ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – နိုင်ငံရေးဝေါဟာရများကို ပြန်လည်သုံးသပ်ခြင်း

February 3, 2019


ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – နိုင်ငံရေးဝေါဟာရများကို ပြန်လည်သုံးသပ်ခြင်း

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၄

(မိုးမခ)  ဖေဖော်ဝါရီ ၃၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသော HOW DEMOCRACEIES DIE ကို ဘာသာပြန်ရာတွင် ရှေ့တွင်ဖော်ပြခဲ့သော နိုင်ငံရေးဝေါဟာရများကို ပြန်လည်၍သုံးသပ်ခြင်း

Gatekeeping – တိုက်ရိုက်ဘာသာပြန်လျှင် –
gate (N) = တံခါးဂိတ်
keeping (N) = ခေါင်းယိမ်းခြင်းဂိမ်းစောင့်ခြင်းဟုအဓိပ္ပာယ်ရသည်။ ဆောင်းပါးအမှတ်(၉) နိုင်ငံရေးဝေါဟာရအဖြစ် အဓိပ္ပာယ်ဖော်လျှင်၊ ဒီမိုကရေစီမကျဆုံးအောင် ထိမ်းသိမ်းခြင်းဟုဆိုလိုသည်။

Gatekeeper – ဂိတ်စောင့်သောသူ၊ (တိုက်ရိုက်အဓိပ္ပာယ်) နိုင်ငံရေးဝေါဟာရအဖြစ်သုံးလျှင် ဒီမိုကရေစီ မကျဆုံးအောင် ထိမ်းသိမ်းသူ၊ စောင့်ရှောက်သူဟုဆိုလိုသည်။ invisible primary – တိုက်ရိုက် အဓိပ္ပာယ်မှာ မမြင်ရသော invisible အရင်းခံအကြောင်း၊ (primary) ဖြစ်သည်။

နိုင်ငံရေးသဘောတရားအရ၊ အကြိုရွေးကောက်ပွဲ (သို့မဟုတ်) ၎င်း၏ရလဒ်ကို ဆိုလိုသည်။ ဤစာအုပ် ထဲတွင် – ပါတီခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် ဂိတ်စောင့်သူများ၏ အာဏာလက်လွတ် ဆုံးရှုံးခြင်းဟု ဆိုလိုသည်။

Gatekeeping gatekeeper, invisible primary ဟူသော ဝေါဟာရများကို ဆောင်းပါးအမှတ် (၉) ဒီမိုကရေစီဆုံးရှုံးတော့မည် သတိပေးလက္ခဏာများတွင် အသေးစိတ်ရှင်းထားပါသည်။ ဒီမိုကရေစီ တည်တံ့ရေး အတွက် စံနှုန်း (norm) နှစ်ခုဖြစ်သော သည်းခံခြင်း (TOLERANCE) နှင့် စိတ်ရှည်ခြင်း (FORBEARANCE) ဟူသော ဝေါဟာရနှစ်ခုကို ယခုပြောပါမည်။

ဆောင်းပါး(၁၄) TOLERANCE (သည်းခံခြင်း)

ဤစကားလုံးကို နိုင်ငံရေးအရ အဓိပ္ပါယ်ဖော်မည်ဆိုလျှင်၊ ဆန့်ကျင်ဘက် (ပြိုင်ဘက်) ဖြစ် သော ပါတီထဲရှိ နိုင်ငံရေးသမားများသည် တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်များဖြစ်ကြသော်လည်း ရန်သူများဟု သဘောမထားခြင်းကို ဆိုလိုသည်။ အကယ်၍ နိုင်ငံရေးသမားများအချင်း၊ ပါတီအချင်း သည်းခံခြင်း ကင်းမဲ့လျှင် ဒီမိုကရေစီတည်မြဲရန်မဖြစ်နိုင်ပါ။ ဤနေရာတွင် အာဏာရပါတီကို ဆန့်ကျင်ခြင်းသည် သစ္စာ ဖောက်ခြင်းမဟုတ်၊ ဒီမိုကရေစီအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဟုသော အတွေးအခေါ်ကို လက်ခံလာ အောင် ကြိုးပမ်းရသည်။ ဤအကြောင်းကို ဆောင်းပါးနံပါတ် (၁၄) – ဒီမိုကရေစီအတွက် အရေးပါသော စံနှုန်းနှစ်ခုတွင် ရေးသားဖော်ပြထားသည်။

