ဖိုးနီ – ဗိုလ်ကျော်ဇော အလွမ်းပြေ

January 17, 2019

ဗိုလ်ကျော်ဇော နှစ် ၁၀၀ ပြည့် အကြို တင်ဆက်မှု

– ဗိုလ်ကျော်ဇော အလွမ်းပြေ

(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၉

ချစ်ရဲဘော်ရေ
အလွမ်းတွေ ထားရစ်ခဲ့ပေါ့
ဒီမှာတော့ တသသ ကျန်ရစ်ပြီ။

ရပ်တည်မှု ရှင်းတယ် ပြတ်တယ်
ပြည်သူတွေကို ရင်ဘတ်နဲ့ချစ်တဲ့
သင်ဟာ
မြေကမ္ဘာကို မြဲမြဲဆုပ်ကိုင်
မှတ်တိုင်တခု စိုက်ခဲ့ပြီ။

အဘိဓမ္မာကိုရှာ
ဝိဇ္ဇာပညာတောင်တက်ခရီးမှာ
မျက်နှာမူရာ မမှားခဲ့ဘူး။

သတ္တိစွန့်လွှတ်မှု
ပတ္တမြားရည်လို စုဖွဲ့သိပ်သည်း
သမိုင်းမြစ်တစင်း
စီးဆင်းခဲ့ပြီ။

ပြည်သူတွေရဲ့ဒုက္ခ
ဝေမျှခံစား သင့်နှလုံးသားမှ
သောက စိတ်ချလက်ချသာ ချန်ထားခဲ့ပါ။

သင့်အရိုးပြာ
ဝသုန်မြေရဲ့ တနေရာ
ဘယ်နေရာမှာရှိရှိ
ပြည်သူတွေရဲ့ နှလုံးအိမ်
အနက်ရှိုင်းဆုံးနေရာ သင်ရှိနေမှာ
အသေအချာ ဖြစ်တယ်။

ချစ်ရဲဘော်ရေ …
တသက်တာဘဝ
ဒါနကုသိုလ် ပြုလိုက်ရပြီပဲ
ကျေနပ်ပါတော့ … ။ ။

(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောသို့ နောက်ဆုံးဂါရဝ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)