သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၁

May 11, 2017
ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၁

ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၁ (မိုးမခ) မေ ၁၁၊ ၂၀၁၇ အာဏာရှင်အမျိုးအစား ၁။ ကမ္ဘာပေါ်မှာ အာဏာရှင်ဆိုသူတွေဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ လူမျိုးဓလေ့စရိုက်၊ ဘာသာရေး အခြေခံကာ သမိုင်းကြောင်းအရ လှုံ့ဆော်ဖြစ်ထွန်းလာတဲ့ အပေါ် မူတည်ပြီး ပုံသဏ္ဍန်အသွင်အမျိုးမျိုးနဲ့ ရှိကြရာ အောက်ပါအတိုင်း အမျိုးအစားအလိုက် ဖေါ်ထုတ်လိုက်ပါတယ်။ (က) တပါတီအာဏာရှင် (ခ) စစ်အာဏာရှင် (ဂ) အစွန်းရောက် အမျိုးသားရေးအခြေခံတဲ့ အာဏာရှင် (ဃ) အစွန်းရောက် ဘာသာရေးအခြေခံတဲ့ အာဏာရှင် (င) အရပ်သား အာဏာရှင် (စ) တော်လှန်ရေးအာဏာရှင် (ဝါ) တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင် ၂။ တချို့နိုင်ငံများမှာ စစ်တပ်မှ ပါတီကူးပြောင်းပြီး...

Read more »

မောင်အဉ္စန – မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး (၂)

May 11, 2017
မောင်အဉ္စန – မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး (၂)

 မောင်အဉ္စန – မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး (၂) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ နှင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး (မိုးမခ) မေ ၁၁၊ ၂၀၁၇ ဒီနေ့ကမ္ဘာပေါ်ရှိ အရှေ့တောင်အာရှဒေသထဲမှာတည်ရှိတဲ့ (၇၀)နှစ်သား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဟု ခေါ်တွင်တဲ့တိုင်းပြည်ဟာ ပြည်ထောင်စုလို့ဖြစ်တည်လာကတည်းက ပီပြင်တဲ့နိုင်ငံတစ်ခုအဖြစ် ဒီနေ့အချိန်ထိ မမြင်တွေ့ရသေးပါ။ ၁၉၄၈ ခုနှစ် မတိုင်မီ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်ဘ၀တလျှောက်လုံး နယ်မြေလုစစ်ပွဲတွေရဲ့အနိဌာရုံတွေနဲ့ရှိနေခဲ့ကြပြီး၊ ဗြိတိသျှကိုလိုနီနယ်ချဲ့ထံမှ လွတ်လပ်ရေးရပြီးနောက်မှာလည်း ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားအချင်းချင်းကြားမှာ တဖန်စစ်ခင်းနေကြ ရပြန်ပါတယ်။ ဒီနေ့အချိန်ထိ တိုင်းပြည်တွင်းမှာရှိကြတဲ့ သန်း(၅၀)ကျော်သော လူမျိုးစုံပြည်သူလူထုကြီးဟာဖြင့် ပြည်တွင်းစစ်ရဲ့ အကျိုးဆက်ကို တိုက်ရိုက် သွယ်ဝိုက် တနည်းမဟုတ်တနည်း ပါဝင်ပတ်သက်နေကြရပြီးတော့ ယင်းအကျိုးသက်ရောက်မှုတွေကိုလည်း အနည်းနဲ့အများဆိုသလို ခံစားနေကြရပါတယ်။ ဥပမာ – တိုင်းပြည် ဆင်းရဲတွင်းနစ်သွားပြီးတော့...

