
ဖေ့စ်ဘုတ်ဆိုတာ… နရီမင်း (မိုးမခ)၊ နိုဝင်ဘာ ၁၂၊ ၂၀၁၇ ဖေ့စ်ဘုတ်ဆိုတာ စီးပွားရေးသမားတွေ ဈေးရောင်းပြီး နိုင်ငံရေးသမားတွေ မဲတောင်းတဲ့ နေရာဖြစ်တယ်။ ကြော်ငြာသူက ကြော်ငြာပြီး လိမ်ညာသူကလည်း လိမ်ညာကြတယ်။ ဖေ့စ်ဘုတ်ဟာ ရွာကြီးတစ်ရွာဆိုမှတော့ ဒီရွာမှာ ဘိန်းစားနဲ့ဂျပိုး၊ သူခိုးနဲ့ ပြည့်တန်ဆာ အမျိုးစုံရှိမှာပဲ။ ဒါပေမဲ့ ဒီရွာဟာ စုန်းအတတ်ပညာ ထွန်းကားရာ မှော်ကမ္ဘာဖြစ်တယ်။ အဘွားကြီးတွေ ပြန်ငယ်ချင်လို့ရသလို လူအိုတွေ ပြန်ပျိုနိုင်ပြီး ငကြောက်က သူရဲကောင်းနဲ့ ဖာခေါင်းက သူတော်ကောင်းဖြစ်နိုင်တယ်။ ဖေ့စ်ဘုတ်ဟာ ဒီမိုကရေစီ ကျင့်သုံးမှုပါလို့ ဘယ်လောက်ပဲ ပြောပြော ဗိုလ်ကျစိုးမိုးရေးဝါဒနဲ့ အုပ်စုဖွဲ့လူမိုက်ဂိုဏ်းတွေလည်း ရှိမှာပဲ။ ဖေ့စ်ဘုတ်ဆိုတာ အမျိုးသားတချို့ လက်မောင်းကြွက်သားညှစ်ပြဖို့နဲ့ အမျိုးသမီးတချို့ တင်ပါးကြွက်သားညှစ်ပြဖို့ နေရာလည်း ဖြစ်တယ်။ တချို့ ဖေ့စ်ဘုတ်ပေါ် စစ်တိုက်ကြပြီး...
Recent Comments