သူတို့အာဘော်

ငြိမ်းချမ်းအေး ● ခေတ်သစ် ၅/ည သံစဉ်များ မကြားလိုပါ

December 2, 2016
ငြိမ်းချမ်းအေး ● ခေတ်သစ် ၅/ည သံစဉ်များ မကြားလိုပါ

ငြိမ်းချမ်းအေး ● ခေတ်သစ် ၅/ည သံစဉ်များ မကြားလိုပါ (The Ladies News Journal / မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၆-ဃ) နဲ့ ဆက်စပ်ပြီး တရားစွဲခံရ၊ ထောင်ကျခံရတဲ့ ဖြစ်စဉ်တွေ များလာခြင်းနဲ့အတူ အခုရက်သီတင်းပတ်တွေ အတွင်း ဒီဥပဒေကို စောကြောတဲ့ အသံတွေလည်း ညံလာပါတယ်။ ဥပဒေ ရှိသင့်၊ မရှိသင့်လည်း စာနယ်ဇင်း မီဒီယာအစုံစုံမှာ ဆွေးနွေးလာကြပါတယ်။ တပြိုင်တည်းမှာပဲ ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေဗိမာန်က ဒီဇင်ဘာလဆန်းမှာ ပြုလုပ်နေတဲ့ “ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ” အတွက် စာတမ်းတောင်းလို့ တင်သွင်းခဲ့တဲ့ စာရေးဆရာ တချို့ရဲ့ စာတမ်းတွေ ဆိုင်းငံ့ခံထားရတဲ့ ကိစ္စလည်း ပေါ်လာခဲ့ပါသေးတယ်။...

Read more »

ငြိမ်းချမ်းအေး ● စင်ကာပူလို မဖြစ်ချင်ပါနဲ့

December 1, 2016
ငြိမ်းချမ်းအေး ● စင်ကာပူလို မဖြစ်ချင်ပါနဲ့

ငြိမ်းချမ်းအေး ● စင်ကာပူလို မဖြစ်ချင်ပါနဲ့ (မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၆ စင်ကာပူရဲ့ လက်ရှိ လွပ်လပ်ခွင့်၊ ဥပဒေဖိနှိပ်မှုနဲ့ နိုင်ငံရေးရေချိန်ကို ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း သင်ခန်းစာယူ ဆင်ခြင်သင့်လှပါတယ်။    စင်ကာပူဆီက အတုမယူသင့်တာ၊ အတုယူသင့်တာ ခွဲခြားမြင်ကြည့်ကြဖို့ ဆော်သြသင့်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဆီက ပညာတတ် လူလတ်တန်းစား ပြည်တွင်း၊ ပြည်ပအဝေးရောက် နှစ်မျိုးစလုံးနဲ့ လူချမ်းသာ ရေပေါ်ဆီများရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး ရေချိန်ကလည်း သိပ်နက်နက်နဲနဲတွေ လေ့လာစောင့်ကြည့်စရာမလို၊ လီကွမ်ယု အသုဘ ကြည့်ရင်ကို သိနိုင်တယ် ဆိုရမလို ဖြစ်ခဲ့ပါတယ်။  လီကွမ်ယူရဲ့ အာဏာရှင်စိတ်ဓာတ်ဝါဒကို တိုင်းပြည် ရုပ်ပိုင်းဆိုင်ရာ ဓနအင်အား ချမ်းသာဖွံ့ဖြိုးတိုးတက်တယ်ဆိုတာကို ကွက်ကြည့် အားကျ လိုလားကြောင်း လီကွမ်ယုဆုံးချိန်မှာ သိသာခဲ့ပါတယ်။ လူသားရဲ့...

Read more »

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၃)

November 29, 2016
တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၃)

