သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံကို စိန်ခေါ်လာကြခြင်း (အပိုင်း ၁)

February 26, 2017
ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံကို စိန်ခေါ်လာကြခြင်း (အပိုင်း ၁)

  ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံကို စိန်ခေါ်လာကြခြင်း (အပိုင်း ၁) (မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇ ၁။ ၂၁ ပင်လုံညီလာခံ (ဒုတိယအကြိမ်) ကို ဖေဖေါ်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့နဲ့ တိုက်ဆိုင်စွာကျင်းပ နိုင်ဖို့ ဦးစွာ လျာထားခဲ့ဟန်တူပါတယ်။ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာရယ်၊ UPDJC နဲ့ DPN နှစ်ဖက်ဆွေးနွေးပွဲတွေမှာ တိုးတက်မှုရလဒ် မပေါ်ထွက်ဘဲတုန့်ဆိုင်းနေတာကြောင့် ပင်လုံညီလာခံကျင်းပမည့်ရက်ကို ဖေဖေါ်ဝါရီလ ၂၈ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။ တဖန် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပခိုင်းခဲ့ရာမှ ချင်းပြည်နယ်ကို ပြန်လည်ခွင့်ပြုခဲ့လို့ အချိန်မှီစေဖို့ ၂၁ပင်လုံညီလာခံကို မတ်လ ၁၅ ရက်ထိ ထပ်မံရွှေ့ဆိုင်းခဲ့ရပြန်ပါတယ်။ ၂။ UNFC ဟာ သူတို့တောင်းဆိုထားတဲ့ NCA...

Read more »

အိချယ်ရီအောင် (Myanmar Now) ● ရင်းနှီးမြှုပ်နှံမှုနဲ့ အစိုးရအကူအညီကို ငံ့လင့်နေတဲ့ ချင်းပြည်နယ် စိုက်ပျိုးရေးလုပ်ငန်း

February 25, 2017
အိချယ်ရီအောင် (Myanmar Now) ● ရင်းနှီးမြှုပ်နှံမှုနဲ့ အစိုးရအကူအညီကို ငံ့လင့်နေတဲ့ ချင်းပြည်နယ် စိုက်ပျိုးရေးလုပ်ငန်း

အိချယ်ရီအောင် (Myanmar Now) ● ရင်းနှီးမြှုပ်နှံမှုနဲ့ အစိုးရအကူအညီကို ငံ့လင့်နေတဲ့ ချင်းပြည်နယ် စိုက်ပျိုးရေးလုပ်ငန်း (မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၇ ချင်းဒေသစိုက်ပျိုးရေးဖွံ့ဖြိုးလာသော်လည်း ကုန်ကြမ်းသာ ထုတ်နိုင်ခြင်းကြောင့် ဈေးကွက် အခက်အခဲ ဖြစ်နေသည်။ ဟားခါး၊ ဖလမ်း (Myanmar Now) – နည်းပညာအကူအညီများ ပိုမိုရရှိလာသည့် ချင်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရေးလုပ်ငန်း အောင်မြင်လာသော်လည်း ဈေးကွက်အခက်အခဲကြောင့် အင်တိုက်အားတိုက် ဆက်လက်ထုတ်လုပ်နိုင်ခြင်း မရှိကြောင်း ဒေသခံတောင်သူများက ပြောသည်။  ဖေဖော်ဝါရီ ၁၃  ရက်နေ့က ဟားခါးမြို့၊ သီဖူးလ်ကျေးရွာအနီး လှေကားထစ်တောင်ယာရှိ ကြက်သွန်နီ၊ ပန်းဂေါ်ဖီ စိုက်ခင်းတွင် ရေလောင်းနေသော ဒေသခံတစ်ဦး (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now) ဖလမ်းမြို့နယ် ကျေးလက်ဒေသတစ်ခုမှ...

