာတ်များ ပို၍ ပြင်းထန်လာခဲ့ သည်။ မြန်မာတမျိုးသားလုံး ဂျပန်ကို မုန်းတီးဆန့်ကျင်ကြ သည်။ တော်လှန်ရေးသမားက ဂျပန်တို့ကို နည်းမျိုးစုံ နှောင့် ယှက်ကြသည်။ လက်နက်ကိုင်ဆန့်ကျင်ရေးပင် ပြုလုပ်လာကြ သည်။ လူထုကမူ ဂျပန်နှင့် မပူးပေါင်းရေး၊ အကူအညီမပေးရေး နည်းဖြင့် မသိမသာ ဆန့်ကျင်ကြသည်။ ယင်းအခါကာလတွင် ပင် နိုင်ငံရေးပါတီတို့မှာ သဘောထားကွဲလွဲချက်များကို မေ့ထား၍ ဂျပန်ဆန့်ကျင်ရေးလမ်းကြောင်းပေါ်၌ စုစည်းရပ် တည်ကြသည်။

၁၉၄၂ နှစ်ဆန်းပိုင်းတွင် ဂျပန်တို့နှင့်လက်တွဲကာ ဗြိတိသျှ အစိုးရကို မောင်းထုတ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် မဟာ မိတ်တို့ဘက်သို့ ပြောင်းလွဲထောက်ခံလျက် ဗြိတိသျှတို့ကိုလည်း အကူအညီ ပေးလာခဲ့သည်။ ဘုရင်ခံဒေါ်မန်စမစ်နှင့် ၁၉၄၂ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံ ဗြိတိသျှအစိုးရအတွက်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်သူအားပေးသော သစ္စာဖောက် တစ်ဦး ဖြစ်သောကြောင့် သေဒဏ်စီရင်ခံထိုက်သူဟု ဗြိတိသျှ တို့က ယူဆသည်။ သို့သော် မောင့်ဘက်တန်က ဗြိတိသျှတို့ကို ဆန့်ကျင်ပြီး နိုင်ငံရေးခံယူချက်ကြောင့် ရန်သူတို့နှင့် ပူးပေါင်းခဲ့မိသူများ အပေါ် မည်သူကိုမဆို ထိုလုပ်ရပ်ကြောင့် အရေးမယူရဟု ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ သူသည် မြန်မာပြည်သူ လူထု၏ ဆန္ဒနှင့်စေတနာမှန်တို့ကို ယခင်ကအတိုင်း ထိန်းထိန်း သိမ်းသိမ်း ဆက်လက်ရှိနေစေရန် အရေးကြီးလှကြောင်း သိ ထားသူ ဖြစ်သည်။

ထို့ကြောင့် မောင့်ဘက်တန် ဦးစီးသော မဟာမိတ်တပ် များသည် ၁၉၄၅ မတ်လတွင် မြန်မာနိုင်ငံရှိ ဂျပန်တပ်များကို ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ပြည်သူတပ်မတော်နှင့်အတူ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးပြီးနောက် ၁၉၄၅ ခုနှစ် အောက်တို ဘာလ ၁၆ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော ဘုရင်ခံဆာဒေါ်မန်စမစ်နှင့် စစ်ပြေးအစိုးရသည် စက္ကူဖြူစီမံ ကိန်းဖြင့် မြန်မာနိုင်ငံကို ပြန်လည်အုပ်ချုပ်ရန် ပြင်ဆင်ပါတော့ သည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ၁၉၄၆ မတ်လ ၂၇ ရက်တွင် ဘုရင်ခံအိမ်တော်၌ ကျင်းပသော အစည်းအဝေး၌ စစ်ကြီးအတွင်း သထုံမြို့အနီးတွင် ကုလားလူမျိုး ရွာသူကြီး တစ်ဦးအား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးရန် စည်းဝေးခဲ့ကြသည်။ ဘုရင်ခံဆာဒေါ်မန်စမစ်နှင့် မောင့်ဘက်တန်တို့က ဗိုလ်ချုပ် အောင်ဆန်းကို ဖမ်းဆီးမည့်အစီအစဉ်ကို လုံးဝ ပယ်ချခဲ့သည်။ ၁၉၄၆ မေ ၃၀ တွင် အာရှအရှေ့တောင်ပိုင်း မဟာမိတ် စစ် သေနာပတိချုပ် လော့ဒ်လူဝီမောင့်ဘက်တန် ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက် အိန္ဒိယဘုရင်ခံချုပ်ရာထူး ထမ်းရွက်ရသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အစေးမကပ်သော ဘုရင်ခံဒေါ်မန်စမစ်ကို ၁၉၄၆ ဇွန်လတွင် အင်္ဂလန်နိုင်ငံသို့ ပြန်ပို့၍ သူ့အစား ၁၉၄၆ ဇူလိုင် ၃၁ တွင် ဗိုလ်မှူးချုပ် ဆာဟူးဘရန့်စ်အား မြန်မာနိုင်ငံဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ ဘုရင်ခံဆာဟူးဘရန့်စ်သည် ၁၉၄၆ စက်တင်ဘာလ ၂၇ ရက် တွင် ဗိုလ်ချုပ်အောင်ဆန်းအား ဘုရင်ခံအမှုဆောင်ကောင်စီတွင် ဒုသဘာပတိ၊ ကာကွယ်ရေးနှင့် ပြည်ပရေးရာဝန်ကြီး ခန့်အပ်၍ မြန်မာနိုင်ငံ ဘုရင်ခံကောင်စီအမှုဆောင်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်း စေသည်။ ၁၉၄၇ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးစေခဲ့၍ ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ခဲ့ သည်။

