ဝါကျဖြူ – မျက်လှည့် သေတ္တာ

January 14, 2019

KT#
မျက်လှည့် သေတ္တာ
ဝါကျဖြူ 
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၁၉

သတင်းစာတွေထဲကို စကားလုံးတွေဖိသိပ်ထိုးထည့်ပစ်လိုက်ကြတဲ့အခါ
မင်ဘူးအမည်းတွေထဲမှာ တိမ်ညိုဆိုင်းနေတဲ့
မိုးဥတုတွေက ကြပ်ခိုတွေအဖြစ် အဆက်
မပြတ်ရွာနေတော့တာပါပဲ ။

ဘယ်သူမှလည်း ဂရုမပြုမိကြဘူးထင်ပါရဲ့ ။

ဂရုပြုမိခဲ့ရင်တောင်အမှုမဲ့အမှတ်မဲ့
မျက်ဝန်းပေါ်ကျော်ဖြတ်လိုက်မိတဲ့ ရိုးတိုးရိပ်တိတ် အိပ်မက်အမျှင်စလေးလိုများလား ။

လမ်းမပေါ်မှာ မနေ့ထဲက ကျကျန်နေရစ်ခဲ့တဲ့ ခန္ဓာကိုယ်အပြတ်စတွေက
ရှင်သန်ပြီးကျန်နေရစ်ခဲ့တာ ။

ပုံနှိပ်စက်ရဲ့လေပေါင်ချိန်နဲ့ ချိန်းသွားတွေကို
ပိုသွက်ချင်ယောင်ဆောင်နေကြတယ် ။

ငါစာလုံးပေါင်းကြည့်လိုက်တိုင်းမှာလည်း
စကားလုံးအခွံတွေဟာ
စပါးခွံအဟောင်းတွေလိုဖြစ် ဖြစ်နေကြပြန်တယ် ။

ဘယ်လိုလုပ်ရမလဲ။

ငါကိုယ်ကိုစွန်းထွက်လာတဲ့မင်တွေကလည်း 
အရင်ရက်စွဲဟောင်းနံ့တွေနဲ့ကမ္ဘာတခု။
ငါကိုယ်ထည်ကြီးရော…။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, စာပဒေသာ, မြန်မာပြည်တွင်း

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)