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၃)  ( အရိုးတောင်းတဲ့ ၁၃ ပါတီအသံ) မိုးမခ၊  နိုဝင်ဘာ ၂၉၊ ၂၀၁၆  အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာသေနတ်သံတွေ မရပ်စဲသေးတဲ့အပြင်“တောင်းဆိုသံ”ထွက်လာပေါ် လာပြန်ပါတယ်။ ကာလုံအစည်းအဝေးခေါ်ပေးရန် ၁၃ ပါတီရဲ့ တောင်းဆိုသံဖြစ်ပါတယ်။ ဒီ “တောင်းဆိုသံ” ဟာ သွေးရိုးသားရိုး မဟုတ်ပါဘူး။ အသားလိုလို့ အရိုးတောင်းတဲ့အသံဖြစ်ပါတယ်။ မင်းသားကြီးမလုပ် ရတဲ့သူတွေရဲ့ ဓားကြိမ်း ကြိမ်းတဲ့ အသံဖြစ်ပါတယ်။ ၁၃ ပါတီဆိုတဲ့ ဗြုတ်စဗြင်းတောင်းအုပ်စုထဲဘယ်သူတွေပါသလဲလို့ ကြည့်မိတော့။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက် ပွဲမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့ ပါတီ နှစ်ခု ထိပ်ဆုံးမှာပါတာကို တွေ့ရတယ်။ သူတို့နောက်ကြောင်းကို ပြန်စောင်း ကြည့် တော့ စစ်အုပ်စုက မွေးထုတ်လိုက်တဲ့ (ညီအစ်အကိုတွေဖြစ်တဲ့) (မဆလ)...

Read more »

ငြိမ်းချမ်းအေး ● ဖော်ထုတ်ရမယ့် ‘ပုံစံမျိုးစုံ’ ရှိ လိင်အကြမ်းဖက်မှုများ

November 29, 2016
ငြိမ်းချမ်းအေး ● ဖော်ထုတ်ရမယ့် ‘ပုံစံမျိုးစုံ’ ရှိ လိင်အကြမ်းဖက်မှုများ

ငြိမ်းချမ်းအေး ● ဖော်ထုတ်ရမယ့် ‘ပုံစံမျိုးစုံ’ ရှိ လိင်အကြမ်းဖက်မှုများ (The Ladies News / မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၆ အမျိုးသမီးငယ်များ၊ ကလေးငယ်များ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနဲ့ ဆက်စပ်ပြီး စာနယ်ဇင်း ထုတ်ဖော် တင်ပြမှုများလာခြင်းနဲ့အတူ လူအများကြားမှာ ပြောစရာ ဆိုစရာ၊ စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ တကယ့်တကယ်တော့ ဒီပြဿနာဟာ အရင့်အရင် ခေတ်တွေမှာလည်း အတွင်းမှာ လှိုက်စားနေတဲ့ လိင်ပိုင်းဆိုင်ရာ ကျား-မ လူမှု-ကျန်းမာ-ပညာ ခွဲခြားမှု၊ လိင်ကို အခြေပြု အကြမ်းဖက်မှု၊ အသားယူမှု၊ အမြတ်ထုတ်မှုများ နဲ့ ဆက်နွှယ်နေပါတယ်။ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှု၊ မသိ နားမလည်မှု၊ “ငါမွေးထားတဲ့ ကလေး ငါ ပိုင်တယ်” ထင်နေတဲ့၊ “ကလေး/လူငယ်ဆိုရင် လူကြီး...

Read more »

သားကြီးမောင်ဇေယျ – စတုတ္ထမဏ္ဍိုင်ကြီးကို ကြိမ်ဒဏ် ထပ်ခါ ထပ်ခါ ပေး တော်မူပါ

November 29, 2016
သားကြီးမောင်ဇေယျ – စတုတ္ထမဏ္ဍိုင်ကြီးကို ကြိမ်ဒဏ် ထပ်ခါ ထပ်ခါ ပေး တော်မူပါ

သားကြီးမောင်ဇေယျ – စတုတ္ထမဏ္ဍိုင်ကြီးကို ကြိမ်ဒဏ် ထပ်ခါ ထပ်ခါ ပေး တော်မူပါ (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၆ တ၀ုန်းဝုန်း အသံတွေ ကြားလို့ ထ ကြည့်မိပါတယ်။ ဘာတွေဖြစ်ကုန်ပြီလဲ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က သင်္ကြန် ဗုံးပေါက်မှု သတင်း၊ နော်ဝေ ဒီမိုကရက်တစ်မြန်မာ့ရုပ်သံကို ပို့မိတဲ့ အတွက် အချုပ်ခန်းမှာ အချုပ်ခံနေရတုန်း ညတညမှာ အခုလို အသံတွေ ကြားခဲ့ရလို့ အထိတ်တလန့် ထ ကြည့်မိခဲ့ပါတယ်။ မိန်မး အသံတွေကလည်းဆူလို့၊ ငိုသူငို၊ ဆဲသူဆဲ။ ကျွန်တော့် ရောက်နေတဲ့ အချုပ်ခန်းထဲကနေ လျှောက်လမ်း ဘက်ကိုကြည့်လိုက်တော့ မိန်းမငယ် လေး ငါးယောက်လောက် အမျိုးသမီး အချုပ်ခန်းဘက်ကို ၀ရုန်းသုံးကား ၀င်သွားကြပါတယ်။ မကြာခင် အမျိုးသမီး...

