Than Win Hlaing – Articles

September 15, 2013

အမဲလိုက် သိမ်းစွန်ရဲများ

သန်းဝင်းလှိုင်
စက်တင်ဘာ ၁၅၊ ၂၀၁၃
လူတို့ သွန်သင် လေ့ကျင့်ထားသည့် သိမ်းစွန်ရဲများဖြင့် အမဲလိုက်ခြင်း (ဝါ)သိမ်းတိုက်ခြင်း (Falconry) ကို အာရှတိုက်၌ ခရစ်တော်မပေါ်မီ ဘီစီ ၁၂ဝဝခန့်ကစ၍ ပြုလုပ်ခဲ့ကြသည်။ ယင်းအတက်ပညာသည် အလယ်ခေတ်က ဥရောပတိုက်တွင် အလွန် ခေတ်စားခဲ့သော ဓလေ့တစ်ရပ်ဖြစ်သည်။ ယခုအခါတွင် အာရပ်နိုင်ငံများနှင့် ဥရောပတိုက်၊ အာရှတိုက်ရှိ အချို့နိုင်ငံများတွင်ပြန်လည်ခေတ်စား လူကြိုက် များခဲ့သော အမဲလိုက်နည်းတစ်ခု ဖြစ်ခဲ့လေသည်။
● သမိုင်းနောက်ခံ
သိမ်းငှက်၊စွန်ရဲတို့ဖြင့်အမဲလိုက်သည်ကိုသိမ်းတိုက်ခြင်း ဟူ၍ ခေါ်ဝေါ်ကြလေသည်။သိမ်းတိုက်ခြင်း အတက်ပညာကို လူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝဝ ကျော် ခန့်ကပင် စတင်တက်မြောက်ခဲ့ကြသည်။ ထိုအတက်မှာ အလယ်ခေတ်အခါက ဥရောပ တိုက်တွင် အလွန် ခေတ်စားခဲ့သော အတက်ပညာတစ်ခုဖြစ်ခဲ့ရာ ရိက္ခာအလို့ငှာ ငှက်များ သားကောင်ငယ်များကို အမဲလိုက်ခြင်းထက် အပျော်တမ်းတောလိုက်ခြင်းကဲ့သို့ အားကစားနည်းတစ်ရပ်အဖြစ် ပြုလုပ်ခဲ့ကြလေသည်။ ထိုအတက်မှာ ဥရောပတိုက်မှ စတင်ပေါ်ပေါက် ခဲ့ခြင်းမဟုတ်ပေ။တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အာရေဗျ၊ အီရန်နှင့် ဆီးရီးယား၊အီရတ် စသောတိုင်းပြည် များတွင် ခရစ်တော်မပေါ်မီ နှစ်ပေါင်းရာထောင်မကသည့် အချိန်ကပင် ပေါ်ပေါက်နေပြီဖြစ် ကြောင်း သမိုင်းအထောက်အထားများကို တွေ့ရှိရသည်။
မာကိုပိုလို၏ ခရီးသွားမှတ်တမ်းများတွင် သိမ်းတိုက်ခြင်း အတက်ပညာကို တရုတ်ပြည်၌ ဘီစီ၂ဝဝဝ ခန့်တွင် စတင်ခဲ့ကြောင်း၊ ဟန်မင်းဘက်ခေတ် (ဘီစီ၂ဝ၆-အေဒီ ၂၂ဝ) က ထီးနန်းရှင်ဧကရာဇ်မင်းတို့သည် သိမ်းတိုက်ငှက်များနှင့် တောကစား ထွက်ခဲ့ကြကြောင်း၊ ထိုမှတစ်ဆင့် အေဒီ ၆ရာစုတွင် ဂျပန်နိုင်ငံနှင့် ကိုရီးယား၊တိဘက်နိုင်ငံများသို့ပြန့်နှံ့သွားခဲ့ ကြောင်း၊ ဂျပန်နီုင်ငံတွင် သိမ်းတိုက်ခြင်းကို တာကာဂါရီ (Taka-gari) ဟုခေါ်၍ မှူးကြီး မတ်ရာတို့ကြီးစိုးသောခေတ်တွင် အလွန်ခေတ်စားခဲ့ကြောင်း၊ယင်းနောက် အိန္ဒိယ၊ အာရေဗျ၊ အရှေ့အလယ်ပိုင်းသို့ ပျံနှံကာ ဥရောပတိုက်သို့ ရောက်ရှိသွားခဲ့ကြောင်း မှတ်တမ်း တင်ထားသည်။
