သူတို့အာဘော်

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ

June 7, 2012
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ

ငြိမ်းချမ်းအေး ဇွန် ၇၊ ၂၀၁၂ ခု ဗမာပြည်မှာဖြစ်ခဲ့တဲ့ လူတဦးချင်းကျူးလွန်တဲ့ ရာဇဝတ်မှုမှတဆင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအသွင်ဆောင်လာကာ အကြမ်းဖက် သတ်ဖြတ်မှု၊ အဓိကရုဏ်းပုံစံ မတည်ငြိမ်မှုတွေဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံကြီးသားပီသဖို့၊ တနည်းအားဖြင့် ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း ဖော်ဆောင်လာနိုင်ဖို့ လေ့လာ၊ ဆင်ခြင်စရာတွေ အများကြီးရှိနေတယ်။ ဘာသာ၊ လူမျိုး တင်းမာမှုအသွင်ဆောင်လာခြင်းမှာ ဆွေးနွေး သုံး သပ်စရာ လက်ငင်းအကြောင်း (Immediate Cause) တွေ၊ နောက်ခံကားချပ် အရင်းအမြစ်အကြောင်း (Underlying Root Cause) တွေ အများကြီးရှိတဲ့အပြင် လူအများစုရဲ့ ပုဂ္ဂလိကသဘော တုန့်ပြန်မှုတွေမှာ ဆင်ခြင်သတိပြုစရာတွေ အများကြီးရှိနေတယ်။ ဒီဆောင်းပါးမှာ စာရေးသူတဦးတည်းအမြင်နဲ့ဖြစ်ပေါ်လာရတဲ့ လက်ငင်းအကြောင်းအချက်တွေ၊ ဆက်စပ်နေတဲ့ သတင်း၊ မီဒီယာနဲ့ လူအများ စုရဲ့သဘောထား၊ အမြင်၊ တုန့်ပြန်မှု အကျိုးဆက်တွေကိုတင်ပြရင်းနဲ့...

Read more »

Dr. Dhamma Piya – ပညာမြှင့်မှ လူမျိုးတင့်မယ်ဆိုရင် …

June 7, 2012
Dr. Dhamma Piya – ပညာမြှင့်မှ လူမျိုးတင့်မယ်ဆိုရင် …

ဒေါက်တာဓမ္မပိယ၊ ဇွန် ၇၊ ၂၀၁၂   သဘောတရားမှသည် လက်တွေ့ဆီသို့             ယနေ့ နိုင်ငံတော်အစိုးရ၏ တိုင်းပြု၊ ပြည်ပြု ပေါ်လစီများသည် အသွင်ကူးပြောင်းရေးကာလ၌ အရေးပါလှသည်။ နိုင်ငံရေးပေါ်လစီ၊ စီးပွားရေးပေါ်လစီ၊ ဥပဒေရေးရာပေါ်လစီ၊ ကျန်းမာရေးပေါ်လစီ၊ ပညာရေးပေါ်လစီ-စသည်ဖြင့် ပြုပြင်ပြောင်းလဲစရာတွေက များလွန်းလှသည်။ ဒီမိုကရစ်တစ် နိုင်ငံတော်သစ် ဆီသို့ စံနစ်တကျ အသွင်ကူးပြောင်းနိုင်ရေးအတွက် ပေါ်လစီအရပ်ရပ်ကို နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းသတ်မှတ် ပေးလျက်ရှိသော်လည်း ပြည်သူများအပေါ် ဥပဒေစိုးမိုးရေးနှင့် ပြည်သူများမှ ဥပဒေကို လိုက်နာကျင့်သုံးရေး အပိုင်း၌ ချိန်ခွင်ရှာ မညီမျှသကဲ့သို့ ဖြစ်နေသည်။ အဘယ်ကြောင့်ပါနည်း။             မြန်မာလူမျိုးနှင့် မြန်မာလူမျိုးတို့ကိုးကွယ်သော ဘာသာတရားကြောင့်ပေလော။ သို့မဟုတ် စည်းမဲ့ကမ်းမဲ့နှင့် အနေကြာလာခဲ့၍ စည်းကမ်းများကို လိုက်နာကျင့်သုံးရန် ခက်ခဲနေခြင်းမျိုးလော။  မြန်မာနိုင်ငံသမိုင်းတစ်လျှောက်လုံး၌ ဗုဒ္ဓတရားတော်များကို မြန်မာပြည်သူ၊...

