ဇင်မင်းလျှံ ● ညွှတ်နေတဲ့အလွမ်း
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၁၉
ချီမိုးထားတဲ့လက်အုပ်ကို မခွာချင်မိဘူး
တောငွေ့တောင်ငွေ့ကလေးတွေ
အခုထိ တလူလူပဲ
မြစ်ပြင်ကနေ ချောင်းကလေးထဲကွေ့ဝင်ပစ်လိုက်ဖို့
ရေပြင်ကျယ်ကြီးကိုပဲ ငေးနေမိတော့တယ်
ရွာခြေမှာ ဆိုက်ရောက်နိုင်မယ့်စိတ်ကူးတွေနဲ့
ရှင်နေမင်းကြီးလင်းဖြာလို့
နံနက်ခင်းဟာ
ဘယ်သူ့ကို ဦးညွှတ်ပြီး ပွင့်ရမလဲ မမေးရလောက်အောင်
မြစ်ပေါ်မှာ ပန်းတွေကိုတင်လှော်ကြရင်း
အလှဆုံးပဲ
ကိုင်းပွင့်ကလေးတွေ
မြစ်ပေါ်ကိုင်းနေကြတယ်
အလွမ်းတွေ ညွှတ်နေအောင်ပဲ
ကမ်းခြေရွာကလေးတွေကို ပြိုပြိုနေမိတယ်။
ဇင်မင်းလျှံ
Recent Comments