ဥရောပတိုက်၌  အေဒီ ၇ဝဝပြည့်နှစ်တွင် ယင်းအတက်ပညာများ ပေါ်ပေါက် နေပြီ ဖြစ်သည်။ အင်္ဂလန်ပြည်တွင်းမှု အေဒီ ၈၆ဝမှ ပေါ်ပေါက်ခဲ့သော်လည်း အခြားတိုင်းပြည် များမှာထက် ပိုမို၍ ခေတ်စားလူကြိုက်များခဲ့သော နည်းပညာရပ် ဖြစ်ခဲ့လေသည်။ အမေရိကန်ပြည်ထောင်စု၌မူ သိမ်းတိုက်ခြင်းမှာ တင်းကြပ်သောဥပဒေ ပညတ်ချက်များကြောင့် အခြားတိုင်းပြည်များလောက် ထွန်းကားတွင်ကျယ်ခဲ့ခြင်းမရှိချေ။ထိုသိမ်းတိုက်ခြင်းအတက်ပညာသည် လူနှင့်ငှက်တို့ပူးပေါင်း ဆောင်ရွက်ခြင်း များစွာလို၍ သိမ်းစွန်ရဲတို့ကို လေ့ကျင့် ပေးရာ၌လည်း များစွာ ဇွဲကောင်းခြင်း၊ စိတ်ရှည်ခြင်းတို့ လိုအပ်လာသဖြင့် တော်ရုံပုဂ္ဂိုလ်တို့က မစွမ်းဆောင်နိုင်ကြပေ။ အလွန်ရှေးကြသော တောလိုက်ကစားနည်းတစ်မျိုးဖြစ်သည့် သိမ်းတိုက်ခြင်းပညာသည် အထူးသဖြင့် အလယ်ခေတ်က ဥရောပတိုက်၌ ဘုရင်၊ မင်းညီမင်းသား၊ မှူးကြီးမတ်ရာများသာမက ဘုန်းတော်ကြီးအပါအဝင်လူတန်းစားအလွှာအသီးသီးကြား၌အထူးရေပန်းစားခဲ့၏။ ယင်းတို့ခေတ်စားလာခဲ့သဖြင့် သိမ်းတိုက်ငှက်နှင့် သိမ်း တိုက်ငှက်မျိုးနွယ်ဝင် သိမ်းစွန်ရဲငှက် တို့၏ တန်ဖိုးမှာလည်း မြင့်တက်လာခဲ့ပေသည်။တစ်ဆက်ထဲမှာပင် သိမ်းစွန်ရဲတို့နှင့် ပတ်သက်၍ ပြန်ပေးဆွဲမှုများ၊ ဈေးကြီးပေး၍ ငှားရမ်းမှုများရှိလာခဲ့သည်။ အက်သိုးမြို့စားကြီး Duke of Athol ဆိုလျှင် နန်းတက်စ ဘုရင်မင်းမြတ်အား အစဉ်အလာအတိုင်း ဆက်သရန် အလို့ငှာ ဂိုင်ရာဖာကွန် Gyr falcon ခေါ်လေ့ကျင့်ထားသော ဂိုင်ရာသိမ်းငှက်ခေါင်းဖြူ တစ်စုံ ရရှိရေးအတွက် မင်းကျွန်း Islandof Man ကိုပင် နှစ်လုံးပေါက် ငှားရမ်းခဲ့သည်ဟုဆိုသည်။