Read more »

ဟားဗတ်မှ ကျွန်ုပ်တို့လူ

June 6, 2012
ဟားဗတ်မှ ကျွန်ုပ်တို့လူ

မောင်ညို (ဝိဇ္ဇာလင်္ကာရကျောင်းတိုက်) ၊ ဇွန် ၆၊ ၂၀၁၂ ဟားဗတ်မောင်အေးချမ်းက စာရေးကောင်းတယ်။ ဒါဟာသူ့ရဲ့ ဒုတိယမြောက် သတင်းစာဆောင်းပါးလည်းဖြစ်တယ်။ ခေါင်းစဉ် ကလည်း အများသည်းခြေကြိုက်မယ့်ခေါင်းစဉ် “ မြန်မာ့မျှော်လင့်ချက် ခေါင်းဆောင်ကြီးများသို့” တဲ့။ ဒီဆောင်းပါးကို မြန်မာ့အလင်း သတင်းစာ (အင်္ဂလိပ်ဘာသာ) မှာပါ ဖော်ပြထားတယ်။ “အကြောင်းမညီညွတ်ပါသဖြင့်”  ဆိုတာ ဘာများပါလိမ့်ဆိုတာ ဟားဗတ်မောင်အေးချမ်း ရေးပြမှ ရှင်းတော့တယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ဆိုရင် “နိုင်ငံတော်ကိုကိုယ်စားပြုပြီး၊ နိုင်ငံသားအား လုံးရဲ့ အထွတ်အထိပ်နေရာ” က လူပဲ။ ပုဒ်မ (၅၇)နဲ့ (၅၈) ကိုကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဟားဗတ်မောင်အေးချမ်းက သူ့ဆောင်းပါးမှာ “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ” လို့သာဖေါ်ပြထားတယ်။ (ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်...

Read more »

Tu Maung Nyo – အစိုးရပိုင်သတင်းစာများရဲ့ ချိုးနှိမ်တဲ့၊ ခွဲခြားတဲ့ ၊ စော်ကားတဲ့ အသုံးအနှုန်း

June 6, 2012
Tu Maung Nyo –  အစိုးရပိုင်သတင်းစာများရဲ့ ချိုးနှိမ်တဲ့၊ ခွဲခြားတဲ့ ၊ စော်ကားတဲ့ အသုံးအနှုန်း

တူမောင်ညို။ ဇွန်လ ၆၊ ၂၀၁၂ မေလ ၂၈ ရက်နေ့ ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာနေ မ —-  ကို သားမယားပြုကျင့်ပြီး ဓါးနဲ့ထိုးသတ်တာဟာ သိပ်ဆိုးပါတယ်။ ဇွန်လ ၃ ရက်နေ့က သံတွဲ – တောင်ကုတ် ကားလမ်းဆုံတွင် ရိုးမသစ္စာခရီးသည်တင်မှန်လုံယာဉ်ပေါ်မှာ လူ ၁၀ ဦး သတ်ဖြတ်ခံရမှုဟာလည်း အလွန်ဆိုးပါတယ်။ ဇွန် ၅ ရက်နေ့၊ အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာများ ( ကြေးမုံ၊မြန်မာ့အလင်း၊ NLM) တို့တွင်ဖေါ်ပြခဲ့သော စကားလုံး သုံးစွဲမှုက  ပိုပြီးတော့ဆိုးလွန်းပါတယ်။ ပြဿနာကို ပိုမိုကြီးထွားလာအောင် မီးလောင်ရာ လေပင့်ပေးတဲ့သဘော၊ “ဆွ”ပေးတဲ့ သဘှောဖြစ်ပါ တယ်။ ဒီစကားလုံးအတိုင်းပဲ ရေဒီယိုနဲ့ ရုပ်သံမီဒီယာတွေကနေလည်းလွှင့်ထုတ်ခဲ့ကြပါတယ်။ အထူးသဖြင့်...

