နိုင်ငံတကာသတင်းများ

Obama Care Rocks – စိန်ခေါ်ခံထားရသည့် အမေရိကန်ကျန်းမာရေးအာမခံချက်ဥပဒေကို ဗဟိုတရားရုံးက အတည်ပြု

June 29, 2012
Obama Care Rocks –  စိန်ခေါ်ခံထားရသည့် အမေရိကန်ကျန်းမာရေးအာမခံချက်ဥပဒေကို ဗဟိုတရားရုံးက အတည်ပြု

 စိန်ခေါ်ခံထားရသည့် အမေရိကန်ကျန်းမာရေးအာမခံချက်ဥပဒေကို ဗဟိုတရားရုံးက အတည်ပြု မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၂၈၊ ၂၀၁၂ သမ္မတအိုဘားမား၏ နိုင်ငံရေးအောင်မြင်မှုတခုဖြစ်ပြီး အတိုက်အခံ ရစ်ပတ်ဘလစ်ကန်ပါတီ၏ အကြီးမားဆုံး ရှုတ်ချကန့်ကွက်မှုဖြစ်သော ၂၀၁၀ ခုနှစ် အမေရိကန်သားများ ကျန်းမာရေး စောင့်ရှောက်မှု သက်သာချောင်ချိရေး ဥပဒေပြဌာန်းနိုင်ခြင်းကို ပြည်နယ်ပေါင်း ၂၆ ခုက ကန့်ကွက်သဖြင့် ဗဟိုတရားရုံးချုပ်က အစိုးရနှင့် ပြည်နယ်များ ရှေ့နေချုပ်များအကြား ကြားနားခဲ့ရာ ယနေ့ မနက်ခင်းက ဗဟိုတရားရုံးချုပ် (Supreme Court) တရားသူကြီးများက ၅ မဲ ၄ မဲဖြင့် ဥပဒေကို အခြေခံဥပဒေနှင့် ကိုက်ညီကြောင်း အဆုံးအဖြတ်ပေးလိုက်သည်။ အတိုက်အခံပြုနေသော ပြည်နယ်များက ကန့်ကွက်သည့် အချက်များဖြစ်သည့် နိုင်ငံတော်သည် ပြည်သူကို ကျန်းမာရေးအာမခံ မ၀ယ်မနေရ ပြဋ္ဌာန်းခွင့်၊...

Read more »

Overseas Burmese – ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်ချင်တိုင်း ပြန်လို့မရသေး

June 26, 2012
Overseas Burmese – ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်ချင်တိုင်း ပြန်လို့မရသေး

ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်ချင်တိုင်း ပြန်လို့မရသေး မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၂၆၊ ၂၀၁၂ ၂၀၁၁ နှစ်လည်ကတည်းက ကြံ့ဖွံ့အစိုးရသစ်၏ သမ္မတကြီး ဦးသိန်းစိန်က အကြိမ်ကြိမ်အခါခါ ပြည်ပရောက်မြန်မာများ ပြည်တော်ပြန်ကြဖို့အရေး ဖိတ်ခေါ်နေခဲ့သည်။ အစိုးရ၏ ကိုယ်စားလှယ်များ၊ အကျိုးဆောင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး ပြည်တော်ပြန်ကြသူ မြန်မာများကိုလည်း ပြည်တွင်း ပြည်ပမီဒီယာများတွင် သတင်းအဖြစ် တွေ့နေကြရသည်။ သို့သော်လည်း ပြည်တော်ပြန်လိုသူ မြန်မာတိုင်း လွတ်လပ်စွာ ပြန်ခွင့်ရနေသည်မဟုတ်ဟု အမေရိကန်ပြည်ရောက် မြန်မာအချို့က မိုးမခသို့ ပြောကြားသည်။             ဥပမာအားဖြင့် တပ်မတော်ကို တော်လှန်ပြီး ထွက်ခွာလာသူ မြန်မာစစ်မှုထမ်းများ၊ အစိုးရ၀န်ထမ်းအဖြစ်မှ မိမိသဘောအလျောက် နှုတ်ထွက်သွားသူ မြန်မာအစိုးရ၀န်ထမ်းများ ပြည်တော်ပြန်ရေးအတွက် တိကျသော သဘောထားနှင့် တုန့်ပြန်မှုများ မရှိသေးကြောင်း အချို့က ပြောကြားသည်။            ...

