ကျော်ကျော်မြရည်စမ်း – နွမ်းလျရုပ်​ပုံလွှာ(၁) -ဖိုးရှမ်း

January 11, 2019

နွမ်းလျရုပ်​ပုံလွှာ(၁) -ဖိုးရှမ်း 

ကျော်ကျော်မြရည်စမ်း
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၁၉

    
သူ့အမည်​မှာ ဖိုးရှမ်းဟုသိခဲ့ရသည်​။ သူနှင့်​ကျွန်​​တော်သ​ည်​ မြန်​မာပြည်​​မြောက်​ပိုင်းရှိ ဘူတာရုံ​လေးတ​ရုံ၌ တွေ့ခဲ့ရခြင်းဖြစ်​သည်​။ ထို​နေ့က ​ကျောက်​စိမ်း​မှော်​တခုသို့ ကျွန်​​တော်​သွားလိုသည်​။ ထို​အရပ်​၌ရှိ​သော လူ​မှုဘဝများကို​ မျက်​မြင်​​တွေ့လိုသည်​။
လုပ်​ငန်း​ဆောင်​ရွက်​​နေမှုများကို တ​စေ့​တ​စောင်း​လေး အကဲခတ်​ချင်​သည်​။ ထိုဘူတာရုံ​လေးတွင်​ မိတ်​​ဆွေရုံပိုင်​တယောက်​  တာဝန်​ကျ​နေသည်​။ လမ်းခရီးအတွက်​ ကူညီလမ်းပြ​ပေးဖို့ လူတယောက်​ရှာခိုင်းရာ ဖိုးရှမ်းကိုကျွန်​​တော်​နှင့်​ထည့်​​ပေးလိုက်​ခြင်းဖြစ်​သည်​။ အဖိုးစားနားအဖြစ်​ များများမ​တောင်းဆို​သောဖိုးရှမ်းကို ထိုစဉ်​ကအံ့သြခဲ့ရ​သေးသည်​။ ဖိုးရှမ်းက ကျွန်​​တော့်​ထံမှ ​မှော်​သို့အသွားအတွက်​  ၁၀၀၀ ကျပ်​။ အပြန်​ခရီးအတွက်​ အသွားတုန်းကလို တစ်​​ထောင်​ကျပ်​သာ ​တောင်းဆိုသည်​။ ညအိပ်​​နေရန်​အတွက်​ ထိုစဉ်​က မလွယ်​ကူခဲ့ပါ။ နယ်​​မြေအ​ခြေအ​နေအရ ညအိပ်​ဖို့မသင့်​​လျော်​ဟု ရုံပိုင်နှင့်​ ဖိုးရှမ်းနှစ်​​ယောက်​စလုံးက ဆိုကြသည်​။

အသားဖြူဖြူ၊ မျက်​ခုံး​မွှေးထူထူ မျက်​လုံးမျက်​ဖန်​ကျယ်​​ သော ဖိုရှမ်းသည်​ ဂျင်း​ဘောင်းဘီအ​ဟောင်းတထည်နှင့်​ ထရက်​ကုတ်​တထည်​ကိုဝတ်​ဆင်​ထားသည်​။ ထရက်​ကုတ်​အင်္ကျီမှာ အ​တော်​ပင်​​ ဟောင်းနွမ်း​နေသည်​။ ဟောင်းနွမ်းသည်​ဟုဆိုခြင်းထက်​ ​ကြေး​ညှော်​အထပ်​ထပ်​တင်​​နေသည်​ဟုဆိုရ​ပေမည်​။ နောက်​​ကျောဘက်တွင်​ အသင်းအဖွဲ့တ​ခု၏အမည်​ကို​ရေးထား​သော်​လည်း ကျွန်​​တော်​ဖတ်​၍မရ။ ထိုလမ်းခရီး၏အစ၌ပင်​ သူနှင့်​ကျွန်​​တော်​ စကား​တွေအများ ကြီး​ပြောဖြစ်​ခဲ့ကြသည်​။ သူကချည်း ကရား​ရေလွှတ်​သလို ​ပြောသွားခြင်းဖြစ်​သည်​။ ကျွန်​​တော်​က စကား​ထောက်​အဖြစ်​သာ​နေလိုက်​​ တော့သည်​။ ဆိုင်​ကယ်​စက်​ချို့ယွင်းသွား၍ပြင်​ဆင်​ရ​သောအချိန်​တစ်​နာရီ​ကျော်​​ကျော်​အတွင်း၌ ​မောပန်းနွမ်းလျနေ​သောဖိုးရှမ်း၏လိပ်​ပြာသည်​ ကျွန်​​တော့်​ စိတ်​ကို စာ​ရေးဖို့အကြိမ်​ကြိမ်​တိုက်​တွန်းသည်​။ ထို​နေ့က ဖိုးရှမ်းများစွာကိုလည်း ကျွန်​​တော်​​တွေ့ခဲ့ရပါသည်​။    
ကျွန်​​တော့်​ဘဝမှာ ဆယ်​ထပ်​​ကျောက်​၊ ရာထပ်​​ကျောက်​​ တွေရခဲ့ဖူးတယ်​ဆို အစ်​ကိုယုံပါ့မလား။ အစ်​ကို့မျက်​လုံးအကြည့်​ကို ကျွန်​​တော်​သိပါတယ်​။ ဒီ​ကောင်​ကတော့ ပေါက်​ကရ​လေးဆယ်​ လာဖြီး​ နေတယ်​လို့ အစ်​ကိုထင်​​နေတယ်​မဟုတ်​လား။ ကျွန်​​တော်​ရခဲ့တဲ့ရာထပ်​​ကျောက်​ဟာ အခုဆိုရင်​ တရုတ်​ပြည်​တ​နေရာရာမှာရှိ​နေမှာ။
တခြားတိုင်းပြည်​လည်း ​ရောက်​ချင်​​ရောက်​​နေမှာ​ပေါ့။ ​ကျောက်​က အကြီးကြီးမှမဟုတ်​တာ။ ရှိလှမှ ခုနှစ်​ဆယ်​သား​လောက်​​ပေါ့။
အစ်​ကို အခုဝတ်​ထားတဲ့ အ​နွေးထည်​ကြီးရဲ့ ​ဘေးအိတ်​ထဲထည့်​သွား ရင်​​တောင်​မှ ရပါတယ်​။
   