Read more »

Than Soe Hlaing – လူမျိုးရေး ပြဿနာကို ဘယ်လိုကိုင်တွယ်ကြမလဲ

June 6, 2012
Than Soe Hlaing – လူမျိုးရေး ပြဿနာကို ဘယ်လိုကိုင်တွယ်ကြမလဲ

သန်းစိုးလှိုင် (မိုးမခ)၊ ဇွန် ၆ ၊ ၂၀၁၂ မေလ ၂၈ ရက်နေ့က ကျောက်နီမော်ကျေးရွာအနီးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပေါ် အစပြုပြီး ဇွန်လ ၃ ရက်နေ့မှာ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ အုပ်စုလိုက် အသတ်ခံ လိုက်ရပါတယ်။ အဲဒီအဖြစ်အပျက်ဖြစ်ပွားတဲ့ ညမှာပဲ စစ်တွေမြို့မှာလည်း ဈေးကောက်ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာမှ တဆင့် ရဲစခန်းကို ၀ိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားကာ ည သန်းခေါင်အချိန်မှာတော့  သေနတ်နဲ့ ပစ်ခတ်လူစုခွဲတဲ့ အခြေအနေရောက်ရှိခဲ့ပါတယ်။ အခုအဖြစ်အပျက်တွေဟာ လောင်စာရှိပြီးသား နေရာမှာမီးပွားတွေကျတဲ့ အဖြစ်မျိုးလို့ဆိုရင် မမှားနိုင်ပါဘူး။ ဒီလိုလောင်စာတွေအပေါ် မီးပွားမကျအောင် လုပ်ဆောင်ဖို့တာဝန်ရှိသူဟာ အစိုးရ တဦးထဲရဲ့ တာဝန်မဟုတ်တော့ပါ။ နိုင်ငံရေး ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ ရပ်မိရပ်ဖ တွေအားလုံးက ၀ိုင်းဝန်းထိမ်းသိမ်းကြရမယ့်...

Read more »

Tu Maung Nyo – သင့်တော်တဲ့အချိန်ကို စောင့်ကြမလား

June 5, 2012
Tu Maung Nyo – သင့်တော်တဲ့အချိန်ကို စောင့်ကြမလား

 “သင့်တော်တဲ့အချိန်”ကို စောင့်ကြမလား တူမောင်ညို၊ ဇွန် ၅၊ ၂၀၁၂ စင်္ကာပူ “အာရှလုံခြုံရေးဆိုင်ရာ ရှန်ဂရီလာဆွေးနွေးပွဲ” မှာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း ပြောကြားတဲ့ ထဲက အချက် ၂ ချက် နဲ့ပတ်သက်ပြီး အခုလိုမြင်ပါတယ်။             “ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများအပေါ် တပ်မတော်က ရာနှုန်းပြည့်ထောက်ခံပြီး အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကိုလိုက်နာလုပ်ဆောင်မှု ဆက်လက်လုပ်ဆောင်သွားမည်” ဆိုတဲ့ အချက်က  ဘန်ကောက်မှာ ကျင်းပတဲ့ (WEF) ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်ထည့်သွင်းပြောဆိုခဲ့တဲ့ “လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့ အတိအကျမပြောနိုင်သေးတဲ့အတွက် သတိထားစောင့်ကြည့်ကြဖို့ ” ဆိုတဲ့ စကားကိုတုန့်ပြန်တာ လို့မြင်ပါတယ်။             သမ္မတနဲ့ အစိုးရညွန်ကြားမှုများကို လိုက်နာဆောင်ရွက်သွားမယ်လို့ဆိုပေမယ့် ကချင်ပြည်နယ်မှာ အတိုက်အခိုက်တွေရပ်ဆိုင်း ထားဖို့...