Read more »

Obama – အမေရိကန်သမ္မတ အိုဘားမားက တရားမ၀င်နေထိုင်သူများကို ယာယီနေထိုင်ခွင့် စီစဉ်ပေးမည်

June 16, 2012
Obama – အမေရိကန်သမ္မတ အိုဘားမားက တရားမ၀င်နေထိုင်သူများကို ယာယီနေထိုင်ခွင့် စီစဉ်ပေးမည်

နိုင်ငံတကာသာဂိ၊ ဇွန် ၁၆၊ ၂၀၁၂ မြန်မာပြည်မှာ နိုင်ငံသားဖြစ်တည်ခွင့်၊ တရားမ၀င်နေထိုင်သူ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ နယ်စပ်ဒေသ လုံခြုံရေးတွေမှာ အရေးပေါ်ဖြစ်နေချိန် အမေရိကန်ပြည်ထောင်စုဟာလည်း ထိုနည်း၎င်းလို့ပဲ ပြောရမယ် ထင်ပါတယ်။             စီးပွားကျ၊ အလုပ်အကိုင်ရှားပါးနေတဲ့ အမေရိကန်ပြည်မှာ တရားမ၀င်ရောက်ရှိနေထိုင်သူ နိုင်ငံခြားသား ၁၂ သန်းရှိတယ်။ သူတို့ကလေးဘ၀ကတည်းက (၁၆နှစ် မပြည့်မီ) သူတို့မိဘတွေ ခိုးဝင်လာလို့ အတူပါလာတဲ့ ကလေးသူငယ်တွေ အများကြီးရှိတယ်။ သူတို့တတွေထဲမှာ အသက် ၃၀ မပြည့်သေး၊ အမေရိကန်မှာ  ရာဇ၀တ်မှုတွေ ကျူုးလွန်ခြင်း မရှိဘဲ၊ ကျောင်းတက်နေသူတွေ သို့မဟုတ် အထက်တန်းပညာပြီးထားသူတွေ လက်ရှိ စာရင်းအရ လူဦးရေ ၈ သိန်း ရှိနေတယ်။             အခု သမ္မတမဲဆွယ်ပွဲကာလ၊ နယ်စပ်ဖြတ်ကျော် တရားမ၀င်နေထိုင်သူတွေကို...

Read more »

Mar Mar Aye – ဂီတပညာရှင် (ဒေါ်) မာမာအေး အင်္ဂလန်သို့ ခရီးထွက်ခွာ

June 15, 2012
Mar Mar Aye – ဂီတပညာရှင် (ဒေါ်) မာမာအေး အင်္ဂလန်သို့ ခရီးထွက်ခွာ

မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၁၅၊ ၂၀၁၂ ယမန်နေ့နေ့လယ်က အမေရိကန်ပြည်ထောင်စုနေ အဆိုတော်၊ ဂီတပညာရှင် (ဒေါ်) မာမာအေးသည် လန်ဒန်မြို့သို့ လေယျာဉ်ခရီး ထွက်ခွာသွားပြီ ဖြစ်သည်။ လာမည့် ရက်သတ္တပတ်၊ လန်ဒန်တွင် အဝေးရောက် အင်န်အယ်ဒီ (ယူကေ)နှင့် မြန်မာတို့ ကျင်းပပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ် မွေးနေ့ ဂုဏ်ပြုပွဲသို့ တက်ရောက်ရန် မိတ်ဆွေများ၏ ဖိတ်ကြားမှုအရ ခရီးထွက်ခွာသည်ဟု သိရသည်။ လွန်ခဲ့သည် ဇွန် ၁၃ ရက်က ဥရောပနှင့် ဗြိတိန် အလည်အပတ်ခရီးစဉ်အဖြစ် ခရီးထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၉ တွင် လန်ဒန်သို့ ရောက်ရှိမည်ဟု ဆိုသည်။ (ဓာတ်ပုံ Suu 63 – BAWA SF...

Read more »

