Blog Archives

မောင်မိုးသူ – အစိုးရသစ်နှင့် ယန္တရားအဟောင်း

July 25, 2017
မောင်မိုးသူ  – အစိုးရသစ်နှင့် ယန္တရားအဟောင်း

  Illustration – Zaw Maung မောင်မိုးသူ  – အစိုးရသစ်နှင့် ယန္တရားအဟောင်း  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇူလိုင် ၂၅၊ ၂၀၁၇ ပြည်သူ့ဆန္ဒနဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့ ဆန္ဒမဲတစ်ခဲနက်ပေးခဲ့ကြလို့ အစိုးရသစ်ဖွဲ့စည်းနိုင်ခဲ့ကြတာ တစ်နှစ်ကာလ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ပြည်သူလူထုအတွက် စီးပွားရေးနဲ့တကွ ဖွံ့ဖြိုးတိုးတက်မှု များသိသာမြင်သာရှိသော ပြောင်းလဲမှုများကိုသိပ်မတွေ့ရသေးဘဲ ရှိနေခဲ့ပါတယ်။ အကြောင်းတရားကတော့ အစိုးရသစ်ဟာ န္တရားဟောင်းများနဲ့ဆက်လက် လည်ပတ်နေရတာကြောင့်ဟု ဆိုကြပါတယ်။ ယန္တရားဟောင်းတွေနဲ့ပတ်သက်ပြီး သိသာမြင်သာသည့် ဖြစ်ရပ်တစ်ခုမှာ မကွေးတိုင်းက ယန္တရားဟောင်းမှသုံးစွဲထားခဲ့သော ဘဏ္ဍာငွေတော်တော်များ များကို ပြန်လည်ပေးဆပ်သည့် သတင်းပဲဖြစ်ပါတယ်။ မနေ့တစ်နေ့ကတော့ အရေးပါသော တာဝန်ရှိသူတော်တော်များများကို အဂတိလိုက်စားမှုဖြင့် အရေးယူမည်ဆိုသည့် သတင်းထွက်လာပါတယ်။ ဒါကလည်းကော်မရှင်၏ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေါ်လာရသည်ဟု ဆိုပါတယ်။ မည်သို့ပင်ဖြစ်စေ အဂတိလိုက်စားမှုကို ဖယ်ရှားနိုင်ရေးမှာအလွန်အရေးကြီးသည့် ပြဿနာဖြစ်ပါတယ်။...

Read more »

မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက်

July 25, 2017
မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက်

   မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက် (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ ကျွန်တော်တို့ရွာမှာ လွတ်လပ်ရေးမော်ကွန်းဝင် လေးယောက်ရှိပါတယ်။ လေးယောက်ဆိုတော့ ပုဂံခေတ်က အနော်ရထာရဲ့ သူရဲကောင်းလေးယောက်ဆိုတာကို သတိရမိပါတယ်။ ကျွန်တော်တို့ရွာသား သူရဲကောင်းလေးယောက်ကလည်း ဖက်ဆစ်တော်လှန်ရေးသူရဲကောင်းတွေဖြစ်လို့ ဂုဏ်ရောင်ပြောင်ပါတယ်။ မော်ကွန်းဝင်းလေးယောက်ဆိုတာ ရွာအရွယ်အစားနဲ့တိုင်းတာနှိုင်းစာရင် အများကြီးပါ။ ရွာကလေးက ငယ်ငယ်လေးပါ။ မြင်းခြံမြို့နယ်အတွင်းမှာ အထင်ရှားတဲ့ရွာကလေးပါ။ မြို့နဲ့အဆက်အသွယ်လည်း မကောင်း။ ကားလမ်း၊ ရထားလမ်းဘေးမှာ မဟုတ်ရုံမက မြစ်လမ်း၊ ရေလမ်းများလည်းမရှိပါ။ မြင်းခြံမြို့ရဲ့အရှေ့တောင်ယွန်းယွန်း ၅-၆ မိုင်လောက် နွားလှည်းနဲ့ပဲ သွားရပါတယ်။ ရှားစောင်းလက်ဝါး၊ ပဒုမ္မာစတဲ့ ဆူးပင်တွေပေါက်နေတဲ့ ကျောက်ကုန်းကလေးတွေ လှိုင်းထနေတဲ့မြေမျက်ပြင်မျိုးဆိုတော့ ကားလမ်း၊ ရထားလမ်းဖောက်ဖို့မလွယ်လှပါဘူး။ မြို့နဲ့ရွာကြားမှာ စိုက်ကွင်းစိုက်ကွက်လည်း မရှိသလောက်ပါပဲ။ ရွာရဲ့အရှေ့ဘက် နွားထိုးကြီးမြို့နယ်ထဲမှာတော့ ထန်းတော၊ ရှားတောတွေ ရှိကြတယ်။...

