သူတို့အာဘော်

Khaing Linn (May Ga Waddy) – မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက်သွားပြီလား (၂)

June 23, 2012

ခိုင်လင်း (မေဃ၀တီ) | ဇွန်လ ၂၀ ရက်၊ ၂၀၁၂ သစ္စာဖောက်မှု ‘ စံ ‘ သစ္စာဖောက်မီဒီယာတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေလိုဘဲ မြန်မာနိုင်ငံအတွက် အဆိပ်အတောက် တွေဖြစ်တယ်ဆိုတာ ကျနော်ပြောခဲ့တယ်။ ဆိုတော့ မြန်မာတွေမရှိတဲ့ အနောက်တိုင်းမီဒီယာတွေကို ခြွင်းချက်အဖြစ် နားလည်ပေးလို့ရတယ်။ ဥပမာ CNN သတင်းဌာနက ရရှိခဲ့တဲ့ သတင်းရင်းမြစ်ဟာ မြန်မာသတင်းဌာနက ဖြစ်နိုင်သလို လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဆီကလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဆီကလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအခါ သတင်းရင်းမြစ်ရဲ့ မရိုးသားမှုအပေါ်မှာ CNN လည်း သတင်းမှားကို တင်ဆက်ပြီးသားဖြစ်သွားနိုင်တယ်။ ဒီအပေါ်မှာ တစုံတရာ နားလည်မှုပေးနိုင်ပါတယ်။ အဲဒီသတင်းအမှားတွေကို တိုင်းချစ်ပြည်ချစ်တွေရဲ့ တင်ပြမှုတွေကြောင့် CNN ဟာ ဖြစ်စဉ်အမှန်ကို လက်ခံခဲ့ပါတယ်။ ဆိုတော့ တိုင်းပြည်သစ္စာဖောက်တွေထဲမှာ ကျနော်တို့ မမြင်နိုင်တဲ့ သတင်း ရင်းမြစ်တွေလည်းပါပါတယ်။  နားလည်မှုမပေးနိုင်တာ...

Read more »

Tu Maung Nyo – “ထိတွေ့ဆက်ဆံ” နေတယ်ဆိုတာ ဘာလဲ … ဘယ်လဲ

June 21, 2012
Tu Maung Nyo –  “ထိတွေ့ဆက်ဆံ” နေတယ်ဆိုတာ ဘာလဲ  … ဘယ်လဲ

 “ထိတွေ့ဆက်ဆံ” နေတယ်ဆိုတာ ဘာလဲ  … ဘယ်လဲ တူမောင်ညို ၊ ဇွန် ၂၁၊ ၁၀၁၂ တကယ်တော့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ (နဝတ-နအဖ) စစ်အစိုးရလို့ သာ ခွဲပြောနေရပေမယ့် (နဝတ-နအဖ) စစ်အစိုးရမှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့သူကလည်း (ဦး) ဗိုလ်သိန်းစိန် ပဲဖြစ်ပါတယ်။ ဇွန်လ ၁၉ နဲ့ ၂၀ ရက်နေ့ အစည်းအဝေးတွေမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းတွေပေးခဲ့တယ်။ သူပြောခဲ့သမျှထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ကိစ္စကိုပဲ အခုဆောင်းပါးမှာပြောပါမယ်။ မိမိတို့အစိုးရအထိ အမွေခံအဖြစ်ပါလာခဲ့             တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပြဿနာကို ယခင်အစိုးရ အဆက်ဆက် ဖြေရှင်းခဲ့ကြသော်လည်း ပြီးပြတ်ပြေလည် မှု မရခဲ့၊ မိမိတို့အစိုးရလက်ထက်အထိပင်ဖြစ်တယ်လို့ အခုလို ဝန်ခံထားပါတယ်။             “လူမျိုးစွဲ၊ ဒေသစွဲများကြောင့် အစိုးရကိုလက်နက်စွဲကိုင် ဆန့်ကျင်နေကြတယ်” လို့လည်း ဖေါ်ပြထားတယ်။            ...

Read more »

ဝီရသူ သဘောထား (၆/၇၄)