Read more »

Dr Myan Aung – ပင်လုံကို ချစ်ပါ

June 3, 2012
Dr Myan Aung – ပင်လုံကို ချစ်ပါ

ပင်လုံကို ချစ်ပါ ဒေါက်တာမြန်အောင်၊ ဇွန် ၃၊ ၂၀၁၂ နိဒါန်း ကတိသစ္စာတည်မြဲမှုသည် လူတစ်ယောက်၏ တန်ဖိုးပင်ဖြစ်သည်။ ကတိဆိုရာမှာလည်း အမျိုးမျိုး ကွဲသေးသည်။ နှုတ်ကတိ စာကတိ နားလည်မှုကတိ။ မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး၊ လူမျိုးရေး ပြသာနာအားလုံးမှာ ကတိမတည်မှုကြောင့် ဖြစ်ခဲ့ရသည့် ဖြစ်နေရသည့် ပဋိပက္ခဖြစ်သည်ဟု ဆိုသော်လွန်အံ့မထင်။ ရွေးကောက်ပွဲပြီးလျင် စစ်တန်းလျားပြန်မယ် ဆိုသောကတိ။ ဒီကတိကို မတည်နိုင်သောကြောင့် တင်းမာမှုတွေ ဖြစ်ကုန်ကြသည်။ ကတိပေးသူက ပေးပြီး ဖောက်ဖျက်သူက မရှက်မကြောက်ဖောက်ဖျက်ခဲ့ကြသည်။ ကတိပေးသူက မပိုင်နိုင်ဘဲ၊ အားလုံးကို ကိုယ်စားမပြုနိုင်ဘဲ မိမိတစ်ဦးတည်းသဘောဖြင့် ကတိကျွံခဲ့သဖြင့် နောက်ကွယ်မှလူများ၏ မျက်နှာအိုးမဲသုတ်ခြင်း ခံရသည်ဟုသာ အကြမ်းဖျင်းမှတ်ယူထားရပေမည်။ ပြန်ဆန်းစစ်ကြည့်ကြပါစို့။ မြန်မာနိုင်ငံရေးသမိုင်းတွင် ကတိသစ္စာဖောက်ဖျက်မှုသည် ဤအဖြစ်အပျက်မတိုင်မီ နှစ်ပေါင်းများစွားကတည်းကပင် ရှိခဲ့ပေပြီ။ ပင်လုံကတိက၀တ်...

Read more »

Tu Maung Nyo – “မဖြစ်နိုင်သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေးဆောင်ရွက်ခြင်း” လို့ ဆိုသူများအတွက် သောကဗေဒ

June 1, 2012
Tu Maung Nyo – “မဖြစ်နိုင်သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေးဆောင်ရွက်ခြင်း”  လို့ ဆိုသူများအတွက်  သောကဗေဒ

တူမောင်ညို ။ ဇွန် ၁ ၊၂၀၁၂  ဆန္ဒပြမှုများနှင့်ပတ်သက်၍ အောက်ပါအချက် ၂ ချက်ကိုသာမူတည်ပြီး ကျနော့်သဘောထားအမြင်များကိုတင်ပြပါမည်။             ၁။ ဆန္ဒပြမှုများအပေါ် အာဏာပိုင်အဆင့်ဆင့်၏ တုန့်ပြန်ကိုင်တွယ်ပုံအမျိုးမျိုး             ၂။ ဆန္ဒပြမှုများနှင့်ပတ်သက်၍ “စိုးရိမ်မှု” သောကဗေဒ             ဤ ကိစ္စများနှင့်ပတ်သက်၍  ယခုကဲ့သို့ရေးသားတင်ပြရန် ရည်ရွယ်ရင်းမရှိခဲ့ပါ။ အချိန်ကာလတစ်ခု အထိစောင့်ကြည့် လေ့လာနေမည်ဟုသာသဘောထားခဲ့ပါသည်။ သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီး ကိုယ်တိုင်ပွဲထွက်လာ ခဲ့ပြီဖြစ်သဖြင့်ယခုကဲ့သို့ ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။             ဆန္ဒပြမှုများဆိုသည်မှာ လက်ရှိဖြစ်ပေါ်နေသော၊ ဆက်လက်ဖြစ်ပေါ်လာလျက်ရှိနေသော စက်မှုဇုံများမှ အလုပ်သမားများ၏ ဆန္ဒပြမှုများနှင့် ၂၄ နာရီ လျှပ်စစ်မီပုံမှန်ရရှိရေးဆန္ဒပြပွဲများကို ဆိုလိုပါသည်။               ၁။ ဆန္ဒပြမှုများအပေါ် အာဏာပိုင်အဆင့်ဆင့်ကတုန့်ပြန်ကိုင်တွယ်ပုံအမျိုးမျိုး             တကယ်တော့ ဆန္ဒပြမှုများကို မတတ်သာ၍သာ ယခုကဲ့သို့...

