သူတို့အာဘော်

Tu Maung Nyo – “မဖြစ်နိုင်သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေးဆောင်ရွက်ခြင်း” လို့ ဆိုသူများအတွက် သောကဗေဒ

June 1, 2012
Tu Maung Nyo – “မဖြစ်နိုင်သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေးဆောင်ရွက်ခြင်း”  လို့ ဆိုသူများအတွက်  သောကဗေဒ

တူမောင်ညို ။ ဇွန် ၁ ၊၂၀၁၂  ဆန္ဒပြမှုများနှင့်ပတ်သက်၍ အောက်ပါအချက် ၂ ချက်ကိုသာမူတည်ပြီး ကျနော့်သဘောထားအမြင်များကိုတင်ပြပါမည်။             ၁။ ဆန္ဒပြမှုများအပေါ် အာဏာပိုင်အဆင့်ဆင့်၏ တုန့်ပြန်ကိုင်တွယ်ပုံအမျိုးမျိုး             ၂။ ဆန္ဒပြမှုများနှင့်ပတ်သက်၍ “စိုးရိမ်မှု” သောကဗေဒ             ဤ ကိစ္စများနှင့်ပတ်သက်၍  ယခုကဲ့သို့ရေးသားတင်ပြရန် ရည်ရွယ်ရင်းမရှိခဲ့ပါ။ အချိန်ကာလတစ်ခု အထိစောင့်ကြည့် လေ့လာနေမည်ဟုသာသဘောထားခဲ့ပါသည်။ သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီး ကိုယ်တိုင်ပွဲထွက်လာ ခဲ့ပြီဖြစ်သဖြင့်ယခုကဲ့သို့ ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။             ဆန္ဒပြမှုများဆိုသည်မှာ လက်ရှိဖြစ်ပေါ်နေသော၊ ဆက်လက်ဖြစ်ပေါ်လာလျက်ရှိနေသော စက်မှုဇုံများမှ အလုပ်သမားများ၏ ဆန္ဒပြမှုများနှင့် ၂၄ နာရီ လျှပ်စစ်မီပုံမှန်ရရှိရေးဆန္ဒပြပွဲများကို ဆိုလိုပါသည်။               ၁။ ဆန္ဒပြမှုများအပေါ် အာဏာပိုင်အဆင့်ဆင့်ကတုန့်ပြန်ကိုင်တွယ်ပုံအမျိုးမျိုး             တကယ်တော့ ဆန္ဒပြမှုများကို မတတ်သာ၍သာ ယခုကဲ့သို့...

Read more »

Maung Luu Way – လေဘာရုံး ဘာလဲ နှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ?

May 30, 2012
Maung Luu Way – လေဘာရုံး ဘာလဲ နှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ?

မောင်လူဝေး၊ မေ ၃၀၊ ၂၀၁၂        မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတချို့ အလုပ်ရှင်နဲ့ အလုပ်သမား တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုကနေ နှစ်ဦး နှစ်ဖက်သင့်တင့်တဲ့ အဆင်ပြေမှု ထွက်ပေါက်တခုကို ရှာဖွေလိုက်နိုင်ကြလို့ အဆင်ပြေသွားကြတယ် ဆိုတဲ့ သတင်းလေးတွေကြောင့်လည်း နိုင်ငံတကာအနှံ့ရောက်မြန်မာများအားလုံး စိတ်သက်သာရာရခဲ့ကြတယ် ဆိုတာကလည်း အမှန်ပါပဲ ။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ တခြားသောစက်ရုံအလုပ်ရုံမှ အလုပ်သမားအလုပ်ရှင် ပြဿနာများကတော့ ပြေလည်တော့ မလိုလိုနဲ့ ဆိုးရွားတဲ့အခြေအနေတခုဆီကို တွန်းပို့နေသလိုဖြစ်တဲ့အတွက်လည်း စိတ်ထဲမှာ ဦးဆုံးသတိရလိုက်တာကတော့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်ဆိုသူနှင့် ပြည်သူအများ နားလည်ခေါ်ဝေါ်နေသော လေဘာရုံး ခေါ် အလုပ်သမားရေးရုံး တို့ကိုလည်း မျက်လုံးထဲမှာ ထင်းကနဲလင်းကနဲ မြင်နေမိပါတယ်။   ကျန်ရှိနေသေးတဲ့ အလုပ်သမားလုပ်ခ လစာနဲ့ အလုပ်သမား အခွင့်အရေးတောင်းဆိုမှု့ ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေမှုတွေနဲ့အတူ မှော်ဘီဖက်မှာရှိနေတဲ့...