FORBEARANCE (စိတ်ရှည်ခြင်း) (စိတ်ရှည်နိုင်ခြင်း)

စိတ်ရှည်နိုင်ခြင်းဟူသော ဝေါဟာရကို နိုင်ငံရေးဝေါဟာရအနေဖြင့် အဓိပ္ပါယ်ဖော်လျှင် ဤသို့ဖြစ် သည် –

တရားဥပဒေအရ ကိုယ့်တွင်လုပ်ပိုင်ခွင့်ရှိတိုင်းမလုပ်ဘဲ ထိန်းသိမ်းနိုင်ခြင်းကိုဆိုလိုသည်။ တစ်နည်း အားဖြင့်ဆိုရသော်၊ အတိအကျရေးသား၍မထားသော်လည်း လိပ်ပြာမသန့်နိုင်သောအရာများကို မလုပ်ခြင်း ကိုဆိုလိုသည်။ ဒီမိုကရေစီစံနစ်ကို ကျင့်သုံးနေသောအခါမျိုးတွင် အများနှင့်ဆိုင်သော အဖွဲ့အစည်းများ အပေါ် စိတ်ရှည်နိုင်ခြင်းကိုဆိုလိုသည်။

ဤအကြောင်းကိုလည်း ဆောင်းပါးနံပါတ်(၁၄)တွင် ဖော်ပြထားသည်။

POLARIZATION – အုပ်စုကွဲခြင်း

အုပ်စုကွဲခြင်းဟူသော အဓိပ္ပါယ်သည် သူ့နေရာနှင့်သူ ရှင်းပါသည်။ နိုင်ငံရေးအရ အဓိပ္ပါယ် သတ်မှတ်ရာတွင် အယူအဆနှစ်မျိုးရှိသည်ကိုတွေ့ရသည်။ တစ်မျိုးမှာ၊ အုပ်စုကွဲခြင်းသည် ဒီမိုကရေစီစံနှုန်း များကို ဖျက်စီးနိုင်သူဟူ၍ဖြစ်သည်။ နောက်အယူအဆတစ်မျိုးမှာ၊ ဒီမိုကရေစီရှင်သန်ရေးအတွက် လိုအပ် သောအရာဖြစ်သည်။ အုပ်စုကွဲခြင်းသာမရှိခဲ့လျှင် ဒီမိုကရေစီလည်းမရှိနိုင်ပါ။ ၄င်းနှင့်ပတ်သက်၍ ဆောင်းပါး နံပါတ်(၁၆)၊ အုပ်စုကွဲခြင်းနှင့် ရေးသားမထားသော စည်းမျဉ်းများတွင်၊ ဖော်ပြထားသည်။ ဆောင်းပါးနံပါတ် (၁၇) တွင်လည်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် အုပ်စုကွဲခြင်းတို့အကြောင်းကိုထပ်မံ၍ ရှင်းထားပါသည်။

DEMOCRATIC (adjective) ဒီမိုကရက်တစ်ဟူသော နာမဝိသေသနကိုသုံးခြင်းနှင့်ပတ်သက်၍ ဆောင်းပါး နံပါတ် (၂၀)၊ တွင် ဤသို့ဆိုထားသည်။ ဒီမိုကရက်တစ်ဟူသော နာမဝိသေသနသည် ဒီမိုကရေစီမှ ဆင်းသက်လာသော်ည်း၊ ကွန်မြူနစ်နှင့် ဆိုရှယ်လစ်နိုင်ငံများကြောင့် ဤနာမဝိသေသနသည် နာမည်ပျက် သွားလေသည်။ ဤဆောင်းပါးကို ဘာသာပြန်သူ၏ ဖခင် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့က ဆိုကြ သည်မှာ – “သူတို့ရှေ့က ဒီမိုကရက်တစ်ဆိုတဲ့ နာမဝိသေသနပါလာရင် အဲဒီနိုင်ငံ၊ အဲဒီပါတီဟာ အာဏာရှင် စံနစ်ကိုကျင့်သုံးတဲ့နိုင်ငံ၊ ပါတီဖြစ်ရပ်မည်လို့သာ မှတ်ထားလိုက်။ ဥပမာ- ဒီမိုကရက်တစ် အီကွာဒါနိုင်ငံ (Democratic Republic of Ecuador) ဒီမိုကရက်တစ်ဒပါရာဂွေးနိုင်ငံ (Democratic Republic of Paraguay) တွေဟာ အာဏာရှင်နိုင်ငံတွေဘဲ။