Read more »

Maung Luu Way – လေဘာရုံး ဘာလဲ နှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ?

May 30, 2012
Maung Luu Way – လေဘာရုံး ဘာလဲ နှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ?

မောင်လူဝေး၊ မေ ၃၀၊ ၂၀၁၂        မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတချို့ အလုပ်ရှင်နဲ့ အလုပ်သမား တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုကနေ နှစ်ဦး နှစ်ဖက်သင့်တင့်တဲ့ အဆင်ပြေမှု ထွက်ပေါက်တခုကို ရှာဖွေလိုက်နိုင်ကြလို့ အဆင်ပြေသွားကြတယ် ဆိုတဲ့ သတင်းလေးတွေကြောင့်လည်း နိုင်ငံတကာအနှံ့ရောက်မြန်မာများအားလုံး စိတ်သက်သာရာရခဲ့ကြတယ် ဆိုတာကလည်း အမှန်ပါပဲ ။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ တခြားသောစက်ရုံအလုပ်ရုံမှ အလုပ်သမားအလုပ်ရှင် ပြဿနာများကတော့ ပြေလည်တော့ မလိုလိုနဲ့ ဆိုးရွားတဲ့အခြေအနေတခုဆီကို တွန်းပို့နေသလိုဖြစ်တဲ့အတွက်လည်း စိတ်ထဲမှာ ဦးဆုံးသတိရလိုက်တာကတော့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်ဆိုသူနှင့် ပြည်သူအများ နားလည်ခေါ်ဝေါ်နေသော လေဘာရုံး ခေါ် အလုပ်သမားရေးရုံး တို့ကိုလည်း မျက်လုံးထဲမှာ ထင်းကနဲလင်းကနဲ မြင်နေမိပါတယ်။   ကျန်ရှိနေသေးတဲ့ အလုပ်သမားလုပ်ခ လစာနဲ့ အလုပ်သမား အခွင့်အရေးတောင်းဆိုမှု့ ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေမှုတွေနဲ့အတူ မှော်ဘီဖက်မှာရှိနေတဲ့...

Read more »

ဓားစားခံ ကိုအေးအောင် – Aye Aung

May 26, 2012
ဓားစားခံ ကိုအေးအောင်  – Aye Aung

http://ppMoemaka.blogspot.com/ ကိုအေးအောင်ရဲ့ ဓာတ်ပုံကိုပြသနေတဲ့ ဖခင် ဦးသောင်းစိန် (ဓာတ်ပုံ – AFP) ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းမှာ တွေ့ရတာက ထောင်ကျနေသူကိုအေးအောင် ရဲ့ မိဘနှစ်ပါး ဓာတ်ပုံတွေပါ။ သူတို့က သတင်းထောက်ကို ကိုအေးအောင်ရဲ့ ဓာတ်ပုံ ပြသနေတဲ့ ပုံတွေ ဖြစ်ပါတယ်။ ကိုအေးအောင် ဆိုတာ နိုင်ငံရေးသမား လူငယ်လေးတဦးပါ။ အစိုးရက သူ့ကို ထောင်ထဲထည့်ထားတာ ၁၀ နှစ် မကတော့ပါဘူး။ No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်