Read more »

မောင်မောင်စိုး – ပြည်တွင်းစစ် အခြေခံ

November 26, 2016
မောင်မောင်စိုး – ပြည်တွင်းစစ် အခြေခံ

မောင်မောင်စိုး – ပြည်တွင်းစစ် အခြေခံ (မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၆ တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲများ မြန်မာပြည်မြောက်ပိုင်း၌ ပြန်လည်ဖြစ်ပွါးလာပြီးနောက် ပြည်တွင်းစစ်နှင့်ပတ်သက်၍ သုံးသပ်ကြရာတွင် မတူသောအမြင်များစွာကိုတွေ့ရသည်။ ထိုအမြင်များထဲမှ တခုမှာ ပြည်တွင်းစစ်များသည် သယံဇာတခွဲဝေမှု များတွင် အခြေခံသည်ဆိုသည့်အချက်ဖြစ်သည်။ မိမိအနေ နှင့် ထိုအမြင်သည် လက်တွေ့မကျ သည့်ပြင် ထိုသို့သောစဉ်းစာကြည့်မြင်မှု ပေါ် အခြေခံက ပြသနာကို မှန်ကန်စွာမဖြေရှင်းနိုင်ဟုယူဆပါသည်။ လက်တွေ့ မြန်မာပြည် ပြည်တွင်းစစ်အစတွင် တွေ့ရသည့် ဗမာပြည်ကွန်မြူ နစ်ပါတီ အလံနီကွန်မြူ နစ်ပါတီ ပြည်သူ့ရဲဘော်တို့နှင့် ဖြစ်ပွါးသောစစ်ပွဲများသည်  အယူဝါဒအပေါ် အခြေခံပါသည်။ အလားတူ ၁၉၄၉ ခုနှစ် ကရင်တို့၏ပုန်ကန်မှု စတင်ချိန်တွင် ဟတ်ကြီးရေကာတာဆိုသည်မှာ မရှိသေးပါ။ ၁၉၅၈ ခုနှစ် ရှမ်းတို့၏ ပုန်ကန်မှု စတင်စဉ်က...

Read more »

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း – (၂)

November 25, 2016
တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း – (၂)

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း – (၂)  ((၁၀၅) မိုင်က သေနတ်သံများ) (မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၆ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ သေနတ်သံတွေမြည်ဟိန်းနေပါတယ်။ ဒီလိုသေနတ်သံတွေ မြည်ဟိန်းနေတာ မဆန်းကျယ်ပါဘူး။ ဒီချုပ်ပါတီ “အစိုးရအာဏာ” မရခင်ကလည်း မြည်ဟိန်းနေခဲ့တာ ပဲလေ။ ၁၉၄၈ ကနေ စပြီး ဒီကနေ့အထိ သေနတ်သံတွေမကြားရတဲ့နေ့ရက် ဗမာပြည်မှာ ရှိခဲ့ဖူးလို့လား။ ဒီချုပ်ပါတီ အစိုးရအာဏာရရှိ လာခဲ့တဲ့ ( ၈ ) လတာမျှ ကာလအတွင်းမှာရော သေနတ်သံ တွေမကြားရတဲ့နေ့ရက်ရယ်လို့ရော ရှိခဲ့ဖူးလို့လား။ မရှိခဲ့ပါဘူး။ ဒီ (၁၀၅) က ပေါ်ထွက်လာတဲ့ သေနတ်သံတွေဟာ သီးခြားပေါ်ပေါက်လာတဲ့ အကြောင်းတရားသေနတ်သံ မဟုတ်ဘဲ။ နဂိုရှိနေတဲ့၊ မပြီးဆုံးနိုင်ဘဲရှိနေတဲ့ ပြည်တွင်းစစ်၊ ပြီးပြတ်ပြေလည်အောင် မဖြေရှင်းနိုင်သေးတဲ့...