June 21, 2012

အရှင်ဝီရသူ ဇွန် ၂၁၊ ၂၀၁၂ ၁၃၇၄-ခု၊ နယုန်လ္ဆုတ် (၁၁) ရက်။ ၁၅.၆.၂၀၁၂-သောကြာနေ့။ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အရှင်ဝီရသူ (မစိုးရိမ်) အပေါ် လူမှုရေးပုဒ်မတပ်၍ တား မြစ်လာခြင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထားမှန်ကို ထုတ်ပြန်ကြေညာအပ်ပါသည်။ (က) အရှင်ဝီရသူ ဦးစီး၍ အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မဟာမြတ်မုနိဘုရားကြီးမှာ ဆုတောင်းပွဲကျင်းပစဉ်က အရှင်ဝီရသူအား နိုင်ငံရေးပုဒ်မတပ်၍ တားမြစ်ခဲ့ကြပေသည်။ ရခိုင်ပြည်နယ် အရေးအခင်းနှင့်ပတ်သက်၍ အရှင်ဝီရသူက မိမိ၏သဘောထားများကိုထုတ်ပြန်ခဲ့သည့်အခါ၌မူ အရှင်ဝီရသူအား လူမှုရေး ပုဒ်မတပ်၍ တားမြစ်နိုင်ရေးအတွက် အာဏာသုံး၍ မတရားအမိန့်များထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရပေသည်။ (ခ) အမိန့်အာဏာများကို ခွဲခြမ်းဝေဖန် ကြည့်ပါက လိုက်နာနိုင်သည့်အပိုင်းနှင့် အလိုက်နာနိုင်သည့် အပိုင်းဟူ၍ နှစ်ပိုင်းရှိပါသည်။ အရှင်ဝီရသူသည် “ခွင့်တောင်းပြီးမှ...

Read more »

နိုင်ငံတော်သတင်းစာပါ ဆောင်းပါးတပုဒ်က ဘာသာပြန်အကောက်အယူ အမှားတစ်ခု

June 17, 2012
နိုင်ငံတော်သတင်းစာပါ ဆောင်းပါးတပုဒ်က ဘာသာပြန်အကောက်အယူ အမှားတစ်ခု

မေစာ (အာရ်အက်ဖ်အေ ကောက်နုတ်ချက်) ဇွန် ၁၇၊ ၂၀၁၂ သတင်းစာ ဂျာနယ်မဂ္ဂဇင်း စတဲ့စာစောင်တွေမှာ အယ်ဒီတာ စာတည်း တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်များရဲ့ ပဓာနကျလှတဲ့တာဝန်က အများပြည် သူဖတ်ရှုရမယ့် စာတွေ အရေးအသားတွေကို ရွေးချယ်ပြီး ပြင်ဆင်တန်တာ ပြင်ဆင်၊ တည်းဖြတ်တန်တာ တည်းဖြတ်ပြီး ကိုယ့်စာစောင်ကို အများပြည်သူရှေ့မှောက် တင်ဆက်ရတဲ့ တာဝန်ပါ။ မြန်မာလို စာတည်းဆိုတဲ့အသုံးအနှုန်းဟာ စာတည်းတဦးရဲ့တာဝန်ကို အတိအကျ ဖော်ပြထားပါတယ်။ ပညာရည်အဆင့် အမျိုးမျိုးနဲ့ စာရေးသူတွေဆီက ရောက်လာတဲ့စာတွေကို တည်းရတယ်ဆိုတဲ့ တာဝန်က ဧရာမတာဝန်ကြီးဆိုတော့ ရှေးရှေးမြန်မာစာနယ်ဇင်းတွေမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ လယ်တီပဏ္ဍိတဦးမောင်ကြီးတို့လို ထိပ်တန်း ပညာရှင်တွေကိုယ်တိုင် တာဝန်ယူခဲ့ကြ၊ စာဖတ်ပရိတ်သတ်တွေကိုလည်း တရိုတသေ တလေးတစား ဖတ်ကြမှတ်ကြ သိမ်းကြပါသတဲ့။ အခုခေတ် စာနယ်ဇင်အယ်ဒီတာအများစု ကိုယ့်စာနယ်ဇင်းပါစာမူတွေ...

Read more »

Maung Yit – မီဒီယာကို မီးနဲ့တိုက်၊ တိုင်းပြည်ကိုလည်း တိုက်

June 16, 2012
Maung Yit – မီဒီယာကို မီးနဲ့တိုက်၊ တိုင်းပြည်ကိုလည်း တိုက်

အယ်ဒီတာ့လက်ရေး (၁၁) မီဒီယာကို မီးနဲ့တိုက်၊ တိုင်းပြည်ကိုလည်း တိုက် မောင်ရစ်၊ ဇွန် ၁၆၊ ၂၀၁၂ မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ။ ဒီတလလည်း အလှည့်ကျတော့ မနွဲ့ရစတမ်း ရေးရပြန်ပါပြီ။ ရခိုင်ပြည်အရေး၊ လျှပ်စစ်မီးအရေး၊ အလုပ်သမားအရေး၊ ကချင်ပြည်အရေးတွေနဲ့ တိုင်းပြည်ကြီးက ပူလွန်းလှတာကြောင့် ပြည်တွင်းက ၀ိုင်းတော်သားတွေနဲ့ သတင်းသမားတွေရဲ့ စာတွေ၊ ဆောင်းပါးတွေပဲ ဦးစားပေးတင်နေရတယ်။ အဝေးရောက် အယ်ဒီတာက လူထုနဲ့ မနီးစပ်တဲ့ အောက်ကလိအာတဲ့ စာတွေ ရေးမိမှာစိုးလို့ အသာရှိုပြီး နေရပါတယ်။ သို့သော်လည်း ယခုလို လူထုပရိသတ်တွေ ကြိမ်မီးအုံးသလို မငြိမ်းမချမ်းကာလမှာလည်း ရေးစရာရှိတာ ရေးရမှာမို့ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ရေးလိုက်ပါတယ်။ ဖတ်မိတဲ့စာအုပ်တွေက အငြိမ်းစားတပ်မတော်အရာရှိကြီးများ ရေးသားတဲ့ ကိုယ်တိုင်ရေး စစ်ရေးအတွေ့အကြုံစာအုပ်တွေဖြစ်တယ်။ လွတ်လပ်ရေးခေတ်ဦး မြန်မာပြည်ရဲ့...