         
ရာထပ်​တယ်​ဆိုတာကလည်း ဒီမှာတင်​ရာထပ်​တာ။ ဟိုဖက်​မှာ ​သိန်းထောင်​ကြီးပိုင်းလည်း ဖြစ်​ချင်​ဖြစ်​သွား လောက်​တယ်​။ ဒီ​မှော်​မှာက ကျောက်​အကြီးကြီး​တွေ သိပ်​မမြင်​ရပါဘူး။ အလွန်​ဆုံးရှိလှမှ လက်​သီးဆုပ်​​ လောက်​​ကျောက်​​တွေ။ အစ်​ကိုထင်​သလိုမဟုတ်​ပါဘူး။ လက်​သန်းဖျား​လောက်​၊ လက်​သည်းခွံ​လောက်​ ကျောက်​နဲ့လည်း ဘဝ​ပြောင်းသွားကြတဲ့သူ​တွေအများကြီးပဲ။ ကျွန်​​တော့်​စကားနဲ့ကျွန်​​တော့်​ပုံစံက အ​တော်​ကြီးကွာ​တော့ အစ်​ကိုယုံမယ်​မထင်​ဘူး။ အဲဒီလိုပဲ
ကျောက်​​ကောင်းရတဲ့​နေ့​တွေမှာ ကျွန်​​တော်​က ဆာ​နေ တတ်​တယ်​။ ဟိုးတုန်းက​တော့ ရင့်​ထတာ၊ ရင်းထတာလို့ ​ပြောကြတယ်​တဲ့။ အခု​တော့ ဆာတယ်​လို့ပဲ ပြောကြ​တော့တယ်​။ တကယ်​လည်း ဆာတယ်​ဆိုတာနဲ့ လိုက်​ပါတယ်​​လေ။ ထမင်းဆာတာနဲ့ မတူဘူးအကို။
ထမင်းဆာတာ ​အောင့်​ထားလို့ရပါ​သေးတယ်​။ အဲဒီ​နေ့က ည​နေ​စောင်းကြီးမှာ တဲပြန်​နားမလို့ စဉ်းစား​နေတုန်း ​ကျွန်​​တော့်​​ခြေ​ထောက်​အနားကို ​ကျောက်​တုံးကကျလာတာ။ ကျွန်​​တော်​က ​မြေစာ သွန်​​ နေပြီဆို ဘယ်​​တော့မှ ထိပ်​မှာမ​နေဘူး။ ထိပ်​မှာ​နေတဲ့လူ​တွေဆိုတာ​ခြေအနုတ်​အသိမ်းမြန်​မှဖြစ်​တာအစ်​ကို။ နို့မို့ ​ကျောက်​တုံးမှန်​ပြီးကျိုးမှာ။ ကျွန်​​တော်​က အရင်​လိုမသွက်​​တော့ဘူး​လေ။ ပြီး​တော့ ​အေး​အေး​ဆေး​ဆေးပဲ ​ခေါက်​ချင်​တယ်​။ အဲတာနဲ့​အောက်​​ခြေမှာပဲ​နေတယ်​။ ကျောက်​ကောင်းရဖို့ဆိုတာ ကလည်း ကံနဲ့ဆိုင်​တယ်​လို့​ပြောကြတယ်​။ ​ခြေ​ထောက်​နားကျလာတဲ့​ကျောက်​မှာ စိန်​တူအရာလည်းမ​မြင်​တာနဲ့အပျင်း​ပြေဆိုပြီး လှမ်းခေါက် လိုက်​တာပါ။ လက်​ကလည်း ​ကျောက်​တုံးမြင်​ရင်​ လှမ်း​ခေါက်​တတ်​တာ အကျင့်​လိုဖြစ်​​နေပါပြီ​​လေ။ ယမ်းကိုမြင်​လိုက်​တာနဲ့ ​ကျောက်​က အ​ခြေအ​နေ​ကောင်းတယ်​ဆိုတာ ကျွန်​​တော်​သိလိုက်တယ်​။

ယမ်းဆိုတာက ​ကျောက်​စိမ်းရဲ့အခွံ​ပေါ်မှာပါတဲ့ ဟင်းချိုမှုန့်​ လိုအ​ချောင်း​လေး​တွေ။ ဘယ်​လို​ပြောရမလဲဆို​တော့ ​ကျောက်​စိမ်းရဲ့အင်္ဂါရပ်​​ပေါ့ အစ်​ကိုရာ။ ယမ်းညက်​တာ ယမ်းကြမ်းတာကလည်း အထဲက​ ကျောက်​ရည်​​ကျောက်​သားနဲ့ဆိုင်​တယ်​အစ်​ကို။ အစ်​ကိုသိ​အောင်​​ပြောရမယ်​ဆို အများကြီး​ပြောရမှာဗျ။ ​ကျောက်​အရည်​အ​သွေးတင်​ အ​သေး စိတ်​​ပြောရမယ်​ဆို သုံးဆယ်​​ကျော်​​လောက်​ရှိမယ်​ထင်​ပါတယ်​။ ကျွန်​​တော်​တို့က​တော့ လွယ်​လွယ်​ကူကူ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား၊ စတုတ္ထတန်းစားဆိုပြီး ၄ မျိုး​လောက်​ပဲမှတ်​ထားလိုက်​တယ်​။ ​သေချာသိရင်​​တော့​ကောင်းတာ​ပေါ့အစ်​ကို။
ခက်​​တော့ခက်​တယ်​အစ်​ကို​ရေ။ သိပြီး အဆင်​​ပြေသွားတဲ့ လူ​တွေရှိသလို။ မသိပဲအဆင်​​ပြေသွားတဲ့လူ​တွေလည်း အများကြီးဗျ။ ကျွန်​​တော်​က​တော့သိ​ပေမဲ့ အဆင်​မ​ပြေဘူးအစ်​ကို​ရေ။ အဲဒီ​ကျောက်​ရတုန်းက ယမ်းကိုမြင်​လိုက်​တာနဲ့ ကျွန်​​တော်​​သေ​ချာ​အောင်​ ​​ရေ​ဆေးကြည့်​လို​က်​တယ်​။ ကြိုးကသုံးပင်​တောင်​ပါတယ်​ဗျာ။
အုန်းဆံကြိုးတင်​ထားသလိုပ။ ထင်​ထင်​ရှားရှားကြီး။

အစ်​ကို့ကို အံသြစရာ​ပြောပြမယ်​​နော်​။ ကြိုးပတ်​သုံးခုနဲ့​ ကျောက်​ဆိုတာ မ​အောင်​မရှိ​ကျောက်​လို့ ဆိုရိုးရှိကြတယ်​။ အဲတာကို ကျွန်​​တော်​ကလည်း မသိတာမဟုတ်​ဘူး။ အဲဒီကြိုးပတ်​​တွေကို ​သေ ချာကြည့်​​နေရင်း ကျွန်​​တော့်​ကိုယ်​ထဲစိတ်​ထဲမှာ မခံမရပ်​နိုင်​တဲ့​ဝေဒနာ​တွေ​ပေါ်လာတယ်​။ ​ပြောရမယ်​ဆို ကျွန်​​တော်​တအားကြီးကို ဆာလာ တာပါ။ ဖိုးဆာတာ။

ရေမ​ဆေးသမား​တွေဆီက​နေ​ကျောက်​ဝယ်​ဖို့လာ​စောင့်​တဲ့​ လောပန်းတဲ​တွေက လုပ်​ကွက်​​တွေနဲ့မ​ဝေးပါဘူး။ တချို့​လောပန်း​တွေက ​​ကျောက်​လည်းဝယ်​တယ်​။ သူတို့ကိုယ်​တိုင်​လည်း ​ရေမ​ဆေး​မွေးထားတယ်​။ ​ရေမ​ဆေး​မွေးထားတယ်​ဆိုတာက သူတို့တဲမှာပဲ မင်း​ကျွေးထားပြီး ​ကျောက်​ရှာခိုင်းတာပါ။  ​ကျောက်​ရခဲ့ရင်​ အစုခွဲ​ ပေးတာ​ပေါ့။ ကျွန်​​တော်​က​ကျောက်​မရတဲ့​နေ့ မရှိသ​လောက်​ပါပဲ။ တ​နေကုန်​ရှာလည်း  ​ကျောက်​မျိုးတောင်​မှမရတဲ့သူမျိုးတွေလည်း ရှိကြတယ်​။ ​တချို့​ကျောက်​​တွေကျပြန်​​တော့ သိတဲ့သူဆို ​ကျောက်​စိမ်းလို့ထင်​ကြတယ်​။ ​ကျောက်​စိမ်းနဲ့ဆင်​တဲ့ နုတ်​​ခေါ်တို့ ပလွန်​တို့လည်း ရှိ​သေးတယ်​အစ်​ကို။ ထမင်းစား​ကျောက်​လို့ ​ပြောကြတဲ့​ ကျောက်​​ လောက်​​တော့ ကျွန်​​တော်​က ​နေ့တိုင်းရတယ်​။ တစ်​​ထောင်​၊ နှစ်​​ထောင်​​လောက်​ရရင်​ ထမင်းစားလို့ရတာပါပဲ။