Read more »

ဓားစားခံ ကိုအေးအောင် – Aye Aung

May 26, 2012
ဓားစားခံ ကိုအေးအောင်  – Aye Aung

http://ppMoemaka.blogspot.com/ ကိုအေးအောင်ရဲ့ ဓာတ်ပုံကိုပြသနေတဲ့ ဖခင် ဦးသောင်းစိန် (ဓာတ်ပုံ – AFP) ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းမှာ တွေ့ရတာက ထောင်ကျနေသူကိုအေးအောင် ရဲ့ မိဘနှစ်ပါး ဓာတ်ပုံတွေပါ။ သူတို့က သတင်းထောက်ကို ကိုအေးအောင်ရဲ့ ဓာတ်ပုံ ပြသနေတဲ့ ပုံတွေ ဖြစ်ပါတယ်။ ကိုအေးအောင် ဆိုတာ နိုင်ငံရေးသမား လူငယ်လေးတဦးပါ။ အစိုးရက သူ့ကို ထောင်ထဲထည့်ထားတာ ၁၀ နှစ် မကတော့ပါဘူး။ No tags for this post. Related posts No related posts.

Read more »

ဖောဖောသီသီ ကူးနိုင်ပါသည် … သို့သော် – copy rights and copy cats

May 16, 2012
ဖောဖောသီသီ ကူးနိုင်ပါသည် … သို့သော် – copy rights and copy cats

  ညွန့်ထွေးမေ ၁၅၊ ၂၀၁၂   ကော်ပီကူးခြင်း ရန်ကုန်မှာ ကျနော်တို့လုပ်နေတဲ့ ဂျာနယ်တွေမှာ ကော်ပီကူးကြတယ်။ ကော်ပီကူးတာ ကောင်းတယ်။ အချိန်ရှားပါး၊ ရေးနိုင် ဘာသာပြန်နိုင်တဲ့သူ ရှားပါး၊ ငွေကြေးနဲ့ ပစ္စည်းပစ္စယ ချို့တဲ့ကြတဲ့ ကျွန်တော်တို့ ဂျာနယ်တွေက ကော်ပီ ကူးနေကြပါတယ်။ No tags for this post. Related posts No related posts.

Read more »

ဖက်ထိပ်များ နဲ့ လူ့အဖွဲ့အစည်း – Fatigue in Burma

May 14, 2012
ဖက်ထိပ်များ နဲ့ လူ့အဖွဲ့အစည်း – Fatigue in Burma

ဖက်ထိပ်များ နဲ့ လူ့အဖွဲ့အစည်း ငြိမ်းချမ်းအေးမေ၁၄၊ ၂၀၁၂(photo: Reuters)”—နိုင်ငံတာကာ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တန်းစီ နောက်ကျတာ၊ ဝတ်စုံကို သေသေသပ်သပ် မဝတ်တာလို အသေးစားပြစ်မှုတွေ ကျူးလွန်ရင် သန့်ရှင်းရေး လုပ်ပေးရခြင်း၊ အစားအသောက် ချက်ပြုတ်ရေးတာဝန်ယူပေးရခြင်း စတဲ့ မိမိတာဝန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တာဝန်ပိုတွေကို ယူရတဲ့ အပြစ်ပေးမှု (Punishment) တွေ ရှိလေ့ရှိတယ်။ ဒါမျိုးကို စစ်တပ်သုံး အင်္ဂလိပ်စကားမှာ Fatigue လို့ ခေါ်တယ်။ ဗမာ စစ်တပ်နဲ့ ရဲ အဖွဲ့အစည်းတွေမှာတော့ ဖက်ထိပ် ဆိုပြီ နာမည်ကြီးတယ်။ ဒါပေမယ့် ဗမာပြည်က ဖက်ထိပ်က—“ No tags for this post. Related posts No related posts.

Read more »

Than Soe Hlaing (MoeMaKa) – လူတဦးချင်းအခွင့်အရေး၊ သတင်းသမားအခွင့်အရေး၊ လုံခြုံရေးသမားအခွင့်အရေး၊

May 14, 2012
Than Soe Hlaing (MoeMaKa) – လူတဦးချင်းအခွင့်အရေး၊ သတင်းသမားအခွင့်အရေး၊ လုံခြုံရေးသမားအခွင့်အရေး၊

သန်းစိုးလှိုင် (မိုးမခ )  ။ ရန်ကုန်။ မေ ၁၄၊ ၂၀၁၂ ၂၀၀၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံ ဖူကက်တွင် ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ အဖြစ်ကိုအမှတ်ရသည်။ြေ မာက်ကိုးရီးယားကိုယ်စားလှယ်အဖွဲ့ သတင်းစာရှင်းလင်းပွဲလုပ်သည်နှင့် သတင်းထောက် အရေအတွက် ရာကျော်မှာ လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ သူ့ထက်ငါ အရှေ့ရောက်အောင် မေးခွင့်ရအောင် တိုးဝှေ့ကာ ကိုးရီးယား ကိုယ်စားလှယ် အဖွဲ့ဖြတ်လာမည့် လျှောက်လမ်းမှာစောင့်နေကြသည်။ ထို့အထဲမှာေ တာင်ကိုးရီးယားနိင်ငံမှ သတင်းထောက်တွေကအတက်ကြွဆုံး၊ နှစ်နိုင်ငံကွဲနေသည့် အနက် မြောက်ကိုးရီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ဖြတ်လာလျှင် အနားကပ်ကာမေးဖို့ ပြင်ဆင်ကာ လှုပ်လှုပ်ရှားရှားဖြစ် နေခြင်းဖြစ်သည်။ သတင်းထောက်များကိုလည်း ပွဲကျင်းပသည့် ဟိုတယ်နှင့် ကွန်ဖရင့် ၀န်ထမ်းတွေက စည်းကျော်ပြီး ရုတ်ရုတ်သဲသဲ မဖြစ်အောင် စောင့်ကြည့်နေကြသည်။ ခဏအကြာေ မာက်ကိုးရီးယားကိုယ်စားလှယ်အဖွဲ့လာသည်နှင့် တောင်ကိုးရီးယားသတင်းဋ္ဌာနက သတင်းထောက်တွေ အတင်းရှေ့တိုးကာ မေးခွန်းတွေမေးကြသည်။...

Read more »

Maung Yit – အယ်ဒီတာ့လက်ရေး (၁၀)

May 12, 2012
Maung Yit – အယ်ဒီတာ့လက်ရေး (၁၀)

သူတောင်းစားတဦး၏ နှစ်လည်အစီရင်ခံစာ မောင်ရစ်၊ မေ ၁၂၊ ၂၀၁၂ မိုးမခက တကွဲတပြား ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်း ၀ိုင်းတော်သားတွေနဲ့တကွ ချစ်လှစွာသော စာဖတ်ပရိသတ်နဲ့ မိုးမခမိတ်ဆွေများကို ဒီစာနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ဧပြီ သင်္ကြန်ကာလမှာ မိုးမခမီဒီယာ ၉  နှစ်ပြည့်တယ်။ ၂၀၀၃ ခုနှစ်က စပြီး အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားနယ်၊ ဆန်ဖရန်ဘေးဧရိယာမှာ စတင်ထူထောင်ခဲ့တာ အခုဆို ၉  နှစ် ရှိခဲ့ပြီ။ ၉  နှစ်လုံးလုံးမှာ လုပ်အားပေးတွေ ၀ိုင်းတော်သားတွေဟာ တရပ်တကျေး တနေရာစီကနေ အင်တာနက်ပေါ်မှာတင် မျက်နှာစုံညီ အလုပ်လုပ်ခဲ့ကြရာတာ အခုထိလည်း အပြင်မှာ မျက်နှာချင်းမဆိုင်ဖြစ်ကြသေးဘူး။ မျက်နှာချင်း မဆိုင်တာဘဲ ခပ်ကောင်းကောင်းလို့ ပြောကြတယ်။ တကယ်တန်း အပြင်မှာဆုံဖြစ်ကြရင် မျက်နှာကြောတွေ တည့်ချင်မှ တည့်ကြမှာကိုးလေ။ မိုးမခ၀ိုင်းတော်သား ရန်လိုကျွဲက ကြီးတော်နွားကျောင်းသားလို့ ကင်ပွန်းတတ်တယ်။ မိုးမခကို...

Read more »

လွှတ်တော်နိုင်ငံရေး၊ အခြေခံဥပဒေ နှင့် ပြင်ဆင်သင့်တဲ့ အချက်များ – politics and parliament

May 7, 2012
လွှတ်တော်နိုင်ငံရေး၊ အခြေခံဥပဒေ နှင့် ပြင်ဆင်သင့်တဲ့ အချက်များ – politics and parliament

ငြိမ်းချမ်းအေး မေ ၇၊ ၂ဝ၁၂(photo: REUTERS/Soe Zeya Tun)“—ကောင်းတဲ့ အချက်က “လွတ်လပ်ရေးရတဲ့ အချိန်တုန်းက မူရင်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ နဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထည့်သွင်းထားခဲ့တဲ့ လွတ်လပ်တဲ့ အင်ဒိုနီးရှားရဲ့ ရည်မှန်းချက်၊ ခံယူတဲ့ အတွေးအခေါ်တွေကို သမ္မတဖြစ်သူက အလေးထား သစ္စာရှိရမယ်” ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါမျိုး ဗမာပြည်မှာ ထည့်သွင်းနိုင်ရင် တိုင်းရင်းသားအများစု No tags for this post. Related posts No related posts.

