သူတို့အာဘော်

လက်ပံတောင်းသပိတ်အလွန် (ဦး)သိန်းစိန်ပြောတဲ့ မြန်မာနွေဦးကာလများ (Maung Yit)

December 16, 2012
လက်ပံတောင်းသပိတ်အလွန် (ဦး)သိန်းစိန်ပြောတဲ့ မြန်မာနွေဦးကာလများ  (Maung Yit)

အယ်ဒီတာ့လက်ရေး (၁၇) လက်ပံတောင်းသပိတ်အလွန် (ဦး)သိန်းစိန်ပြောတဲ့ မြန်မာနွေဦးကာလများ မောင်ရစ်၊ ဒီဇင်ဘာ ၁၆၊ ၂၀၁၂ လက်ပံတောင်းတောင် အကြမ်းဖက်မှုကို လက်ရှိအစိုးရက အကြိမ်ကြိမ် တောင်းပန်မှုတွေ ပြုလိုက်တယ်။ သံဃာတော်တွေဖက်ကလည်း လက်ခံတော်မူတယ် ဆိုတယ်။ သည်တော့ မြန်မာပြည်အရေးကိစ္စတွေဟာ ရှေ့ကို နောက်တလှမ်း ဆက်တိုးလို့ ရသွားပြီလို့ ဆိုရမှာပေါ့။ အရင်ကဆိုရင် သံဃာတော်တွေကို ဖမ်းဆီး ထောင်ချ ရိုက်နှက်၊ ဘုန်းကြီးကျောင်းတွေ ၀င်စီး၊ ချိတ်ပိတ်တာတွေကျုးလွန်ခဲ့တဲ့ ယခင်စစ်အစိုးရလိုမျိုး သတင်းအမှောင်ချတာ၊ ဖုံးဖိတာ၊ ကန့်သတ် ပိတ်ဆို့တာ၊ လိမ်ညာ လှည့်ဖျားတဲ့ သတင်းတွေ ထုတ်ပြန်ပြီး တလမ်းမောင်းလမ်းကြောင်းကနေ ဇွတ်တိုးတဲ့ အာဏာရှင်စရိုက်ခေါက်ရိုးကနေ အခုလိုမျိုး ရှေ့မျက်နှာ နောက်ထားပြီး တောင်းပန်တာ၊ မျက်နှာအောက်ချပြီး ရင်ဆိုင်တတ်လာတာကိုတော့ ကြံဖန် ချီးကျုးရမှာပေါ့။ (ဦး)...

Read more »

နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ

December 14, 2012
နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော  မြန်မာစစ်ခေါင်းဆောင်များ

သန်းတင် ဒီဇင်ဘာ ၁၄၊ ၂၀၁၂ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တိုင်းပြည်ကိုအုပ်ချူပ်ခဲ့ကြသော ခေါင်းဆောင်များကို လေ့လာကြည့်လျှင် ဓားတစ်ပြက် ဒုတ်တစ်ပြက်ဖြင့် ပြည်သူများကို ရိုင်းစိုင်းမောက်မာစွာ အုပ်ချူပ်ခဲ့ကြသည်ကို  လေ့လာတွေရှိရမည်ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်းဟု ပြဿနာ၏ရင်းမြစ်ကို လေ့လာကြည့်လျှင် ထိုသူတို့တွင် တိုင်းပြည်နင့်လူမျိုးအပေါ်တွင် အမှန်တကယ်စစ်မှန်သော မေတ္တာစေတနာမရှိမှု။ ပညာအမျော်အမြင်အားနည်းမှု၊ အာဏာကို အလွန်အကျွံမက်မောမှု၊   အများပြည်သူကောင်းစားရေးထက် မိမိမိသား စုကောင်းစားရေ စသော တစ်ကိုယ်တော်အတ္တဆန်မှုတို့ကို တွေ့ရှိရမည်ဖြစ်သည်။ အမှန်တရာနှင့် လုံးဝကင်းကွာပြီး လက်တွေ့မကျသော ပေါ်လစီများ။မှုဝါဒများကို ကျင့်သုံးခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူတော်လူကောင်းများ။တတ်သိပညာရှင်များ မ၇ှိသည်မဟုတ်ပါ။ ထိုလူတော်လူကောင်းများ တတ်သိပညာရှင်များအတွက် နေရာမရှိခြင်းသာဖြစ်သည်။ အထက်ဖားအောက်ဖိများ၊ ခရိုနီတရုတ်စီးပွါးရေး သမားများ၊ အာဏာရှင်အကြိုက် ပုံဖေါ်ထောက်ခံပေးကြသော အာဏာရှင်လက်သစ်လူတစ်စုအတွက်သာလျှင် နေရာမြဲ၊ အာဏါမြဲ၊ စီးပွား...