ကျွန်​​တော်​က ​လောပန်းဆီမှာမ​နေဘူး။ ကိုယ့်​ဟာကိုယ်​တဲ​လေးသပ်​သပ်​ထိုးပြီး​နေတယ်​။ တဲဆိုတာ အကြီးကြီးမဟုတ်​ပါဘူး။ အစ်​ကိုမြင်​ဖူးမှာ​ပေါ့၊ ကားလမ်း​ဘေးက မုန့့်​ပျားသလက်​​ရောင်းတဲ့ တဲမျိုးလေးတွေ​လေ။
လေလုံဖို့အဓိကဆို​တော့ ​တွေ့ကရာအဆင်​​ပြေရာ ပီနန်​စ​တွေဖြစ်​ဖြစ်​၊ ဗီနိုင်းစ​တွေဖြစ်​ဖြစ်​ ကာထားလိုက်​တာပါပဲ။ အဲတာဆိုတဲဖြစ်​ပြီ။ ညအိပ်​လို့ရရင်​ပြီးပြီပဲ။
ထမင်းစား​ကျောက်​ရတယ်​ဆိုလို့ ထမင်းစားတယ်​လို့ထင်​လို့လား။ ထမင်းကအ​ရေးမကြီးပါဘူး။ ​ခေါက်​ဆွဲ​ခြောက်​ထုပ်​​ဖောက်​စားပြီး ​ရေ​ သောက်​လိုက်​ရရင်​ ရပါတယ်​။ အ​ရေးကြီးတာက ​ဆေးရဖို့ပါပဲ။ ​ဆေးက​တော့ တစ်​​ထောင်​ရရင်​လည်း တစ်​​ထောင်၊ နှစ်​​ထောင်​ရရင်​လည်း နှစ်​​ထောင်​ပါပဲ။ ဝယ်​လို့ရပါတယ်​။
အခုဆိုရင်​ ငါးရာဖိုးလည်း ဝယ်​လို့ရပါတယ်​။ ​ရောင်း​နေကြတာက​တော့ ပုံစံအမျိုးမျိုးပါပဲ။ အစ်​ကို ​ရောက်​ရင်​​တွေ့ပါလိမ့်​မယ်​။

စော​စော​ပြောတဲ့​ကျောက်​ရ​တော့  ​ရောင်း​နေကျ​ လောပန်းဆီသွားပြတယ်​။ သူက ကုန်းက​လေး​ပေါ်မှာ​နေတာ။
သူ့တဲက​တော့ အပျံစားပါပဲ။ ဆိုလာပြားအကြီးကြီး ကို ​ခေါင်​မိုး​ပေါ် တင်​ထားတယ်​။ အထဲမှာလည်း တီဗီနဲ့ကက်​ဆက်​နဲ့။
ည​နေဆို​လောပန်းက ဒရင်းဘက်​​ပေါ်မှာလှဲ​နေရင်း ​ကျောက်​ဝယ်​တယ်​။ ကျွန်​​တော်​တို့က အထဲမဝင်​ရပါဘူး အ​ပေါက်​ဝက​နေ​စောင့်​ရတယ်​။ ကျောက်​​လောကမှာ ​ခေါင်းတယ်​ဆိုတဲ့စကားရှိတယ်​အစ်​ကို​ရေ။ ​ကျောက်​တလုံးရဲ့အတွင်းထဲမှာ ဘယ်​လိုအရည်​ရှိမလဲဆိုပြီး တ​ဖြည်းဖြည်း ထွင်းကြည့်​တာကိုလည်း ​ခေါင်းတယ်​လို့ဆိုကြတယ်​။ 
ရေမ​ဆေးသမား​တွေဆီက ​ကျောက်​ဝယ်​တဲ့​လောပန်းက​တော့ လာ​ရောင်းတဲ့​ရေမ​ဆေးသမားကို အရင်​​ခေါင်းတယ်​။ လူကို​ခေါင်းတာ။ သူတို့က ​ကျောက်​ကိုမြင်​လိုက်​တာနဲ့ သိ​နေပါပြီ။ သိ​နေပါပြီဆိုတာက ဘယ်​​လောက်​​တော့တန်​တယ်​။ ဘယ်​​ဈေးကွက်​နဲ့အဆင်​​ ပြေတယ်​။
ဘယ်​သူလိုချင်​​နေတာ ဒီလို​ကျောက်​မျိုး​ပေါ့။

အဲဒီ​ည​နေ​လေးကို ကျွန်​​တော်​မ​မေ့ပါဘူး။ ကျွန်​​တော့်​​ ကျောက်​ဟာ အ​တော်​ကြီးတန်​မှန်း ကျွန်​​တော်​သိတယ်​။ ဒါ​ပေမဲ့ ဘယ်​​လောက်​တန်​သလဲလို့ ကျွန်​​တော်​မသိပြန်ဘူး။ ​ဈေး​ကောင်း​ကောင်း ရ​အောင်​ ဘယ်​မှာ​ရောင်းရမယ်​ဆိုတာကိုလည်း ကျွန်​​တော်​မသိဘူး​ပေါ့။ ​လောပန်းက ကျွန်​​တော့်​ကိုမြင်​လိုက်​တာနဲ့ ​ဆေးသမားဆိုတာသိ​ နေပြီ။ ​ဆေးသမားဆိုတာလည်းသိ​နေပြီ။ အရင်​ရက်​​တွေတုန်းက သူ့အတွက်​​ဈေးကွက်​မဝင်​လည်း ကျွန်​​တော်​သွားပြတဲ့​ကျောက်​​လေး​တွေ ကို ဝယ်​ထားတတ်​ပါတယ်​။ တစ်​​ထောင်​တန်​၊နှစ်​​ထောင်​တန်လေးတွေ​ပေါ့။ ကျွန်​​တော်​တို့က တစ်​ညတာကို ငရဲကျသလို မ​ကျော်​ဖြတ်​ရ​ တော့ ​လောပန်းကို ​ကျေးဇူးတင်​ရတယ်​။ တကယ်​​တော့ ​လောပန်းက ကျွန်​​တော်​တို့လို လူမျိုး​တွေကို ​မျှောထားတာပါ။ အဲတာကိုသိပါတယ်​။ သိ​ပေမဲ့ ​ကျေးဇူးတင်​ပါတယ်​။ ​ကျောက်​​ကောင်းရ​တော့လည်း သူ့ဆီပဲသွားမိတာပါ။

လောပန်းက ဓာတ်​မီး​လေးနဲ့​ကျောက်​ကိုတ​ချက်​ပဲ
တောက်​ကြည့်​ပြီး ဘယ်​​လောက်​လဲလို့ ​မေးပါတယ်​။
ကျွန်​​တော်​ဘယ်​​လောက်​​တောင်းရမလဲမ​ပြောတတ်​ဘူးဖြစ်​​နေတယ်​။ ​လောပန်းတဲရဲ့အတွင်းဖက်​အခန်းထဲက​နေထွက်​လာတဲ့ ​မွေးပျံ့ပျံ့ အနံ့​လေးကလည်း ကျွန်​​တော့်​ခန္ဓာနဲ့​သွေးသား​တွေကို ပိုပြီး​တော့မခံမရပ်​နိုင်​​အောင်​ နှိပ်​စက်​​နေတယ်အစ်​ကို​ရေ။ အရဲစွန့်​ပြီး သုံးသိန်းရချင်​တယ်​လို့ ​ပြောလိုက်​တယ်​။ ငါး​သောင်း​ပေးမယ်​၊ 
နောက်​တ​ယောက်​ပြလို့ ​ပြော​တော့ ​​ကျောက်​ပြမယ့်​​ရေမ​ဆေးသမားတ​​ယောက်​ဝင်​သာအောင်​ ​ဘေးဖယ်​​ပေးလိုက်​ရတယ်​။ လောပန်းက
ကျွန်​​တော့်​​ကျောက်​ကို ပြန်​​ပေး​နေတယ်​။ ကျွန်​​တော့်​စိတ်​ထဲမှာ အဲဒီ​ကျောက်​ကိုသူကြိုက်​ရဲ့သားနဲ့ ပြန်​​ပေး​နေတယ်​ဆိုတာကိုသိတယ်​။ သိ​ပေမဲ့ ကျွန်​​တော်ပြန်​မယူ ရဲ​တော့ဘူး။ နည်းနည်း​တော့တိုး​ပေးပါလို့ကျွန်​​တော့်​ပါးစပ်​က ထွက်​သွားတယ်​။