Read more »

ဆွေဝင်း (Myanmar Now) ● ယန်ဟီလီသွားခဲ့သည့် ရဲဘက်စခန်းတွင် အကျဉ်းသားများ ခြေချင်းဖြင့် အလုပ်လုပ်နေရ

February 23, 2017
ဆွေဝင်း (Myanmar Now) ● ယန်ဟီလီသွားခဲ့သည့် ရဲဘက်စခန်းတွင် အကျဉ်းသားများ ခြေချင်းဖြင့် အလုပ်လုပ်နေရ

ဆွေဝင်း (Myanmar Now) ● ယန်ဟီလီသွားခဲ့သည့် ရဲဘက်စခန်းတွင် အကျဉ်းသားများ ခြေချင်းဖြင့် အလုပ်လုပ်နေရ (မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇ ကုလ ကိုယ်စားလှယ် ရောက်ခဲ့သည့် ကျောက်ထုတ်စခန်းတွင် ခြေချင်းခတ်အကျဉ်းသားတို့ အသက်မွေးဝမ်းကြောင်းပညာ သင်ယူခွင့်မရပေ။ ဇင်းကျိုက် (Myanmar Now) –   မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ  မစ္စယန်ဟီလီ မကြာသေးမီက သွားရောက် လေ့လာခဲ့သည့် မွန်ပြည်နယ်ရှိ ကျောက်ထုတ်စခန်းတစ်ခုတွင် အကျဉ်းသားများ ယနေ့တိုင် သံခြေချင်းများဖြင့် ဆက်လက်၍ အလုပ်ကြမ်း လုပ်နေရကြောင်း တွေ့ရှိရသည်။ ယန်ဟီလီသည် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ကျောက်ထုတ်ရဲဘက်အကျဉ်းစခန်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး သူ၏အဓိကစိုးရိမ် ပူပန်မှုမှာ အကျဉ်းသားတို့ ကျောက်ထုတ်သည့်...

Read more »

မိုက်ခဲစိန် – လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့်

February 18, 2017
မိုက်ခဲစိန် – လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့်

မိုက်ခဲစိန် – လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့် (မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇ ဒီတခါလည်း သမ္မတကြီး ထရန့်ကတော့ ပြောလို့မကုန် မိုးမြေ မဆုံးနိုင်အောင်ပါပဲ။ ဖေဖော်ဝါရီ ပထမပတ်မှာ ပြည်ထောင်စု တရားရုံးက ထရန့်တချက်လွှတ်အမိန့်နဲ့ မူဆလင်နိုင်ငံ ၇ နိုင်ငံက လူတွေကို ပိတ်ပင်တာဟာ အခြေခံဥပဒေနဲ့ မညီဘူး ဆိုပြီး ပယ်ချလိုက်ပါတယ်။ ဒါကို ထရန့်က လက်တုန့်ပြန်ဦးမယ်လို့ ကြုံးဝါးပါတယ်။ သမ္မတကြီး ထရန့်က ရွေးကောက်ပွဲကာလတုန်းကအတိုင်း အချိုးက မပြောင်းပါဘူး။ တွစ်တာအကောင့်ကနေ ဗလွတ်ရွှတ်တတွေ ပြောနေ၊ သူမကြိုက်တဲ့သူတွေကို မှိုချိုးမျှစ်ချိုးတွေ ပြောနေတုန်းပါပဲ။ အမေရိကန်ပြည်ထောင်စုကြီးရဲ့ ရေမြေ့သနင်း ပြည့်ရှင်မင်းကြီး ဖြစ်လာတော့ ပိုတောင်မှ ဆိုးလာသေးတယ် ပြောရမှာပါ။ နောက်တပတ်မှာ တရားမ၀င်...

