Chan Mya (mmk Reporter) – News

September 11, 2013

ရွှေတောင်တရားရုံး (၁) နှစ်နှင့် (၆) လ အမိန့်ချ
ချမ်းမြ (မိုးမခအထောက်တော်)
စက်တင်ဘာ ၁၁၊ ၂၀၁၃


ပဲခူးတိုင်းပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရာဇာဝတ်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း (တ/၂၀၄၂)  တရားရုံးတင်၊ ၂၃-၁-၂၀၁၂ခုနှစ်၊ ပြစ်မှုကြီးအမှု အမှတ်(၃၂၇/၂၀၁၂)  တရားလို ဦးအေးဟုန် (သေဆုံးသူ-ကောင်းဆက်ပိုင်၏ဖခင်)  နှင့်  တရားခံ (ရဲ) ဒု တပ်ကြပ် သဲမောင်မောင်တို့၏   ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ – ၃၀၄(က)/ ၃၃၈ အရစွဲဆိုမှု။ ရုံးချိန်းပေါင်း(၆၀)၊ (၁)နှစ်နှင့်(၈)လကြာခဲ့သည်။
သေဆုံးသူ အသက်(၁၆)နှစ်မပြည့်သေးသော မောင်ကောင်းဆက်ပိုင်နှင့် ဒဏ်ရာရရှိသွားသူ ကိုဇော်လင်းဦးတို့သည် ထိုနေ့က ဆိုင်ကယ်စီး နင်း သွားလာနေစဉ် ဒု-တပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ဖြင့်လိုက်လာပြီး နောက်မှထိုင်စီးသူ ကိုဇော်လင်းဦး ကို ဆွဲချခဲ့သဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး၊ ဆိုင်ကယ်မောင်းနေသူ         မောင်ကောင်းဆက်ပိုင်ကိုလည်း ခြေထောက်ဖြင့် ကန်လိုက်၍ ဆိုင်ကယ်လဲကျသေ ဆုံးသည်ဟု တရားလိုဘက်က တရားရုံးတွင် တရားစွဲဆိုထားသောအမှုဖြစ်သည်။
(၁၀-၉-၂၀၁၃) ရက်နေ့၊ မနက်(၁၁) ရွှေတော်မြို့နယ်တရားရုံး၊ တရားသူကြီးက တရားခံ(ရဲ)ဒုတပ်ကြပ် သဲမောင်မောင်အား ပုဒ်မ-၃၃၈ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ (၆)လကျခံစေ၊ ပုဒ်မ-၃၀၄(က)ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁နှစ်နှင့်၆လ)ကျခံစေ၊ ပြစ်ဒဏ်များကို တပြိုင်တည်းကျခံစေ ဟုအမိန့်ချမှတ်လိုက်သည်။ တရားခံသဲမောင်မောင်ကို ဓါတ်ပုံ – တွင်ပါသော ရွှေတောင်တရားရုံးထဲတွင်ရပ်ထားသော ကားနံပါတ် (၉ဂ/၈၃၇၄) ကားအဖြူလေးဖြင့် ခေါ်ဆောင်သွားသည်။
အမိန့်ချမှုနှင့်ပတ်သက်၍ တရားလိုဦးအေးဟုန်က “ခုလိုစီရင်ချက်ချတဲ့အပေါ်မှာလုံးဝမကျေနပ်ပါဘူး။ တိုင်းတရားရုံးထိ ဆက်တက်မယ်။  (၁၉၉၃)ခုနှစ် ကလေးသူငယ်ဥပဒေပေါ် အခြေမခံဘူး။ လောကမှာ လူ့အသက်လောက်ဘယ်ဟာကအရေးကြီးဆုံးလဲ၊ လူလိုအသိအမှတ် မပြုတာတွေကြောင့် သေခဲ့ရတာ။ ကလေးတွေဟာ တိုင်းပြည်ရဲ့အနာဂတ်တွေပဲ။ အရည်အချင်းမရှိ၊ဆင်ခြင်တုံတရားမရှိ၊ ကျင့်ဝတ်မရှိတဲ့ သူကြောင့်သေခဲ့ရတာ၊ ကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ်ဥပဒေပေါ်မှာ ရပ်တည်မပေးခဲ့ဘူး။ ကလေးသူငယ်တွေဟာ ထိခိုက်နစ်နာစေနိုင်တဲ့ အနေအထားမှာရှိနေတယ်။ အထူး ကူညီယုယမှုနဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေတာတွေကို အသိအမှတ်ပြု ရမှာ။