သိမ်းတိုက်ငှက်များမှာ လှောင်ထားရန်နေရာကို အင်္ဂလိပ်ဘာသာဖြင့် မျူးစ်(Mews) ဟုခေါ်သည်။ ယင်းဝေါဟာရသည် ပြင်သစ်ဘာသာစကား Muer မှဆင်းသက် လာပြီး ငှက်လှောင်အိမ်ဟု အဓိပ္ပါယ်ရသည်။ အင်္ဂလန်ပြည်သူ ရှစ်ရာစုအလယ်ပိုင်းက သိမ်းငှက် လှောင်အိမ်များကို ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်ခဲ့ကြသည်။ အင်္ဂလန်မြို့ရှိ ပထမမြောက် ဂျိမ်းဘုရင် လက်ထက်က ဆောက်လုပ်ခဲ့သော တော်ဝင်ငှက်လှောင်အိမ်ကြီးမှာ ယခုအမျိုးသားခမ်းမကြီး တည်ရှိရာ နေရာပင် ဖြစ်သည်။ အဆိုပါ ငှက်လှောင်အိမ်ကြီးမှာ ထရက်ဝေါ်ဂျာ ရင်ပြင်မှာ ဝှိုက်ဟောအရပ်အထိ ကျယ်ပြန့်ခဲ့ပေသည်။
အလယ်ခေတ်စစ်ပွဲများ၍မူသိမ်းတိုက်ခြင်းမှာတိုက်ပွဲများအကြားတွင်အပန်းဖြေ ကစားနည်းတစ်ခု ဖြစ်ခဲ့သည်။ဟာရိုးဘုရင်နှင့်အောင်နိုင်သူဝီလျံဘုရင်တို့မှာ၎င်းတို့ စစ်ပွဲ ဆင်နွှဲရာ စစ်မြေပြင်သို့ သိမ်းတိုက်ငှက်များ ခေါ်ဆောင်ကာသိမ်းတိုက်ခဲံကြသည်။ တတိယမြောက်အက်ဒဝပ်ဘုရင် ဆိုလျှင် ပြင်သစ်တို့စစ်ချီခဲ့စဉ်က သူနှင့်အတူ သိမ်းတိုက်ငှက်ပေါင်း ၃ဝ ကျော်ကို ယူဆောင်သွားခဲ့ပြီးစစ်နားချိန်၌နေ့စဉ်လိုပင်သိမ်းတိုက်ခဲ့သည်ဟုဆိုသည်။ တိတ်ဆိတ်၍နေလေ့ရှိသည်။ သိမ်းငှက်သည် များသောအားဖြင့် တောတောင်များ ထဲတွင် နေထိုင်လေ့ရှိကြသည်။
ဆောင်းဦးပိုင်းရာသီရောက်သည့်အခါများတွင်အရပ်တကာတို့ရွှေ့ပြောင်း၍ ကျက်စားတက်ကြ လေသည်။ထို့အပြင်သိမ်းငှက်များသည် အလွန်တရာလျင်မြန်ဖြတ်လတ်ပြီးမျက်စိလည်းလျင်သည်။ သားကောင်ကိုအဝေးမှပင်ကောင်းစွာ မြင်နိုင်စွမ်းရှိသည်။ ဂဏာလည်းမငြိမ် တက်ပေ။ အလွန်တရာလှုပ်လှုပ်ရွရွနေတက်သောငှက်မျိုးဖြစ်သည်။သိမ်းတိုက်ရန်အတွက်အများဆုံး အသုံး ပြုသော သိမ်းငှက်များမှာ ဘာဘရီငှက်ဖြစ်သည်။အာရတ်စော်များသည် သိမ်းတိုက်ပညာ ကျွမ်းကျင်သူများကို သူ့အနားတွင် ခစားစေပြီး မျက်နှာသာပေးသည်အထိ သိမ်းတိုက်ဝါသနာကြီးခဲ့လေသည်။
● သိမ်းတိုက်ငှက်များ
သိမ်းတိုက်နိုင်သောငှက်အမျိုးပေါင်း (၆၅) မျိုးရှိသည့်အနက် သိမ်းငှက်သည် လူသိများသောငှက်မျိုးဖြစ်သည်။သိမ်းငှက်၏ကိုယ်ထည်မှာအလျား၁၁လက်မမှ၁၅လက်မအထိအရွယ်အစာ အမျိုးမျိုးရှိ တတ်သည်။ သိမ်းမသည် သိမ်းဖိုထက် ကိုယ်လုံးကိုယ်ထည်ပို၍ ဖွံ့ဖြိုးကြီးမား သည်။ သိမ်းငှက်များ သားပေါက်သောရာသီတွင် စူးစူးရှရှ အသိအော်မြည်တက်သော်လည်းအခြား အချိန်များတွင် အသံ သိမ်းငှက်၊ တူနီးရှားသိမ်းငှက်နှင့် အမေရိကန် ဒပ်စ် သိမ်းငှက်၊ ဖရေရီသိမ်းငှက်၊ ဂိုးစ်မော့စ်ခေါ် အပျံသန်သည့် သိမ်းငှက်၊ ကူးပါးသိမ်ငှက်နှင့် ပဲရီဂျနင်းခေါ် နေရာပြောင်းသတ်သည့် အင်္ဂလန်သိမ်းငှက်များဖြစ်ကြသည်။
