နိုင်ငံတကာရေးရာ

ဇွန်လ၂ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်များကိုသွားတွေ့မည် (KIC News)

May 31, 2012
ဇွန်လ၂ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်များကိုသွားတွေ့မည် (KIC News)

မေလ ၃၀ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို လာမည့် ဇွန်လ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံမည်ဟု သူမ၏ ထိုင်းခရီးစဉ်၌ ကူညီဆောင်ရွက်ပေးနေသူ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာတီမသီက ယနေ့ အတည်ပြု ပြောကြားလိုက်သည်။ “(မယ်လ)ဒုက္ခသည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ အရင်သွားတွေ့မယ်။ ဒုက္ခသည်တွေရဲ့ ပြဿနာတွေကို သူ(ဒေါ်စု) သိအောင်လုပ် မယ်။ အဓိကတော့ လူထုတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံနေရတာကို သူ့အနေနဲ့ လက်တွေ့ကျကျသိဖို့ သူသွားမှာပေါ့။”ဟု သူက ပြောသည်။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်နေရာများနှင့် တွေ့ဆုံလို သည့်အဖွဲ့အစည်းများကို လိုက်လံဆက်သွယ်ကာ...

Read more »

KIC News – အမေရိကန်ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာတော်သင်ဆုရရှိ

May 30, 2012
KIC News – အမေရိကန်ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာတော်သင်ဆုရရှိ

from Karen Newsletter (KIC News) မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ) အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ် ဘတ်ဖလိုမြို့တွင် နေထိုင်သည့် ကရင်လူငယ် ၃ဦး အမေရိကန်\ အစိုးရမှ  ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ခုနှစ်အတွက် ပညာတော်သင်ဆု(Scholastic Achievement Recognition)ကို လက်ခံရရှိခဲ့သည်။ ယခုနှစ်အတွက် ပညာတော်သင်ဆု(စကောလားရှစ်ပ်)ကို ဘတ်ဖလိုမြို့ရှိ ကျောင်းသူကျောင်းသား ၂၄၆ဦးအား ရွေးချယ်ပေးအပ်ခဲ့သည့် အထဲတွင် အထက်တန်းကျောင်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် နော်အယ်စေးထူး ၂၀နှစ်၊ စောဝင်းကိုဟန် ၁၈နှစ်နှင့် နော်မိုရင်းဒါသွယ် ၂၁နှစ်တို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ Lafayette High School အထက်တန်းကျောင်းတွင် ဘာသာစုံ၌ အမှတ်အများဆုံး ရရှိခဲ့သူ နော်မိုရင်းဒါသွယ်က “မျှော်လင့်မထားဘဲ အခုလို ပညာသင်ဆုရတော့ ၀မ်းသာတယ်။ သူများနိုင်ငံသားတွေကြားမှာမို့ ဂုဏ်လည်းယူတယ်။ တချိန်မှာ...

Read more »

LA – ၂၀၁၂ နှစ်အတွင်း နေကြပ်ခြင်း အယ်လ်အေ (LA) မှာ ထင်ရှားစွာ ကြည့်နိုင်

May 21, 2012
LA – ၂၀၁၂ နှစ်အတွင်း နေကြပ်ခြင်း အယ်လ်အေ (LA) မှာ ထင်ရှားစွာ ကြည့်နိုင်