အမေရိကန်နိုင်ငံတွင် ဒီမိုကရက်ပါတီသည် အမည်ကြောင့် အာဏာရှင်ပါတီဟူ၍ အမည်ပျက်သွား သည်။

Communism: – ကွန်မြူနစ်ဝါဒ၊ (ဆောင်းပါးနံပါတ် (၂၀))
ဤဝါဒကို အဓိပ္ပါယ်သတ်မှတ်ချက်အနေဖြင့်၊ အားလုံးလွယ်လွယ်ကူကူနားလည်သောစကားဖြင့် ရှင်းရလျှင် – ထိုဝါဒသည် လူများအား လွတ်လပ်စွာပြောဆိုခွင့်၊ ထုတ်ဖော်ရေးသားခွင့်၊ စည်းရုံးခွင့်တို့ကို ပိတ်ပင်ထားသောဝါဒဖြစ်သည်။

ဤကွန်မြူနစ်ဝါဒကို ဤကဲ့သို့အဓိပ္ပါယ်သတ်မှတ်ပြီးလျှင် ဒီမိုကရေစီ (Democracy) ဝါဒကို ဤသို့ သတ်မှတ်နိုင်သည်။

Democracy: ဒီမိုကရေစီဝါဒ (ဆောင်းပါးနံပါတ် (၂၀))
၎င်းကို ကွန်မြူနစ်ဝါဒ၏ ဆန့်ကျင်ဘက်ဟု သတ်မှတ်နိုင်သည်။

MACCARTHISM – မက်ကာသီယစ်စင်ဝါဒ

လူအမည် McCarthy (မက်ကာသီ) မှဆင်းသက်လာသောဝါဒဖြစ်သည်။ ဖြစ်လာပုံမှာ – 1946 မှ 1954 အတွင်းတွင် ရုရှားနိုင်ငံသည် ကွန်မြူနစ်ဝါဒကိုကျင့်သုံးပြီး၊ နယူကလီယာ (nuclear power) အင်အားကြီးနိုင်ငံဖြစ်လာသည်။ ထိုအခါ အမေရိကန်တွင်လည်း ကွန်မြူနစ်ဝါဒကြီးစိုးမှာကို စိုးရိမ်လာကြ သည်။ ထို စိုးရိမ်ထိတ်လန့်မှုကိုအသုံးပြု၍ နိုင်ငံရေးအဖြစ် ထုတ်လိုသောသူများတွင် အထင်ရှားဆုံးမှာ ရိပတ်ဘလိကန် (Republican) အမတ် ဂျိုးဇက်မက်ကာသီ (Joseph McCarthy) ဖြစ်သည်။ ထို့ကြောင့် ကွန်မြူနစ်ဝါဒကို ဆန့်ကျင်သောဝါဒကို မက်ကာသီယစ်စင်ဝါဒဟူ၍ပင် ခေါ်တွင်လေသည်။ ထိုအကြောင်း ကို ဆောင်းပါးနံပါတ် (၂၁) တွင် ဒီမိုကရေစီအဆောက်အအုံများအပေါ် စိန်ခေါ်မှုများ- ဟူ၍ ရေးသားဖော်ပြ ထားသည်။

NORM – စံ
တစ်ခုခုအတွက် စံထားရသောအရာများကို NORM ဟု ခေါ်သည်။ ဥပမာ – TOLERANCE နှင့် FORBEARANCE တို့သည် ဒီမိုကရေစီရှိရန်အတွက် စံထားရသောအရာများဖြစ်သည်။