သို့သော်သိမ်းတိုက်ငှက်များကိုအဓိကအားဖြင့်လေးမျိုးခွဲခြားထားလေသည်၊ပထမအမျိုးအစားသိမ်းသိမ်းတိုက်ငှက်အမျိုးအစားတွင်ပါဝင်သောလင်းယုန်ထိပ်ပြောင်သည် အမေရိကန်ပြည်ထောင်စု ၏အမျိုးသားသင်္ကေတဖြစ်သည်။မက္ကဆီကိုနှင့်အာဂျင်တီးနား၌အတွေ့ရများသည်။ အလွန်ပေါ်လွင်သောအဖြူရောင်နှင့် အနက်ရောင်အမွေးများရှိသည်။စတယ်လာလင်းယုန်နှင့်ခြားနားသည်။
ဤအမျိုးအစားများတွင် အပျံသန်သည့် ဥရောပနှင့် အမေရိကန် သိမ်းငှက်များ၊ အမေရိကန်ကူးပါး သိမ်းငှက်များ ပါဝင်ကြလေသည်။ ဤ သိမ်းငှက်များသည် ပင်ကိုယ်ကပင် အမဲလိုက်ငှက်မျိုးဖြစ်သည်။ တတိယအမျိုးအစား သိမ်းတိုက်ငှက်မှာ အတောင်ကျယ်ပြန့်သော သိမ်းတိုက်ငှက်အမျိုးအစားဖြစ်သည်။ယင်းငှက်မျိုး၌ စွန်ရဲငှက်လည်း ပါဝင်သည်။
● သိမ်းတိုက်ငှက်များကို ဖမ်းယူခြင်း
သိမ်းတိုက်ငှက်များ မြောက်အာဖရိကတိုက်ရှိ  ဈေးများတွင်လည်းကောင်း၊ အရှေ့အာရှဒေသများတွင်လည်းကောင်း ဝယ်ယူရရှိနှိင်လေသည်။ ဆီးရီးယား သဲကန္တာရမှ အာရပ်လူမျိုးများ ယူဆောင်လာသော လေ့ကျင့်ပြီးသား သိမ်းတိုက်ငှက်များကို ဒါမစကတ်မြို့တွင် ရောင်းဝယ် လေ့ရှိကြသည်။ ရောင်းချသူတို့သည် သိမ်းငှက်များကို များသောအားဖြင့် ကိုယ်တိုင်   ဖမ်းယူလေ့ရှိသည်။
အတောင်အလတ်မစုံမီ     သားပေါက်စအရွယ်တွင်  လည်းကောင်း၊   အတောင်အလတ်စုံပြီးအကောင်ကြီးအဖြစ်သို့ ရောက်သည့်အချိန်တွင် လည်းကောင်း ဖမ်းယူလေ့ရှိကြသည်။ သိမ်းငှက်များသည် လူသူနှင့်ဝေးရာ ချောက်ကမ်းပါးစောက်၏ ထိပ်ဖျား၊ မြင့်မားသော တောင်ထိပ်များ သစ်ပင်ကြီးများထက်တွင်  အသိုက်လုပ်၍ နေလေ့ရှိကြသဖြင့်  ဖမ်းယူရန်မလွယ်ကူလှချေ။
အရွယ်ရောက်ပြီး သိမ်းငှက်ကြီးများကို ဖမ်းယူကြပုံမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ သိမ်းငှက်ကြီးများကို မြောက်ကမ္ဘာခြမ်းအရပ်ဒေသများတွင်မူ ဆောင်းဦးပိုင်း၌သာ ဖမ်းယူလေ့ရှိကြသည်။