Read more »

မောင်မောင်စိုး – တိုင်းရင်းသားတပ်ပေါင်းစုအရွှေ့

May 7, 2017
မောင်မောင်စိုး – တိုင်းရင်းသားတပ်ပေါင်းစုအရွှေ့

မောင်မောင်စိုး – တိုင်းရင်းသားတပ်ပေါင်းစုအရွှေ့ (မိုးမခ) မေ ၇၊ ၂၀၁၇ KIO/KIA က UNFC က နှုတ်ထွက်သည့်သတင်းပေါ်လာပြီးနောက် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြသည်။ UNFC နှင့် ပတ်သက်၍ မေးခွန်းထုတ် လာကြတော့သည်။ ထူးဆန်းသည်မှာ UNFC စတင်ဖွဲ့စည်းစဉ်က အရေးပါခဲ့သော KNU နှင့် အခြားအဖွဲ့များ ထွက်စဉ်က ဤမေးခွန်းမျိုးမထွက်ခဲ့ပေ။ အဘယ်ကြောင့်ပါနည်း။ တကယ်တမ်းဆိုလျင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် ပြည်မအစိုးရအား အံတုတုန့်ပြန်တိုက်ခိုက်နေကြသည်မှန်သော်လည်း ၎င်းတို့ ကြားတွင် လူမျိုးအလိုက် ဓလေ့ထုံးတမ်း ၊ဘာသာစကား ၊ ယဉ်ကျေးမှု တူကြသည်မဟုတ်ပေ။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင်လည်း အင်အားမှစ၍ မြေပြင်အနေအထား အဖွဲ့အစည်းအနေအထား ဘဏ္ဏာအနေအထား တပ်အင်အား ထိမ်းချုပ်နိုင်သည့်ဧရိယာ လူထုအားစည်းရုံးမှု...

Read more »

ကိုသန်းလွင် – စင်ကာပူနိုင်ငံ အကောက်ခွန်

May 3, 2017
ကိုသန်းလွင် – စင်ကာပူနိုင်ငံ အကောက်ခွန်

ကိုသန်းလွင် – စင်ကာပူနိုင်ငံ အကောက်ခွန် (မိုးမခ) မေ ၃၊ ၂၀၁၇ (၁)နှစ်စဉ်ဧပြီလရောက်ပြီဆိုလျင် စင်ကာပူနိုင်ငံတွင် ၀င်ငွေခွန်ကျေငြာလွှာတင်သွင်းရသည့်ကာလများဖြစ်ပါသည်၊ ပြည်သူတို့က တစ်နှစ်အတွင်း မိမိ၏၀င်ငွေ မည်မျှရရှိကြောင်း အစိုးရသို့အသိပေးတင်ပြကြရပါသည်၊ ယခင်က အစိုးရရုံးသို့ အရောက်သွား၍ တင်ကြရသော်လည်း ယခုအခါဘယ်ကိုမှသွားစရာမလိုတော့ပါ၊ အင်တာနက်မှ တဆင့် မိမိ၏ဖါသာ စာကြောင်း ၄ကြောင်းပါ ကျေငြာလွှာတင်သွင်းခြင်းစနစ်ကို အသုံးပြုနေသည်မှာ ၁၉၉၈ ခု နှစ်မှ စတင်ခဲ့ပါသည်၊ ယခုနှစ်တွင်မူ မိမိ မိုဘိုင်းဖုန်းမှပင်တင်သွင်း၍ရနေပါပြီ။ ပြည်သူတို့ထံမှ ၀င်ငွေခွန်ကောက်ရာ၌ နှုန်းထားအနည်းဆုံးနိုင်ငံများတွင် စင်ကာပူပါဝင်ပါသည်၊ ထို့အပြင် ရုံး လုပ်ထုံးလုပ်နည်း အုပ်ချုပ်ရေးဆိုင်ရာ စာရွက် စာတမ်းကိစ္စများတွင်လည်းရိုးရှင်းလွယ်ကူလှပါသည်၊ စင်ကာပူ နိုင်ငံ၏ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတွင် သက်တမ်းငါးနှစ်ရှိသော အစိုးရအဖွဲ့တစ်ဖွဲ့သည် နိုင်ငံတော်၏ ၀င်ငွေနှင့်သုံးငွေကိုညီမျှစေရမည်၊ သို့မဟုတ် ညီမျှသောဘတ်ဂျက် (Balanced...

