နိုင်ငံတကာသတင်းများ

လောကပါလ – ဒေါ်နယ့်စိတ်ဓာတ် [၇]

June 27, 2016
လောကပါလ – ဒေါ်နယ့်စိတ်ဓာတ် [၇]

  လောကပါလ – ဒေါ်နယ့်စိတ်ဓာတ် (မိုးမခ) ဇွန် ၂၇၊ ၂၀၁၆ ထရန့်က လက်ဝှေ့ထိုးခြင်းနှင့် ဘော်လုံးအားကစားကိုဝါသနာထုံပြီး ကြေးစားဘော်လုံးအသင်း တသင်းပင် ပိုင်ဆိုင်ခဲ့ဖူး၏။ အလုပ်သင်ဇာတ်လမ်းပဏာမအဖြစ် ရုပ်မြင်သံကြားပရိဿတ်ကို ကြမ်း ကြုတ်သော ဒါဝင်ကမ္ဘာ (Darwinian world) မှ သူက ကြိုဆိုခဲ့သည်။ “ နယူးယောက်ဆိုတာ ကျွန်တော့်ရဲ့မြို့ပါ။ ကမ္ဘာ့စီးပွားရေးဘီးတွေ မရပ်မနားလည်ပတ်နေတဲ့ နေရာ ပေါ့။ စီးပွားရေးလောကကြီးကို ပြိုင်ဘက်ကင်းတဲ့အားအင်တွေ ရည်မှန်းချက်တွေနဲ့ မောင်းနှင်ပေးနေ တဲ့ ကွန်ကရစ်မြို့တော်ကြီးပါ။ မန်ဟတ္တန် (Manhattan) ကတော့ တကယ့်ကို ကြမ်းတမ်းပါတယ်။ အဲ သည်ကျွန်းဟာ တကယ့်တောရိုင်းကြီးတခုပါပဲ။ ခင်ဗျားဂရုမစိုက်လို့ကတော့ သူကခင်ဗျားကိုဝါးပြီး ထွေး ထုတ်လိုက်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားသာကြိုးကြိုးစားစား အလုပ်လုပ်မယ်ဆိုရင်...

Read more »

အမေရိကားမှာ လိင်တူချစ်သူများ အထိမ်းအမှတ် အဆောက်အအုံ တရားဝင် သတ်မှတ်

June 26, 2016
အမေရိကားမှာ လိင်တူချစ်သူများ အထိမ်းအမှတ် အဆောက်အအုံ တရားဝင် သတ်မှတ်

အမေရိကားမှာ လိင်တူချစ်သူများ အထိမ်းအမှတ် အဆောက်အအုံ တရားဝင် သတ်မှတ် (မိုးမခ) ဇွန် ၂၆၊ ၂၀၁၆ အမေရိကန် နိုင်ငံ နယူးယောက်မြို့တော် ဂရင်းဝစ်ခ်ျမှာ တည်ရှိသည့် Stonewall စားပွဲရုံနှင့်တည်းခိုခန်း သည် အမေရိကား၏ လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားမှုများ မွေးဖွားခဲ့ရာ အဖြစ် ရှုမြင်ကြသည်။ ၁၉၆၉ ခုနှစ်တွင် လိင်တူနှစ်သက်ကြသူများ သွားလာကျက်စားလေ့ရှိသည့် အဆိုပါနေရာကို ရဲတပ်ဖွဲ့က စီးနင်းခဲ့သည့် ဖြစ်စဉ်တရပ် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် လိင်တူချစ်သူတို့၏ အခွင့်အရေး တောင်းဆိုသည့် ဆန္ဒပြပွဲများ၊ အဓိကရုဏ်းများ၊ ဆက်လက် ဖြစ်ပွားခဲ့သည်။ ယခုအခါ အမေရိကန် သမ္မတ အိုဘားမားသည် အဆိုပါ Stonewall အမည်ရှိ လိင်တူချစ်သူများ ဆုံစည်းရာ ရိပ်မြုံအား အမေရိကန်၏ လိင်တူတိမ်းညွတ်ကြသူများကို...