အဲဒီစကားကို ကျွန်​တော်​ပြောလိုက်​တာမဟုတ်​ဘူးအစ်​ကို။ ဒါ​ပေမဲ့ ကျွန်​​တော့်​ပါးစပ်​ကထွက်​လာတာ။ လောပန်းက ခုနှစ်​​သောင်း​ပေးမယ်​​ပြော​တော့ ကျွန်​​တော်​​ခေါင်းညိတ်​မိပြန်​တယ်​။ အဲဒါ ကျွန်​​ တော်​​ခေါင်းညိတ်​တာမဟုတ်​ဘူးအစ်​ကို။
ငွေခုနှစ်​​သောင်းရပြီဆို​တော့ အစ်​ကိုက ကျွန်​​တော့်​စားဖို့​ သောက်ဖို့ အ​တော်​​လေးအဆင်​​ပြေပြီထင်​လို့လား။
ဆန်​​တွေဆီ​တွေကျွန်​​တော်​မဝယ်​ပါဘူး။ ​ငွေ​တွေအကုန်​လုံး ဆေးနဲ့ပိုက်​နဲ့ဝယ်​သွားလိုက်​တယ်​။ ကျွန်​​တော့်​တဲကိုမပြန်​ပါဘူး။ တဲမှာဆို ​ဘေးချင်းကပ်​​တွေနဲ့နားငြီးတယ်​​လေ။ လူအသွားအလာ မရှိသ​လောက်​​နေရာ​တွေအများ ကြီးပဲအစ်​ကို။ ​ချောင်​​တွေ​ပေါ့။ အဲဒီမှာပဲ
သွားနှပ်​​နေလိုက်​တယ်​။ ဘာမှမစားပါဘူး။ ဆာဖို့လည်းသတိမရပါဘူး။ ​နာရီ​တွေ ၊ရက်​စွဲ​တွေဆိုတာကျွန်​​တော်​ဘယ်​သိ​တော့မလဲအစ်​ကိုရာ။ နေထွက်​တာ​နေဝင်​တာ ကျွန်​​တော်​စိတ်​မှမဝင်​စားတာ။ ​နောက်​​ရက်​​တွေတော့လည်း ​မြေစာပစ်​တဲ့ဆီကျွန်​​တော်​ ပြန်​သွားရတာပါပဲ။

အဲဒီ​နေ့က ကျွန်​​တော်​​ရောင်းလိုက်​တဲ့​ကျောက်​ဟာ ဘယ်​​ လောက်​နဲ့​ဈေးကွက်​ဖွင့်​သွားတယ်​။ ဘယ်​သူ့လက်​ထဲ​ရောက်​သွားပြန်​ပြီဆိုတာက​တော့ ​မှော်​နားနဲ့ကြားရတာ​ပေါ့​လေ။
မနာလိုဖြစ်​လို့မရပါဘူးအစ်​ကိုရာ။ မှော်​ထဲမှာက ကျွန်​​တော့်​ လိုအဖြစ်​မျိုး​တွေ အများကြီးရှိခဲ့ကြပါတယ်​။ နောက်​လည်း ရှိ​နေမှာ​ပေါ့အစ်​ကို။ ကျွန်​​တော်​အဲဒီလိုဖြစ်​ခဲ့တာတောင်​မှ တေ​​ခေါက်​ထဲမှမဟုတ်​ပဲ။ ​နောက်​တ​ကြိမ်​လည်း အဲဒီလိုထပ်​ဖြစ်​ခဲ့တာပါပဲ။ စိတ်​ကိုတင်းကြည့်​ပါတယ်​အစ်​ကို။ မရဘူးဗျ။
ကျွန်​​တော်​မ​ပြောပဲ ကျွန်​​တော်​မလုပ်​ပဲ​ ​အော်​တိုဖြစ်​ဖြစ်​သွားတာ။
ကျောက်​အ​ကြောင်းက ကျွန်​​တော်​နားလည်​ပါတယ်​။ ကျွန်​​တော်​က နမ္မားအုပ်​စုထဲက ရွာ​လေးတ​ရွာကပါ။ ရွာနာမည်​​တော့ သိချင်​မ​နေပါနဲ့အစ်​ကို။ ကျွန်​​တော်​သိတတ်​စအချိန်​မှာ အ​ဖေမရှိ​ တော့ဘူး။ အ​ဖေက စု​ဆောင်း​ရေးအဆွဲခံရပြီး ရွာပြန်​မ​ရောက်​ခဲ့​တော့ဘူး။ အ​မေကသူရင်းငှားလိုက်​တာပါပဲ။ မိသားစုနှစ်​​ယောက်​ထဲဆို တော့လောက်​ပါတယ်​။

အ​ဖေရှိတုန်းကလည်း အ​ဖေ့အားက ဘာမှမရခဲ့ဘူးတဲ့။ အ​ဖေက ဘိန်းပဲရူ​နေတယ်​လို့ အ​မေ​ပြောဖူးတယ်​။
ခတ်​ပုံလို့လည်း ​ပြောပါတယ်​။ ကျွန်​​တော်​ ရှစ်​တန်းအထိကျောင်း​နေဖူးတယ်​အစ်​ကို။
ရှစ်​တန်းကို နမ္မားသွားတက်​ရတယ်​။ မနက်​အ​စောကြီးလမ်း​လျှောက်​သွားရတာပါ။ စက်​ဘီးဝယ်​ဖို့အဆင်​မ​ပြေဘူး။ ထမင်းထုပ် ​ယူသွားရပါ တယ်​။ ဘာပါမှာလဲအစ်​ကိုရယ်​၊  ဆီတိုဖူးနဲ့ ငရုပ်​သီးစိမ်းပဲ ဟင်းလုပ်​စားရတာပါ​။ ဆောင်းတွင်းဆိုရင်​​တော့ မုန့်​ညှင်းဖူး​ပေါင်း​ပေါ့။

ရှစ်​တန်းကို သုံး​လေးလ​လောက်​ပဲတက်​လိုက်​​တော့တာ။ သီတင်းကျွတ်​ပြီး​တော့ သူငယ်​ချင်းသုံး​ယောက်​​တိုင်​ပင်​ပြီးအိမ်​​ပြေးကြတယ်​။ ကျောင်းကို​နေ့တိုင်းကြီး လမ်း​လျှောက်​ရ​တော့ ပျင်းတာ လည်း ပါတာ​ပေါ့။ ကျွန်​​တော်​တို့သူငယ်​ချင်းသုံး​ယောက်​ နမ္မားဘူတာက​နေ ဟိုပင်​ဘူတာကိုရထားစီးကြတယ်​။ လက်​မှတ်​ဝယ်​စရာမလိုပါဘူး။
ကုန်​ရထားဘရိတ်​တွဲ​ပေါ်တက်​လိုက်​ခဲ့ကြတ၊ နီးနီး​လေးပဲ။
ဟိုပင်​​ရောက်​​တော့ အင်း​တော်ကြီးကို ​ခြေကျင်​​လျှောက်​ကြတယ်​။ ပထမ​တော့ အင်း​တော်​ကြီးဘက်​မှာ အ​ဖေ့အမျိုး​တွေရှိတယ်​ဆိုပြီး
လိုက်​ရှာကြအုံးမလို့။ အ​ဖေက အရင်​တုန်းက အဲသည်​နယ်​မှာ ဆင်​ဦးစီးလုပ်​ခဲ့ဖူးတယ်​လို့ အ​မေ​ပြောဖူးတယ်။ ​နောက်​​တော့ ဘိန်းတအား ရူလွန်းလို့ အလုပ်​ပြုတ်​သွားတယ်​လို့​သိရတယ်​။