Read more »

မောင်ရစ် – ထိုးမယ့်ဆင် နောက်တလှမ်းဆုတ် ဆိုသတဲ့လား ဒီမိုကရေစီ

November 23, 2016
မောင်ရစ် – ထိုးမယ့်ဆင် နောက်တလှမ်းဆုတ် ဆိုသတဲ့လား ဒီမိုကရေစီ

မောင်ရစ် – ထိုးမယ့်ဆင် နောက်တလှမ်းဆုတ် ဆိုသတဲ့လား ဒီမိုကရေစီ (အယ်ဒီတာ့လက်ရေး) မိုးမခ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၆ အမေရိကန်ပြည်ထောင်စု နိုဝင်ဘာလ ၈ ရက်နေ့ဟာ သူတို့သမ္မတရွေးကောက်ပွဲနေ့ပါ။ အဲသည်နေ့ဟာ ဒီမိုကရက်ပါတီအတွက်တော့ အမှောင်ကျ အင်္ဂါ ( Black Tuesday) လို့ ဆိုရပါမယ်။ အများတကာနဲ့ မြန်မာပြည်သူအတော်များများ မျှော်လင့်တောင့်တနေကြသလို ဒေါ်ကလင်တန် သမ္မတ ဖြစ်မလာဘဲ အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း ဒေါ်နယ်ထရန့် နှာတဖျား၊ ဆံတမောက် အသာနဲ့ သမ္မတကြီးအဖြစ် ရွေးချယ်ခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ကြီးတ၀ှမ်းလုံး ‘၀ပ်’ သွားလိုက်တာများ မနည်း နှာနှပ်ယူရတယ်လို့ ပြောချင်ပါတော့တယ်။ ဘယ်သူကမှ မထင်ထားဘူးကိုး။ မီဒီယာတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးဝါရင့်တွေနဲ့ မျိုးဆက်သစ်တွေက...

Read more »

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း

November 23, 2016
တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း မိုးမခ ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၆ “ တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ – ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်စို့ ” (၉၆) နှစ် မြောက်အမျိုးသားနေ့ ဦးတည်ချက် ၄ ရပ်ထဲက ဦးတည်ချက်နှစ်ရပ်ကို ပေါင်းစပ်ထားတဲ့ အမျိုးသားနေ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ဟာ အတိုင်ပင်ခံလျှောက်သောလမ်း ဘာလဲဆိုတာကို အတိအလင်း ညွန်ပြနေပြီး အတိုင်ပင်ခံလျှောက်တဲ့ လမ်းဆိုတာဟာ တနည်းအားဖြင့်ပြောရရင် နိုင်ငံတော်အစိုးရလျှောက်လှမ်းရမယ့်လမ်းလည်းဖြစ်တယ်ဆိုတာ အားလုံးက သဘောပေါက် နားလည်ထားပြီးသားဖြစ်ပါမှာ။ တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးဖို့ – ပြည်ထောင်စုကြီးတစ်ခုလုံးငြိမ်းချမ်းဖို့ဆိုတဲ့ ဦးတည်ချက်ကို ပေါက်မြောက်အောင် အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်လှမ်းနေတဲ့ ဒီလမ်းဟာ သာယာဖြောင့်ဖြူးသော လမ်းမကြီးတော့မဟုတ်ပါဘူး။ အတားအဆီးတွေ၊ အနှောင့် အယှက်တွေ၊ အကန့်အသတ်တွေနဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီခေါင်းစဉ်...

Read more »

ဇင်လင်း ● ငြိမ်းချမ်းရေးခရီး…နီးသလား….ဝေးသလား

November 22, 2016
ဇင်လင်း ● ငြိမ်းချမ်းရေးခရီး…နီးသလား….ဝေးသလား

ဇင်လင်း ● ငြိမ်းချမ်းရေးခရီး…နီးသလား….ဝေးသလား (မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆ မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေသည် ညှိနှိုင်းမှု အဆင်မပြေနိုင်ဘဲ၊  သောင် မတင်ရေမကျ ရှိနေခဲ့ရာမှ ရွှေပြည်တော် မျှော်လေတိုင်း ဝေးနေဦးမည်လားဟု လူထုအကြား သံသယများ ပွားများနေကြရ ပြန်ပြီ ဖြစ်သည်။  ရှမ်းပြည်မြောက်ပိုင်း မူစယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုံရှိ အစိုးရလုံခြုံရေးစခန်းကို နိုဝင်ဘာလ ၂၀ ရက် နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကုန်သွယ်ရေးလမ်း အားပိတ်ထား ခဲ့ရကြောင်း သျှမ်းသံတော်ဆင့် သတင်းအရ သိရသည်။ အရုဏ်မတက်မှီ နံနက် ၉ နာရီအထိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်းထားသည့် မဟာမိတ်တပ်ဖွဲ့ဝင်များက မန္တလေး၊ လားရှိုး၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်