သိမ်းငှက်များကို ဖမ်းယူပုံ ဖမ်းယူရာတွင် အသုံးပြုသော ကိရိယာများမှာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်းဆိုသကဲ့သို့ပင် တစ်ဦးနှင့်တစ်ဦး တစ်နေရာနှင့်တစ်နေရာ မတူကြချေအီန္ဒိယလွင်ပြင်ဒေသများတွင် ဖမ်းယူနည်းမှာ  ကြိုးချည်ထားသော ငှက်တစ်ကောင်ကို အစာအဖြစ်မျှား၍ ထောင်ဖမ်းသောနည်းဖြစ်သည်။ လူက အကာအကွယ် တစ်ခုနောက်ကွယ်တွင် ပုန်းအောင်းနေပြီး အစာကိုလာရောက် ထိုးသုတ်သော သိမ်းငှက်ကိုခြေထောက်မှဆွဲယူ ဖမ်းသည့်နည်းဖြစ်သည်။ သိမ်းငှက်အကောင်ကြီးများနှင့် အကောင်သေးများကို ထိုနည်းဖြင့် မကြာခဏဖမ်းယူရရှိတတ်ကြသည်။
အချို့သောအရပ်ဒေသများတွင် သိမ်းငှက်များကို ပိုက်ကွန်ဖြင့် ဖမ်းယူလေ့ရှိကြသည်။အမေရိကန်နိုင်ငံတွင် အသုံးပြုသောထောင်ချောက်မှာ သစ်သားပျဉ်ချပ်ကို လေးဘက်လေးတန် ဘောင်ခတ်၍ ပိုက်ကွန်တပ်ဆင်ထားခြင်းဖြစ်သည်။ အစာအဖြစ် တပ်ဆင်ထားသောငှက်ကို တိုင်တွင်ကြိုးဖြင့် ချည်နှောင်ထားသည်။ အစာကိုမြင်သောအခါ သိမ်းငှက်သည် လှိုဏ်ခေါင်းသဖွယ် ပြုလုပ်ထားသော အဝင်ပေါက်မှတစ်ဆင့် သားကောင်ရှိရာသို့ ရောက်လာသည်။ဤနည်းဖြင့် သိမ်းငှက်သည် အပြင်သို့ပြန်မထွက်နိုင်တော့ဘဲ ထောင်ချောက်ထဲတွင်ဖမ်းမိခံရလေသည်။
ဘယ်ဂျီယံနှင့် နယ်သာလန်ရှိ သိမ်းငှက်ဖမ်းသမားများ ရာစုနှင့်ချီ၍ အသုံးပြုလာခဲ့ကြသောအသုံးအများဆုံး ထောင်ချောက်မှာ  လေးကိုင်းထောင်ချောက်များ ဖြစ်သည်။ အချင်းဝက်ချောက်ပေခန့်ရှိသည့် သစ်သားဘောင်များပေါ်တွင် လေးကိုင်းထောင်ချောက်များကို တပ်ဆင်ထားခြင်းပင်ဖြစ်သည်။ နောက်ပိုင်းတွင်မူ စပရင် ကြိုးများတပ်ဆင်ထားသော အလိုအလျောက် မောင်းဖြုတ်ဖမ်းနိုင်သည့် ထောင်ချောက်များပေါ်လာသောအခါ ထိုထောင်ချောက်များကို အများဆုံးအသုံးပြုလာခဲ့ကြသည်။
ထိုသိမ်းငှက်များကို ဖမ်းယူသည့်အခါတွင် အခက်အခဲတစ်ရပ် တွေ့ကြုံရလေ့ရှိသည်။ယင်းမှာအခြားမဟုတ်။ သိမ်းငှက်များသည်လွန်စွာ အကင်းပါးခြင်းပင်။ ထို့ပြင်သိမ်းငှက်များသည်စာလောင်ငတ်မွတ်လာသည့်အခါမှ အငမ်းမရ စားသောက်တတ်ကြသည်။ တစ်နေ့လျှင်တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်ခန့် အစာစားလေ့ရှိသည်။ အစာဝသည့် ကျန်အချိန်များတွင်မူ သားကောင်ကို စိတ်မဝင်စားတတ်ကြသဖြင့် သိမ်းငှက်ဖမ်းမုဆိုးများအဖို့ အခက်အခဲကြုံတွေ့ရသည်။
