နိုင်ငံတကာသတင်းများ

မိုက်ခဲစိန် – သုံးယောက်ပေါင်းလောင်းကျော်၊ အမေရိကန်ပြည်ကြီးကို ခါးစောင်းတင်မယ်

March 14, 2017
မိုက်ခဲစိန် – သုံးယောက်ပေါင်းလောင်းကျော်၊ အမေရိကန်ပြည်ကြီးကို ခါးစောင်းတင်မယ်

မိုက်ခဲစိန် – သုံးယောက်ပေါင်းလောင်းကျော်၊ အမေရိကန်ပြည်ကြီးကို ခါးစောင်းတင်မယ် (မိုးမခ) မတ် ၁၄၊ ၂၀၁၇ ဒီနှစ်ကတော့ အမေရိကန်ပြည်မှာကော မြန်မာပြည်အတွက်ပါ ဂြိုဟ်ဝင်တယ် ပြောရမလား။ စိတ်ချမ်းသာစရာ သတင်းတွေ အဖြစ်အပျက်တွေ ကြားရတယ် မရှိဘူး။ အမေရိကန်ပြည်မှာ ဒေါ်နယ်ထရန့် သမတဖြစ်လာပြီ ဆိုကတည်းက လူတွေအားလုံး စိတ်မသက်သာစရာတွေချည်း ဖြစ်နေရတယ်ဆို လက်ခံမလား။ anxiety လို့ ပြောရမယ်။ restful feeling မရကြရှာဘူး။ နိုင်ငံခြားသားတွေထဲ မူဆလင်တွေ မ၀င်ရလို့ ဆိုတယ်၊ မက္ကဆီပြည်ကို တံတိုင်းနဲ့ ကာမယ်၊ တရားမ၀င်တွေကို တိုးပြီး နှိမ်နင်းမယ်၊ အိုဘားမားကျန်းမာရေးဥပဒေကို ပယ်ဖျက်ဖို့ ခြေလှမ်းတွေ စတင်ပြီ … – စတဲ့ အပြုတွေမကြားရဘဲ အပျက်တွေချည်း ဟိန်းဟောက် ခြိမ်းခြောက်တာတွေ...

Read more »

ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့်

March 8, 2017
ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့်

ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့် (မိုးမခ) မတ် ၈၊ ၂၀၁၇ (၁) အမေရိကန်လူမျိုးတို့သည် မိမိတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို များစွာတန်ဖိုးထားကြသူများဖြစ်ပါသည်၊ ၁ရ၈ရ ခုနှစ်စက်တင်ဘာလက အတည်ပြုခဲ့သော ထိုဥပဒေမှာနှစ်ပေါင်း ၂၃၀ သက်တမ်းရှိခဲ့ပြီး အမေရိကန် တို့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ ဖြစ်ခဲ့ရသည်မှာ ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်သော စနစ်ကြောင့် ဖြစ်သည်ဟုဆိုနိုင်ပါသည်၊ သမ္မတ ဂျော့ဝါရှင်တန်လက်ထက်က အတည်ပြုခဲ့သော ထိုဥပဒေ မှာ လူတို့၏ ဒီမိုကရေစီ အခြေခံလွတ်လပ်ခွင့်များဖြစ်သော လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ မိမိဆန္ဒကို ထုတ်ဖေါ် ပြောဆိုပိုင်ခွင့် အပြည့်အ၀ပေးထားသော ဥပဒေလည်းဖြစ်ပါသည်၊ နိုင်ငံတွင် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာတို့ ကို သုံးပိုင်းခွဲထားပြီး ကဏ္ဍ တခုစီသည် လွတ်လပ်စွာလုပ်ပိုင်ခွင့်များရှိသည်၊ အစိုးရ အဖွဲ့၏ လုပ်ပိုင်ခွင့်များကိုလည်း...

Read more »

