မေငြိမ်း

မေငြိမ်း ● ယဉ်ကျေးမှုဆိုတာ ဘာလဲလို့ တွေးမိတဲ့အခါ …

December 12, 2016
မေငြိမ်း ● ယဉ်ကျေးမှုဆိုတာ ဘာလဲလို့ တွေးမိတဲ့အခါ …

မေငြိမ်း ● ယဉ်ကျေးမှုဆိုတာ ဘာလဲလို့ တွေးမိတဲ့အခါ … (မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၆ နိုင်ငံခြားသားတွေကို စာသင်တဲ့အခါ မြန်မာစာကိုသင်ရင်း နိုင်ငံကိစ္စ ယဉ်ကျေးမှုကိစ္စတွေပါ သင်ရတာမို့ အတွေ့အကြုံ တွေလည်း အစုံရပါတယ်။ ကျမတို့ မြန်မာတွေရဲ့ နေထိုင်မှုပုံစံ လူ့ယဉ်ကျေးမှု.. ယဉ်ကျေးသမှုကိစ္စတွေထဲက ချစ်စရာ ကောင်းတာတွေကို ပိုသတိထားမိရ.. ဂုဏ်လုပ်ရသလိုပဲ၊ တခါတလေမှာ သူတို့ရဲ့ တုံ့ပြန်မေးခွန်းထဲ ကိုယ်တိုင်အဖြေမရတဲ့ ကိစ္စတွေ လည်း ကြုံရပါတယ်။ ဥပမာ.. သူတို့နဲ့ ပြောင်းပြန်လို ဖြစ်နေတဲ့အယူအဆတွေ.. လူ့ယဉ်ကျေးမှုဆိုတဲ့ကိစ္စအားလုံးဟာ တကယ်ရော ယဉ်ကျေးကြ ရဲ့လား။ ဘာတွေက ဘာကြောင့် ဘယ်လောက်အရေးကြီးသလဲ ဆိုတာတွေ… – ထမင်းစားနေတုန်း စကားမပြောရဘူး၊ ထမင်းကိုပဲ အာရုံစိုက်စားရမယ်။ (သူတို့က ထမင်းစားချိန်မှာ...

Read more »

မေငြိမ်း ● ဒီနေ့ ပိုလွမ်းတယ် ဂျွန်..

September 16, 2016
မေငြိမ်း ● ဒီနေ့ ပိုလွမ်းတယ် ဂျွန်..

မေငြိမ်း ● ဒီနေ့ ပိုလွမ်းတယ် ဂျွန်.. (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၆  ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံးသတိရတာ.. ခင်ဗျားပါပဲ ဂျွန်။ အဲလ်ဗစ်လို ကိုယ့် ဘာသာ မရွေးချယ်ခဲ့ပေမဲ့ အနုပညာနဲ့ လူသားဖြစ်တည်မှုကို ခန့်ညားလေးစားတဲ့ ခင်ဗျားဟာ သေခြင်းအတွက် အဆင် သင့်ရှိနေခဲ့ပြီးသားလို့ ယုံတယ်။ ငြိမ်းချမ်းရေးကို ချစ်တာက လူသားဖြစ်တည်မှုကို ချစ်တာလို့ ခင်ဗျားပြလို့ ကျမ တွေ့ခဲ့တာ သိလား။ ဘာအရေးကြီးလဲ စဉ်းစားတော့ ဒီကနေ့ကို တည့်တည့်ရင်ဆိုင်ဖို့သာ အရေးကြီးတာလို့ ကျန်ရစ်သူ ယိုကိုဆီက ကျမရတယ်.. ဟုတ်လား.. မိန်းမတယောက်ကြောင့် ဂီတ အမြုတေတခု ပြိုကွဲခဲ့တယ်တဲ့လား။ ဒါဆို ရော့ခ်ဘုရင် ၄ ပါးရဲ့ ဂုဏ်သိက္ခာနဲ့...

Read more »

မေငြိမ်း – ကျမနဲ့ မြန်မာစာ (၅)

February 23, 2015
မေငြိမ်း – ကျမနဲ့ မြန်မာစာ (၅)