Read more »

လောကပါလ – ဒေါ်နယ့်စိတ်ဓာတ် [၆]

June 25, 2016
လောကပါလ –  ဒေါ်နယ့်စိတ်ဓာတ် [၆]

လောကပါလ –  ဒေါ်နယ့်စိတ်ဓာတ် (မိုးမခ) ဇွန် ၂၅၊ ၂၀၁၆ သူ့အတ္တနောမတိ အမေရိကန်ပြည်ထောင်စု၏သမ္မတဆိုသည်မှာ အမှုဆောင်ချုပ်ထက် ပို၍လေးနက်၏။ သူ သို့မဟုတ် သူမသည် နိုင်ငံအတွက် ကမ္ဘာအတွက် အမေရိကန်လူမျိုးတဦး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အထိမ်းအမှတ်သင်္ကေတ တခုဖြစ်လေသည်။ သမ္မတ၏ကိုယ်စားပြုခွင့်အာဏာ တွေးခေါ် မြော်မြင်ခွင့် အာဏာအများစုတို့မှာ ပြောစကား (Narrative) မှ လာသည်။ သူပြောသည့် သို့မဟုတ် ပုံဖော်သည့် အကြောင်းအရာများနှင့် အများပြောကြသည့် သူ့အကြောင်းများမှတဆင့် သမ္မတတဦးသည် နိုင်ငံ၏ သရုပ်ပေါ်စေမည့် အုပ်ချုပ်ရေးလမ်းစဉ်တရပ်ကို ဖန်တီးဖော်ဆောင်နိုင်ရန် စိတ်ဓာတ်အင်အားသုံးစွဲ ခန့်ခွဲလေသည်။ ကျွနုပ်တို့အားလုံးကဲ့သို့ပင် သမ္မတတို့သည် စိတ်ပညာရှင်များက ဇာတ်ကြောင်း (Narrative Identies) ဟုခေါ်ကြသော ကိုယ်ရေးထုပ္ပတ ဘဝဇာတ်လမ်းများကို စိတ်တွင်း၌ ဖန်တီး၏။...

Read more »

ဗြိတိန်က ဥရောပသမဂ္ဂထံမှ ခွဲထွက်ရန် ဆန္ဒပြုလိုက်ပြီ

June 24, 2016
ဗြိတိန်က ဥရောပသမဂ္ဂထံမှ ခွဲထွက်ရန် ဆန္ဒပြုလိုက်ပြီ

ဗြိတိန်က ဥရောပသမဂ္ဂထံမှ ခွဲထွက်ရန် ဆန္ဒပြုလိုက်ပြီ (မိုက်ခဲစိန်၊ မိုးမခ) ဇွန် ၂၄၊ ၂၀၁၆ ယနေ့သတင်းများအရ ဗြိတိန်လူထုဆန္ဒခံယူပွဲရလဒ်တွင် ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ဝင်အဖြစ်မှ ဗြိတိန်က နှုတ်ထွက်လိုသည့် ဆန္ဒမဲက ၅၁% အသာရသွားပြီ ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် ၁၉၇၃ တွင် ဥရောပကုန်သွယ်ဖက်နိုင်ငံများအဖြစ် အနောက်ဥရောပနိုင်ငံတို့နှင်အတူ စုစည်းခဲ့ကြပြီး ၁၉၉၃ တွင် ဥရောပသမဂ္ဂနိုင်ငံများ (EU) အဖြစ် ပူးပေါင်းရပ်တည်ခဲ့ကြသည်။ ၂၀၀၈ နှောင်းပိုင်းက စ၍ စီးပွားရေး နိုင်ငံရေး လူဝင်မှုကြည့်ကြပ်ရေး အကြပ်အတည်းများကြောင့် ဥရောပနိုင်ငံများအတွင်း သဘောမတူညီမှုများ ဖြစ်ပေါ်လာခဲ့ရာမှ ယူကေ (ဗြိတိန်) ၏ လက်ယာအစွန်းရောက်ပါတီများ နိုင်ငံရေးသမားများ၏ အီးယူမှ ခွဲထွက်ရန် တောင်းဆိုမှုများ ပြင်းထန်လာခဲ့သည်။ လက်ရှိအာဏာရပါတီ ကွန်ဆားဗေးတစ်ဝန်ကြီးချုပ်က ၎င်းရွေးကောက်ပွဲမတိုင်မီ ၂၀၁၃ က...