မိုက်ခဲစိန် – ဒေါ်နယ်ထရန့် ရဲ့ တောပြော တောင်ပြော

March 5, 2017
မိုက်ခဲစိန် – ဒေါ်နယ်ထရန့် ရဲ့ တောပြော တောင်ပြော

မိုက်ခဲစိန် – ဒေါ်နယ်ထရန့် ရဲ့ တောပြော တောင်ပြော (မိုးမခ) မတ် ၅၊ ၂၀၁၇ ဖေဖော်ဝါရီ ၂၅ မှာ မြန်မာပြည်က ပြည်ထဲရေးဝန်ကြီးဌာန ဦးကိုနီလုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး တရားဝင်သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အဲသည်မှာ ၀န်ကြီး ဗိုလ်ကျော်ဆွေ ပြောသွားတာက လုပ်ကြံသူတွေဟာ လူငယ်တို့ သဘာဝနဲ့ အစွန်းရောက်မျိုးချစ်စိတ်တွေ ထက်သန်ပြီး လူသတ်ကြတာလို့ ဆိုပါတယ်။ လုပ်ကြံဖို့ ကြံစည်သူတွေက ၄၀ကျော် ၅၀တွေချည်းပဲ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေမျက်စိထဲမှာ လုပ်ကြံလူသတ်သမားတွေဟာ လူငယ်လေးတွေ စိတ်လိုက်မာန်ပါ လုပ်ကြတာဆိုပြီး ပြောလိုက်တော့ အသက်ဘယ်လောက်ကြီးကြီး နိုင်ငံတော်နဲ့ ချီပြီး မိုက်ရင်တောင်မှ တချို့လူတွေအတွက်က ရေးကြီးခွင်ကျယ်မဟုတ်သလိုပါပဲလား။ သည်လိုနဲ့ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၈ မှာ လွှတ်တော်မှာ...

Read more »

မိုက်ခဲစိန် – လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့်

February 18, 2017
မိုက်ခဲစိန် – လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့်

မိုက်ခဲစိန် – လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့် (မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇ ဒီတခါလည်း သမ္မတကြီး ထရန့်ကတော့ ပြောလို့မကုန် မိုးမြေ မဆုံးနိုင်အောင်ပါပဲ။ ဖေဖော်ဝါရီ ပထမပတ်မှာ ပြည်ထောင်စု တရားရုံးက ထရန့်တချက်လွှတ်အမိန့်နဲ့ မူဆလင်နိုင်ငံ ၇ နိုင်ငံက လူတွေကို ပိတ်ပင်တာဟာ အခြေခံဥပဒေနဲ့ မညီဘူး ဆိုပြီး ပယ်ချလိုက်ပါတယ်။ ဒါကို ထရန့်က လက်တုန့်ပြန်ဦးမယ်လို့ ကြုံးဝါးပါတယ်။ သမ္မတကြီး ထရန့်က ရွေးကောက်ပွဲကာလတုန်းကအတိုင်း အချိုးက မပြောင်းပါဘူး။ တွစ်တာအကောင့်ကနေ ဗလွတ်ရွှတ်တတွေ ပြောနေ၊ သူမကြိုက်တဲ့သူတွေကို မှိုချိုးမျှစ်ချိုးတွေ ပြောနေတုန်းပါပဲ။ အမေရိကန်ပြည်ထောင်စုကြီးရဲ့ ရေမြေ့သနင်း ပြည့်ရှင်မင်းကြီး ဖြစ်လာတော့ ပိုတောင်မှ ဆိုးလာသေးတယ် ပြောရမှာပါ။ နောက်တပတ်မှာ တရားမ၀င်...

Read more »

မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက်

February 7, 2017
မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက်

မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက် (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇ မိုက်ခဲစိန်လည်း တခြားသတင်းတွေ မရေးရဘူး။ အမေရိကားမှာ ဟော့ဖြစ်နေတဲ့ သမ္မတကြီး ထရန့်၏ တနေ့စာ အလွဲများ၊ တပတ်စာ အလွဲများကနေ တလစာအလွဲများအထိ ဆက်ရေးနေရမလား မသိ။ အယင်တပတ်က တင်ပြခဲ့သလို ထရန့်က အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ၇ နိုင်ငံကို လူဝင်မှု ပိတ်ပင်လိုက်တယ်။ ပြည်ထောင်စု တရားရုံးက တရားသူကြီးတွေက သမ္မတအမိန့်ကို ပြန်တားဆီးတဲ့ အမိန့်ထုတ်လိုက်တယ်။ ပထမပတ်မှာ သမတကြောင့် ပြည်ဝင်ခွင့်အပိတ်ခံထားရတဲ့ ဧည့်နိုင်ငံသားတွေ၊ ဗီဇာနဲ့သူတွေ တရားသူကြီးက ခြွင်းချက်အမိန့်နဲ့ နောက်တပတ်မှာ ပြန်ဖွင့်ပေးတုန်း အပြေးအလွှား ပြည်ဝင်ကြရတယ်။ သမတကြီးက ဆန်ဖရန် ပြည်ထောင်စုတရားရုံး...