Read more »

ဇာနီကြီး – တရုတ်လွှမ်းမိုးမှုကို မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း ဒေါ်အောင်ဆန်းစုကြည်

April 30, 2017
ဇာနီကြီး – တရုတ်လွှမ်းမိုးမှုကို မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း ဒေါ်အောင်ဆန်းစုကြည်

  ဇာနီကြီး – တရုတ်လွှမ်းမိုးမှုကို မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း ဒေါ်အောင်ဆန်းစုကြည်  (အပိုင်း၂၊ ၂၀၁၇ အာဏာရရှိပြီး တနှစ်အကြာ) မိုးမခ၊ ဧပြီ ၃၀၊ ၂၀၁၇ ကိုးကန့်ဒေသစစ်ပွဲများ၊ ကချင်စစ်ပွဲများ၊ နောက်ဆုံး ဝ လူမျိုးတို့၏ ကြီးမားလှသော လက်နက်ကိုင်တပ်ကြီး၊ စသဖြင့်၊ မြန်မာပြည်မြောက်ပိုင်း၊ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကြားနေရာမှ ပင်လုံညီလာခံ အပစ်ခတ်ရပ်စဲရေး ကြိုးစားနေကြပြန်တယ်။ ရေနံနှင့်ဓါတ်ငွေ့ ပိုက်လိုင်းကြီးက မြန်မာနိုင်ငံကို နှစ်ခြမ်းခွဲထားသလို ဖြစ်နေသည်ကိုလည်း တရုတ်လွှမ်းမိုးခံရသကဲ့သို့ ဖြစ်နေသည်။ တရုပ်နိုင်ငံ၏ One Belt, One Road OBOR မြေပုံတွင် မြန်မာပြည်မှတဆင့်၊ လမ်းဖေါက်မည့် အစီစဉ်မပါခြင်းမှာလဲ ထူးဆန်းနေပါတယ်။ ယခုအခါ တရုတ်နိုင်ငံ၏ အဆင်းရဲဆုံးဟု ဆိုနိုင်သော ယူနန်ပြည်နယ်သည် တဟုန်ထိုး...

Read more »

မောင်ကျေးရေ (ခေတ္တ ကယ်လီဖိုးနီးယား) – ငလျင်နှင့် မြေအောက်ရေ အရေး

April 22, 2017
မောင်ကျေးရေ (ခေတ္တ ကယ်လီဖိုးနီးယား) – ငလျင်နှင့် မြေအောက်ရေ အရေး

Nov. 11, 2012: A bridge under construction across the Irrawaddy River, east of Shwebo, Myanmar is seen collapsed after a strong earthquake.  (Weekly Eleven News/AP) မောင်ကျေးရေ (ခေတ္တ ကယ်လီဖိုးနီးယား) – ငလျင်နှင့် မြေအောက်ရေ အရေး (မိုးမခ) ဧပြီ ၂၂၊ ၂၀၁၇ ၁ –  စကားဦး ကျွန်တော် ငလျင်ပညာရှင်မဟုတ်ပါ။ သို့သော် မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ လုပ်ငန်းများကို ကျေးရွာရေရရှိရေး (၀န်ထမ်းဘ၀/ ၁၉၈၀-ခုနှစ်) ကစ၍ စဉ်ဆက်မပြတ်လေ့လာမှတ်သား လုပ်ကိုင်ခဲ့ပါသည်။ မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ အတိုင်ပင်ခံ၊...

Read more »

လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး

April 15, 2017
လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး

လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇ ၂၀၁၆-ခုနှစ်-ဟာ ဂလိုဘယ်လာဇေးရှင်းအတွက်ကြမ္မာငင်တဲ့နှစ်လို့ပြောရမလားပဲ။ ဇွန်လ(၂၃) ရက်နေ့က အင်္ဂလန်မှာပြုလုပ်ခဲ့တဲ့-လူထုဆန္ဒခံယူပွဲမှာ ဥရောပသမဂွက ထွက်ဖို့ဘက် က အနိုင်ရလိုက်ပါတယ်။ ၀င်ဘာမှာ ကျင်းပတဲ့ အမေရိကန်သမတရွေးကောက်ပွဲမှာတော့ မမျှော်လင့်ပဲ ဒေါ်နယ်ထရန့် အနိုင်ရလိုက်ပါတယ်။ ဂလိုဘယ်လာဇေးရှင်းရဲ့အားနည်းချက်များရဲ့ ဂယက်ရိုက်ခတ်မှုကိုခံရတဲ့ပြည်သူ လူထုရဲ့ဒေါသကိုဖေါ်ပြလိုက်တာလို့လည်း ပြောနိုင်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်အတွင်းကျင်းပမှာဖြစ်တဲ့ ဥရောပနိုင်ငံကြီးတချို့ (ပြင်သစ်၊ဂျာမဏီ) ရဲ့ရွေးကောက်ပွဲများမှာလည်း – လက်ယာအစွန်းရောက် အင်အားစုများက မကြုံစဖူး အလားအလာကောင်းနေတာ မြင်တွေ့နေရပါတယ်။ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးရဲ့တညီတညွတ်တည်းရှိတဲ့ အိမ်မက်(၀ါ)လိုအင်ဆန္ဒကတော့ – – လူနေမှု ဘ၀မြင့်တက်ရေး – – လူချင်းတူတူ – သူချင်းမျှမျှနေထိုင်ရေး – – တနည်းပြောရရင်-တရားမျှတတဲ့ လူမှုဘ၀...

Read more »

ထက်ခေါင်လင်း (Myanmar Now) ● စီးပွားဖြစ် သစ်ခုတ်သူတို့ရန်ကို ရင်ဆိုင်နေရတဲ့ ရခိုင်ဒီရေတောများ

April 10, 2017
ထက်ခေါင်လင်း (Myanmar Now) ● စီးပွားဖြစ် သစ်ခုတ်သူတို့ရန်ကို ရင်ဆိုင်နေရတဲ့ ရခိုင်ဒီရေတောများ

 ထက်ခေါင်လင်း (Myanmar Now) ● စီးပွားဖြစ် သစ်ခုတ်သူတို့ရန်ကို ရင်ဆိုင်နေရတဲ့ ရခိုင်ဒီရေတောများ (မိုးမခ) ဧပြီ ၁၀၊ ၂၀၁၇ ရခိုင်ဒေသဒီရေတောကို ကာကွယ်သူတွေရှိသလို ပျက်စီးအောင်လုပ်သူတွေလည်း ရှိနေပါတယ်။ ကျိန္တလီ (Myanmar Now) – တံငါသည်ဆိုတာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကျေးလက် ဒေသတခုမှာနေထိုင်သူ တံငါသည် ဦးကျော်ဝင်းရဲ့ လုပ်ကိုင်နေတာကတော့ ငါးဖမ်းတာထက် ပိုပါတယ်၊ သူကြိုးစားပမ်းစာ လုပ်ကိုင်နေတဲ့နောက်ထပ် အလုပ်တခုကတော့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းပါပဲ။ မကျည်းငူကျေးရွာအုပ်စု၊ ကံငူကျေးရွာက  ၆၂ နှစ်အရွယ် ဦးကျော်ဝင်းဟာ ကျေးရွာအဆင့် ဒေသတွင်း ဒီရေတောကာ ကွယ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။ “ဒီရေတောတွေက ကျွန်တော်တို့ကို ထမင်းကျွေးနေတာ။ ဒါကိုထိန်းတာကြောင့် ငါး၊ ပုဇွန်၊...