မိုးမခအထောက်တော် ၀၀၆၊ မေ ၂၁၊ ၂၀၁၂ ယမန်နေ့ ကယ်လီဖိုးနီးယား စံတော်ချိန်၊ ညနေ ၆း၃၀ က ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်အေမြို့တော်က ပရိသတ်တို့အတွက် အထင်ရှားဆုံး နေကြပ်မှုကို ရှုစားနိုင်ခဲ့ကြပါတယ်။ အမေရိကန်ပြည် ကယ်လီဖိုးနီးယားနဲ့ ဂျပန်ပြည်တို့မှာ ဒီနှစ်အတွက် ထင်ရှားနီးကပ်တဲ့ နေကြပ်မှုကို တွေ့ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားသူ အများအပြားက ပြင်ပနဲ့ တောင်ကုန်း မြေမြင့်တို့ထံ ခရီးထွက် စုဝေးပြီး နေကြပ်တာကို ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။  Griffith Observatory ဆိုတဲ့ တောင်ပေါ်အာကာသကြည့်စခန်းမှာ လူ ၃ ထောင်စုဝေးပြီး နေကြပ်ခြင်းကို စောင့်ကြည့်ခဲ့ကြတယ် လို့သိရပါတယ်။  နေကြပ်တာ ထင်ထင်ရှားရှား အားဖြင့် နာရီဝက်ခန့် ကြာမြင့်အောင် စောင့်ကြည့်နိုင်ပြီး လော့စ်အိန်ဂျလိစ်အတွက်တော့ နောင် ၅၉  နှစ်မှာ...

Read more »

Kyaw Thu & Shwe Zi Kwet – ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ

May 2, 2012
Kyaw Thu & Shwe Zi Kwet – ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့  အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ

ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့  အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ  ပြည်သူ့ဂုဏ်ရည်သတင်းထုတ်ပြန်ချက်၊ မေ ၂၊ ၂၀၁၂ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖိတ်ကြားချက်ဖြင့် ပြည်ပသို့ထွက်ခွာခဲ့သည့် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ မေလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီဖြစ်သည်။ ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ လိုက်ပါလာသည့်လေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၁ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ ဓာတ်ပုံပါ အမှတ်တရ တီရှပ်များ ၀တ်ဆင်ကာ သွားရောက်ကြိုဆိုခဲ့ကြသည်။ ညနေ ၅ နာရီခန့်တွင် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့အား အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက...

Read more »

စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – ဧပြီ ၂၁ – News

April 21, 2012
စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – ဧပြီ  ၂၁ – News

နိုင်ငံတကာသာဂိ၊ ဧပြီ ၂၁၊ ၂၀၁၂ နိဒါန်း – နိုင်ငံတကာသတင်းခေါင်းစဉ်တွေ ကောက်နုတ်ချက်ကို မရေးတာကြပြီ။ အခုတော့ ဧပြီ ၁ မြန်မာပြည်ရွေးကောက်ပွဲအပြီး၊ ဧပြီ လလယ် သင်္ကြန်နှစ်သစ်ကူးပွဲတော်အပြီးမှာ  မှတ်ထင်ထင်ဖြစ်မိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များကို ချရေးလိုက်ပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် မစ်ရော်နီ သေချာ           ၂၀၁၂ နှစ်ဆန်းကတည်းက အမေရိကန်ပြည်မှာ အတိုက်အခံပါတီကြီး (ရစ်ပတ်ဘလစ်ကန်ပါတီ)ရဲ့ သမ္မတလောင်းရွေးပွဲ ချိမ့်ချိမ့်သဲ စည်ကားခဲ့တယ်။ ရှေးရိုးစွဲတဲ့သဘောထားရှိသူ နိုင်ငံရေးခေါင်းဆောင်တွေ အပြိုင်အဆိုင် ပါတီဝင်တွေ၊ မဲဆန္ဒရှင်တွေကို အပြိုင်အဆိုင်မဲဆွယ်လိုက်ကြတာမှာ လက်ယာစွဲ အရင်းရှင် မစ်ရော်နီက ခရစ်ယာန်အစွဲသန် ဆန်တိုရမ်နဲ့ သူတင် ကိုယ်တင်ဖြစ်နေရာက  ဆန်တိုရမ်က သူ့မိသားစုကိစ္စကြောင့် သမ္မတလောင်း မဲဆွယ်ပွဲကနေ နောက်ဆုတ်လိုက်ပါပြီ။ သည်တော့ လက်ယာအစွန်းရောက် ရစ်ပတ်ဘလစ်ကန်ပါတီကြီးအတွက် အရင်းရှင်စီးပွားရေးလုပ်ငန်းရှင်တို့ စိတ်ကြိုက်...