Read more »

မိုက်ခဲစိန် – သမ္မတကြီး ထရန့်က အမွှေစိန်လား

February 3, 2017
မိုက်ခဲစိန် – သမ္မတကြီး ထရန့်က အမွှေစိန်လား

UC Berkeley, Student Protest Feb 1st 2017 မိုက်ခဲစိန် – သမ္မတကြီး ထရန့်က အမွှေစိန်လား (မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇ မောင်ရစ်က မနက် သူ့ကျောင်းကင်တင်းက ကော်ဖီဆိုင်မှာ ထိုင်ရင်းနဲ့ ရေးစရာ အဆိုင်းမင့် ပေးပါတယ်။ သမ္မတကြီးထရန့်ရဲ့ ပထမ ၁၀ ရက်အတွင်း အဖြစ်အပျက်တွေ အထင်အမြင် ဂယက်တွေ ဘာတွေ ညာတွေ ရေးစမ်းပါဦးလို့ ပြောပါတယ်။ “ယူစီဘာကလီ (UC Berkeley) သိတယ် မို့လား၊ ဆန်ဖရန်အရှေ့ဘက်ကမ်းက ဘာကလေမြို့က ပြည်နယ်တက္ကသိုယ်မှာ ကျောင်းသားတွေ ဆန္ဒပြကြတာ အကြမ်းဖက်ဆန်ဆန်ကို ဖြစ်ကုန်ပြီ” လို့ ဆက်ပြောပါတယ်။ “ခင်ဗျားတို့ (SFSU) တက္ကသိုလ်မှာကော ဘာမှ မဖြစ်ဘူးလား၊...

Read more »

ပြည်ပကဧည့်သည်များအပေါ် သမ္မတကြီးထရန့်၏ ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်သားများ ကန့်ကွက်ရှုံ့ချ

January 29, 2017
ပြည်ပကဧည့်သည်များအပေါ် သမ္မတကြီးထရန့်၏  ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်သားများ ကန့်ကွက်ရှုံ့ချ

  ပြည်ပကဧည့်သည်များအပေါ် သမ္မတကြီးထရန့်၏  ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်သားများ ကန့်ကွက်ရှုံ့ချ (မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇ ၎င်း၏ သဘောထားချင်း မတိုက်ဆိုင်သူများအပေါ် သဘောထားတင်းမာတဲ့ တုန့်ပြန်မှုတွေ ထုတ်ဖော်တတ်တဲ့ သမ္မတအသစ် ဒေါ်နယ်ထရန့်က မက္ကဆီကိုတွေကို တံတိုင်းဆောက်ပြီး တားဆီးမယ်လို့ ပြောပြီး နောက်တရက်မှာပဲ ပြည်ပက ၀င်ရောက်နေတဲ့ မူဆလင်တွေ၊ ဒုက္ခသည်တွေ ၀င်ရောက်မှုကို တားဆီးလိုက်ပါတယ်။ မူဆလင်တွေဆိုတာမှာ ဘာသာရေး အစွန်းရောက်အကြမ်းဖက်အုပ်စုတွေ ခိုလှုံရာ၊ လှုပ်ရှားနေရာ အရှေ့အလယ်ပိုင်းတိုင်းပြည်တွေ (အီရန်၊ အီရတ် အပါအ၀င်) က ဗီဇာနဲ့ ၀င်ရောက်လာတဲ့ ဧည့်သည်တွေကို လေဆိပ်မှာ ထိန်းသိမ်းပြီး အထူးစစ်ဆေးခြင်း နဲ့ အဆိုပါ တိုင်းပြည်တွေက နိုင်ငံရေးဒုက္ခသည်တွေ ၀င်ရောက်မှုကို ရက်အကန့်အသတ်နဲ့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်ပါတယ်။ အခုလို ပြည်ပက ဧည့်သည်တွေ ဒုက္ခသည်တွေကို တားမြစ်တာဟာ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တယ်၊...

Read more »

မိုက်ခဲစိန် – အမေရိကန်သမ္မတကြီးရဲ့ လူပြိန်းကြိုက် တချက်လွှတ်အမိန့်တော်တွေ

January 26, 2017
မိုက်ခဲစိန် – အမေရိကန်သမ္မတကြီးရဲ့ လူပြိန်းကြိုက် တချက်လွှတ်အမိန့်တော်တွေ

