နိုင်ငံတကာရေးရာ

မောင်သာမည- လူရှောင်ဘို ( သို့မဟုတ်) ရန်သူမရှိ – အမုန်းတရားမရှိ

August 1, 2017
မောင်သာမည-  လူရှောင်ဘို ( သို့မဟုတ်) ရန်သူမရှိ – အမုန်းတရားမရှိ

TripAdvisor  လူရှောင်ဘို ( သို့မဟုတ်) ရန်သူမရှိ – အမုန်းတရားမရှိ မောင်သာမည (မိုးမခ)၊ သြဂုတ် ၁၊ ၂၀၁၇ “ ၂၀၁၀ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တရုတ်နိုင်ငံသား စာရေးဆရာလူရှောင်ဘိုအား ပေးအပ်လိုက် သည်” ဆိုတဲ့သတင်းထွက်ပေါ်လာတဲ့အခါတရုတ်အစိုးရဟာ ဒီသတင်းကို အစွမ်းကုန်ပိတ်ပင်တားဆီးခဲ့ပါတယ်။ CNN နဲ့ BBC ရုပ်မြင်သံကြားလိုင်းတွေကိုကြည့်မရအောင်ပိတ်ပစ်လိုက်သလို အစိုးရပိုင် CCTV ရုပ်မြင်သံကြားရဲ့  သတင်းအစီအစဉ်မှာလည်း ငြိမ်းချမ်းရေးနိုဘယ်ဆုသတင်းကို ချန်ထားခဲ့ပါတယ်။ ၀န်ကြီးချုပ်ဝမ်ကြားပေါင်ရဲ့ ဥရောပ ခရီးစဉ်သတင်း၊ တရုတ်အစိုးရရဲ့ဆယ့်တစ်ကြိမ်မြောက်ငါးနှစ်စီမံကိန်းသတင်းနဲ့ စပိန်နိုင်ငံက ဖန်ပြွန်သန္ဓေ နည်း ပညာကိုသုံးပြီး ပန်ဒါဝက်ဝံလေးနှစ်ကောင်ကို မွေးတဲ့သတင်းတွေကိုပဲ ဖော်ပြခဲ့ပါတယ်။ လူရှောင်ဘို နိုဘယ်ဆုရတဲ့သတင်းကို မိုဘိုင်းဖုန်းများကနေ စာသား (SMS) ပို့လို့တောင်မရအောင် ပိတ်ဆို့ ခဲ့ပါ တယ်။...

Read more »

မေနှင်းလဲ့မွန် – နိုဗာဟိုးက ရပ်ဆိုင်းတော့မယ့် ကျောက်မီးသွေးစွမ်းအင်သုံး မီးအားပေးစက်

July 23, 2017
မေနှင်းလဲ့မွန် – နိုဗာဟိုးက ရပ်ဆိုင်းတော့မယ့် ကျောက်မီးသွေးစွမ်းအင်သုံး မီးအားပေးစက်

မေနှင်းလဲ့မွန် – နိုဗာဟိုးက ရပ်ဆိုင်းတော့မယ့် ကျောက်မီးသွေးစွမ်းအင်သုံး မီးအားပေးစက် (စာရေးသူဖေ့စ်ဘွတ်) မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၇ Navajo Generation Station Navajo Nation မှာ ဆောက်ထားတဲ့ 2500 Mega Watt ထုတ်လုပ်နိုင်တဲ့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံ Navajo Generation Station (NGS) ဟာ public, private partnership ပြည်ထောင်စုအစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ပူးတွဲပိုင်တဲ့ စက်ရုံဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်ပြီး ၁၇၈၆ဧက မြေအကျယ်အဝန်းရှိပါတယ်။ AZ, NV, CA ပြည်နယ်က လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်တွေကို ဒီစက်ရုံကနေ ဖြည့်ရောင်းပေးနေရတာပါ။ ဒီစက်ရုံကို ၂၀၁၉ခုနှစ်ကုန်မှာ ပိတ်ပါတော့မယ်။ ဒီစက်ရုံကနေ Navajo...