Read more »

ထက်ခေါင်လင်း (Myanmar Now) ● တောဆင်ရိုင်းတွေကို အသတ်မခံရခင်ကတည်းက ကာကွယ်ပေးဖို့ လိုလာပြီ

February 17, 2017
ထက်ခေါင်လင်း (Myanmar Now) ● တောဆင်ရိုင်းတွေကို အသတ်မခံရခင်ကတည်းက ကာကွယ်ပေးဖို့ လိုလာပြီ

ထက်ခေါင်လင်း (Myanmar Now) ● တောဆင်ရိုင်းတွေကို အသတ်မခံရခင်ကတည်းက ကာကွယ်ပေးဖို့ လိုလာပြီ (မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇ တောဆင် သတ်ဖြတ်ကုန်သွယ်မှုမှာ နောက်ကွယ်ကပါဝင်သူတွေကို ဖော်ထုတ်ဖို့ ခက်ခဲနေပါတယ်   ရန်ကုန်၊ ဥက္ကံ (Myanmar Now) – ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်း ဥက္ကံမြို့နယ်ထဲက ချောင်းစောက်နဲ့ကျောက်ပြင်သာရွာနှစ်ရွာကြားမှာ စီးဆင်းနေတဲ့ ဆားငန်ချောင်းထဲ အရေပြားခွာခံထားရတဲ့ တောဆင်ရိုင်းကိုယ်လုံးတခု၊ နှာမောင်းမ ရှိတော့တဲ့ ဦးခေါင်းပြတ်တခု မျောပါလာရာမှာ အနီးအနားက ဒေသခံတွေ ထိတ်လန့်တကြားဖြစ်ခဲ့ရပါတယ်။ ဆင်မုဆိုးတွေ ပဲခူးရိုးမထဲ တောလိုက်နယ်မြေ ချဲ့ထွင်လာခဲ့ကြရာကနေ အလွန်အေးချမ်းတဲ့ဒေသတခုမှာ အခုလို မြင် ကွင်းမျိုးတွေ စတင်ပေါ်ပေါက်လာခဲ့တာပါ။ ဆင်မုဆိုးတွေဟာ ချောင်းစောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်လို့ လက်ရှိ အုပ်ချုပ်...

Read more »

ခင်စန္ဒာမြင့် ● ရေအားလျှပ်စစ်စီမံကိန်းနဲ့ ကျယ်လောင်လာတဲ့ ဆန့်ကျင်သံများ

February 14, 2017
ခင်စန္ဒာမြင့် ● ရေအားလျှပ်စစ်စီမံကိန်းနဲ့ ကျယ်လောင်လာတဲ့ ဆန့်ကျင်သံများ

ခင်စန္ဒာမြင့် ● ရေအားလျှပ်စစ်စီမံကိန်းနဲ့ ကျယ်လောင်လာတဲ့ ဆန့်ကျင်သံများ (Myanmar Now / မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇ ဒေါတခြား ရေတံခါး ၊ ဓာတ်ပုံ – ခင်စန္ဒာမြင့် ရေကာတာနဲ့ ရေအားလျှပ်စစ်စီမံကိန်း ဆန့်ကျင်တဲ့တက်ကြွလှုပ်ရှားသူတွေဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ အစည်းအဝေးကြီးတခုမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူတွေ၊ အစိုးရ အရာရှိတွေ၊ စီးပွားရေးကုမ္ပဏီကိုယ်စားလှယ်တွေနဲ့ မျက်နှာချင်းဆိုင်ပြီး သူတို့ရဲ့ရင်ထဲမှာရှိနေတဲ့ မယုံကြည်မှု၊ မကျေနပ်မှု ခံစားချက်အသီးသီးကို ချပြပြီး ဆွေးနွေးငြင်းခုံနေကြပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ ဆွေးနွေးပွဲရောက် တက်ကြွလှုပ်ရှားသူတွေဟာ ရှမ်း၊ ကယားပြည်နယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ကိုယ်စားပြုသူတွေပါ။ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှု ဆိုင်ရာ အလုပ်ရုံ...