Read more »

ညိုထက်ညို – ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း)

July 25, 2017
ညိုထက်ညို – ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း)

ညိုထက်ညို – ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း) (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ Aug 27,1998 (ကြာသပတေးနေ့)။ ။  မနက်ဖြန်ကျရင် ကျွန်တော်တို့ တစ်နှစ် နဲ့ ရှစ်လကျော် လုံးလုံး ပိတ်ထားခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကို ပြန်ဖွင့်ပါတော့မယ်။ ကျွန်တော်တို့က တတိယအသုတ်ပါ။ ပထမ နဲ့ ဒုတိယနှစ် နဲ့ တတိယနှစ် တွေပေါ့။ ပထမအသုတ် (နောက်ဆုံးနှစ်) နဲ့ ဒုတိယအသုတ် (ပဉ္စမနှစ် နဲ့ စတုတ္ထနှစ်) တွေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက တစ်သုတ်ချင်း ခွဲဖွင့်ပြီး စာမေးပွဲ စစ်ပြီး သွားပါပြီ။ ခုနစ်ရက်စာသင်၊ ပြင်ဆင်ချိန် ဆယ်ရက်ပေးပြီး စာမေးပွဲစစ်ခဲ့ တာပေါ့။...

Read more »

မေနှင်းလဲ့မွန် – နိုဗာဟိုးက ရပ်ဆိုင်းတော့မယ့် ကျောက်မီးသွေးစွမ်းအင်သုံး မီးအားပေးစက်

July 23, 2017
မေနှင်းလဲ့မွန် – နိုဗာဟိုးက ရပ်ဆိုင်းတော့မယ့် ကျောက်မီးသွေးစွမ်းအင်သုံး မီးအားပေးစက်

မေနှင်းလဲ့မွန် – နိုဗာဟိုးက ရပ်ဆိုင်းတော့မယ့် ကျောက်မီးသွေးစွမ်းအင်သုံး မီးအားပေးစက် (စာရေးသူဖေ့စ်ဘွတ်) မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၇ Navajo Generation Station Navajo Nation မှာ ဆောက်ထားတဲ့ 2500 Mega Watt ထုတ်လုပ်နိုင်တဲ့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံ Navajo Generation Station (NGS) ဟာ public, private partnership ပြည်ထောင်စုအစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ပူးတွဲပိုင်တဲ့ စက်ရုံဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်ပြီး ၁၇၈၆ဧက မြေအကျယ်အဝန်းရှိပါတယ်။ AZ, NV, CA ပြည်နယ်က လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်တွေကို ဒီစက်ရုံကနေ ဖြည့်ရောင်းပေးနေရတာပါ။ ဒီစက်ရုံကို ၂၀၁၉ခုနှစ်ကုန်မှာ ပိတ်ပါတော့မယ်။ ဒီစက်ရုံကနေ Navajo...

Read more »

ကာတွန်း ညီပုချေ – ငြိမ်းချမ်းရေး ဂျင်းသုပ်

July 23, 2017
ကာတွန်း ညီပုချေ – ငြိမ်းချမ်းရေး ဂျင်းသုပ်

  ကာတွန်း ညီပုချေ – ငြိမ်းချမ်းရေး ဂျင်းသုပ် (မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၇ Tags: ကာတွန်း ညီပုချေ

Read more »

မောင်အောင်မွန် – လမ်းထိပ်ကဘိုလင်မယား လာနေပြီ

July 23, 2017
မောင်အောင်မွန် – လမ်းထိပ်ကဘိုလင်မယား လာနေပြီ

  မောင်အောင်မွန် – လမ်းထိပ်ကဘိုလင်မယား လာနေပြီ (၀င်းအောင်ကြီး (မောင်အောင်မွန်) ဖေ့စ်ဘွတ်) မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၇(၁) ကျွန်တော်တို့လို ၀တ္ထုတိုရေးသမားများနှင့် စာဖတ်သူတို့ကြား ပေါင်းကူးတံတားသည် မဂ္ဂဇင်းများပါ။ အခြားသော ဆောင်းပါး၊ ကဗျာ၊ ကာတွန်းစသည်တို့ကြား အတူပါလာသော ၀တ္ထုတိုများကို ဖတ်ကြရသည်။ မာတိကာကြည့်ပြီးမှ မဂ္ဂဇင်းဝယ်ခြင်းမျိုး မဟုတ်၍လည်း ၀တ္ထုတိုသည် ပေါင်းကူးတံတားပေါ်ဝယ် မပီပြင်ဝိုးတ၀ါးဟု ကျွန်တော်ထင်ခဲ့၏။ သို့သော် ၀တ္ထုတိုသည် ကမ္ဘာ့သက်တန်းရင့် စာပေပုံစံမဟုတ်ပါလား။ မြန်မာပေသမိုင်း အစောပိုင်းမှာကတည်းက ၀တ္ထုတိုများရှိခဲ့သည်။ ဥပမာ၊ ဦးပုည၏ ၀တ္ထုတိုများ။ မင်းသုဝဏ်၏ ပြောင်မြောက်သေ ကဗျာများကြား ဘကြီးအောင်ညာတယ် ၀တ္ထုတို ထိုးဖောက်နေရာယူပုံကြည့်။ မြန်မာစာရေးဆရာကြီးငယ်တို့ကြား ၀တ္ထုတိုမရေးဖူးသူရယ်လို့ ခပ်ရှာရှား။ ထို့ကြောင့်ပဲ ဖြစ်ပါလိမ့်မည် မဂ္ဂဇင်းများက ၀တ္ထုတိုများ ထည့်သွင်းဖော်ပြပေးကြရပြီ။...