Read more »

ခေါင်းမာသည့် ရီပတ်ဘလစ်ကန်များကို အမေရိကန်လွှတ်တော်မှာ ဒီမိုကရက်အမတ်များ ထိုင်သပိတ် ဆင်နွဲခဲ့

June 24, 2016
ခေါင်းမာသည့် ရီပတ်ဘလစ်ကန်များကို အမေရိကန်လွှတ်တော်မှာ ဒီမိုကရက်အမတ်များ ထိုင်သပိတ် ဆင်နွဲခဲ့

  ခေါင်းမာသည့် ရီပတ်ဘလစ်ကန်များကို အမေရိကန်လွှတ်တော်မှာ ဒီမိုကရက်အမတ်များ ထိုင်သပိတ် ဆင်နွဲခဲ့ (နိုင်ငံတကာသာဂိ၊ မိုးမခ) ဇွန် ၂၄၊ ၂၀၁၆ ဇွန် ၁၃ ရက်နေ့က သေနတ်သမားတဦးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဖလော်ရီဒါ၊ သြလန်ဒို နိုက်ကလပ်မှာ လူ ၄၉ ဦး သေဆုံးပြီးနောက်မှာ အမေရိကန်လွှတ်တော် ၂ ရပ်ကနေ တင်းကြပ်တဲ့ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြဌာန်းကာကွယ်နိုင်ဖို့ ဒီမိုကရက်ပါတီအမတ်တွေက တောင်းဆိုခဲ့ကြပါတယ်။ သေနတ်ကိုင်ဆောင်ခွင့်ကို အထိခိုက်မခံလိုတဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ အားလုံးက အဆိုပါဥပဒေကြမ်းတွေကို ငြင်းဆန်နေကြတာကြောင့် ဒီမိုကရက်အမတ်တွေဟာ ဇွန် ၂၂ မှာ အောက်လွှတ်တော်ကြမ်းပြင်မှာ ထိုင်သပိတ်မှောက်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ရီပတ်ဘလစ်ကန်တွေဟာ လူများစုအမတ်တွေဖြစ်နေတာကြောင့် သူတို့ရဲ့ လွှတ်တော်ပြောရေးဆိုခွင့်ခေါင်းဆောင်အမတ်ဖြစ်တဲ့ ပေါလ်ရိုင်ရယ်က အောက်လွှတ်တော်ကို ဇူလိုင်...

Read more »

အတားအဆီးများစွာကြားထဲက ထိုင်းရောက် မြန်မာများ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ရ

June 24, 2016
အတားအဆီးများစွာကြားထဲက ထိုင်းရောက် မြန်မာများ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ရ

  အတားအဆီးများစွာကြားထဲက ထိုင်းရောက် မြန်မာများ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ရ (မိုးမခ) ဇွန် ၂၄၊ ၂၀၁၆ ဇွန် ၂၃ က ထိုင်းနိုင်ငံကို အလည်ရောက်လာတဲ့ မြန်မာပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများက ထိုင်းအစိုးရရဲ့ အတားအဆီး ကြပ်မတ်မှု ဟန့်တားမှု များစွာကြားထဲက ရုန်းကန်ပြီးတော့ ကြိုဆိုနှုတ်ဆက်ခဲ့ကြရတယ်လို့ သတင်းများမှာ တွေ့ရှိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရားဝင်ဖေ့စ်ဘွတ်ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံရောက် မြန်မာတို့ ဆုံတွေ့ခဲ့ပုံနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်တာကို အောက်ပါအတိုင်း တွေ့ရှိရပါတယ်။ ■ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရန် ကြိုးပမ်းနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား ■ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် တွေ့ဆုံရန်...