Read more »

ဗုဒ္ဓရဲ့ ဒီမိုကရေစီရှုဒေါင့်မှ မဟနဥက္ကဋ္ဌ ဗမော်ဆရာတော်ဘုရားကြီးသြ၀ါဒကို ဘာသာပြန်ခြင်း

December 12, 2012
ဗုဒ္ဓရဲ့ ဒီမိုကရေစီရှုဒေါင့်မှ မဟနဥက္ကဋ္ဌ ဗမော်ဆရာတော်ဘုရားကြီးသြ၀ါဒကို ဘာသာပြန်ခြင်း

ဗုဒ္ဓေါဝါဒဆရာတော် ဒီဇင်ဘာ ၁၂၊ ၂၀၁၂ မုံရွာကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်ပြီး သံဃာတော်များ ထိခိုက် ဒဏ်ရာများရခဲ့သည်နှင့် စပ်လျင်း၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းတို့ သံဃမဟာနာယကဆရာတော် ကြီးများအား ၀န်ချတောင်းပန်ခဲ့လို့ အတွင်းကအနှစ်သာရမပါစေကာမူ အမြင်ပြယုဂ်အနေနဲ့ကတော့ ကြည့်လို့ ကောင်းသွားသလိုဖြစ်ကောင်း ဖြစ်မှာပါ၊၊ “အဖျက်သမားအချို့ ဘာသာရေးကို ခုတုံးလုပ်ရုံမျှသာမက နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချရန် စီမံချက်ချ ဆောင်ရွက်နေဆို”တဲ့ သတင်းစာပါ ခေါင်းစဉ်ကို ဖတ်ရတာဟာ ယခင်စစ်အစိုးရလက်ထက်က အကျင့်ဆိုးတွေ အတိုင်းရေးသားနေတာဟာ ယနေ့ သံဃာထုကိုဆက်လက်ပြီး စော်ကားနေတာလို့ ခံစားမိတယ်၊ဒီကနေ့ သံဃာထုရဲ့ ဆန္ဒဟာ ပြည်သူလူထုနဲ့ တစ်ထပ်တည်းဆိုတာကို တကယ်ပဲမသိတာလား မသိချင်ဟန်ဆောင်၍ လူမိုက်တွေစရိုက်မို့ စစ်အစိုးရတလျောက်ရေးခဲ့သလိုမျိုး...

Read more »

သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)

December 8, 2012
သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)

သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်) (by ပြည်သူ့ခေတ် on Wednesday, 5 December 2012 at 23:20 ) မြန်မာပြည်သည် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဟုဆိုသည့်အခါ ကျွန်တော်တို့ ၀မ်းသာ ကြသည်။           သည်စကားကို သူတစ်ပါးက တကယ် ပြောတာလား၊ ကိုယ့်ဘာသာ ကိုယ် ဂုဏ်ဖော် ပြောဆို ၀မ်းမြောက်နေခဲ့  ကြသည်လား၊ ကျွန်တော်မသိ။           သို့သော် ပြီးခဲ့သည့် နှစ်များအတွင်း သယံဇာတ ကျိန်စာဟူသော စကားကို မကြာခဏ ကြားလာရသည့်အခါ ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်ရသည်။           သယံဇာတကျိန်စာတဲ့။           မညှာမတာ ပြောလိုက်သည့်စကား။           သယံဇာတပုံ ပေါ်ထိုင်ကာ ဆင်းရဲမွဲတေနေကြသည့် ကျွန်တော်တို့ အပါအ၀င်...

Read more »

လူထု ခေါင်းဆောင် မှ လက်ပံတောင်း “ပေါင်ချိန်” သို့ (Tu Maung Nyo)

December 7, 2012
လူထု ခေါင်းဆောင် မှ လက်ပံတောင်း “ပေါင်ချိန်” သို့  (Tu Maung Nyo)