Read more »

Mingalar Doe – မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့်ချိ

April 4, 2012
Mingalar Doe – မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့်ချိ

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့်ချိ ထွန်းဝေ၊ မိုးမခ၊ ဧပြီ ၄၊ ၂၀၁၂ အကြိမ် ၂၀ မြောက် အစဉ်လာမပျက်  ဂျပန်မှ မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့်ချိ….             ၂၀၁၂ ခုရဲ့ မြန်မာပြည် သင်္ကြန် အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင် ရန် အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစု မှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုထောက်ခံအားပေးနေသေ မိဘပြည်သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန်...

Read more »

Lwant Seint – ဒါရိုက်တာချိုတူးဇော်က အပိတ်ခံ “လွမ်းစိမ့်”ဇာတ်ကား အယ်လ်အေတွင် အခမဲ့ပြတော့မည်

March 31, 2012
Lwant Seint – ဒါရိုက်တာချိုတူးဇော်က အပိတ်ခံ “လွမ်းစိမ့်”ဇာတ်ကား အယ်လ်အေတွင် အခမဲ့ပြတော့မည်

ဒါရိုက်တာချိုတူးဇော်က အပိတ်ခံ “လွမ်းစိမ့်”ဇာတ်ကား အယ်လ်အေတွင် အခမဲ့ပြတော့မည် မိုးမခရွာဆော်ကြီး၊ မတ် ၃၁၊ ၂၀၁၂ ကချင်ပြည်တွင်စစ်ဘေး ဒုက္ခသည်များကူညီရေး နှိုးကြားမှုနှင့် အလှူဒါနပြုနိုင်ရေး ရည်ရွယ်ြ့ပီး ဧပြီ ၂၈၊ အယ်လ်အေရှိ အောင်ဇေခန်းမတွင် အယ်လ်အေသြဂနိုင်ဇာဖော်ဘားမားနှင့် မန္တလေးဂေဇက်အဖွဲ့တို့၏ ၀ို်င်းဝန်းကမကထပြုမှုဖြင့် ၀င်ကြေးအခမဲ့ ပြသမည်ဟု ကြော်ငြာလိုက်သည်ကို တွေ့ရသည်။ မိတ်ဆွေများ… အဆင်ပြေရင် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ တကယ်တော့ လွမ်းစိမ့်ဟာ… လွမ်းစိမ့်. . . ဆိုတာ. နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ဝပ် ဖိနှိပ်ခံထားရတဲ့ မြန်မာပြည်ရဲ့ စာပေ ဂီတ ရုပ်ရှင်တွေထဲကနေ .. ရုန်းကြွတော်လှန်လာတဲ့ အနုပညာ ပစ္စည်းတခုပဲဗျ။ ဒါ ဗီဒီယို ကား သက်သက် မဟုတ်ဘူး။...

Read more »

Int’l TheGeek – စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – မတ် ၂၀

March 20, 2012
Int’l TheGeek – စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – မတ် ၂၀

စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – မတ် ၂၀ နိုင်ငံတကာသာဂိ၊ မတ် ၂၀၊ ၂၀၁၂  ရစ်ပတ်ဘလစ်ကန်ပါတီအတွက် အမေရိကန်သမ္မတလောင်း ပြိုင်ပွဲ             ၂၀၁၂ နိုဝင်ဘာမှာ အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပမယ်။ ၂၀၁၂ နှစ်မဆန်းခင်ကတည်းက အတိုက်အခံပါတီ ရစ်ပတ်ဘလစ်ကန်က သူတို့ပါတီကိုယ်စားပြုမယ့် သမ္မတလောင်း ရွေးပွဲကို ပြည်နယ်အနှံ့မှာ ကျင်းပနေတယ်။ အာဏာရဒီမိုကရက်ပါတီရဲ့ လက်ရှိသမ္မတ အိုဘားမားကို ယှဉ်ဖို့ အတိုက်အခံရစ်ပတ်ဘလစ်ကန်တွေ အကြိတ်အနယ်ကို မင်းလောင်းရှာနေကြလေရဲ့။ လက်ရှိ မင်းလောင်းရွေးပွဲမှာ ပြိုင်ဖက် ၃ ဦးက မစ်တ်ရော်နီ၊ ဆန်တိုရမ်နဲ့ နယုဂင်းဂရစ် ဖြစ်တယ်။ အကြမ်းအားဖြင့် သူတို့အားသာချက်တွေကို ပြောရရင် မစ်တ်ရော်နီက လုပ်ငန်းရှင်များအကြိုက် အရင်းရှင်မင်းလောင်း၊ ဆန်တိုရမ်က ဘာသာရေးသမားတွေအကြိုက် ရှေးရိုးစွဲမင်းလောင်း၊ နယုဂင်းဂရစ်ကတော့ ခေတ်ပေါ်နိုင်ငံရေးသမားတွေအကြိုက် အပြောကတော့...