Read more »

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (25)

July 20, 2017
လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (25)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (25) အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန် (မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၇ Working with columns, rows, and cells ကော်လံ၊ ရိုးလ်၊ ဆဲလ်များနဲ့ အလုပ်လုပ်ခြင်း   အခု ပြောမှာကတော့ ကော်လံ ရိုး နဲ့ ဆဲလ်တွေရဲ့ အကျဉ်းအကျယ် အနိမ့်အမြင့်တွေကို ပြင်ဆင်နည်းတွေ ဖြစ်ပါတယ်။ သည်နည်းတွေနဲ့ မိမိစာရင်း ဇယားတွေကို ကြည့်လို့ကောင်းတဲ့ ဖိုင်တွေအဖြစ် တင်ဆက်နိုင်ပါတယ်။ To modify column width:...

Read more »

ကာတွန်း ဖိုးတုတ်ကလေး(သံတွဲ) – စွန်းတဲ့လူ နောက်တလှမ်းဆုတ်

July 20, 2017
ကာတွန်း ဖိုးတုတ်ကလေး(သံတွဲ) – စွန်းတဲ့လူ နောက်တလှမ်းဆုတ်

ကာတွန်း ဖိုးတုတ်ကလေး(သံတွဲ) – စွန်းတဲ့လူ နောက်တလှမ်းဆုတ် (မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၇ Tags: ကာတွန်း ဖိုးတုတ်ကလေး (သံတွဲ)

Read more »

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 3

July 20, 2017
ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 3

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 3 HIGHEST, SUPREME, TOPMOST , UPPERMOST (မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၇ 1။ ဤစကားလုံးများသည်​ ရုပ်​အားဖြင့်​ ​သို့မဟုတ်​ စိတ်​အားဖြင့်​ သို့မဟုတ် အရည်​အချင်းအားဖြင့်​  အမြင့်ဆုံးကို ဆိုလိုသည်​ ။ 2။  HIGH – HIGHER – HIGHEST – မြင့်​​သော။ ပို၍ မြင့်​​သော။ အမြင့်​ဆုံး။ High price –  မြင့်​မား​သော ​ဈေး နှုံး Highest price –  အမြင့်​ဆုံး​ဈေး နှုံး The highest story in the building...

Read more »

ကျော်ဝင်း – ဘဝ မာတိကာ နိုင်ငံရေး မာတိကာ – နှင့် မဟာဗျူဟာ မာတိကာများ

July 19, 2017
ကျော်ဝင်း – ဘဝ မာတိကာ နိုင်ငံရေး မာတိကာ – နှင့် မဟာဗျူဟာ မာတိကာများ

   ကျော်ဝင်း – ဘဝ မာတိကာ နိုင်ငံရေး မာတိကာ – နှင့် မဟာဗျူဟာ မာတိကာများ (စာရေးဆရာ ကျော်ဝင်း၏ ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြပါသည်) မိုးမခ၊ ဇူလိုင် ၁၉ ၊ ၂၀၁၇(၁) ၁၈၊ ဇူလိုင်၊ ၂၀၁၇။ အာဇာနည်နေ့မတိုင်ခင် တစ်ရက်။ စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးတွင် အငြင်းပွားစရာ အကောင်းဆုံးဖြစ်ဖွယ်ရှိသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးကား နှုတ်ဆက်ထွက်ခွါသွားခဲ့ချေပြီ။ စီးပွားရေးပညာရှင်၊ နိုင်ငံရေးသမား၊ စာရေးဆရာနှင့် ဂျာနယ်လစ်၊ ဆရာကြီးမောင်စူးစမ်း ဖြစ်ပါသည်။ စွဲလန်းသူ အချို့က သူ့ကို တသသ ဖြစ်နေကြသည့်တိုင်၊ မကျေနပ်သူများကား သူ့ကို ကျိန်ဆဲနေကြပါလိမ့်မည်။ သူကတော့ ဘာကိုမှ ကြားနိုင်တော့မည်မဟုတ်တော့…။ အားလုံးကို ဥပက္ခာ ပြုသွားခဲ့ချေပြီ။ . . (၂) စစ်တွင်းက၊ တပ်မတော်သား။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်