လူထု ခေါင်းဆောင် မှ လက်ပံတောင်း “ပေါင်ချိန်” သို့ တူမောင်ညို၊ ဒီဇင်ဘာ ၆ ၂၀၁၂ခုနှစ် “အခုချိန်မှာ ဘယ်သူ့ကိုမှ အပြစ်ရှိတယ်လို့ အစ်မတို့က မသတ်မှတ်ပါဘူး” တဲ့။ “ဒီပြဿနာက ရေနဲ့ဖြန်းတာပဲ၊ ဒါပေမယ့် ငရဲပြည်က ရေဖြစ်နေတယ်” လို့ မှတ်ချက်ပေး မိန့်ကြားခဲ့တဲ့ သီတဂူ ဆရာတော်ကြီး တောင် အာပတ်သင့်ရတော့မလိုပဲ။ ကော်မရှင်ဥက္ကဋ္ဌ သမာသမတ်ကျလိုက်ပုံများ  လက်ဖျားခါရတယ်ဗျာ။ တကယ့် ခုံသမာဓိစိတ်ဓါတ်အပြည့်ပဲ။ တစ်ချိန်က တီဗွီ ဇာတ်လမ်းတွဲ “တရားသူကြီးပေါင်ချိန်” ကို သတိရတယ်။ စုံစမ်းရေးကော်မရှင်သည် “ပေါင်ချိန်”လို စုံစမ်းစစ်ဆေးဆုံးဖြတ်ဝံ့မလား။ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင်ကနေ ဘက်မလိုက်တရားသူကြီး၊ ခုံသမာဓိလူကြီး အဖြစ်ရွေ့လျားတဲ့ “အပြောင်းနဲ့အရွေ့” ကို လည်း အားလုံးက ထင်ထင်ရှားရှား မြင်လိုက်ရတယ်။...

Read more »

လက်ပံတောင်းအကြမ်းဖက်မှုကနေ ကျွန်တော်တို့ ဘာတွေရရှိခဲ့ကြသလဲ (Tu Maung Nyo)

December 5, 2012
လက်ပံတောင်းအကြမ်းဖက်မှုကနေ ကျွန်တော်တို့ ဘာတွေရရှိခဲ့ကြသလဲ  (Tu Maung Nyo)

လက်ပံတောင်းအကြမ်းဖက်မှုကနေ ကျွန်တော်တို့ ဘာတွေရရှိခဲ့ကြသလဲ တူမောင်ညို  ( ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်) နိုဝင်ဘာလ ၂၉ ရက်နေ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့ “မီးလောင်ဗုံးပစ်သွင်းပြီး အကြမ်းဖက်ဖိနှိပ်ခဲ့တဲ့ဖြစ်ရပ်” ကနေ ကျနော်တို့ ဘာတွေ ရရှိခဲ့ကြသလဲ။ အဓိကအချက် ၂ ချက် မှာ – ဦးပိုင် (UMEH) ရဲ့ လက်ဝါးကြီးအုပ်စီးပွားရေးစားခွက်ကို လုံးဝ အထိမခံခြင်းနဲ့ ၄င်းတို့အကျိုးစီးပွားကို ပြတ်ပြတ်သားသား ကာကွယ်ခြင်း။ – အကြမ်းဖက်ဖိနှိပ်ဖြိုခွဲခြင်း၊ ဤဖြစ်ရပ်ဟာ ပြည်သူတစ်ရပ်လုံးကို ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလိုက်တဲ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့ သဘောထား ကြေညာချက်ပဲဖြစ်ပါတယ်။ ဒါအပြင် ဒီဖြစ်ရပ်အပေါ် “ဒီချုပ်ဥက္ကဋ္ဌ” အပါအဝင်၊ “၈၈ ကျောင်းသား” စသော အတိုက်အခံများသည် ကြားဝင်စေ့စပ်ဖြန်...

Read more »

ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ် (U Win Tin)

December 5, 2012
ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ် (U Win Tin)

ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ် * ဟံသာဝတီ ဦးဝင်းတင်၊ ဒီဇင်ဘာ ၅၊ ၂၀၁၂ ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ….. မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား ။ မသေသေးဘူးဗျ။ ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့ အပိုအလျှံ အိုဒဏ်ပေးလေတယ် မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။ ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေး ခဲ့တဲ့ ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ် တွေကို ဖတ်ပြီးမှ သေကြဟဲ့” လို့ အမိန့်တော်မြတ် ချမှတ်တော်မူလေသလား မသိပေါင်ဗျာ။ ကျုပ်တို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။...