အ​ဖေ့ကို ​သေချာမမြင်​ဖူးလိုက်​တဲ့ကျွန်​​တော်​ဟာ အ​ဖေ့ အမျိုး​တွေကို ဘယ်​လိုမှမရှာတတ်​ပါဘူး။ နန့်းဖက်​ကိုပြန်​လာကြပြီး တရုတ်စား​သောက်​ဆိုင်​တဆိုင်မှာအလုပ်​​တောင်းကြတယ်​။
ဆိုင်​ရှင်​တရုတ်​ကြီးက ကျွန်​တော်​တို့သုံး​ယောက်​စလုံးကို ​ခေါ်ထားလိုက်​ပါတယ်​။
ထင်းခွဲ​ပေးရတယ်​။ စားပွဲထိုး​ပေးရတယ်​။
လက်​သုတ်​ပဝါ​တွေ​လျှော်​​ပေးရတယ်​။ သူတို့စိတ်​ထဲမ​တွေ့ရင်​​တော့ နားအုံအရိုက်​ခံရတာ​ပေါ့။ အဲဒီဆိုင်​မှာ ကျွန်​​တော်​တို့ ငါးလ​လောက်​ကြာတယ်​။ ​နောက်​​တော့ သင်္ကြန်​တွင်းအိမ်​ပြန်​အုံးမယ်​ဆိုပြီး လခထုတ်​ကြတယ်​။ အလုပ်​စဝင်​ကတည်းက ဘယ်​​လောက်​​ပေးမယ်​ဆိုပြီး
မ​ပြောခဲ့​တော့ သူတို့​ပေးသ​လောက်​ပဲကျွန်​​တော်​တို့ရခဲ့တာပါ။
ငါးလ​လောက်​ အလုပ်​ပုံမှန်​လုပ်​ရပြီး ထမင်းဝဝစားရ​တော့ ကျွန်​​တော်​တို့ အ​တော်​​လေး​တော့ လူ​ကောင်​ထွားလာကြပြီ။ လာစားတဲ့သူ​တွေက
ဟင်း​တွေအများကြီး ကျန်​ထားတတ်​ကြတယ်​​လေ။
ပထမ​တော့ ကျွန်​​တော့်​အတွက်​ရတဲ့ ပိုက်​ဆံ​လေးကို ကိုင်​ထားရင်း အ​မေ့ကို လွမ်းလာတယ်​။ အ​မေ့လက်​ထဲကို ပိုက်​ဆံထည့်​​ပေးဖူးချင်​လာတယ်​။ အမှန်​အတိုင်း​ပြောရရင်​ ကျောင်းပြန်​တက်​ခိုင်းမှာ လည်း ​ကြောက်တယ်​ဗျ။
စာ​တွေမလိုက်​နိုင်​​တော့ ခဏခဏဒဏ်​​ပေးခံရ။ မနက်​အ​စောကြီး အိပ်​ရာထပြီး​ကျောင်းကို လမ်း​လျှောက်​ရတာ​တွေ မကြုံချင်​​တော့ဘူး။ ကျန်​တဲ့သူငယ်​ချင်းနှစ်​​ယောက်​ကလည်း ကျွန်​​တော့်​လိုပဲ ဖြစ်​​နေကြတယ်​။ ပိုက်​ဆံ​လေး​တွေကိုင်​ပြီး နန့်​မွန်း​ဈေးနားမှာ ကျွန်​​တော်​တို့​ယောင်​လည်​လည်​ဖြစ်​​နေကြတယ်​။
ကားစီးပြီးအိမ်​ပြန်​မယ်​ဆို ဟိုပင်​အထိကားကြုံ​တွေရှိပါတယ်​။ ပိုက်​ဆံ​ပေးစရာမလိုပါဘူး။
ကားသမား​တွေနဲ့ကျွန်​​တော်​တို့နဲ့သိ​နေကြပြီ။ စား​သောက်​ဆိုင်​မှာလုပ်​ခဲ့​တော့ အသိ​တွေတိုးလာတာပါ။
အသိမိတ်​​ဆွေ​ပေါ့​လေ။ အဲဒီလိုချာတိချာလည်​ဖြစ်​​နေကြတုန်း
ဖားကန့်​ထဲသွားမယ့်
ကားတစီးပေါ်မှာ ကျွန်​​တော်​တို့နဲ့ မျက်​မှန်းတန်းမိ​နေတဲ့ လူကြီးတ​ယောက်​ပါလာတယ်​။ အဲဒီလူကြီးက လိုက်​ခဲ့မလား​မေးတုန်းမှာ ကျွန်​​တော်​တို့က ဟိုင်းလတ်​​ကားနောက်​ခန်းထဲ​ရောက်​​ နေကြပြီ။

အဲဒီလူကြီးက ကျွန်​​တော်​တို့သုံး​ယောက်​စလုံးရဲ့ကျေးဇူးရှင်​ပါ။ သူ့​ကြောင့်​ ​ကျောက်​စိမ်းအ​ကြောင်း ​သေ​သေချာချာနားလည်​ခဲ့ရတာအစ်​ကို။ ကျွန်​​တော်​တို့​ရောက်​ပြီး မကြာခင်​မှာ မိုး​တွေစရွာတယ်​။ အဲဒီလူကြီးက ​ရေငုပ်​ကျင်းလည်း ​ထောင်​ထားတယ်​။ ကျွန်​​တော်​တို့ကို မငုပ်​ခိုင်းပါဘူး။ ​ကျောက်​​ရွေးတဲ့​နေရာမှာ ပညာသင်​​ပေးတယ်​။ က​လေး​တွေဆို​တော့ တတ်​လွယ်​တယ်​။ မျက်​စိစူးတယ်​တဲ့။ သုံး​လ​လောက်​​နေ​တော့ ကျွန်​​တော်​တို့အ​တော်​မျက်​စိ​ရေး​ကောင်း​နေကြပြီ။ ရောက်​စက​တော့ စိမ်းရင်​​ ကျောက်စိမ်းပဲ
ထင်​​နေ ကြတာ။ ​နောက်​​တော့မှ ​ကျောက်​မျိုးဟုတ်​တာ မဟုတ်​တာကအစ ခွဲတတ်​လာတာပါ။

ပထမတန်းစား​ကျောက်​စိမ်းထဲမှာ​တောင်​ အ​ရောင်​ကွဲ​တွေ ရှိတယ်​အစ်​ကို။ ပိုးမည်းတောင်ဇာကောင်​ရဲ့ လည်ကုပ်အ​ရောင်​လည်းရှိတယ်​။ ပိုးမည်း​တောင်​ဇာ​ကောင်​ဆိုတာ အစ်​ကိုသိမယ်​ထင်​တယ်​။ ရွှေပိုးကောင်ကို ​ပြောတာပါ။ အဲဒီအရောင်ကို တရုတ်လူမျိုး​တွေက တန်လုရွှေလို့ ​ခေါ်ကြတယ်​။ ဒေါင်းမြီးလည်ရောင်ဆိုတာလည်း ရှိ​သေးတယ်​။
ကျောက်စိမ်းရဲ့အရောင်က ​ဒေါင်းအမြှီးရဲ့အရောင်လိုပဲစိမ်းစို​နေတာ။ ကတ္တီပါစိမ်းရောင်ဆိုတာကျ​တော့ ကတ္တီပါစစိမ်းသလိုပဲ။ အိအိစိမ်း စိမ်းကြီးအစ်​ကို။ တရုတ်​လို ဆွေးလုရည်အရောင်ဆိုတာလည်း ရှိ​သေးတယ်​ဗျ။ သူက​တော့  အစိမ်းရောင်မှာ အဝါရည်သမ်း သလိုလို ထင်သွားရ​အောင်​ အရောင်နှစ်မျိုးရော​နေတာ​ပေါ့။
အဲဒီ​ကျောက်​အရည်​မျိုးက​တော့ တ​ခါမြင်​ဖူးပြီးရင်​ ​နောက်​တခါမြင်​ရဖို့ ​ဆွေး​နေရ​တော့တာ။ အစိမ်းရောင်ထဲမှာ အပြာ​ရောင်​​လေး နည်းနည်း သန်း​နေတာကျ​တော့ လန့်​လုရည်​တဲ့။ 
ပြောရမယ်​ဆို ကျောက်​စိမ်းဟာ ကျွန်​​တော်​တို့နိုင်​ငံထဲကထွက်​​ပေမဲ့ အ​ခေါ်စကား​တွေက တရုတ်စကားများပါတယ်​အစ်​ကို။