● လေ့ကျင့်ခြင်း
သိမ်းငှက်များကို ယဉ်ပါးအောင် လေ့ကျင့်ပေးခြင်းအလုပ်မှာ စိတ်ဝင်စားဖွယ်ကောင်းပြီး အလွန်တရာ စိတ်ရှည်ရှည် အချိန်ယူရသော အလုပ်လည်းဖြစ်သည်။ ဖမ်းဆီးမိသော သိမ်းတိုက်ငှက်ကို ခေါင်းစွပ် စွပ်ပြီး ခြေထောက်တွင် သားရေပြားနှင့် ခေါင်းလောင်းတပ်ဆင်လေ့ရှိသည်။
ညအချိန်တွင် မှောင်နေသည့်အခန်းထဲ၌ ခုံငယ်တစ်ခုတွင် ကြိုးချည်၍ ချထားရသည်။  အစာကိုခြေထောက်ပေါ်တွင် စားချင်စိတ်ပေါ်လာအောင် တင်ထားရသည်။ အစာစားချိန်တွင် ခရာသံပေးရသည်။ သို့ဖြင့်နောင်အခါ ခရာသံပေးလိုက်လျှင် အစာကိုခြေသည်းဖြင့် ကောက်ယူတက်လာ
သည်။ ဤအဆင့်ရောက်သောအခါတွင် ကြောက်စိတ်နည်းပါးသွားပြီး လူ၏အသံနှင့် အထိအတွေ့ကို ယဉ်းပါးစ ပြုလာပြီဖြစ်သည်။ ခေါင်းစွပ်ကိုလည်း တဖြည်းဖြည်း ပိုမိုချောင်ချိသော ခေါင်းစွပ်ဖြင့် ပြောင်းလဲတပ်ဆင်ရသည်။ နောက်ပိုင်းတွင် အစာကျွေးသည့်အခါ ခေါင်းစွပ်ကိုချွပ်ပေးပြီးအလင်းရောင်၊ လူစိမ်း၊ ခွေး၊ ကြောင်၊ မြင်း အစရှိသည့် သတ္တဝါများနှင့် ယဉ်ပါးအောင် လွှတ်ပေးရသည်။ သိမ်းတိုက်ငှက်သည် သခင်၏ ခေါ်သံကိုတစ်စတစ်စသိလာအောင် လေ့ကျင့်ပေးရသည်သို့ဖြင့်အစာကျွေးချိန်၌ ခေါ်သံကြားလျှင် သခင်၏လက်ခုံပေါ်သို့ ခုန်တက်လာသည်။ လေ့ကျင့်ပေးသူက ခိုအစရှိသည့် အစာကို ကြိုးနှင့်ချည်ပြီး ခပ်လှမ်းလှမ်းသို့ ပစ်ချကာ အဖမ်းခိုင်းရသည်။
ပထမပိုင်း၌ အနီးအနားဖမ်းခိုင်းပြီး နောက်ပိုင်း၌ တဖြည်းဖြည်း ခပ်ဝေးဝေး ကိုက် ၃ဝ၊ ကိုက် ၆ဝ၊၁ဝဝ၊ ၂ဝဝအထိဖမ်းနိုင်အောင်လေ့ကျင့်ပေးရသည်။ သိမ်းငှက်ပေါက်ကလေးများကို ဖမ်းမိလာလျှင် မိုးလုံလေလုံ အဆောက်အအုံများတွင် ထည့်ထားရသည်။ ကောင်းမွန်လတ်ဆက်သောသားစိမ်းငါးစိမ်းများကို ကျွေးရသည်။ အရွယ်နည်းနည်းရလာပြီး ပျံတတ်စ ပြုလာသောအခါ အနီးအနားပတ်ဝန်းကျင် နေရာများသို့ ပျံသန်းစေသည်။ သို့သော်လည်း အစာကျွေးချိန်၌ ပြန်လာတတ်အောင် လေ့ကျင့်ပေးထားရသည်။
