ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒီမိုကရေစီစံညွှန်းများကို ချိုးဖောက်ခြင်း

January 10, 2019

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒီမိုကရေစီစံညွှန်းများကို ချိုးဖောက်ခြင်း

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၁

(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt ရေးသားသော HOW DEMOCRACIES DIE မှ The Unrevealing ကို ဘာသာပြန်ခြင်းဖြစ်သည်။

အားလုံးကလက်ခံထားသော ဒီမိုကရေစီဆိုင်ရာ စံညွှန်းများစာရှိသည့်အနက် အရေးပါသော အရာတစ်ခုမှာ – ကိုယ်နဲ့သဘောထားချင်းမတူညီသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ပြိုင်ဘက်ဟု သဘောထားသော်လည်း ရန်သူဟုသဘောမထားခြင်းဖြစ်သည်။ ယခုဆောင်းပါးတွင် ယင်းစံညွှန်းကို ချိုးဖောက်သည့်ကိစ္စရပ်ကို ဖော်ပြမည်ဖြစ်ပါသည်။

ယင်းစံညွှန်းကို ချိုးဖောက်ခြင်းဟူသည်မှာ ကိုယ်နဲ့သဘောထားချင်းမတူသောသူ သို့မဟုတ် အဖွဲ့ အစည်းကို ကိုယ်၏ရန်သူဟု သဘောထားခြင်းကို ဆိုလိုသည်။ ဤကဲ့သို့ ချိုးဖောက်ခြင်းသည် အမေရိကန် နိုင်ငံတွင် ဖြစ်ခဲ့ဖူးပါသည်။ နိုင်ငံရေးဝေါဟာရအနေဖြင့် ဒီမိုကရေစီစံချိန်စံညွှန်းများအား ချိုးဖောက်ခြင်းအမှု ကို norm erosion ဟု ခေါ်သည်။ ဤနေရာတွင် –

norm – စံချိန်စံညွှန်း

erosion – ချိုးဖောက်ခြင်း

ဟူ၍အဓိပ္ပါယ်ဖော်နိုင်သည်။

သတိပြုရမည်မှာ သဘောထားချင်းမတူသောသူကို ရန်သူဟုသဘောထားခြင်းသည် အခြေခံဥပဒေ ကိုချိုးဖောက်ခြင်းမဟုတ်ပါ။ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ရှိပါသည်။ အများလက်ခံထားသော ဒီမိုကရေစီ စံနှုန်းကိုသာ ချိုးဖောက်ခြင်းဖြစ်သည်။ ကိုယ်နှင့်သဘောထားချင်းမတူသောသူကို ရန်သူဟု သဘောမထား ရဟူ၍ အခြေခံဥပဒေတွင် ဆိုမထားပါ။ ဤအချက်ကို သဘောပေါက်ရန်လိုပါသည်။

1978 ခုနှစ်က အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အနောက်မြောက်တွင် ဖြစ်ခဲ့သော အဖြစ်အပျက်တစ်ခုကိုဖော်ပြပါမည်။ ယင်းပြည်နယ်၏ ရွေးကောက်ပွဲတွင် နယုဂင်ဂရစ် (Newt Gingrich) အမည်ရှိ သူသည် နှစ်ကြိမ်တိုင်တိုင်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး တတိယအကြိမ်တွင် အနိုင်ရခဲ့ပါသည်။ သူသည် ရီပတ်ဘလိကန်ပါတီ (Republican) ဝင်ဖြစ်သည်။ သူသည် တက္ကသိုလ်မှ သမိုင်းပါမောက္ခဖြစ်ခဲ့ပါ သည်။ သူသည် အမေရိကန်၏ နိုင်ငံရေးသမိုင်းကို ပြောင်းရန်ကြိုးပမ်းမည့်သူတစ်ဦးဖြစ်ပါသည်။ နိုင်ငံရေး သမိုင်းကိုပြောင်းရန် ကြိုးပမ်းမှုသည် ကောင်းသောပြောင်းလဲမှုဖြစ်စေရန်တော့မဟုတ်ပါ။

1978 ခု ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်းတွင် သူက ဤသို့ပြောခဲ့သည် –

“ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ သူရဲကောင်းဆန်ဆန် သူတော်ကောင်းလိုလို (boycott လို့ သုံးပါတယ်၊ အင်္ဂလိပ်လိုက) စကားလုံးတွေဟာ၊ အိပ်ယာဝင်ပုံပြင်တွေလို နားထာင်လို့ အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုစကားလုံးတွေဟာ နိုင်ငံရေးမှာတော့ အသုံးမဝင် ဘူး။ ရီပတ်ဘလီကန်ပါတီဝင်တွေကို ပြောချင်တာက အခုကျွန်တော်တို့ဟာ စစ်တိုက်နေကြတာနဲ့ အတူတူ ဘဲ။ ဘာအတွက်လည်း? အာဏာရဖို့အတွက်ဖြစ်ပါတယ်။ ဒီပါတီဟာ လူကြားကောင်းမယ့်စကားလုံး လှလှ လေးတွေသုံးတဲ့ ခေါင်းဆောင်မျိုးတွေကို အလိုမရှိတော့ဘူး။ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ရဲ့အဓိက ရည်ရွယ်ချက်ဟာ ဘာလဲ? အာဏာရဖို့ဘဲ။ အာဏာရဖို့က ဘာလုပ်ရမလဲ။ မဲများများရအောင်လုပ်ရမယ်။”

1979 ခုနှစ်တွင် ဂင်ဂရစ် (Gingrich) သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝါရှင်တန် (Washington) ကို ရောက်လာခဲ့သည်။ ထိုအချိန်က ရီပတ်ဘလိတန်ပါတီ၏ခေါင်းဆောင်သည် ဘော့မိုက္ကယ်ဖြစ်သည်။ ဘော့မိုက္ကယ်သည် အများလက်ခံထားသော (ရေးသားမထားသည့်) ဒီမိုကရေစီ ကျင့်ထုံးတို့အတိုင်း လိုက်နာသောသူဖြစ်သည်။ ဂင်ဂရစ်သည် ဘော့မိုက္ကယ်လ၏ သဘောထားကို ပျော့လွန်းသည်ဟု ယူဆသည်။ ဤကဲသို့ပျော့ပြောင်းသောနည်းဖြင့် ရီပတ်ဘလီကန်ပါတီသည် ကြာရှည် ရပ်တည်နိုင်စွမ်းမရှိနိုင်ဟု ဂင်ဂရစ်က ယုံကြည်သည်။ ဂင်ဂရစ်သည် သူကဲ့သို့ သဘောထားတင်းမာသော ပါတီဝင်များကို စည်းရုံးထားသည်။

ဂင်ဂရစ်နှင့် သူ၏အပေါင်းအဖော်များသည် သူတို့နှင့်သဘောထားဆန့်ကျင်သောသူများကို ရန်သူ ဟုသဘောထားသည်။ သူတို့က လွှတ်တော်တွင် သူတို့နှင့်သဘောထားချင်းမတိုက်ဆိုင်သူများကို အကျင့် စာရိတ္တပျက်ပြားသူများဟုခေါ်ဆိုသည်။ နိုင်ငံကိုပျက်စီးအောင် လုပ်နေကြသူများဟုလည်း စွပ်စွဲပြောဆို သည်။ ဤကဲ့သို့ အတိုက်အခံများအပေါ် ထိုးနက်မှုများကို အမေရိကန်နိုင်ငံရေးလောကတွင် မည်သည့်ပါတီ ကမှ မလုပ်ဖူးကြပေ။

သူကဲ့သို့ သဘောထားတင်းမာသော လူငယ်များပါဝင်သောသူများ၏ ထောက်ခံမှု၊ အားပေးမှုဖြင့် ဂင်ဂရစ်သည် တိုက်ခိုက်သည့်လုပ်ငန်းများကို ပြုလုပ်ခဲ့သည်။ သူသည် လွှတ်တော်တစ်ခုလုံးကို အကျင့် ပျက်သူများ၊ စိတ်ရောဂါစွဲကပ်နေသူများ၊ နိုင်ငံကို ဖျက်စီးမည့်သူများဟုဆို၍ တိုက်ခိုက်သည်။ ဤကဲ့သို့ တိုက်ခိုက်သော နည်းဗျူဟာများကို ဂင်ဂရစ်နှင့် အပေါင်းအဖော်များသည် ရီပတ်ဘလီကန်ပါတီတစ်ခုလုံးကို ပြန့်နှံ့စေခဲ့သည်။ ဂင်ဂရစ်သည် ရီပတ်ဘလိကန်ပါတီ၏ ခေါင်းဆောင်နေရာသို့ရောက်လာသည်အထိ ဤနည်းများကို သုံးခဲ့သည်။ ခေါင်းဆောင်နေရာသို့ရောက်လာသောအခါတွင်လည်း ဆက်လက်၍သုံး သည်။ “ဂင်ဂရစ် လွှတ်တော်အမတ်များ” ဟုခေါ်တွင်သောသူများ၏ လက္ခဏာမှာ – ညှိနှိုင်းမှုကင်းမယ့်ခြင်း” ဟူ၍ဖြစ်လာခဲ့သည်။ နိုင်ငံရေးကို တိုက်ခိုက်ခြင်းဟူသော အမြင်ဖြင့်ကျင့်သုံးခဲ့လေသည်။ အမေရိကန် နိုင်ငံရေးသည် တိုက်ခိုက်ခြင်းဟူ၍ပင် ခေါ်တွင်စေသည်။