Read more »

Kyaw Win – ဒီမိုကရေစီက နုနု မုန်တိုင်းကထန်ထန်

June 15, 2012
Kyaw Win – ဒီမိုကရေစီက နုနု မုန်တိုင်းကထန်ထန်

(ဘေးမှရပ်ကြည့်မနေနိုင်တော့သည့်လူတစ်ယောက်၏ အထူးစိုးရိမ်သောက) ကျော်ဝင်း။ ဇွန် ၁၅၊ ၂၀၁၂  အခါလည်လွန် ရင်တမမ             မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် ဘေးမှရပ်ကြည့်နေမြဲ စာရေးသူမှာ၊ ရင်မ နေရတော့သည်။ ဤအခိုက်မှာပင်၊ ဘယ်(လ)ဂျီယံနိုင်ငံ၊ ဘရပ်ဆဲ(လ) အခြေစိုက် ‘International Crisis Group’ ၏ ၂၀၁၂ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ‘Reform in Myanmar: One Year On’ အမည်ရှိ စာတမ်းကို ဖတ်လိုက်ရရာ၊ ပို၍ပင် ဂရုဓမ္မထား စောင့်ကြည့်နေမိသည်။ အဆိုပါစာတမ်းက၊ မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို မီးမောင်းထိုးပြထားသလို၊ ဖြစ်တန်ရာစိန်ခေါ်ချက်များကိုလည်း ဖော်ထုတ်သတိပေးထားသည်။ ဆိုခဲ့ပါစိန်ခေါ်ချက်များထဲမှ တစ်ခုမှာ – ယခုလို … ၊ “...

Read more »

Zawaree – ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြဖို့

June 14, 2012
Zawaree –   ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြဖို့

ဇာဝါရီ၊ ဇွန် ၁၄၊ ၂၀၁၂ ရွှေလူမျိုးများတိုင်းဌာနေ၏ ရခိုင်ပြည်နယ်မှာ မြင့်မြတ်တဲ့ သာကီနွယ်များအခေါ် xxxx (ဝါ) ဘင်္ဂလီ (ဝါ) မိမိတို့ကိုယ်မိမိ ရိုဟင်ဂျာလို့ အမည်နာမသမုတ်ထားသူ လူမျိုးစုတစု နဲ့ ဒေသခံ ရခိုင်လူမျိုးများ ယ္ခုရက်အတွင်း အပြန်အလှန် ရန်ငြိုးဖွဲ့  အခြေအတင်ဖြစ်နေခဲ့တာ အသက်ပေါင်းများစွာပင် ဆုံးရှုံးခဲ့လေပြီ။ သမိုင်းအထောက်အထားများအရ ဒီလိုအချင်းများခြင်းက ပထမအကြိမ် မဟုတ်။ ဒီတကြိမ်တော့ တဏှာရာဂစိတ်နဲ့ ဘင်္ဂလီ၊ ရိုဟင်ဂျာ၊ xxxx တစု၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုမှအစ။ မြှောက်ထိုးပင့်ကော်၊ သွေးထိုးလှုံဆော်မှုများကြောင့် အတော်မသတ် ဒေါသမီးနဲ့ အပြန်အလှန် တိုက်ခိုက်သတ်ဖျက် သွေးချောင်းစီးခဲ့တာ ရက်များစွာရှိလာလေပြီ။ အာဏာပိုင်အစိုးရအနေနဲ့ ပြည်သူလူထု ငြိမ်းချမ်းစွာ တောင်းဆိုမှုများကို အရှိန်နဲ့အဟုန် တားမြစ်နှိမ်နင်းနိုင်ခဲ့ပေမယ့် အခုအခါမှာ အတော်လေး...

