Thit Kaung Eain – Poem

August 30, 2013

သုုံ း ေ ယ ာ က် 
သစ်ကောင်းအိမ်
သြဂတ်စ် ၃၀၊ ၂၀၁၃


ရဲရင် မင်းဖြစ်တယ်ပြောသူကပြော
ကြိုးစားရင်ဘုရားတောင်မှ ဖြစ်တယ်လို့ ….
ဆိုသူကလည်းဆို
ဖြစ်နိုင်ရင်
တို့နှစ်ယောက်အချစ်နဲ့
ကမ္ဘာကြီးကို
စစ်မက်ကင်းဝေးစေချင်တယ်
ဖြစ်နိုင်ရင်
တို့နှစ်ယောက်အချစ်နဲ့
ကမ္ဘာကြီးကို
စိမ်းလန်းငြိမ်းချမ်း
ကျန်းကျန်းမာမာ ရှိစေချင်တယ်
ဖြစ်နိုင်ရင်
ငါ့ကိုချစ်ရင် စစ်ကိုမုန်းပါ..ဆိုတဲ့
သီချင်းနဲ့
မနက်ခင်းတိုင်းမှာ
ကမ္ဘာ့နိုင်ငံတော်အလံကို
တင်ချင်တယ်
  
ဖြစ်ချင်တော့
သူဌေးကြီး မစ္စတာရှန်ဒရဲလားရဲ့
စာရင်းထဲလည်း
တို့နှစ်ယောက်ကမပါ
နုရင်ဘတ်ခုံရုံးပေါ်
စစ်ရှုံးခဲ့သူတွေထဲမှာလည်း သူတို့ကမပါ
ဖြစ်ချင်တော့
ပစ်မိန့်ရပြီးသား
သေမင်းတမန်
လက်ဖြောင့်သေနတ်သမားတွေ
အမဲလိုက်တမ်းကစားနေတဲ့
မိုင်းကွင်းထဲ
တို့နှစ်ယောက်က
တယောက်လက်ကို တယောက်ဆွဲ
ဖြတ်ပြေးနေတဲ့ သုံ့ပန်းနှစ်ယောက်
ကမ္ဘာကြီးနဲ့ပါဆိုရင်တော့
တို့သုံးယောက်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သစ်ကောင်းအိမ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)