Read more »

ဇော်အောင် (မုံရွာ) ● နေရောင်ခြည်စွမ်းအင်နဲ့ ထမင်းဟင်း မချက်ကြသည့်အကြောင်း …

April 8, 2017
ဇော်အောင် (မုံရွာ) ● နေရောင်ခြည်စွမ်းအင်နဲ့ ထမင်းဟင်း မချက်ကြသည့်အကြောင်း …

ဇော်အောင် (မုံရွာ) ● နေရောင်ခြည်စွမ်းအင်နဲ့ ထမင်းဟင်း မချက်ကြသည့်အကြောင်း … (မိုးမခ) ဧပြီ ၈၊ ၂၀၁၇ မီတာခဈေးတက်ရင် နေရောင်ခြည်သုံးပြီး ထမင်းချက်ကြမယ်၊ ဟင်းလည်းချက်လို့ရတယ်၊ မြင့်လွင် ကာလီဖိုးနီးယား (USA) ဆောင်းပါးကို ရုတ်တရက်ကြည့်ရင် အလွန်အားရစရာ ကောင်းပါတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့ အမေရိကန်၊ တရုတ်၊ ဗီယက် နမ်တွေမှာ နေရောင်ခြည်နဲ့ ထမင်းဟင်း မချက်ကြသလဲ မေးခွန်းကို ကျနော်ပဲမေးပြီး ကျနော်ပဲဖြေပါမယ်။ ကွဲလွဲမှုတွေ ပညာရှင်များအနေနဲ့ ရှိမှာပါ။ လက်တွေ့နဲ့ စာတွေ၊ ဓါတ်ခွဲခန်း အတွေ့တွေက အများကြီး ကွာခြားပါတယ်။ အမေရိကန်မှာ လျှပ်စစ်တယူနစ်ဈေးနှုန်းနဲ့ တရုတ်ပြည်ဈေးနှုန်း အတူတူလောက်ရှိပေမဲ့ ထမင်းဟင်းကို ဘာကြောင့် လျှပ်စစ်၊ ဂတ်စ် (ဓါတ် ငွေ့) နဲ့...

Read more »

အောင်ငြိမ်းချမ်း (Myanmar Now) ● ရခိုင်ဒေသ ပုဂ္ဂလိကသစ်တောအစီအစဉ်ကို ဒေသခံတို့ကန့်ကွက်

April 7, 2017
အောင်ငြိမ်းချမ်း (Myanmar Now) ● ရခိုင်ဒေသ ပုဂ္ဂလိကသစ်တောအစီအစဉ်ကို ဒေသခံတို့ကန့်ကွက်

အောင်ငြိမ်းချမ်း (Myanmar Now) ● ရခိုင်ဒေသ ပုဂ္ဂလိကသစ်တောအစီအစဉ်ကို ဒေသခံတို့ကန့်ကွက် (မိုးမခ) ဧပြီ ၇၊ ၂၀၁၇ ကျိန္တလီ (Myanmar Now) – ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်း သစ်မာစိုက်ခင်းလုပ်ကိုင်တဲ့ ပုဂ္ဂလိကကုမ္ပဏီတချို့ တော ရှင်း သစ်ခုတ်မှုကြောင့်  သစ်တောထွက်ပစ္စည်းရှားပါး၊  ရာသီဥတုပြောင်းလဲလာတယ်လို့ မကြာသေးခင်ကတွေ့ခဲ့ရတဲ့ ဒေသ ခံများက ပြောပါတယ်။ ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးကျောင်းကုန်းကျေးရွာမှာနေထိုင်တဲ့ ဦးစိန်ဝင်းက တောပြုန်းမှုနောက်ဆက်တွဲအဖြစ် သဘာဝ ဘေးအန္တရာယ်က လိုက်ပါလာတယ်လို့ ဆိုပါတယ်။  (ပုဂ္ဂလိက ကုမ္ပဏီတွေ ၂ဝ၁၅ ခုနှစ်အတွင်း လုပ်ပိုင်ခွင့်ရသွားတဲ့ထဲမှာ  ဒေသခံတွေရဲ့ အစုအဖွဲ့ပိုင် သစ်တောနယ်မြေတချို့  ပါဝင်သွားကြောင်း ရှင်းပြနေတဲ့   ကျိန္တလီမြို့နယ်ခွဲ၊ ဘိုကလေးကျောင်းကုန်းရွာမှ  ဒေသခံတဦး) “သူတို့ ခုတ်တာက ၂ဝ၁၄ မှာ စခုတ်တာ။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်