Read more »

Maung Wuntha – သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းပါစေ

June 13, 2012
Maung Wuntha – သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းပါစေ

မောင်ဝံသ ဇွန် ၁၃၊ ၂၀၁၂ ခေါင်းဆောင်တွေရဲ့ အားသာချက် အားနည်းချက် ခုတစ်လော ကျွန်တော် အချိန်ပေးပြီး လုပ်နေတဲ့ အလုပ်တွေထဲမှာ ဟောပြောပို့ချမှုတချို့လည်း ပါဝင်တယ်ဗျ။ အထူးသဖြင့် မြန်မာနိုင်ငံရေးအကြောင်း (အဓိကအားဖြင့် ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ မျက်မှောက်ကာလအထိ) ဆွေးနွေးဖလှယ်တာပါပဲဗျာ။ ကျွန်တော်က နိုင်ငံရေးအဖြစ်အပျက်များကို အချက်အလက်တွေအပေါ် သုံးသပ် တင်ပြတဲ့ချဉ်းကပ်မှုအပြင် နိုင်ငံရေးဇာတ်ခုံမှာ ပါဝင်ကပြခဲ့ကြတဲ့ အဓိက ပုဂ္ဂိုလ်တွေရဲ့ ထူးခြားချက်၊ အားသာချက်၊ အားနည်းချက်၊ ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများကိုလည်း ထုတ်နှုတ်တင်ပြဖို့ ကြိုးစားတယ်ဗျ။ ဘယ်သူကစမလဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကပဲ စရတာပေါ့။ အဲဒီမှာ သတိထားမိတာက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျွန်တော် ဆွေးနွေးတင်ပြတာတွေ အတော်များများကို သင်တန်းသားတွေက သိနေတာ ဖြစ်တယ်ဗျ။ ကျွန်တော့် သင်တန်းပို့ချနည်းက ဆရာတစ်ယောက်တည်းက တစ်ဖက်သတ် ပြောသွားတာမျိုး...

Read more »

Eaint Khaing Oo – ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ့် မီဒီယာ နဲ့ ပုဒ်မ ၅၀၅ (ခ)၊ ၅ (ည)

June 12, 2012
Eaint Khaing Oo – ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ့် မီဒီယာ နဲ့ ပုဒ်မ ၅၀၅ (ခ)၊ ၅ (ည)

by Eaint Khaine on Monday, 11 June 2012 at 00:08 · (Facebook ) အိမ့်ခိုင်ဦး ဇွန် ၁၁ ရက်၊ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ြ်ပီး  ဇွန်လ၁၀ရက်နေ့ ညက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြည်တွင်းမီဒီယာများကို ခေါ်ယူသတိပေးခဲ့ပါတယ်။ ဒီလိုသတိပေးရာမှာ မီဒီယာတွေရဲ့ ရေးသား ဖေါ်ပြမှုတွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေကို မီးလောင်ရာ လေပင့်သလို ဖြစ်စေတယ်ဆိုရင် ဥပဒေပုဒ်မ ၅၀၅(ခ) နှင့် ပုဒ်မ ၅(ည)တို့ဖြင့် အရေးယူသွားမယ်လို့ သတိပေးခဲ့ပါတယ်။ အရေးယူမည့်ပုဒ်မတွေဖြစ်တဲ့ ၅၀၅(ခ)ဆိုတာကို ကြည့်ရရင် ၂၀၀၇ စက်တင်ဘာ အပြီးမှာ နိုင်ငံရေးနဲ့ဆက်နွယ်သည်ဟု ယူဆရသူတွေ အားလုံး...

Read more »

ရခိုင်ဒေသအရေး စာကိုး၊ စကားကိုး – voices on current conflict

June 10, 2012
ရခိုင်ဒေသအရေး စာကိုး၊ စကားကိုး – voices on current conflict

ဇွန် ၁၀၊ ၂၀၁၂ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက် နှင့် သဘောထားအမြင်တချို့ကို စုစည်း ဖော်ပြလိုက်ပါသည်။ ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်ဖို့ ချထားတဲ့ တပ်တွေအားလုံးကို ရခိုင်ပြည်နယ်ကို ပို့ပေးဖို့ သမတကို ပြောပေးပါ အဂ္ဂမဟာ ဒီမိုဖက်တီး/Facebook Tags: ကချင်, ရခိုင်, ရိုဟင်ဂျာ Related posts ငြိမ်းချမ်းအေး – အနာဂတ်အတွက်ဆိုးမွေများ (0) ငြိမ်းချမ်းအေး – နာဇီ သားကြောဖြတ် ဥပဒေအတိုင်း မြန်မာပြည်မှာဖြစ်လာတာ့မလား (2) ငြိမ်းချမ်းရေးစည်တော်ကြီးကို မည်သူတွေ တီးခတ်ကြမည်နည်း (Ashin Dhamma Piya) (0) မြန်မာပြည်တွင်းက ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၊ တိုင်းပြည်ကို တကယ်ပြောင်းလဲနိုင်မလား (2) အောင်ခိုင်မြင့် –...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်