အဲဒီလိုအရည်​မျိုး​တွေကို ကျွန်​​တော်​​တွေ့ခဲ့ရတာက ပွဲတိုက်​တဲ့ဆီမှာပါ။ ကျွန်​​တော်​က ဦး​လေးနဲ့အပြင်​ကို အ​ဖော်​လိုက်​​ပေးရတယ်​​လေ။ ဦး​လေးဆိုတာက ကျွန်​​တော်​တို့နန့်​မွန်း​ဈေးနား မှာ ​ယောင်​ချာချာဖြစ်​​နေတုန်းက ကားနဲ့​ခေါ်ခဲ့တဲ့လူကြီးကို​ပြောတာပါ။ တခါတ​လေ​တော့ အရည်​​ကောင်း​တွေကို ဖြတ်​ခုံမှာ​တွေ့ရတယ်​။ ကျွန်​​တော်​တို့ချည်း ပဲဆို အဲဒီလို​နေရာမျိုး ဘယ်​ဝင်​လို့ရမလဲအစ်​ကို။ ဦး​လေးနဲ့လိုက်​ရလို့သာ မြင်​ဖူးခဲ့တာပါ။ ငှက်​​ပျောညွှန့်​​ရောင်​၊ ဖက်​ဖူး​ရောင်​​တွေကို ခဏခဏ​တွေ့ဖူးပါတယ်​အစ်​ကို။ အဲတာမျိုးကျ ဦး​လေးတို့က ဒုတိယတန်းစားအရည်​မျိုးလို့​ခေါ်ကြတာ။ ဟုတ်​ကဲ့အစ်​ကို ပဲစိမ်းဆိုတာမျိုးကျ​တော့ တတိယတန်းစားအရည်​​ပေါ့​လေ။

ဦး​လေးဆီ​ရောက်​ပြီး သုံးနှစ်​​လောက်​ကြာ​တော့
သူငယ်​ချင်းနှစ်​​ယောက်​က မိန်းမရသွားကြတယ်​။ သူတို့ကို ဦး​လေးကပဲ မင်္ဂလာ​ဆောင်​​ပေးလိုက်​တာပါ။ အရင်းအနှီးလုပ်​ဖို့လည်း
ငွေထုတ်​​ပေးလိုက်​တယ်​။ တ​​ယောက်​က ကုန်​​ခြောက်​ဆိုင်​ဖွင့်​တယ်​။
တ​ယောက်​က​တော့ ​ကျောက်​​လောကထဲမှာပါပဲ။ အဲဒီအချိန်​မှာ ကျွန်​​တော်​လည်း ဦး​လေးရဲ့လူယုံဖြစ်​​နေပြီ။ ကိုယ်​စားလှယ်​လို့လည်း
ပြောလို့ရပါတယ်​အစ်​ကို။ အ​မေ့ဆီ တ​ခေါက်​ပြန်​​ရောက်​တယ်​။ အ​မေ့ကိုလည်း ​ငွေအ​တော်​အသင့်​​ပေးခဲ့နိုင်​ပါတယ်​။ အ​မေက ကျန်းမာ​ရေး​ ကောင်းတယ်​။ ရွာမှာဆို​တော့ ​တော်​တန်​ရုံ​နေမ​ကောင်းဖြစ်​ရင်​လည်း အိမ်​နီးချင်း​တွေက ကြည့်​ရှုကြတယ်​အစ်​ကို။ အ​မေက မိန်းမယူဖို့​ပြော ပါတယ်​။ သူနဲ့​နေဖို့​ပြောပါတယ်​။ ခက်​တယ်​အစ်​ကို။ ကျွန်​​တော့်​မှာ ရည်​စားမရှိဘူး​လေ။


အ​မေ့ဆီက​နေ ​မှော်​ထဲပြန်​​ရောက်​ပြီး   ​ခြောက်​လ​လောက်​မှာ ကျွန်​​တော်​စပြီးပျက်​စီးတာ။ ဘိန်းဖြူမလုပ်​ပါဘူးအစ်​ကို။ ကျွန်​​တော်​​ဆေးလိပ်​​တောင်​မှမ​သောက်​ပါဘူး။ ​လေး​ကောင်​​ပေါ့အစ်​ကို။ ဂျင်​ဝိုင်းကို ​နေ့တိုင်းလို​သွား​နေလိုက်​တာ။ အဲဒီအချိန်​မှာဦး​လေးက ကားအက်​ဆီးဒင့်​ဖြစ်​လို့ မန္တ​လေးမှာ အရိုးဆက်​​နေရတာ။ ကျွန်​​တော့်​ကို ဘယ်​သူမှမတားကြပါဘူး။ ဦး​လေးကကျွန်​​တော့်​ကို ယုံကြည်​ပြီး ​ငွေကိစ္စ၊ ​ကျောက်​ကိစ္စ အကုန်​လွှဲ​ပေးထားတာပါ။ တစ်​လ​ လောက်​ကြာမှဦး​လေးပြန်​​ ရောက်​လာတာ။ ကျွန်​​တော်​​ရှောင်​မ​နေပါဘူး။ ဦး​လေးကလည်း တခါတ​လေမှားတတ်​တယ်​ဆိုပြီး ​နောက်​တခါ ထပ်​မမှားဖို့ပဲ ​ပြောတာပါ။

အဲတာပိုဆိုးတာ​ပေါ့အစ်​ကို။ ကျွန်​​တော်​က ဦး​လေးဆူမယ်
ရိုက်​မယ်​လို့ထင်​ထားတာ​လေ။ ဒါ​ပေမဲ့ ကျွန်​ တော်​အရင်​လို မ​ပျော်​​တော့ဘူး။ ကစားဝိုင်းကိုလည်း သွားချင်​​နေမိတယ်​။ ညတိုင်​ကျရင်​ ဦး​လေးမသိ​အောင်​ ဖန်​စီဒိုင်း​သောက်​ပြီး အိပ်​တယ်​။ ဖန်​စီဒိုင်းက လက်​ဖက်​သုပ်​​ရောင်းတဲ့ဆိုင်​မှာတင်​ဝယ်​လို့ရပါတယ်​။ ငွေရှိရင်​ အားလုံး လိုလိုရပါတယ်​အစ်​ကို။ ​အစ်​ကို​ပြောသလို​မေတ္တာေ​တွ၊ သစ္စာ​တွေ​တော့ ကျွန်​​တော်​မသိပါ ဘူး။ အချစ်​​တွေလည်း ဝယ်​လို့ရပါတယ်​။ အချစ်​​တွေဘာ​တွေကျွန်​တော်​စိတ်​မဝင်​စားပါဘူး။ ဦး​လေးက မဆူမရိုက်​လို့ စိတ်​မချမ်းသာဘူး။ စိတ်​ဆင်းရဲတာလည်း မဟုတ်​ဘူးထင်​ပါတယ်​။ စိတ်​​လေတာ။ ဟုတ်​တယ်​ စိတ်​​လေတယ်​အစ်​ကို။ အိပ်​တယ်​ဆိုတာထက်​​တွေး​နေမိတာပါ။ စိတ်​ကဟို​ရောက်​သည်​​ရောက်​ပါ။ မနက်​အိပ်​ရာထရင်​ အမြဲ​နောက်​ကျတယ်​။ အလုပ်​ထဲလည်း မ​ပျော်​​ဘူး။