Read more »

လူမျိုးတုန်းဘေးသင့်သူများ ပြတိုက်မှာ ရေးခဲ့တဲ့ အမေရိကန်သမ္မတ ၂ဦး၏ စာ နှိုင်းယှဉ်စရာ

May 25, 2017
လူမျိုးတုန်းဘေးသင့်သူများ ပြတိုက်မှာ ရေးခဲ့တဲ့ အမေရိကန်သမ္မတ ၂ဦး၏ စာ နှိုင်းယှဉ်စရာ

  လူမျိုးတုန်းဘေးသင့်သူများ ပြတိုက်မှာ ရေးခဲ့တဲ့ အမေရိကန်သမ္မတ ၂ဦး၏ စာ နှိုင်းယှဉ်စရာ (မိုက်ခဲစိန်) မေ ၂၅၊ ၂၀၁၇ အစ္စရေးနိုင်ငံမှာ ရှိတဲ့ လူမျိုးတုံးဘေးသင့်သူများပြတိုက် Holocaust Museum မှာ ကမ္ဘာစစ်အတွင်း အာဏာရှင်လက်ချက်နဲ့ ဂျုးလူမျိုးတွေ အစုလိုက် လူမျိုးတုန်းသတ်ဖြတ်ခံရခြင်း မှတ်တမ်းတွေကို ယမန်နေ့က အမေရိကန်သမ္မတကြီး ထရန့် သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ထုံးစံအတိုင်း ဧည့်မှတ်တမ်းမှာ သမ္မတကြီး ထရန့်က အမှတ်တရစာရေးသားခဲ့ပါတယ်။ သူရေးတဲ့စာဟာ သူငယ်တန်းကလေး အော်တိုစာအုပ်မှာ ရေးထားသလို ပြီးစလွယ် အလေးအနက် မထားတာကြောင့် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ ကေကာင်းပါပြီ၊ အမရိကန် သမ္မတဖြစ်ခဲ့တဲ့ အိုဘားမားရေးခဲ့တဲ့ ဧည့်မှတ်တမ်းစာနဲ့ နှိုင်းယှဉ်လိုက်ရင် သဘောပေါက်သွားကြပါလိမ့်မယ် ခင်ဗျား။ Donald Trump’s letter:...

Read more »

ကိုသန်းလွင် – ကွန်မြူနစ်စနစ်၏အကြွင်းအကျန်

May 9, 2017
ကိုသန်းလွင် – ကွန်မြူနစ်စနစ်၏အကြွင်းအကျန်

ကိုသန်းလွင် – ကွန်မြူနစ်စနစ်၏အကြွင်းအကျန် (မိုးမခ) မေ ၉၊ ၂၀၁၇ (၁) ရုရှားပြည်တွင် ၁၉၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့သော ဗော်ရှီဗစ်တော်လှန်ရေးနှင့် ပါတ်သက်၍ အထိမ်းအမှတ်ပွဲများကို ခမ်းခမ်းနားနားကျင်းပခဲ့ကြသည်မှာ ၁၉၈၇ခုနှစ် မစ္စတာဂိုဗာချော့ ( Mikhail Gorbachev) သမ္မတရာထူးတွင်ရှိ နေစဉ်က နောက်ဆုံးဖြစ်ပါသည်၊ ရင်ပြင်နီတွင် ရုရှားတပ်တော်က နောက်ဆုံးပေါ် တိုက်ချင်းပြစ်ဒုံးပျံကြီးများ အပါအ၀င် စစ်လက်နက်ပစ္စည်းများကို ရရှားတပ်မတော်၏အင်အားအဖြစ် ပြသခဲ့ကြပါသည်၊ တော်လှန်ရေးကြီး က မွေးဖွားပေးလိုက်သော လူထု၏စွမ်းအင်နှင့် ကမ္ဘာကြီးတွင် ကွန်မြူနစ်ဝါဒ၏ အရေးပါပုံအခမ်းကဏ္ဍကို ဖွင့်လှစ်ပြသသည်ဟုလည်း ယူဆနိုင်ပါသည်။ နိုင်ငံခြားဧည့်သည်များအကြားတွင် တောင်အာဖရိကနိုင်ငံ လက်ဝဲယိမ်းပါတီခေါင်းဆောင် အိုလီဗာတမ်ဗို (Oliver Tambo) နှင့် ပါလက်စတိုင်းခေါင်းဆောင် ရာဆာအာရာဖက်တို့ ပါဝင်ပါသည်၊ “လီနင်သည် ထာဝရ အသက်ရှင်...