သိမ်းတိုက်ငှက်များကိုလည်း အစာကောင်းစွာကျွေးမွေးကာ ကျန်းမာရေးကောင်းမွန်အောင်ဂရုစိုက်ပေးရလေသည်။ သို့သော်သိမ်းတိုက် ချိန်၌ကား သိမ်းစွန်ရဲတို့ကို မိမိဖမ်းရသည့်ငှက်စသော သတ္တဝါများအပေါ်၌ မိမိတို့အစာအဖြစ် သဲသဲမဲမဲ မရမက ဖမ်းချင်စိတ်မျိုးဖြစ်ပေါ်လာစေရန်အစာကိုလျှော့ကျွေးရသည်။ သို့မဟုတ် မကျွေးဘဲ အငတ်ထားရသည်။
ဤသို့ ခက်ခက်ခဲခဲ ဖမ်းယူရရှိကြပြိး အချိန်ကြာမြင့်စွာ စိတ်ရှည်ရှည်နှင့် လေ့ကျင့်ခဲ့သောသိမ်းတိုက်ငှက်များကို ၁၅ နှစ်မှ အနှစ်၂ဝ အထိ အသုံးပြုနိုင်ပေသည်။
သိမ်းတိုက်ငှက်မျိုးကိုမွေးမြူသူများသတိပြုရမည့်အချက်များမှာမိမိ၏  ငှက်များကိုမကြာခဏ မပျံသန်းစေရန်ဖြစ်သည်။သိမ်းတိုက်ငှက်မွေးမြူရသည့်အလုပ်မှာ အလွန်တရာဂရုစိုက်ရသောအလုပ်ဖြစ်ပြီးအမှားမခံပေ။  သိမ်းတိုက်ငှက်၏  ကျန်းမာရေးကိုလည်း အမြဲမပြတ်   ဂရုစိုက်ပေးရသည်။ရေချိုးပေးရခြင်းမျိုးကိုပင် ပြုလုပ်ပေးရလေသည်။
ပြန်လည်ခေတ်စားလာ သိမ်းတိုက်ငှက်ဖြင့် ငှက်ဖမ်းသည့် နည်းဓလေ့မှာ အလွန်ရှေးကျသော အားကစားနည်းတစ်ရပ်အနေဖြင့် အလယ်ခေတ်က ဥရောပတိုက်၌ ခေတ်စားလာခဲ့သော်လည်း လယ်ယာခြံမြေခတ်သည့် ဥပဒေများကြောင့် လေ့ကျင့်ရန်ကွင်းပြင်နေရာမရှိခြင်းနှင့် အလွယ်တကူပစ်ခတ်ဖမ်းဆီးနိုင်သည့် သေနတ်စသည့် လက်နတ်ငယ်များ ပေါ်ပေါက်လာသဖြင့် သိမ်းတိုက်ခြင်းဓလေ့မှာ တဖြည်းဖြည်း တိမ်ကောသွားလေသည်။
သို့သော်အချို့တိုင်းပြည်များတွင် ယခုထိသိမ်းတိုက်နည်းကို ပြန်လည်ဆန်းသစ်သူများ ရှိကြပေအလာ အားကစားနည်းတစ်ရပ်အဖြစ် ဝါသနာရှင် စိတ်ဝင်စားသူများက မတိမ်ကော မပျောက်ပျက်အောင် အသင်းအဖွဲ့များ၊ ကလပ်များဖွဲ့စည်း၍  ဆက်လက်ထိန်း သိမ်းနေကြဆဲဖြစ်သည်။
၁၈၆၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၌လည်းကောင်း၊ ၁၈၇ဝပြည့်နှစ်တွင် ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင်လည်ကောင်း၊ ၁၉၂၃ ခုနှစ်တွင် ဂျာမနီပြည်၌ လည်းကောင်း၊ ၁၉၂၇ ခှုနှစ်တွင် ဗြိတိန်နိုင်ငံ၌လည်းကောင်း သိမ်းတိုက်အသင်းများ ဖွဲ့စည်းတည်ထောင်ခဲ့ကြလေသည်။