/span>

တ​​နေ့​တော့ ​ငွေအ​တော်​များများနဲ့​ကျောက်​တစ်​လုံးကိုယူပြီး
ဦး​လေးမသိ​အောင်​ ထွက်​သွားလိုက်​တယ်​။ မှော်​​တွေက ဆက်​​နေတာအစ်​ကို။ ဦး​လေးက ကျွန်​​တော့်​ကို ဖမ်းလည်းမဖမ်းခိုင်းပါဘူး။ ပြန်​လာ ဖို့လည်း ဘယ်​သူနဲ့မှ မမှာပါဘူး။

ယူခဲ့တဲ့​ငွေက တ​ည​တောင်​မခံပါဘူး။ ​ကျောက်​ကိုက
နောက်​တနေ့မှာ ​ရောင်းလိုက်​တယ်​။ ​ဈေးရတယ်​အစ်​ကို။ အဲဒီတုန်းက ကျွန်​​တော့်​အ​နေအထားကို သူတို့​မနှိမ်​ရဲ​သေးဘူး။ ရတဲ့​ငွေ​တွေကို ဂျင်​ထိုးလိုက်​၊ ဖန်​စီဒိုင်း​ သောက်​လိုက်​နဲ့တစ်​လ​နီးပါး​လောက်​ ကျွန်​​တော်​ဖြုန်းပစ်​လိုက်​တယ်​။

အ​မေ့ဆီမပြန်​ပါဘူးအစ်​ကို။
အ​မေသိရင်​​တော့ ဘယ်​လိုမှစိတ်​ချမ်းသာမှာမဟုတ်​ပါဘူး။ ပိုက်​ဆံ​တွေကုန်​သွား​တော့ ကျွန်​​တော်​နဲ့အတူတူလာခဲ့တဲ့ သူငယ်​ချင်းဆီမှာ ဆယ်​သိန်းခဏဆိုပြီးယူလိုက်​တယ်​။ အစ်​ကိုမှတ်​မိတယ်​မို့လား။ ကျွန်​​တော်​နဲ့​ကျောင်း​နေဖက်​သူငယ်​ချင်း​လေ။ နန့်​မွန်းမှာစားပွဲထိုးအတူတူလုပ်​ခဲ့ ကြတဲ့​ကောင်​​ပေါ့။ သူကကြည်​ဖြူ​ပေမဲ့ သူ့မိန်းမက သစ္စာ​ဖောက်​​ကောင်​ဆိုပြီး ကျွန်​​တော့်​ကိုသိပ်​ကြည်​ပုံမရပါဘူး။ အဲဒီ​ငွေလည်း ကျွန်​​တော်​ ဖြုန်းလိုက်​တာ ခဏပဲအစ်​ကို။ ​မှော်​​တွေအနှံ​လျှောက်​သွားဖြစ်​ပါတယ်​။ ကျောက်​အ​ကြောင်းလည်း ​သေ​သေချာချာသိထား​တော့ စားဖို့​ သောက်​ဖို့မခက်​လှဘူး​ပေါ့။ ဒါ​ပေမဲ့ ကစားဝိုင်းကို အရင်​လိုပုံစံနဲ့ မသွားနိုင်​​တော့ စိတ်​​လေမိတယ်​။ ကျွန်​​တော့်​ကိုလည်း အရင်​တုန်းကလို
အဖက်​မလုပ်​ချင်​ကြဘူးလို့ ခံစားရတယ်​။ အဲဒီမှာ ​ဆေးကို စသုံးဖြစ်​တာပါ။ ​ဆေးဆိုတာ ဘိန်းဖြူ​ပေါ့။
ကျွန်​​တော်​ ​ဆေးပြား​တွေမသုံးပါဘူး။ ​ဆေးပြားသုံးပြီး
သွား​တွေ​ကြွေသွားတဲ့လူတ​ယောက်​မြင်​ဖူးလို့ မသုံး တာပါ။ အဲဒီတုန်းက အ​ကြောထဲမထိုးဘူးအစ်​ကို။ ​ပေါ့ဆွဲတာပါ။ ​ဆေးက ​မှော်​ထဲ မှာ ​ဈေးသိပ်​မရှိပါဘူးအစ်​ကို။ ​မြေစာ​တွေပစ်​​နေသ​ရွေ့ ​ဆေးရဖို့ မခက်​ခဲပါဘူး။ ကျွန်​​တော်​က ​ကျောက်​​တွေအ​ကြောင်း ​သေ​သေချာ ချာသိတာကိုး ။ သူများမမြင်​တဲ့​ကျောက်​ကို ကျွန်​​တော်​မြင်​ပါတယ်​။ ​ရောင်းစရာ​ဈေးကွက်​ကိုလည်း ကျွန်​​တော်​သိတယ်​အစ်​ကို။ မျက်​​ခြေပြတ်​လို့မရတဲ့အထဲမှာ ​ကျောက်​​ဈေးကွက်​လည်း ပါတယ်​​ပြောရမယ်​။ ​မှော်​ထဲမှာက ဘာမှမဖြစ်​ရင်​ ဘာမှမဖြစ်​ဘူး၊ဖြစ်​ပြီဆို ​တော်​ရုံမရပ်​​တော့ဘူးဆိုတာ ဟုတ်​တယ်​ဗျ။

တ​​နေ့​တော့ ကျွန်​​တော်တို့ကို ​ကျောက်​ရှာဖို့ ခွင့်​မပြုဘူး။ လုပ်​ကွက်​​တွေအထဲကိုလည်းဝင်​ခွင့်​မရပါဘူး။ ကျောက်​ကုမ္ပဏီက လုံခြုံ​ရေး​ခေါ် ထားတဲ့သူ​တွေနဲ့ ကျွန်​​တော်​တို့ ​ရေမ​ဆေး​ကျောက်​ရှာတဲ့ သူ​တွေနဲ့ရိုက်​ပွဲ ဖြစ်​တာအစ်​ကို။ အဲဒီ​နေ့မှာ ကျွန်​​တော်​​ဒေါက်​တာစဖြစ်​​တော့တာ ပဲ။ အ​ကြောထဲထိုးတဲ့​ဆေးသမားကို ချစ်​နိုးနဲ့​ခေါ်ကြတာပါ။ ခနဲ့တာ ရွဲ့တာလည်း ပါမှာ​ပေါ့အစ်​ကိုရာ။ အ​ကြောထဲထိုးရင်​ ​ငွေသိပ်​မကုန်​ပဲ လစ်​မစ်​ရတယ်​​လေ။

ကျွန်​​တော်​က ​မှော်​တခုထဲမှာ​နေခဲ့တာ မဟုတ်​ပါဘူး။ မှော်​အစုံ​ရောက်​ခဲ့တယ်​။ ​မှော်​​တွေကအများကြီးအစ်​ကို။ လုပ်​ကွက်​​တွေလည်း အများကြီး​ပေါ့။ လူ​တွေလို​ပေါ့အစိုရာ ​ကျောက်​​တွေလည်း တ​မှော်​နဲ့တ​​မှော်​ အ​သွေးအ​ပွေးဘယ်​တူပါ့မလဲ။ လူတ​ယောက်​ကိုရုပ်​ရည်​ကြည့်​ပြီး၊ ​လေသံဖမ်းပြီး ဘယ်​အရပ်​​ဒေသကလာတယ်​ဆိုတာ မှန်း ကြည့်​လို့ရသလိုပဲ ​ကျောက်​​တွေကလည်း အ​ပေါ်ခွံကိုကြည့်​ပြီး ဘယ်​​မှော်​က​ကျောက်​ဆိုတာ မှန်းလို့ရပါတယ်​။