ထို့နောက် ၁၉၄၇ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လန်ဒန် မြို့၌ နန်းရင်းဝန်အက်တလီနှင့် တွေ့ဆုံဆွေးနွေး၍ ”အောင်ဆန်း အက်တလီ” သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝမှ လွတ်မြောက်၍ ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄း၂၀ နာရီတွင် လွတ် လပ်သော နိုင်ငံအဖြစ် ပေါ်ထွန်းနိုင်ခဲ့လေသည်။

အိန္ဒိယဘုရင်ခံချုပ်အဖြစ် ထမ်းရွက်ခဲ့သော လော့ဒ်မောင့် ဘက်တန်သည် ၁၉၄၈ ဇွန်လတွင် လွတ်လပ်သော အိန္ဒိယ သမ္မတနိုင်ငံ ပေါ်ထွန်းခဲ့ပြီးနောက် ၁၉၄၈ အောက်တိုဘာလတွင် ဗြိတိသျှရေတပ်မတော်အတွင်း အမှုတော်ကို ပြန်လည်ထမ်းရွက် ၍ မြေထဲပင်လယ်ဒေသဆိုင်ရာ အမှတ် ၁ သင်္ဘောအုပ်စု၏ ဦးစီးမှူးအဖြစ် ထမ်းရွက်ခဲ့သည်။

ယင်းနောက် ၁၉၄၉ ခုနှစ် မကုန်မီအတွင်း၌ပင် မောင့် ဘက်တန်သည် ဗြိတိသျှရေတပ်မတော်တစ်ခုလုံး၏ စတုတ္ထ ဗိုလ်ချုပ်အဖြစ် ခန့်အပ်ရပြန်သည်။ တဖန် ၁၉၅၂ မေလတွင် မြေထဲပင်လယ်ဒေသဆိုင်ရာ ရေတပ်မတော်တစ်ခုလုံး၏တပ်မှူး ချုပ် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခံရသည်။ ထိုမှ တစ်ဖန် မြေထဲပင်လယ်ဒေသဆိုင်ရာ မဟာမိတ်တပ်ပေါင်းစုံ စစ်သေနာပတိချုပ်အဖြစ် ပူးတွဲတာဝန် ပေးခဲ့ပြန်၏။

ထိုမှတစ် ဖန် ၁၉၅၅ တွင် ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၏ ထောက်ခံချက်ဖြင့် ရေတပ်မတော်ဆိုင်ရာ တာဝန်ခံဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ပေးအပ်ခံရပြန်သည်။
၁၉၅၆ ခုနှစ်တွင် ဇန်နဝါရီလ ၄ ရက်တွင် ပြည်ထောင်စု မြန်မာ နိုင်ငံအစိုးရက မြန်မာ့လွတ်လပ်ရေးကို စိတ်ရင်းကောင်း စေတနာဖြင့် အဆင်ပြေချောမွေ့စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးခဲ့သော လော့ဒ်လူဝီမောင့်ဘက်တန်ကိုအား မြန်မာနိုင်ငံ၏ အမြင့်ဆုံးဖြစ်သော အဂ္ဂမဟာသုဓမ္မဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့လေသည်။ ထိုသို့ဖြင့် မောင့်ဘက်တန်သည် ဗြိတိသျှရေတပ်မတော်၏ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် လေးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ရာ ထိုလေးနှစ်ကာလ သက်တမ်းအတွင်း ရေတပ်မတော် လုပ်ငန်း များနှင့် ပတ်သက်၍ အပြောင်းအလဲ အများအပြားကို ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုလုပ်ငန်းတာဝန်များမှာ မောင့်ဘက်တန်အတွက် နောက် ဆုံး မဟုတ်သေးပေ။ ၁၉၅၉ တွင် ဗြိတိသျှကာကွယ်ရေးဌာန၏ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရပြန် သည်။ ဤတာဝန် ထမ်းဆောင်နေရစဉ်အတွင်း ဗြိတိသျှတိုက် ခိုက်ရေးတပ်များ၏ သမိုင်း၌ မကြုံခဲ့ဖူးသော အပြောင်းအလဲ ကြီးများကို ဆောင်ရွက်ပေးခဲ့ပြန်သည်။ အဓိကဆောင်ရွက်ချက် မှာ ဗြိတိသျှကာကွယ်ရေးတပ်များ သမိုင်းတွင် ကြည်း၊ရေ၊လေ ဝန်ကြီးဌာနသုံးခု သီးခြားဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှ ကာကွယ် ရေးဝန်ကြီးဌာန တစ်ခုတည်း ပူးပေါင်းဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် မောင့်ဘက်တန်သည် အငြိမ်းစားယူ လုပ်သက်စေ့သွားပြီး ဖြစ်သော်လည်း အနားမယူသေးဘဲ ဆက် လက်တာဝန်ထမ်းဆောင်သွားရန် ဝန်ကြီးချုပ် မက္ကလီလန်က ကိုယ်တိုင်က ပန်ကြားခံခဲ့ရ၏။ သို့ဖြင့် မောင့်ဘက်တန်သည် ၁၉၆၅ ခုနှစ်အထိ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ရပေသည်။ ၁၉၅၆ ခုနှစ် အငြိမ်းစားယူပြီးနောက် ဗြိတိသျှဘုရင်မ ကမ်း တက် တပ်မှူးချုပ် ရာသက်ပန်ဗိုလ်မှူးကြီးအဖြစ်လည်းကောင်း တာဝန်များ ပေးအပ်နှင်းခံရသည်။