၁၉၃၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ သိမ်းတိုက်ငှက်အသင်းမှ သိမ်းတိုက်ခြင်းနှင့်ပတ်သတ်၍ ပြပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့၍ ဗြိတန်၊ ပြင်သစ်၊ အီတလီ ဂျာမန်၊ ကနေဒါ၊ ယူဂိုစလားဗီးယား၊ စပိန်နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့မှ သိမ်းတိုက်မုဆိုးများ ၊ စိတ်ဝင်စားသူ ဝါသနာရှင်အမြောက်အမြား ပါဝင်ဆင်နွှဲကြသည်။  မြောက်အမေရိကတိုက်တွင် သိမ်းတိုက်ခြင်းအသင်းကို ပထမကမ္ဘာစစ်အပြီးတွင် တည်ထောင်ခဲ့ရာ ယခုအခါ အသင်းသား ၆ဝဝဝ ခန့်ရှိသည်။ ဂျပန်နိုင်ငံတွင်သိမ်းတိုက်မုဆိုးကြီး ဟာနာမီ ကာအိုရူ(Hanami Kaoru)၏ ဦးဆောင်မှုဖြင့် သိမ်းတိုက်အသင်းကို တည်ထောင်ထားသည်။ သူသည် ယခုအခါ အသက် ၈၇ခန့်ရှိပြီဖြစ်ပြီး ဂျပန်ဧကရာဇ်၏လက်စွဲတော် သိမ်းတိုက်မုဆိုးကျော်ကြီးဖြစ်သည်။ ဂျပန်နိုင်ငံတွင် သိမ်းတိုက်အဖွဲ့ဝင်ဖြစ်ရေးအတွက်ဝင်ခွင်စာမေးပွဲကို ၂ဝဝဝပြည့်နှစ်၊ မေလတွင် နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ သိမ်းတိုက်ဝါသနာရှုင် မြောက်မြားစွာ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြသည်ဟု သိရသည်။
မည်သို့ဆိုစေ သိမ်းတိုက်ခြင်းကို မည်မျှပင် ရှေးကျသောအလေ့အထ တစ်ရပ်ဟုဆိုကြစေကာမူ ယနေ့ထက်တိုင် အီဂျစ်၊ အီရန်၊ ဆော်ဒီအာရေးဗီးယား၊ အိုမန်တာရိန်း၊ ကာတာ၊ ယူအေအီး၊ အိန္ဒိယ၊ ကနေဒါ၊ တရုတ်ပြည်နှင့် မြောက်အာဖရိက သဲကန္တာရဒေသမှ တိုင်းရင်းသားမျိုးနွယ်စုများသည်။ သိမ်းတိုက်ခြင်းဓလေ့ကို မပျတ်တမ်းပြုလုပ်နေကြဆဲပင် ဖြစ်ပေသည်။
စာကိုး
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃
၂။ စိန်လှိုင်တင်၊ မုဆိုးကျော်ငှက်များသုတစွယ်စုံမဂ္ဂဇင်း၊ ၁၉၈၉၊ မတ်လ။
၃။ သန်းဝင်းလှိုင် ၊မုဆိုးကျော်သိမ်းတိုက်ငှက်များ၊ ရနံ့သစ် မဂ္ဂဇင်း၊ ၁၉၉၃၊ဖေဖော်ဝါရီ။
၎။ Encyclopaedia of Britanica Vol.9 1980
၅။ National Geographic Magazine July. 1969.
၆။ Asiaweek, June 22, 1990.

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments