Kyaw Thu – FFSS Yangon Activity,

August 22, 2013

စင်တော်ကောက် တေးသံရှင်တစ်ဦး ကြွေလွင့်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
သြဂုတ် ၂၂၊၂၀၁၃

တေးရေး၊ တေးဆို မျိုးမြင့်လေး အသက် (၇၄)နှစ်သည် သြဂုတ်လ၊ ၁၈ ရက်နေ့၊ နံနက် (၉း၂၆) နာရီအချိန်တွင် အမှတ်(၁၇)၊ (၄)လွှာခြေရင်းခန်း၊ ဗိုလ်လရောင်လမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ် နေအိမ်၌ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါသည်။ နိုင်ငံကျော်တေးသံရှင် မျိုးမြင့်လေးသည် နတ်သျှင်နောင်၊ နေကာမျက်မှန်၊ နှင်းမှုံမြို့တော်၊ မေတ္တာပုလဲပန်း၊ ဈေးချိုသူ စတဲ့ သီချင်းများဖြင့် လူသိများခဲ့သည်။ (၁၈.၈.၂ဝ၁၃) ရက်နေ့တွင် တေးရေး၊ တေးဆို မျိုးမြင့်လေးအား နေအိမ်မှ ရေဝေးအအေးခန်းသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပို့ဆောင်ကူညီပေးခဲ့သည်။ (၂ဝ.၈.၂ဝ၁၃) ရက်နေ့တွင် တေးရေး၊ တေးဆို မျိုးမြင့်လေး၏ ဈာပနအခမ်းအနား ကျင်းပရာ ရေဝေးသုဿန် ခန်းမဆောင်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများ၊ ဝန်ထမ်းများမှ လိုက်ပါပို့ဆောင် ပေးခဲ့ကြပြီး အခမ်းအနားသို့ ဆွေမျိုး၊ မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများ ၊မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဂီတပညာရှင်များ၊ တေးရေးဖော် တေးရေးဖက်များ၊ နိုင်ငံကျော် တေးသံရှင်များ၊ အနုပညာရှင်များ၊ ၄င်းအားချစ်ခင်ကြသောသူများမှ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

 

 

မျိုးမြင့်လေး(နိုင်ငံကျော် တေးသံရှင်)အား သူ၏မိသားစုနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများ၊ ဝန်ထမ်းများတို့မှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ဦးမျိုးမြင့်လေး ကောင်းရာသုဂတိလားပါစေကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကောင်းမှုအစုစုတို့အတွက် သာဓု ခေါ်ဆိုနိုင်ရန်အတွက် ဦးမျိုးမြင့်လေး(နိုင်ငံကျော် တေးသံရှင်)အား အမျှ … အမျှ … အမျှ ဟုပေးဝေငှလိုက်ပါသည်။
“နောက်တစ်ပုဒ်”  “နောက်တစ်ပုဒ်” 
လက်ခုပ်နှင့်ပျော်
စင်တော်ကောက် တေးသံရှင်
မိုးမြေအနှံ့ခရီးနှင်
ဂန္တဝင် စံတင်ခဲ့သူ့တေးများ
စိန်စီ၍ ထားသည်သို့
မြန်မာတို့နားဖြင့်
ကြားလေ ကြားရ ကြားမဝနိုင်
ဂီတကိုဖြင့် ပိုင်စိုးသူ … ။ 
(တင့်လွင်ဦး-စီးပွားရေးတက္ကသိုလ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)