မေငြိမ်း – ကျမနဲ့ မြန်မာစာ (၅) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅ ကျမ သတ်ပုံအမှားတွေအကြောင်းရေးတော့ ကျမသူငယ်ချင်း မြန်မာစာပါမောက္ခတစ်ယောက်က Comment မှာ ၀င်ရေး ပါတယ်..။ စာရေးတဲ့သူတွေ မြန်မာစာသတ်ပုံကျမ်း ကြည့်သင့်တယ်ဆိုတဲ့အကြောင်း..။ ဒီနေရာမှာ ပြောရတော့မှာကတော့ ဘာဖြစ်လို့ မြန်မာစာသတ်ပုံကျမ်း မကြည့်ကြသလဲဆိုတဲ့မေးခွန်းရဲ့ အဖြေပါပဲ။ အများစုက သတ်ပုံကျမ်းရော အဘိဓာန်ရော ကို မကြည့်ကြတာဟာ မထောက်မညှာပြောရရင် မကြည့်တတ်ကြလို့ပါပဲ။ ဒါကလည်း ပြောရရင် အချိန်ပေး မလေ့လာကြတဲ့ ကိစ္စလို့ပဲ ပြောချင်ပါတယ်။ မြန်မာစာရဲ့ စာလုံးဖွဲ့စည်းပုံက အင်္ဂလိပ်စာလို Flat Form မဟုတ်ဘဲ Mixed Form လို့ ပြောရမယ်ထင်ပါတယ်။ အင်္ဂလိပ် စာလုံးဖွဲ့စည်းပုံက Consonant + Vowels ဆိုတော့...

Read more »

မေငြိမ်း – ကျမနဲ့ မြန်မာစာ (၃)

February 19, 2015
မေငြိမ်း – ကျမနဲ့ မြန်မာစာ (၃)

 မေငြိမ်း – ကျမနဲ့ မြန်မာစာ (၃) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅ အများစုကြီး ဖောဖောသီသီ မှားနေကြတဲ့ .. တုံ့ပြန်ကို တုန့်ပြန်လို့ ရေးတာ..။ ထမင်းစားနေတုန်းကို ထမင်းစားနေတုံးလို့ရေးတာ..မောပန်းကို မောပမ်းလို့ရေးတာ.. ပင်ပန်းကို ပင်ပမ်းလို့ရေးတာ.. ရုပ်သိမ်းကို ရုတ်သိမ်းလို့ရေးတာ.. လမ်းပန်းအဆက်အသွယ်ကို လမ်းပမ်းလို့ရေးတာတွေ ကတော့ ထင်ယောင်ထင်မှား ဖြစ်စရာမို့လို့ရော.. သိသိသာသာ ရုပ်ဆိုးတဲ့ အဓိပ္ပါယ်မှားလည်း မဖြစ်စေတာမို့ ပြောမနေချင် တော့ပါ။ ဒါပေမဲ့ အပြစ် တင်တယ်.. အပြစ်ဖို့တယ်ဆိုတာတွေကတော့ အပစ်.. ရယ်လို့ မဖြစ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ အပြစ်တင် တာနဲ့ အပစ်အခတ်..၊ အမှိုက်ပစ်ဆိုတဲ့ အခြေခံ ပေါင်းထုံးလောက်ကိုတော့ သတိထားသင့်ပါတယ်။ ဒီနေ့ ပြည်ပမီဒီယာတစ်ခုရဲ့ Website မှာ ခုလိုတွေ့ရလို့ပါ။...

Read more »

မေငြိမ်း – ကျမနဲ့ မြန်မာစာ (၂)

February 18, 2015
မေငြိမ်း – ကျမနဲ့ မြန်မာစာ (၂)

မေငြိမ်း – ကျမနဲ့ မြန်မာစာ (၂) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅ ======= မြန်မာစာမှာ တချို့စာလုံးပေါင်းတွေက စဉ်းစားစရာကောင်းသလို အငြင်းပွားစရာလည်းကောင်းပါတယ်။ ဒါပေမဲ့နဲ့ ဒါပေ မယ့်.. ဆို ခုထိ အငြင်းပွားကြတုန်း.. ‘မဲ့’ .. ရဲ့သဘောက အငြင်းသဘောဖြစ်ပြီး ‘မယ့်’ ရဲ့ သဘောကတော့ ဖြစ်တော့မယ့်.. လုပ်တော့မယ့်ဆိုတာမျိုး စာဟန်အသုံး ‘မည့်’ နဲ့ သဘောတူတာမို့ ကျမကတော့ ‘ဒါပေမဲ့’ ကိုပဲ ပိုလက်ခံပါတယ်။ နောက်ထပ် စဉ်းစားစရာကောင်းတဲ့ စာလုံးပေါင်းက စိန်ခေါ်.. နဲ့ စိမ်ခေါ်.. ပါ။ စိန်ဆိုတာက ရတနာ စိန်ကျောက်အတွက် သတ်မှတ်ပြီးသားဖြစ်သလို စိမ်ဆိုရင်လည်း ရေစိမ်တယ်.. ဆားစိမ်တယ် .. လို့ ရှိပြီးသားပါ။ ကျမ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်