လူ​တွေမှာခြွင်းချက်​ရှိသလိုပဲ ​ကျောက်​​တွေမှာလည်း ခြွင်းချက်​ရှိတယ်​၊ ဟုတ်​တယ်​အစ်​ကို။ အခု ကျွန်​​တော်​နဲ့အစ်​ကိုသွား​နေတဲ့​မှော်​က ကျောက်​မျိုးစုံတယ်​။ အသားဆန်းဆိုတာရှိ​သေးတယ်​အစ်​ကို။ စိမ်းမှ ကျောက်​စိမ်းမဟုတ်​ဘူး။ ​ရေခဲသား​တွေ၊ ခရမ်း​ရောင်​​တွေရှိ​သေးတယ်​။ ​ပေါလိသားဆိုတာလည်း ရှိတယ်​အစ်​ကို။ ပြ​ပေးချင်​တာ​ပေါ့အစ်​ကို။ အရင်​တုန်းကလိုဆိုရင်​​တော့ ​ပွဲတိုက်​တဲ့ဆီ​ခေါ်ပြလိုက်​ရင်​ လွယ်​လွန်း လို့။ ဦး​လေးက အခုထိ ဖားကန့်​မှာ ရှိပါတယ်​။ ကျွန်​​တော်​ဘယ်​သွားရဲပါ့မလဲ။ သူငယ်​ချင်းနှစ်​​ယောက်​ကလည်း သူ့ဘဝနဲ့သူ​ပေါ့။ လူဆိုတာ ကိုယ်​လုပ်​ခဲ့တဲ့အတိုင်း ပြန်​ခံစားရတယ်​ဆိုတာ အမှန်​ပဲ​နေမှာ။

အ​မေ့ဆီကျွန်​​တော်​ပြန်​သွား​သေးတယ်​။ ​ဆေးသွားဖြတ်​တာ။
ရွာကဆရာ​တော်​ဆီမှာထားပြီးဖြတ်​​ပေးတယ်​။ ဆရာ​တော်​က ​ကောင်းရှာပါတယ်​။
ဆေးမှူးနဲ့​ဆေးထိုး​ပေးတယ်​။ အား​ဆေး​တွေလည်း သွင်း​ပေးတယ်​။ အိပ်​​ဆေး​တွေလည်း ​သောက်​ရတယ်​အစ်​ကို။
နေ​ကောင်းလာ​တော့ ​နေ့ဆို​ကျောင်း​ဝေယျာဝစ္စလုပ်​ရတယ်​။ တရားလည်း ထိုင်​ခိုင်းတယ်​အစ်​ကို။ ဆရာ​တော်​စိတ်​​ကျေနပ်​​အောင်
နေရတာပါ၊ ကျွန်​​တော့်​စိတ်​က မငြိမ်​ပါဘူး။
ဆွမ်းစား​ဆောင်​အသစ်​​ဆောက်​​နေ​တော့ ကျွန်​​တော်​ဝင်​ကူ​နေလိုက်​ပါတယ်​။ သုံးလ​လောက်​ကြာတယ်အစ်​ကို။ ​ အဲဒီအချိန်​မှာ အ​မေက သီလရှင်​ဝတ်​သွားတယ်​။ ရွာကအိမ်​​နဲ့ဝိုင်းကို ကျွန်​​တော့်​အတွက် ပေးခဲ့တယ်​။ ​နေ​ကောင်းလာ​တော့ ကျွန်​​တော်​အိမ်​ပြန်​​နေတယ်​အစ်​ကို။ လယ်​အလုပ်​လည်း ကျွန်​​တော်​မလုပ်​တတ်​​တော့ ရွာမှာ​ယောင်​ချာချာဖြစ်​​နေတာ​ပေါ့။ ​မှော်​ထဲပဲ ပြန်​တက်​ဖြစ်​တယ်​အစ်​ကို။ အိမ်​နဲ့ဝိုင်းကို
ရောင်းပစ်​လိုက်​တယ်​။ ​ကျောက်​အ​ကြောင်းပဲ ကျွန်​​တော်​ကသိတာ​လေ။
ကျွန်​​တော့်​စိတ်​ကလည်း ​ဆေးကိုမပြတ်​ပါဘူး။ အခု အစ်​ကိုမြင်​တဲ့အတိုင်းပါပဲ။

အ​ပေါ်​ရောက်​ရင်​ အစ်​ကို​တွေ့လိမ့်​မယ်​။ ​မြေစာ​တွေ သွန်​​နေ​ပေမဲ့​ကျောက်​​မျိုးမပါ​သေးဘူး။ ​ခေါင်း​ပေါင်​ကျင်းတယ်​လို့​ခေါ်တာ​ပေါ့အစ်​ကို။ အဲတာ​ကြောင့်​ ကျွန်​​တော့်​ကို ဘူတာမှာ​တွေ့ရတာ။ ခိုင်းတဲ့အလုပ်​ လုပ်​​တာပဲအစ်​ကို။ သံလမ်းဗိုလ်​က သံလမ်း​ကျောက်​ထည့်​ဖို့​ခေါ်ရင်​လည်း လိုက်​လုပ်​တယ်​။ 

ဘာမှမရှိလည်း ​ရေသန့်​ဘူးအခွံ​တွေ၊ ဂျပ်​စက္ကူ​တွေ
လိုက်​​ကောက်​​ရောင်းတယ်​အစ်​ကို။ ငါးရာ​လောက်​ရရင်​ ​ဆေးသုံးလို့ရပါတယ်​။ ငါး​ထောင်​ရှိလည်းကုန်​တာပဲ။ ငါး​သောင်းရှိလည်း ကုန်​တာပဲအစ်​ကို။ အဲဒီအချိန်​မှာ ဘာမှမစဉ်းစား​နေပါဘူး။ ​နောက်​ရက်​အတွက်​လား။ ​နောက်​ရက်​ဆိုတာ မ​သေချာတဲ့ကိစ္စမို့ မစဉ်းစားပါဘူး။ ဖြစ်​သွားတာပါပဲအစ်​ကို။ တစ်ကျပ်​မှမရှိ​တော့လည်း ငရဲခံ​နေလိုက်​တာ​ပေါ့အစ်​ကို။ ခဏခဏကြုံဖူးပါပြီ။ ​ဆေးက ​မှော်​ထဲနဲ့​အောက်​နဲ့ ​ဈေး ကွာတယ်​အစ်​ကို။ အ​ပေါ်မှာ တစ်​​ထောင်​ဖိုးက အောက်မှာ သုံး​ထောင်​ဖိုးလောက်​ ရှိတယ်​ဗျ။

ရှေ့နားကျရင်​ ဝါး​လှေကားက​လေး​တွေ့လိမ့်​မယ်​။ အဲတာမြင်​ရင်​ ခဏရပ်​​ပေးပါ။ ကျွန်​​တော်​​ချောက်​ထဲဆင်းအုံးမယ်​။ အတက်​အတွက်​ တစ်​​ထောင်​​ပေးအုံးအစ်​ကို။ ခဏ​တော့ ​စောင့်​​ပေးပါ။ ရာသီဥတုက ​အေးလွန်း​တော့ အ​ကြောရှာဖို့ခက်​တယ်​။
မိုး​ရေဆိုတာကို တခါမှမသုံးဖူးပါဘူးအစ်​ကို။ သွေးကိုအရင်​စုပ်​လိုက်​တယ်​။
ကျွန်​​တော့်​​သွေးနဲ့ကျွန်​​တော်​ပြန်​​ဖျော်​ပြီး ထိုးလိုက်​တာပါပဲ။ ကျွန်​​တော့်​​သွေးက သန့်​​သေးတယ်​အစ်​ကို။

ကျော်​​ကျော်​(မြရည်​စမ်း)
၈/၁/၂၀၁၉

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, စာပဒေသာ, မြန်မာပြည်တွင်း

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)