Read more »

ကိုသန်းလွင် – စင်ကာပူနိုင်ငံ အကောက်ခွန်

May 3, 2017
ကိုသန်းလွင် – စင်ကာပူနိုင်ငံ အကောက်ခွန်

ကိုသန်းလွင် – စင်ကာပူနိုင်ငံ အကောက်ခွန် (မိုးမခ) မေ ၃၊ ၂၀၁၇ (၁)နှစ်စဉ်ဧပြီလရောက်ပြီဆိုလျင် စင်ကာပူနိုင်ငံတွင် ၀င်ငွေခွန်ကျေငြာလွှာတင်သွင်းရသည့်ကာလများဖြစ်ပါသည်၊ ပြည်သူတို့က တစ်နှစ်အတွင်း မိမိ၏၀င်ငွေ မည်မျှရရှိကြောင်း အစိုးရသို့အသိပေးတင်ပြကြရပါသည်၊ ယခင်က အစိုးရရုံးသို့ အရောက်သွား၍ တင်ကြရသော်လည်း ယခုအခါဘယ်ကိုမှသွားစရာမလိုတော့ပါ၊ အင်တာနက်မှ တဆင့် မိမိ၏ဖါသာ စာကြောင်း ၄ကြောင်းပါ ကျေငြာလွှာတင်သွင်းခြင်းစနစ်ကို အသုံးပြုနေသည်မှာ ၁၉၉၈ ခု နှစ်မှ စတင်ခဲ့ပါသည်၊ ယခုနှစ်တွင်မူ မိမိ မိုဘိုင်းဖုန်းမှပင်တင်သွင်း၍ရနေပါပြီ။ ပြည်သူတို့ထံမှ ၀င်ငွေခွန်ကောက်ရာ၌ နှုန်းထားအနည်းဆုံးနိုင်ငံများတွင် စင်ကာပူပါဝင်ပါသည်၊ ထို့အပြင် ရုံး လုပ်ထုံးလုပ်နည်း အုပ်ချုပ်ရေးဆိုင်ရာ စာရွက် စာတမ်းကိစ္စများတွင်လည်းရိုးရှင်းလွယ်ကူလှပါသည်၊ စင်ကာပူ နိုင်ငံ၏ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတွင် သက်တမ်းငါးနှစ်ရှိသော အစိုးရအဖွဲ့တစ်ဖွဲ့သည် နိုင်ငံတော်၏ ၀င်ငွေနှင့်သုံးငွေကိုညီမျှစေရမည်၊ သို့မဟုတ် ညီမျှသောဘတ်ဂျက် (Balanced...

Read more »

မောင်ရင်ငတေ ● မာခွန်ရဲ့ ဖန်တီးရှင် (သို့မဟုတ်) အာဝါ နယူး ဖတ်စ်လေဒီ စတိုရီ

May 2, 2017
မောင်ရင်ငတေ ● မာခွန်ရဲ့ ဖန်တီးရှင် (သို့မဟုတ်) အာဝါ နယူး ဖတ်စ်လေဒီ စတိုရီ

မောင်ရင်ငတေ ● မာခွန်ရဲ့ ဖန်တီးရှင် (သို့မဟုတ်) အာဝါ နယူး ဖတ်စ်လေဒီ စတိုရီ ET BRIGITTE CRÉA MACRON (LA VRAIE HISTOIRE) (မိုးမခ) မေ ၂၊ ၂၀၁၇ ● သူမ နာမည်က ဘရစ်ဂျစ် ၁၉၅၃ ခုနှစ် ပြင်သစ်ပြည် အရှေ့မြောက်ပိုင်း Amiens မြို့မှာ မွေးဖွားခဲ့၊ အဖေဖြစ်သူက Fondateur de la Chocolaterie Trogneux à Amiens. ချောကလက်နဲ့ မုန့်အချို လုပ်ငန်းများပိုင်ရှင် Jean Georges TROGNEUX. သူမ နာမည်က Brigitte, Jeune Fille ငယ်ငယ်ကတော့ နာမည်တူ မင်းသမီး Brigitte...