Read more »

မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက်

February 7, 2017
မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက်

မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက် (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇ မိုက်ခဲစိန်လည်း တခြားသတင်းတွေ မရေးရဘူး။ အမေရိကားမှာ ဟော့ဖြစ်နေတဲ့ သမ္မတကြီး ထရန့်၏ တနေ့စာ အလွဲများ၊ တပတ်စာ အလွဲများကနေ တလစာအလွဲများအထိ ဆက်ရေးနေရမလား မသိ။ အယင်တပတ်က တင်ပြခဲ့သလို ထရန့်က အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ၇ နိုင်ငံကို လူဝင်မှု ပိတ်ပင်လိုက်တယ်။ ပြည်ထောင်စု တရားရုံးက တရားသူကြီးတွေက သမ္မတအမိန့်ကို ပြန်တားဆီးတဲ့ အမိန့်ထုတ်လိုက်တယ်။ ပထမပတ်မှာ သမတကြောင့် ပြည်ဝင်ခွင့်အပိတ်ခံထားရတဲ့ ဧည့်နိုင်ငံသားတွေ၊ ဗီဇာနဲ့သူတွေ တရားသူကြီးက ခြွင်းချက်အမိန့်နဲ့ နောက်တပတ်မှာ ပြန်ဖွင့်ပေးတုန်း အပြေးအလွှား ပြည်ဝင်ကြရတယ်။ သမတကြီးက ဆန်ဖရန် ပြည်ထောင်စုတရားရုံး...

Read more »

ဦးကိုနီအမှုမှာ ဒုတိယမြောက်ဖမ်းခံရသူ ဦးအောင်ဝင်းဇော်ဆိုတာဘယ်သူလဲ

February 5, 2017
ဦးကိုနီအမှုမှာ ဒုတိယမြောက်ဖမ်းခံရသူ ဦးအောင်ဝင်းဇော်ဆိုတာဘယ်သူလဲ

ဦးကိုနီအမှုမှာ ဒုတိယမြောက်ဖမ်းခံရသူ ဦးအောင်ဝင်းဇော်ဆိုတာဘယ်သူလဲ (ဆွေဝင်း၊ Myanmar Now ) မိုးမခ၊ ဖေဖော်ဝါရီ ၅၊ ၂၀၁၇ 05/02/2017 ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး ဒုတိယမြောက်ဖမ်းဆီးခံရသူအကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာတွေ့ရတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ဓာတ်ပုံ ဆွေဝင်း/ Myanmar Now ရန်ကုန် (Myanmar Now)—တရားလွှတ်တော် ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး ဒုတိယမြောက်ဖမ်းဆီးရမိထားတဲ့သူဟာ အသက် ၄၆ နှစ်အရွယ် ဦးအောင်ဝင်းဇော်လို့ နိုင်ငံတော်သမ္မတရုံးက ယခုလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ အနီးကပ်လုပ်ကြံခဲ့ပြီး အခင်းဖြစ်ရာနေရာမှာဖမ်းခံရတဲ့ ဦးကြည်လင်းနဲ့အတူ ဦးအောင်ဝင်းဇော်ဟာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တကယ်တော့ သူတို့နှစ်ဦးလုံးဟာ...

Read more »

ဖြိုးသီဟချို (Myanmar Now) ● ဦးကိုနီလုပ်ကြံခံရမှုအပြီး ဘာသာနှစ်ခုကြား ပိုမိုစည်းလုံး၊ ညီညွတ်လာ

February 5, 2017
ဖြိုးသီဟချို (Myanmar Now) ● ဦးကိုနီလုပ်ကြံခံရမှုအပြီး ဘာသာနှစ်ခုကြား ပိုမိုစည်းလုံး၊ ညီညွတ်လာ