ထို့နောက် အငြိမ်းစားဘဝဖြင့် လော့ဒ်မောင့်ဘက်တန် သည် အိုင်ယာလန်သို့ အနားယူအပန်းဖြေ ခရီးထွက်စဉ် ၁၉၇၉ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် အိုင်ယာလန်အကြမ်းဖက်အုပ်စု ၏ ချိန်ကိုက်ဗုံးဖောက်ခွဲ လုပ်ကြံခံရ၍ ကွယ်လွန်သွားခဲ့ရလေ သည်။ မောင့်ဘက်တန်မိသားစုတို့သည် နှစ်စဉ်နှစ်တိုင်း အိုင်ယာလန်သို့ အနားယူအပန်းဖြေ ခရီးထွက်ကြသည့်အတိုင်း အပျော်စီးသင်္ဘောဖြင့် ခရီးထွက်နေစဉ် မသမာသူတို့ ကြိုတင် ထောင်ထားသော ဗုံးပေါက်ကွဲမှုကြောင့် ကွယ်လွန်ရခြင်း ဖြစ် သည်။

ဘက်တန်နှင့်အတူ မြေးဖြစ်သူ နီကိုလပ်ဗရာ၊ နီကို လပ်၏အဘွား လေဒီဗရာနှင့် သင်္ဘောသားတစ်ဦးတို့ သေဆုံး ကြရသည်။ လော့ဒ်မောင့်ဘက်တန်၏ သမီးငယ်ပက်ထရစ်ရှား၊ သားလော့ဒ်ဂျွန်ဗရာဗွန်နှင့် အမွှာညီအစ်ကို တင်မိုသီတို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ဗုံးပေါက်လုပ်ကြံမှုနှင့် စပ်လျဉ်း၍ အသက် ၃၁ နှစ် အရွယ်ရှိ အိုင်းရစ်လူမျိုးသော မတ်မက္ကမဟွန်ဆိုသူအား တရား ရုံးက ထောင်းဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်စီရင်ခဲ့လေ သည်။ မောင့်ဘက်တန်သည် ၁၉၂၂ ခုနှစ် ဗိုလ်မှူးကြီးဝီလ ဖရက်အက်ရှလေ၏သမီး အက်ဒွီးနာအက်ရှလေးနှင့် လက်ထပ် ၍ ပက်ထရစ်ရှားနှင့် ပင်မလာ အမည်ရှိ သမီးနှစ်ယောက် ထွန်းခဲ့သည်။


မည်သို့စေ မြန်မာနိုင်ငံနိုင်ငံအား ချစ်ခင်မြတ်နိုးခဲ့သည့် မြန်မာနိုင်ငံ မိတ်ဟောင်းဆွေဟောင်းကြီးဖြစ်သော မောင့်ဘက်တန်သည် ၄င်း၏အမည်ကို မြန်မာပြည်၏မောင့်ဘက်တန်ဟူ၍ ရာသက်ပန် ခံယူခဲ့သလို၊ လက်မှတ်ရေးထိုးရာ၌ပင် Lord Mountbatten of Burma  ဟူ၍ ရေးထိုးလေ့ရှိသည်။

ကိုးကား
၁။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၀၊ စာပေဗိမာန် ၁၉၈၁။
၂။ မောင်ဝံသ၊ မြန်မာချစ်သောမောင့်ဘက်တန် အားမာန်သစ် စာပေဒုတိယအကြိမ် ၂၀ဝ၂။
၃။ John Terrace, The Life and Times of Lord Mountbatten, Arrow Books, 1970.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)