Read more »

ဝေဖန်ရေးဆိုတဲ့ ကိစ္စ

December 3, 2012
ဝေဖန်ရေးဆိုတဲ့ ကိစ္စ

ကိုပေါက် (ကမာပုလဲ) ဒီဇင်ဘာ ၃၊ ၂၀၁၂  နိုင်ငံရေးမှာ ယုံချင်တာကို ယုံဖို့အခွင့်ရှိပါတယ်။ ယုံကြည်သလို လုပ်ကြပြောကြ ယုံကြည်ကြ ရှိပါတယ် ..ရှိခဲ့တယ်။ ဒါသမိုင်းပဲ။ … ဒီတော့ နိုင်ငံရေးမှာ ယုံချင်သူကလဲ သူယုံချင်တာ ယုံမှာဖြစ်သလို ဝေဖန်လိုသူကလဲသူ့မှာ ဝေဖန်ပိုင်ခွင့်ရှိလို့ ဝေဖန်နိုင်ခွင့်လည်း ရှိပါတယ် … ဒါသဘာဝပဲ။ ဒီနေ့ ၈၈ မျိုးဆက်အဖွဲ့ကို ဝေဖန်နေတာက ဝေဖန်ဖို့ လိုအပ်နေလို့ဖြစ်တယ်။ ၈၈ မျိုးဆက်အဖွဲ့ဟာ မင်းကိုနိုင် (၈၈၈၈ ဗကသ) မင်းဇေယျ၊ ဌေးကြွယ် (၈၈၈၈ မကသ) ကိုကိုကြီး (သုံးချောင်းထောက် ဗကသ) ဂျင်မီ (မိုးသီဇွန်လူ့ဘောင်သစ်) တို့ကို မဏ္ဍိုင်ပြုပြီး ၂၀၀၇ စက်တင်ဘာ သံဃာဦးဆောင် တော်လှန်ရေး မဖြစ်မီ ဖွဲ့ခဲ့ကြတယ်။...

Read more »

ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၏ မြန်မာနိုင်ငံစီးပွားရေးအပေါ် ချုပ်ကိုင်ထားမှု

December 2, 2012
ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၏ မြန်မာနိုင်ငံစီးပွားရေးအပေါ် ချုပ်ကိုင်ထားမှု

သုတေသီ မောင်တင့်တယ် နိုင်ဝင်ဘာ ၂၊ ၂၀၁၂ ● ဦးပိုင်အစ ၁။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုအချိန်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့် ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့သည့် ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည်။ ● ဦးပိုင်စနစ် ၂။  “ဦးပိုင်” စနစ်ဆိုသည်မှာ မိမိအရင်းထက် အဆပေါင်းများစွာပိုသော...

Read more »

မေးခွန်းထုတ်စရာဖြစ်နေသော လက်ပံတောင်းတောင်ပဋိပက္ခဖြေရှင်းမှု

November 30, 2012
မေးခွန်းထုတ်စရာဖြစ်နေသော လက်ပံတောင်းတောင်ပဋိပက္ခဖြေရှင်းမှု

ဟိန်းဇာနည် (Wisdom Villa) နိုဝင်ဘာ ၃၀၊ ၂၀၁၂ လက်ပံတောင်းတောင်ကိစ္စ ကြားရ၊မြင်ရတာတွေကတော့ ၀မ်းနည်းရမှာလား ၊ ရင်နင့်ရမှာလား ၊ ရင်နာရမှာလား ၊ ဒေါသဖြစ်ရ မှာလား မသိတော့ ။လူတစ် ဦး တစ်ယောက်အနေဖြင့် ခံစားချက်ပေါင်းစုံကို တစ်ပြိုင်နက် ခံစားလိုက်ရသည်မှာမည်သို့မည်ပုံ မည်သည့် စကား လုံးဖြင့်ဖော်ပြရမည်မှန်း ပင်မသိတော့ ။ ၀မ်းနည်းမှုများကို ရင်နင့်စွာခံစားရပြီး ရင်နာနာဖြင့် ဒေါသ ဖြစ်ရပါသည် ဟုပင် ဆိုရချေ တော့မည် ။ ဒီလိုဖြစ်လာနိုင်သည်တို့ကို ဒီလိုမဖြစ်လာစေလို ၍ ပြည်သူတစ်ဦးတစ်ယောက်အနေဖြင့် စတုတ္ထမဏ္ဍိုင်မှ ကြိုတင် တင်ပြ ရေးသားပြော ဆိုခဲ့ပါလျက်တည့်တည့် ဆိုက်ဆိုက် ၀င်တိုက်လာသည်ကား ဆိုးလွန်းလှပါသည်။ ၂၇.၁၁.၂၀၁၂ (အင်္ဂါနေ့) ထုတ် ကြေးမုံသတင်းစာတွင် သတင်းတစ်ပုဒ်ကို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်