မိုက်ခဲစိန် – အမေရိကန်သမ္မတကြီးရဲ့ လူပြိန်းကြိုက် တချက်လွှတ်အမိန့်တော်တွေ (မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၇ ဇန် ၂၀ မှာ သမ္မတအဖြစ် တင်မြှောက်ပြီးတာနဲ့ တကမ္ဘာလုံးက သူ့ကို ရင်မပြီး ကြည့်နေရတော့တာပဲ။ ပါးစပ်ထဲ ရှိတာတွေ ပြောပြီး လူပြိန်းကြိုက်တွေနဲ့ မဲဆွယ်ပြီး အနိုင်ရလာတဲ့ အမေရိကန်ရဲ့ ၄၅ ကြိမ်မြောက် သမ္မတကြီး ဒေါ်နယ်ထရန့်ပါ။ ဇာတ်သမားပြန်ရင် မှတ်သားစရာကျန် ဆိုသလို ဒေါ်နယ်ထရန့် ပါးစပ်ဟလိုက်တာနဲ့ ပြောစရာတွေ အငြင်းပွားစရာတွေ ကျန်ရစ်သူကြီးပါ။ သူက သမ္မတတက်တက်ချင်းမှာ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အာမခံဥပဒေကို ဖြေလျော့ပေးတယ်လို့ တချက်လွှတ်အမိန့်ထုတ်ပြန်ပါတယ်။ ဆိုလိုတာက ပြည်ထောင်စု၊ ပြည်နယ်နဲ့ တရားရုံးတွေမှာ ဦးတိုက်လျောက်ထားတဲ့ အရေးဆိုထားတာတွေကို ပြန်စဉ်းစားပေးမယ် ပြောတာပါ။ လူတိုင်း ကျန်းမာရေးအာမခံခွင့်ရှိအောင်...

Read more »

NY Capital Karen New Year – နယူးယောက် နေပြည်တော်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်

January 23, 2017
NY Capital Karen New Year – နယူးယောက် နေပြည်တော်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်

NY Capital Karen New Year – နယူးယောက် နေပြည်တော်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် (မိုးမခ၊ အယ်ဘနီ) ဇန်န၀ါရီ ၂၃၊ ၂၀၁၇ Albany 2756 Karen New Year celebration is held in William S. Hackett Middle School on Saturday, Jan. 21, 2016. In the celebration, there are three parts: opening, traditional dance and concert. Begin to end of the celebration; all audience can...

Read more »

မိုက်ခဲစိန် – လူပြိန်းကြိုက် အမေရိကန်သမ္မတကြီး ထရန့်ကို အမျိုးသမီးထုက ဆန့်ကျင်ကန့်ကွက်ပွဲများနှင့် ကြိုဆို

January 22, 2017
မိုက်ခဲစိန် – လူပြိန်းကြိုက် အမေရိကန်သမ္မတကြီး ထရန့်ကို အမျိုးသမီးထုက ဆန့်ကျင်ကန့်ကွက်ပွဲများနှင့် ကြိုဆို

မိုက်ခဲစိန် – လူပြိန်းကြိုက် အမေရိကန်သမ္မတကြီး ထရန့်ကို အမျိုးသမီးထုက ဆန့်ကျင်ကန့်ကွက်ပွဲများနှင့် ကြိုဆို (မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၇ အမေရိကန်သမ္မတ ၄၅ ဦးမြောက်အဖြစ် မဲဆန္ဒရှင်များက သေဌေးကြီး ဒေါ်နယ်ထရန့်ကို ရွေးချယ် တင်မြောက်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့က ၀ါရှင်တန်ဒီစီမြို့တော်မှာ သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီး တိုင်းပြည်အာဏာကို လွှဲပြောင်းရယူခဲ့ပါတယ်။ လက်ရှိ ၂၀ ရာစုနဲ့ ၂၁ ရာစု အမေရိကန်သမ္မတသမိုင်းမှာ ပြည်သူတွေများကြားထဲ အငြင်းပွားစရာ အဖြစ်ဆုံး၊ လူထုချင်း စိတ်ဝမ်းကွဲပြားစရာ အဖြစ်စေခဲ့ဆုံးသော သမ္မတရွေးချယ်မှုနဲ့ တက်လာတဲ့ သမ္မတကြီးပါ။ သူရဲ့ မဲဆွယ်ပွဲမှာကော သမ္မတအဖြစ် အနိုင်ရပြီးနောက်ပိုင်းမှာပါ လောလောလတ်လတ် သမ္မတကျမ်းသစ္စာဆိုပြီး ပထမဦးဆုံး မိန့်ခွန်းမှာပါ ပါးစပ်ထဲရှိတာ ပြောချင်ရာ ကမူးရှူးထိုး တုတ်ထိုး အိုးပေါက် ပြောသွားတာတွေနဲ့ အဲသည်လို ပြောတာကိုမှ သည်းခြေကြိုက်တဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုတွေ ရှိနေတာကြောင့်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်