Primary – ကယ်လီဖိုးနီးယားပြည်နယ် ဇွန် ၅ ပဏာမအဆင့်မဲပေးကြမည်

June 5, 2012
Primary – ကယ်လီဖိုးနီးယားပြည်နယ် ဇွန် ၅ ပဏာမအဆင့်မဲပေးကြမည်

မိုးမအထောက်တော် ၀၀၁၊ ဇွန် ၅၊ ၂၀၁၂             ယနေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်မှာ ၂၀၁၂ နိုဝင်ဘာသမ္မတရွေးကောက်ပွဲအကြို ပဏာမအထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။ ပဏာမအဆင့်ရွေးကောက်ပွဲ မှတဆင့် နိုဝင်ဘာတွင် ရွေးချယ်မည့် သမ္မတလောင်းကို ပါတီအလိုက် ရွေးချယ်ခြင်း၊ လွှတ်တော် ၂ရပ်ရှိ ပါတီစုံမှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းအပြင် သက်ဆိုင်ရာ မြို့နယ်နှင့် ပြည်နယ်များအလိုက် ဥပဒေ၊ နည်းဥပဒေများ ဆန္ဒခံယူခြင်းတို့ကို ပြည်သူတို့က မဲပေးကြမည် ဖြစ်သည်။             ဒီမိုကရက်ပါတီ ထောက်ခံသူများအဖြစ် မှတ်ပုံတင်ထားသော မဲဆန္ဒရှင်များက လက်ရှိသမ္မတ အိုဘားမား သို့မဟုတ် အခြားမိမိဆန္ဒရှိသူ တဦးဦးကို ဆန္ဒပေးကြမည် ဖြစ်ပြီး၊ ဗဟို ဖက်ဒရယ်အဆင့် အထက်နှင့် အောက်လွှတ်တော်အမတ်များအဖြစ် (ဆီနိတ်တာ ဒိုင်ယမ်းဖိန်းစတိုင်း၊ ကွန်ဂရက်အမတ် ဂျော့ခ်ျမီလာ...

Read more »

ဇွန်လ၂ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်များကိုသွားတွေ့မည် (KIC News)

May 31, 2012
ဇွန်လ၂ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်များကိုသွားတွေ့မည် (KIC News)

မေလ ၃၀ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို လာမည့် ဇွန်လ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံမည်ဟု သူမ၏ ထိုင်းခရီးစဉ်၌ ကူညီဆောင်ရွက်ပေးနေသူ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာတီမသီက ယနေ့ အတည်ပြု ပြောကြားလိုက်သည်။ “(မယ်လ)ဒုက္ခသည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ အရင်သွားတွေ့မယ်။ ဒုက္ခသည်တွေရဲ့ ပြဿနာတွေကို သူ(ဒေါ်စု) သိအောင်လုပ် မယ်။ အဓိကတော့ လူထုတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံနေရတာကို သူ့အနေနဲ့ လက်တွေ့ကျကျသိဖို့ သူသွားမှာပေါ့။”ဟု သူက ပြောသည်။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်နေရာများနှင့် တွေ့ဆုံလို သည့်အဖွဲ့အစည်းများကို လိုက်လံဆက်သွယ်ကာ...

Read more »

KIC News – အမေရိကန်ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာတော်သင်ဆုရရှိ

May 30, 2012
KIC News – အမေရိကန်ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာတော်သင်ဆုရရှိ

from Karen Newsletter (KIC News) မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ) အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ် ဘတ်ဖလိုမြို့တွင် နေထိုင်သည့် ကရင်လူငယ် ၃ဦး အမေရိကန်\ အစိုးရမှ  ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ခုနှစ်အတွက် ပညာတော်သင်ဆု(Scholastic Achievement Recognition)ကို လက်ခံရရှိခဲ့သည်။ ယခုနှစ်အတွက် ပညာတော်သင်ဆု(စကောလားရှစ်ပ်)ကို ဘတ်ဖလိုမြို့ရှိ ကျောင်းသူကျောင်းသား ၂၄၆ဦးအား ရွေးချယ်ပေးအပ်ခဲ့သည့် အထဲတွင် အထက်တန်းကျောင်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် နော်အယ်စေးထူး ၂၀နှစ်၊ စောဝင်းကိုဟန် ၁၈နှစ်နှင့် နော်မိုရင်းဒါသွယ် ၂၁နှစ်တို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ Lafayette High School အထက်တန်းကျောင်းတွင် ဘာသာစုံ၌ အမှတ်အများဆုံး ရရှိခဲ့သူ နော်မိုရင်းဒါသွယ်က “မျှော်လင့်မထားဘဲ အခုလို ပညာသင်ဆုရတော့ ၀မ်းသာတယ်။ သူများနိုင်ငံသားတွေကြားမှာမို့ ဂုဏ်လည်းယူတယ်။ တချိန်မှာ...