NORM-BREAKING – စံများကိုချိုးဖောက်ခြင်း

ဒီမိုကရေစီ၏စံများကို ချိုးဖောက်ခြင်းကိုခေါ်သည်။

ဆောင်းပါးနံပါတ် (၂၁) (၂၂) (၂၃) တို့တွင်ကြည့်နိုင်သည်။

FILIBUSTER – လွှတ်တော်တွင် စကားကိုမပြီးအောင်ကြာရှည်ဆွဲ၍ပြောခြင်း

လွှတ်တော်တွင် စကားကို မပြီးအောင်ကြာရှည်ဆွဲ၍ပြောခြင်းဟူသော အလုပ်ကို ဒီမိုကရေစီစံနစ် တွင် မည်သူမဆိုလုပ်နိုင်သော၊ လုပ်ခွင့်ရှိသောအလုပ်ဟူ၍ မြင်နိုင်ပါသည်။ သို့သော် ထိုအခွင့်အရေးကို အပြည့်အဝသုံးခြင်းဖြင့်၊ တရားဥပဒေနှင့်အခြားကိစ္စများတွင် နှောင့်နှေးစေနိုင်သည်။ ထို့ကြောင့် ထိုအလုပ် တမင်အရာအရာကို ကြံ့ကြာအောင်လုပ်ခြင်းသည်လုပ်သင့်သောအလုပ်မဟုတ်ပါ။ ထိုအလုပ်ကို မလုပ်သင့် သောအလုပ်မဟုတ်သောကြောင့် သမ္မတတွင် တားပိုင်ခွင့်ရှိပါသည်။ သမ္မတတွင် တားပိုင်ခွင့်ရှိတိုင်းလုပ် လျှင်လည်း၊ သမ္မတသည် ဒီမိုကရေစီအခွင့်အလမ်းကို ပိတ်ပင်ရာရောက်သည်။ (ဆောင်းပါးနံပါတ် (၂၄) တွင် ကြည့်နိုင်သည်။)

အမေရိကန်နိုင်ငံရေးသမိုင်းသည် သမ္မတအိုဘားမားကို ဆန့်ကျင်သော ရိပတ်ဘလိကန်ပါတီဝင် များသည် FILIBUSTER အလုပ်ကိုလုပ်ရာတွင် တော်တော်နာမည်ကြီးသည်။ နောက်တစ်ဖက်ဖြစ်သော သမ္မတအိုဘားမား (ဒီမိုကရက်ပါတီ) သည် FILIBUSTER အလုပ်ကို တားမြစ်သည့်အတွက် ဒီမိုကရေစီ စံနှုန်းတစ်ခုကို ချိုးဖောက်ရာရောက်သည်။ ယခုပြောခဲ့သော နိုင်ငံရေးဝေါဟာရများကို ပြန်လည်၍ သုံးသပ်သော်

gatekeeper – ဂိတ်စောင့်သောသူ (နံပါတ် (၉))

gatekeeping – ဂိတ်စောင့်ခြင်း (နံပါတ် (၉))

forbearance – စိတ်ရှည်နိုင်ခြင်း (နံပါတ် (၁၄))

tolerance – သည်းခံခြင်း (နံပါတ် (၁၄))

polarization – အုပ်စုကွဲခြင်း (နံပါတ် (၁၆))

democratic – ဒီမိုကရက်တစ် (နံပါတ် (၁၉ ))

communism – ကွန်မြူနစ်ဝါဒ (နံပါတ် (၂၀))

democracy – ဒီမိုကရေစီ (နံပါတ် (၂၀))

McCarthism – မက်ဂါသီယစ်စင် (နံပါတ် (၂၀))

norm – စံ (နံပါတ် (၂၁), (၂၂), (၂၃))

norm-breaking – ဒီမိုကရေစီစံများကိုချိုးဖောက်ခြင်း (နံပါတ် (၂၁), (၂၂), (၂၃))

filibuster – လွှတ်တော်တွင်စကားကိုမပြီးအောင်ကြာရှည်ဆွဲ၍ပြောခြင်း (နံပါတ် (၂၃))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, အခန်းဆက်များ, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)