ဖြိုးသီဟချို (Myanmar Now) ● ဦးကိုနီလုပ်ကြံခံရမှုအပြီး ဘာသာနှစ်ခုကြား ပိုမိုစည်းလုံး၊ ညီညွတ်လာ (မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇ ရန်ကုန် (Myanmar Now) – ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအပြီးတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များ အကြား ပိုမိုစည်းလုံးညီညွတ်မှုကို တွေ့ရခြင်းမှာ အဆိုးထဲမှ အကောင်းဖြစ်သည်ဟု ဘာသာရေးခေါင်းဆောင် အများအပြားက သုံးသပ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီသည် တိုင်းပြည်အတွက် အမှန်တကယ် တန်ဖိုးရှိသူတစ်ဦးဖြစ်ပြီး ၎င်းလုပ်ကြံခံရမှုအတွက် ပြည်သူများတွင် တူညီသည့် ခံစားချက်တို့ ဖြစ်ပေါ်လာသည်ဟု မန္တလေးမြို့ ဝိဇိတာရာမကျောင်း တိုက်ဆရာတော် ဦးစိန္တိကက မိန့်ကြားသည်။ “မသမာတဲ့လူတွေက လုပ်ကြံသတ်ဖြတ်လိုက်တဲ့အပေါ်မှာ အစ္စလမ်ဘာသာဝင်တွေရော၊ ဗုဒ္ဓဘာသာဝင်တွေကရော နှမျော တမ်းတကြတယ်။ အဲဒီအပေါ်မှာအခြေခံပြီး တည်ဆောက်ဖြစ်ပေါ်လာတဲ့ စည်းလုံးညီညွတ်မှုလို့...

Read more »

ခင်စန္ဒာမြင့် – ရိုက်ချိုးရမယ့် စံနှုန်းများ

February 1, 2017
ခင်စန္ဒာမြင့်  – ရိုက်ချိုးရမယ့် စံနှုန်းများ

    ခင်စန္ဒာမြင့်  – ရိုက်ချိုးရမယ့် စံနှုန်းများ (မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇ မြန်မာပြည်မှာ ယောက်ျားနဲ့မိန်းမ အမိဝမ်းတွင်းသန္ဓေသားဘ၀ကပင် ခွဲခြားဆက်ဆံမှုကိုခံနေရတယ်ဆိုတာကို စေ့စေ့တွေးတဲ့သူမှန်ရင် ဘယ်သူမှ ငြင်းဆိုင်နိုင်မယ် မထင်ပါ။ ဒါပေမယ့်တချို့လူတွေကတော့ မြန်မာနိုင်ငံကအမျိုးသမီးတွေကို ဘယ်သူကဘာတွေတားဆီးနေလို့လဲ၊ အားလုံးတန်းတူရနေတာပဲလို့ ပြောကောင်းပြောနိုင်ပါတယ်။ အရပ်ထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတယောက်ကိုတွေ့လိုက်တာနဲ့ “ဘာလေးလဲ”လို့ မေးကြပါမယ်။ ယောက်ျားလေးလို့ ဆိုလိုက်တာနဲ့တပြိုင်နက် မေးတဲ့သူကလည်းချီးကျူးဂုဏ်ပြုကြသလို၊ အမေးခံရသူကလည်း သားယောက်ျားလေးမိခင်ဖြစ်ရမှာမို့ မြင့်မြတ်သူအဖြစ် ယူဆလိုက်တာပါပဲ။ ဆန့်ကျင်ဖက်အားဖြင့်မိန်းကလေးလို့ ဆိုလိုက်တာနဲ့တပြိုင်နက် မေးတဲ့သူကလည်း “တဂိုးသွင်းခံရပြီနော်” လို့ နောက်ပြောင်တတ်သလို၊ အမေးခံလိုက်ရသူမှာလည်း သူ့ကိုယ်သူအရှုံးသမားအဖြစ် ခံယူလိုက်တတ်ကြပါတယ်။ လူမှုဝန်းကျင်က ပညတ်ထားတဲ့ ယောက်ျားဆိုရင်မြင့်မြတ်တယ်၊ မိန်းမဆိုရင် တဆင့်နိမ့်တယ်ဆိုတဲ့ စံသတ်မှတ်မှုတွေကလူပင် ဖြစ်မလာသေးတဲ့ ရင်သွေးတယောက်ကိုခွဲခြားနေကြပါတော့တယ်။ ဓလေ့ထုံးတမ်းနဲ့ စံသတ်မှတ်မှုများ အမိဝမ်းထဲက မကျွတ်ခင်ကတည်းက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်