Read more »

Burmese Embassy General – စစ်တပ်က ဗိုလ်မှူးချုပ်တဦးကို နိုင်ငံခြားရေးဌာနပို့ပြီး သံအမတ်ကြီးတာဝန်ယူခိုင်း

March 10, 2012
Burmese Embassy General – စစ်တပ်က ဗိုလ်မှူးချုပ်တဦးကို နိုင်ငံခြားရေးဌာနပို့ပြီး သံအမတ်ကြီးတာဝန်ယူခိုင်း

စစ်တပ်က ဗိုလ်မှူးချုပ်တဦးကို နိုင်ငံခြားရေးဌာနပို့ပြီး သံအမတ်ကြီးတာဝန်ယူခိုင်း ဓာတ်ပုံသတင်း မတ် ၉၊ ၂၀၁၂ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးချုပ်မျိုးမြင့်သန်းအား နိုင်ငံခြားရေးဌာနသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် ထိုအရာရှိ သံအမတ်ကြီးရာထူး ရသွားကြောင်း နိုင်ငံခြားရေး ဌာန ရုံးတွင်းပေးစာတစောင်အရ သိရသည်။ No tags for this post. Related posts No related posts.

Read more »

Overseas Burmese – အလွန်အကျွံ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း မပြုကြဘဲ ဒီမိုကရေစီရေး မလျော့တမ်းဆက်လှုပ်ရှားကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

March 8, 2012
Overseas Burmese – အလွန်အကျွံ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း မပြုကြဘဲ ဒီမိုကရေစီရေး မလျော့တမ်းဆက်လှုပ်ရှားကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်ပရောက်မြန်မာများ အလွန်အကျွံ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း မပြုကြဘဲ ဒီမိုကရေစီရေး မလျော့တမ်းဆက်လှုပ်ရှားကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား မိုးမခအထောက်တော် ၀၀၂၊  မတ် ၈၊ ၂၀၁၂ အမေရိကန်ပြည်နှင့် ပြည်ပရောက် မြန်မာများအနေနှင့် လက်ရှိမြန်မာပြည်အရေးကို အကောင်းမြင်လွန်းခြင်းနှင့် အဆိုးမြင်လွန်းခြင်း အစွန်း၂ဖက်မှ လွတ်ကင်းစွာ ရှုမြင်စေလိုကြောင်း၊ ပြည်တွင်းတွင် ပြည်သူတို့က ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အကောင်းဆုံး အစွမ်းကုန် ကြိုးပမ်းနေသည့်နည်းတူ ပြည်ပရောက် မြန်မာများကလည်း ဆက်လက်ပြီး နိုးကြားတက်ကြွစွာ လှုပ်ရှားကြဖို့ လိုအပ်ကြောင်း၊ ပြည်ပရောက် မြန်မာပြည်သူတို့၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားလိုက်သည်ဟု သိရသည်။ ဆန်ဖရန်ဘေးဧရိယာအခြေစိုက် BADA နှင့် BAWA ဟု အမည်တွင်သည့် မြန်မာ့အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများတွင် ပါဝင်ပြီး တက်ကြွနိုးကြားလှုပ်ရှားသူ မြန်မာဇနီးမောင်နှံတစုံတို့က...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်