ယခင်က အမေရိကန်နိုင်ငံရေးသည် သဘောကွဲလွဲသောသူများ၏ ကြားတွင်ပင်လျှင် နားလည်မှု ဖြင့်ဆက်ဆံခြင်း၊ ခင်မင်မှုမပျက်ခြင်းဟူသော မူဝါဒသည် ပျောက်ကွယ်၍၊ သဘောထားကွဲလွဲခြင်းသည် ရန်သူဖြစ်ခြင်းဟူသော သဘောထားကိုကျင့်သုံးလေသည်။ သဘောထားကွဲလွဲသူများနှင့် ပေါင်းသင်း ဆက်ဆံခြင်းသည်ပင်လျှင်၊ အကျင့်ပျက်ခြင်းဟူ၍ မြင်စေသည်။

ဤကဲ့သို့သော မူဝါဒကိုကျင့်သုံး၍ ရီပတ်ဘကန်ပါတီသည် 1995 တွင် တက်လာခဲ့ရာ၊ နောက်ဆုံး ပြိုင်ဘက် ဒီမိုကရက်ပါတီမှ ကလင်တန် (Bill Clinton) သမ္မတဖြစ်လာသည်အထိဖြစ်လာခဲ့လေသည်။ သမ္မတကလင်တန်၏ လက်ထက်တွင် ပြိုင်ဘက်ပါတီ၏သည်းခံခြင်း၊ စိတ်ရှည်ခြင်းဟူသော မူဝါဒသည် ပျောက်သွားခဲ့သည်။ သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းတို့ ကင်းမဲ့သောအခြေအနေသည် ရေရှည်တွင် အလုပ်မဖြစ်တော့ချေ။ ပိတ်ဆို့အရေးယူခြင်း၊ အရာရာတွင် အရှေ့မတိုးနိုင်တော့ခြင်းတို့ဖြစ်လာသည်။

1998 ခုနှစ်တွင် လွှတ်တော်သည် သမ္မတကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး၊ သမ္မတကို အရေးယူခြင်းသည် အမေရိကန်၏ နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံးဖြစ်ခြင်းဖြစ်လေသည်။

ဤဆောင်းပါးကို အတိုချုပ်ပြန်ပြောရလျှင် အမေရိကန်နိုင်ငံရေး၏ ဒီမိုကရေစီစံနှုန်းများမှာ သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းဖြစ်သည်။ ၄င်းတို့၏ အကျိုးဆက်မှာ- သဘောထားကွဲလွဲသူများအပေါ် နားလည်မှု၊ ခင်မင်မှုမပျက်ဘဲ ဆက်ဆံခြင်းဖြစ်သည်။ သို့သော် 1978 ခုတွင် ရီပတ်ဘလီကင်ပါတီ ဂင်ဂရင်သည် ထိုစံနှုန်းများကို ချိုးဖောက်ခဲ့သည်။ ထိုစံနှုန်းများကို ချိုးဖောက်သောမူဝါဒကို ကျင့်သုံး၍ 1995 ခုနှစ်တွင် ဂရင်းဂစ်သည် ရီပတ်ဘလိကန်ပါတီ၏ လွှတ်တော်ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထိုစံနှုန်းများကို ချိုးဖောက်သောကြောင့်ပင် တဘက်ပါတီက အနိုင်ရ သမ္မတကလင်တန်သည် အရေးယူခံရပြီး တရားရင်ဆိုင်ခဲ့ရသည်။

(မိုးမခဖြည့်စွက်ချက် – ဂရင်းဂစ်သည် အမေရိကန်နိုင်ငံရေး၏ အစွန်းရောက်မှုကို ဖန်တီးသော နိုင်ငံရေးသမားအဖြစ် သမိုင်းတွင်သည်၊ သူ့လက်ထက်တွင် အစိုးရရပ်ဆိုင်းမှုများ အကြိမ်ကြိမ်ဖြစ်စေခဲ့သည်။ (government shutdown). ဒီမိုကရေစီတန်ဖိုးများကို ဖယ်ထုတ်သူအဖြစ် သတ်မှတ်ကြသည်။ ၁၉၉၈ တွင် ရီပတ်ဘလစ်ကန်ပါတီကိုယ်တိုင်က သူ့ကို အကျင့်စာရိတ္တ ပျက်စီးနေသူအဖြစ် စွပ်စွဲပြီး ဖယ်ရှားခဲ့ရသည်။ ရွေးကောက်ပွဲများတွင် ပြန်လည်အနိုင်မရတော့သော်လည်း ယခုအချိန်ထိ နိုင်ငံရေးတွင် သြဇာကြီးသော အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, အခန်းဆက်များ, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)