Read more »

Tu Maung Nyo – သော့ခလောက်ကြီးတန်းလန်းနဲ့ ကောင်းနိုင်ကြသေးရဲ့လားခင်ဗျ

May 3, 2012
Tu Maung Nyo – သော့ခလောက်ကြီးတန်းလန်းနဲ့ ကောင်းနိုင်ကြသေးရဲ့လားခင်ဗျ

သော့ခလောက်ကြီးတန်းလန်းနဲ့ ကောင်းနိုင်ကြသေးရဲ့လားခင်ဗျ တူမောင်ညို။ မေ ၃။ ၂၀၁၂ (NLD) ပါတီ က (၃၀ ဧပြီ၊ ၂၀၁၂ ) တနင်္လာနေ့က ထုတ်ဝေတဲ့ ”ဒီလှိုင်းစာစောင်” အတွဲ ၁။ အမှတ် ၁၅ မှာ ပါရှိတဲ့ ဒီလှိုင်းစာစောင်ရဲ့ အယ်ဒီတာ့အာဘော်နဲ့ ဦးဝင်းတင် ဆောင်းပါး –  ဒီချုပ်နဲ့ “ သော့ခလောက်ကြီး ” ပြည်သူလူထုရဲ့မေးခွန်းပုစ္ဆာ … ကျုပ်တော့ဖြင့် မျက်စေ့လည်နေပြီဗျာ”            ဖတ်ကြည့်ပါဗျာ။ သဘောထားထင်မြင်ချက်လည်းလွတ်လပ်စွာပေးကြပါဗျာ။ ထွက်လာတဲ့အာဘော်၊ အာဘော်ဆောင်းပါးတွေက ဒီချုပ်ပါတီထဲမှာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကိုလှစ်ဟပြနေတယ်ဆို တာတွေ့ရပါလိမ့်မယ်။ ဦးဝင်းတင်ဆောင်းပါးထဲက အတိုင်း ဆိုရင်တော့ “သော့ခလောက်ကြီးတန်းလန်းနဲ့ လွှတ်တော်ထဲ ဝင်သွား လို့ ကတော့ ရဟန်း၊ ဗိုလ်၊ လူ၊...

Read more »

Tu Maung Nyo – မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်

May 1, 2012
Tu Maung Nyo – မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်

မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ် တူမောင်ညို။ မေ၁ ၊ ၂၀၁၂ (NLD) ပါတီက ရှေ့နေပညာရှင်ဦးဉာဏ်ဝင်း မကြာခင်က ပြောခဲ့တဲ့စကားနဲ့ စတင်ပါရစေ။  “ကျနော်တို့ လွှတ်တော်ထဲကိုအရင်ဝင်၊ ဝင်ပြီးတော့မှပြင်လို့ မြင်တဲ့သူတွေကို ဘာမှဝေဖန်စရာသုံးသပ်စရာမရှိဘူး၊ ဒါက ကျနော်တို့ အမြင်တွေက ကိုယ့်အမြင်နဲ့ကိုယ်ရှိကြမှာပဲ၊ ဒါပေမယ်လို့ ကျနော်တို့နားလည်တာက အဲဒီလိုဝင်လိုက်ရင်ကျနော်တို့ရဲ့ မူရင်း ဖြစ်တဲ့စည်းကမ်း Principal ကို ထိခိုက်တယ်လို့ထင်ပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပေးဖို့ ကျနော်တို့ တင်ပြ ကတည်းက ဒီစည်းကမ်းဟာ ကျနော်တို့ရဲ့စည်းကမ်းပါ။ အဲဒီတော့ကိုယ့်စည်းကမ်းကိုယ် ဖောက်တာမျိုးလည်းမဖြစ်ချင်ပါဘူး။ ဒါကြောင့် ကျနော်တို့တတ်နိုင်သမျှ ပြေလည်ဖို့နည်းလမ်းတွေရှာပြီးတော့ အကြံပြုချက်တွေပေးနေတာပါ” တကယ်တော့တိုင်းပြည်နဲ့ ပြည်သူလူထုကိုယ်စားပြုတယ်၊ ပြည်သူလူထုကိုမျက်နှာမူတယ်ဆိုရင် ဘာတွေလုပ်နေတယ်၊ ဘယ် လိုလုပ်မယ်ဆိုတာ လေးလေးစားစား ရှင်းပြဖို့လိုအပ်ပါတယ်။ ခေါင်းဆောင်ဟာ လမ်းခရီးမှာ ကိုယ်ပိုင်ကားမောင်းသူလို ကိုယ်ပြောင်းချင်တဲ့ဂီယာပြောင်းပြီး၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်