Read more »

လောကပါလ – ဒေါ်နယ့်စိတ်ဓါတ် (၃)

June 22, 2016
လောကပါလ  – ဒေါ်နယ့်စိတ်ဓါတ် (၃)

  လောကပါလ  – ဒေါ်နယ့်စိတ်ဓါတ် (၃) (မိုးမခ) ဇွန် ၂၂၊ ၂၀၁၆ ၁၈၂၉ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ဂျွန်ကွင်စီအဒမ် (John Qunicy Adams)၊ ဟင်နရီကလေး (Henry Clay) နှင့် ဝီလျံကရောဖို့ (William Crawford) တို့ကိုဖြတ်၍ အင်ဒရူးဂျက်ဆန် (Andrew Jackson) အနိုင်ရ ခဲ့၏။ သို့သော် ဂျက်ဆန်သည် အများစုမဲအရေအတွက်မရသဖြင့် အောက်လွှတ်တော်တွင် အနိုင်အရှုံးကို ဆုံးဖြတ်ရာ အဒမ် သမ္မတဖြစ်လာခဲ့လေသည်။ အဒမ်က ကလေးကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရာ သူတို့နှစ်ဦးအကြား အဂတိပြွမ်းသောအပေးအယူ ပြုလုပ်ခဲ့သည်ဟု ဂျက်ဆန်ကို လိုလားသူတွေက ဒေါသထွက် ခဲ့ကြသည်။ ဝါရှင်တန်မှအကြီးအကဲများ လူထုဆန္ဒကိုမျက်ကွယ်ပြုခဲ့ကြသည်ဟု ယုံကြည်ခဲ့ကြ၏။ လူထု မကျေနပ်မှုလှိုင်းလုံးကြီးက ဂျက်ဆန်ကိုနောက်လေးနှစ်အကြာ၌အောင်မြင်မှုဆီ...

Read more »

လောကပါလ – ဒေါ်နယ့်စိတ်ဓါတ် (၂)

June 21, 2016
လောကပါလ –  ဒေါ်နယ့်စိတ်ဓါတ် (၂)

လောကပါလ –  ဒေါ်နယ့်စိတ်ဓါတ် (၂) (မိုးမခ) ဇွန် ၂၁၊ ၂၀၁၆ အဆင့်မြင့် ပရဘာဝ၏ ပဓာနသရုပ်တစ်ခုမှာ မဆုတ်နစ်သော ဆုလဘ်မျှော်ကိုးခြင်းဖြစ်၏။ ဦးနှောက်တွင်းရှိ ဒိုပါမိုင်းလျှပ်စီး (dopamine circuits) များက အထက်တန်း ပရဘာဝသမားများကို ကြွယ်ဝခြင်း ကျော်ကြားခြင်း ထင်ရှားခြင်း စသည့် အပေါင်းလက္ခဏာဆောင်သော စိတ်လှုပ်ရှားမှုများနောက်သို့ လိုက်ပါအောင် လုပ်ဆောင် လေ့ရှိသည်။ စင်စစ် ထိုသူတို့အဖို့ ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ခြင်းထက် ရည်မှန်းချက်နောက် တစ်ကောက်ကောက် လိုက်နေရခြင်းကပင် ကျေနပ်စရာအတိဖြစ်လေသည်။ ၁၉၈၇ ခုနှစ်အတွင်း ဘာဘရာ ဝေါ်တာ (Barbabra Walters) ၏ သမ္မတရွေးပွဲဝင်ဘို့ထက် သမ္မတအဖြစ်အခန့်အပ်ခံချင်တာများလား ဆိုသော အမေးကို ထရန့်ကမဟုတ်ကြောင်းငြင်းဆိုပြီးနောက် “သမ္မတအလုပ်ကို အမဲလိုက်သလိုလိုက်ရတာဟာ ကျုပ် လုပ်ချင်တဲ့အလုပ်ပဲလို့ ယုံကြည်တယ်”...