ဒီလိုအဖြစ်မျိုးနောက်နောင်ထပ်မံမဖြစ်ပွါးအောင် ရဲတပ်ဖွဲ့၊ အစိုးရ၀န်ထမ်း၊ ဥပဒေ၀န်ထမ်းတွေကလည်း လူ့အခွင့်အရေးအကြောင်းတွေ သိထားဖို့အထူးအရေးကြီးတယ်။ ဒါမှလည်း အစိုးရတာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့တွေအပေါ်လူ့အခွင့်အရေးချိုးဖောက်တာမျိုး မလုပ်နိုင် အောင် ကြိုတင်ကာကွယ် နိုင်မှာ။ အစိုးရလုပ်ငန်းတွေမှာလည်း ပြည်သူ့တွေအတွက် ဖြည့်ဆည်းပေးရမယ့်အရာတွေကို လူ့အခွင့်အရေး ရှုတောင့်ကနေ စဉ်းစားလုပ်ဆောင်နိုင်မှာ။
ဲကလေးသူငယ်အခွင့်အရေးတွေကို ဥပဒေနှင့်အညီလေးစားးသင့်တယ်။ မလေးစားဘူး၊ ပစ်ပယ်တယ်၊ ငြင်းပယ်တယ်၊ အကြမ်းဖက်တယ်၊ အသိအမှတ်မပြုဘူး ခွဲခြားကန့်သတ်ခြင်းတွေမရှိအောင်ကလေးသူငယ်တွေကို လူသားတစ်ယောက်အနေနဲ့အသိအမှတ်ပြုဖို့၊ အရည်အ ချင်းရှိတဲ့ ကလေးသူငယ်အခွင့်အရေးသင်တန်းတွေကို ရဲတွေကိုပို့ချရမယ်။ အရည်အချင်း ရှိတဲ့ရဲတပ်ဖွဲ့ဖြစ်လာမှ ဒါမှ ကျွန်တော်လိုမျိုးအဖြစ်ဆိုးမျိုးမဖြစ်မှာ၊ တိုင်းပြည်ရဲ့အနာဂတ်တွေဖြစ်တဲ့ ကလေးတွေ ထပ်မံမဆုံးရှုံးမှာ  ဟု တရား ဦးအေးဟုန်က ပြောကြားခဲ့ပါတယ်။
ပုဒ်မ ၃၃၈-အခြားသူအသက်ကို(သို့)လုံခြုံရေးကိုဘေးဖြစ်စေသောပြုလုပ်မှုတစ်ခုခုပြုခြင်းဖြင့် အပြင်းအထန်နာကျင်စေမှု(၅)နှစ်ထိထောင်ဒဏ် တမျိုးမျိုးအပြင်ငွေဒဏ်။
ပုဒ်မ၃၀၄(က)-အရမ်းပေါ့ရော့မှုဖြင့်သေစေမှု-(၇)နှစ်ထောင်ဒဏ်တမျိုးမျိုးအပြင်ငွေဒဏ်။ သေစေတန်ရာသည်ကိုသိလျှက်နှင့်ပြုလုပ်လျှင်-(၁၀)နှစ်ထိထောင်ဒဏ် တမျိုးမျိုးအပြင်ငွေဒဏ်။ (အာမခံမပေးနိုင်)
(၁၉၉၃)ခုနှစ် ကလေးသူငယ်ဥပဒေ ပုဒ်မ (၃)ပုဒ်မခွဲ(ဂ) ကလေးသူငယ်များသည် ယင်းတို့၏ အခွင့်အရေး များ ကို ဥပဒေနှင့်အညီအပြည့်အ၀ခံစားနိုင်ရေး အတွက် ကာကွယ်စောင့်ရှောက်ရန်။ ပုဒ်မ(၁၆)ပုဒ်မခွဲ(က) ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုအကြောင်းမဲ့ ထိပါးခြင်း မခံရစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ကာကွယ်စောင့် ရှောက်ရမည်။  
ပုဒ်မ(၃၇)ပုဒ်မခွဲ(က)ရဲအရာရှိက ကလေးသူငယ်ကို လက်ထိတ်ခတ်ခြင်း၊ကြိုးဖြင့်ချည်နှောင်ခြင်းမပြုရ။ ပုဒ်မခွဲ(ဂ)နှိပ်စက်ညှဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းမပြုရ၊
ကလေးသူငယ်အခွင့်အရေး အပိုဒ်(၄) ကလေးအခွင့်အ ရေး များကို နိုင်ငံတော်အစိုးရကဘက်ပေါင်းစုံမှ အစွမ်းကုန်ကာကွယ်ပေးခြင်း။ အပိုဒ်(၆)အသက်ရှင်ရပ်တည်ခွင့်၊ အပိုဒ်(၃၇) ရက်စက်၍ မတရား လူဂုဏ်သိက္ခာငြိုးနွမ်းသေးသိမ်သော ပြစ်ဒဏ်မျိုးမပေးရ။ ပြုမှု ဆက်ဆံခြင်း မပြုရ။ ကလေးသူငယ်တိုင်း အသက်ရှင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုရရှိရန် အခွင့်အရေးနှင့် ဥပဒေရှိသည်။  
ရွှေတောင်မြို့နယ်တရားရုံးဖုန်း- ၀၅၃ ၅၅၀၀၆
ရွှေတောင်မြို့နယ်ဥပဒေရုံး- ၀၅၃ ၅၅၀၄၇  
တရားလို ဦးအေးဟုန်  
အမှတ်(၉/ခ)၊ ရတနာမာန်အောင်ကွက်သစ်၊ ပြည်မြို့။  
(၃-၉-၂၀၁၃)ရက်နေ့ အမိန့်ချမည်။  

ဖုန်း- ၀၉ ၄၃၀၀၆၂၇၂

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ချမ်းမြ (မိုးမခအထောက်တော်)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)