Read more »

LA – ၂၀၁၂ နှစ်အတွင်း နေကြပ်ခြင်း အယ်လ်အေ (LA) မှာ ထင်ရှားစွာ ကြည့်နိုင်

May 21, 2012
LA – ၂၀၁၂ နှစ်အတွင်း နေကြပ်ခြင်း အယ်လ်အေ (LA) မှာ ထင်ရှားစွာ ကြည့်နိုင်

မိုးမခအထောက်တော် ၀၀၆၊ မေ ၂၁၊ ၂၀၁၂ ယမန်နေ့ ကယ်လီဖိုးနီးယား စံတော်ချိန်၊ ညနေ ၆း၃၀ က ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်အေမြို့တော်က ပရိသတ်တို့အတွက် အထင်ရှားဆုံး နေကြပ်မှုကို ရှုစားနိုင်ခဲ့ကြပါတယ်။ အမေရိကန်ပြည် ကယ်လီဖိုးနီးယားနဲ့ ဂျပန်ပြည်တို့မှာ ဒီနှစ်အတွက် ထင်ရှားနီးကပ်တဲ့ နေကြပ်မှုကို တွေ့ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားသူ အများအပြားက ပြင်ပနဲ့ တောင်ကုန်း မြေမြင့်တို့ထံ ခရီးထွက် စုဝေးပြီး နေကြပ်တာကို ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။  Griffith Observatory ဆိုတဲ့ တောင်ပေါ်အာကာသကြည့်စခန်းမှာ လူ ၃ ထောင်စုဝေးပြီး နေကြပ်ခြင်းကို စောင့်ကြည့်ခဲ့ကြတယ် လို့သိရပါတယ်။  နေကြပ်တာ ထင်ထင်ရှားရှား အားဖြင့် နာရီဝက်ခန့် ကြာမြင့်အောင် စောင့်ကြည့်နိုင်ပြီး လော့စ်အိန်ဂျလိစ်အတွက်တော့ နောင် ၅၉  နှစ်မှာ...

Read more »

Kyaw Thu & Shwe Zi Kwet – ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ

May 2, 2012
Kyaw Thu & Shwe Zi Kwet – ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့  အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ

ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့  အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ  ပြည်သူ့ဂုဏ်ရည်သတင်းထုတ်ပြန်ချက်၊ မေ ၂၊ ၂၀၁၂ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖိတ်ကြားချက်ဖြင့် ပြည်ပသို့ထွက်ခွာခဲ့သည့် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ မေလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီဖြစ်သည်။ ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ လိုက်ပါလာသည့်လေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၁ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ ဓာတ်ပုံပါ အမှတ်တရ တီရှပ်များ ၀တ်ဆင်ကာ သွားရောက်ကြိုဆိုခဲ့ကြသည်။ ညနေ ၅ နာရီခန့်တွင် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့အား အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက...

Read more »

စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – ဧပြီ ၂၁ – News

April 21, 2012
စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – ဧပြီ  ၂၁ – News

နိုင်ငံတကာသာဂိ၊ ဧပြီ ၂၁၊ ၂၀၁၂ နိဒါန်း – နိုင်ငံတကာသတင်းခေါင်းစဉ်တွေ ကောက်နုတ်ချက်ကို မရေးတာကြပြီ။ အခုတော့ ဧပြီ ၁ မြန်မာပြည်ရွေးကောက်ပွဲအပြီး၊ ဧပြီ လလယ် သင်္ကြန်နှစ်သစ်ကူးပွဲတော်အပြီးမှာ  မှတ်ထင်ထင်ဖြစ်မိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များကို ချရေးလိုက်ပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် မစ်ရော်နီ သေချာ           ၂၀၁၂ နှစ်ဆန်းကတည်းက အမေရိကန်ပြည်မှာ အတိုက်အခံပါတီကြီး (ရစ်ပတ်ဘလစ်ကန်ပါတီ)ရဲ့ သမ္မတလောင်းရွေးပွဲ ချိမ့်ချိမ့်သဲ စည်ကားခဲ့တယ်။ ရှေးရိုးစွဲတဲ့သဘောထားရှိသူ နိုင်ငံရေးခေါင်းဆောင်တွေ အပြိုင်အဆိုင် ပါတီဝင်တွေ၊ မဲဆန္ဒရှင်တွေကို အပြိုင်အဆိုင်မဲဆွယ်လိုက်ကြတာမှာ လက်ယာစွဲ အရင်းရှင် မစ်ရော်နီက ခရစ်ယာန်အစွဲသန် ဆန်တိုရမ်နဲ့ သူတင် ကိုယ်တင်ဖြစ်နေရာက  ဆန်တိုရမ်က သူ့မိသားစုကိစ္စကြောင့် သမ္မတလောင်း မဲဆွယ်ပွဲကနေ နောက်ဆုတ်လိုက်ပါပြီ။ သည်တော့ လက်ယာအစွန်းရောက် ရစ်ပတ်ဘလစ်ကန်ပါတီကြီးအတွက် အရင်းရှင်စီးပွားရေးလုပ်ငန်းရှင်တို့ စိတ်ကြိုက်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်