Read more »

လောကပါလ – ဒေါ်နယ့် စိတ်ဓာတ် (၁)

June 19, 2016
လောကပါလ – ဒေါ်နယ့် စိတ်ဓာတ် (၁)

  လောကပါလ – ဒေါ်နယ့် စိတ်ဓာတ် (၁) (မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၆ ၂၀၀၆ ခုနှစ်ဆီက ဒေါ်နယ်ထရန့် (Donald Trump) တယောက် စကော့တလန်နိုင်ငံ အက်ဘာဒင်းမြို့အနီးရှိ မယ်နီးအိမ်ရာ (Menie Estate) ကိုဝယ်ယူရန် အစီအစဉ်တွေရေးဆွဲခဲ့ဖူး၏။ ထိုနေရာရှိ သဲသောင်ခုံများ မြက်ခင်းပြင်များအား ခမ်းနားသောဂေါက်ရိုက်အပန်းဖြေစခန်းတခုအဖြစ်သို့ ပြောင်းလဲရန်ရည်ရွယ်ချက်နှင့် ဖြစ် လေသည်။ ကော့အင်ဘူး(Cock & Bull) စားသောက်ဆိုင်မှာ သူနှင့်အိမ်ရာပိုင်ရှင် တွမ်ဂရစ်ဖင် (Tom Griffin) တို့ အရောင်းအဝယ်ကိစ္စဆွေးနွေးခဲ့ကြရာ၌ ထရန့်သည်အသေးအဖွဲကိစ္စကလေးများကိုပင် အလျှော့ပေးရန် ဝန်လေးသူတဦးဖြစ်ကြောင်း ဂရစ်ဖင်အမှတ်ရနေသည်။ ဂရစ်ဖင်အနေဖြင့် ထိုညနေအကြောင်း ပြက်ပြက် ထင် ထင်အရှိဆုံးမှာ ဇာတ်မူဇာတ်ဟန်တွေဖြစ်သည်ဟု မကြာသေးမီက “လုံလောက်သည်မရှိ (Never...

Read more »

လက်ဝှေ့ကျော် မိုဟမ္မဒ်အလီ ကွယ်လွန်

June 4, 2016
လက်ဝှေ့ကျော် မိုဟမ္မဒ်အလီ ကွယ်လွန်

လက်ဝှေ့ကျော် မိုဟမ္မဒ်အလီ ကွယ်လွန် (မိုးမခ) ဇွန် ၄၊ ၂၀၁၆ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ မိုဟမ္မဒ်အလီ (ငယ်အမည် ကာဆီးယပ်စ်ကလေး) သည် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ ဆေးရုံတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာအတွက် တက်ရောက်ကုသမှု ခံယူနေစဉ် ဒေသစံတော်ချိန် သောကြာနေ့ ၌ ကွယ်လွန်ခဲ့သည်ဟု မိသားစု ပြောရေးဆိုခွင့် ရှိသူက အတည်ပြုကြောင်း နိုင်ငံတကာသတင်းရင်းမြစ်များအရ သိရှိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ် ရှိပြီ ဖြစ်သည်။ ၁၉၄၂ ခုနှစ် ဖွား ကာဆီးယပ်စ်ကလေး (နောင် မိုဟမ္မဒ်အလီ) သည် ၁၉၆၄ ခုနှစ် အသက် ၂၂ အရွယ်တွင် ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ဘွဲ့ကို လက်ရှိချန်ပီယံ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်