Read more »

လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး

April 15, 2017
လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး

လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇ ၂၀၁၆-ခုနှစ်-ဟာ ဂလိုဘယ်လာဇေးရှင်းအတွက်ကြမ္မာငင်တဲ့နှစ်လို့ပြောရမလားပဲ။ ဇွန်လ(၂၃) ရက်နေ့က အင်္ဂလန်မှာပြုလုပ်ခဲ့တဲ့-လူထုဆန္ဒခံယူပွဲမှာ ဥရောပသမဂွက ထွက်ဖို့ဘက် က အနိုင်ရလိုက်ပါတယ်။ ၀င်ဘာမှာ ကျင်းပတဲ့ အမေရိကန်သမတရွေးကောက်ပွဲမှာတော့ မမျှော်လင့်ပဲ ဒေါ်နယ်ထရန့် အနိုင်ရလိုက်ပါတယ်။ ဂလိုဘယ်လာဇေးရှင်းရဲ့အားနည်းချက်များရဲ့ ဂယက်ရိုက်ခတ်မှုကိုခံရတဲ့ပြည်သူ လူထုရဲ့ဒေါသကိုဖေါ်ပြလိုက်တာလို့လည်း ပြောနိုင်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်အတွင်းကျင်းပမှာဖြစ်တဲ့ ဥရောပနိုင်ငံကြီးတချို့ (ပြင်သစ်၊ဂျာမဏီ) ရဲ့ရွေးကောက်ပွဲများမှာလည်း – လက်ယာအစွန်းရောက် အင်အားစုများက မကြုံစဖူး အလားအလာကောင်းနေတာ မြင်တွေ့နေရပါတယ်။ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးရဲ့တညီတညွတ်တည်းရှိတဲ့ အိမ်မက်(၀ါ)လိုအင်ဆန္ဒကတော့ – – လူနေမှု ဘ၀မြင့်တက်ရေး – – လူချင်းတူတူ – သူချင်းမျှမျှနေထိုင်ရေး – – တနည်းပြောရရင်-တရားမျှတတဲ့ လူမှုဘ၀...

Read more »

မိုက်ခဲစိန် – သုံးယောက်ပေါင်းလောင်းကျော်၊ အမေရိကန်ပြည်ကြီးကို ခါးစောင်းတင်မယ်

March 14, 2017
မိုက်ခဲစိန် – သုံးယောက်ပေါင်းလောင်းကျော်၊ အမေရိကန်ပြည်ကြီးကို ခါးစောင်းတင်မယ်

မိုက်ခဲစိန် – သုံးယောက်ပေါင်းလောင်းကျော်၊ အမေရိကန်ပြည်ကြီးကို ခါးစောင်းတင်မယ် (မိုးမခ) မတ် ၁၄၊ ၂၀၁၇ ဒီနှစ်ကတော့ အမေရိကန်ပြည်မှာကော မြန်မာပြည်အတွက်ပါ ဂြိုဟ်ဝင်တယ် ပြောရမလား။ စိတ်ချမ်းသာစရာ သတင်းတွေ အဖြစ်အပျက်တွေ ကြားရတယ် မရှိဘူး။ အမေရိကန်ပြည်မှာ ဒေါ်နယ်ထရန့် သမတဖြစ်လာပြီ ဆိုကတည်းက လူတွေအားလုံး စိတ်မသက်သာစရာတွေချည်း ဖြစ်နေရတယ်ဆို လက်ခံမလား။ anxiety လို့ ပြောရမယ်။ restful feeling မရကြရှာဘူး။ နိုင်ငံခြားသားတွေထဲ မူဆလင်တွေ မ၀င်ရလို့ ဆိုတယ်၊ မက္ကဆီပြည်ကို တံတိုင်းနဲ့ ကာမယ်၊ တရားမ၀င်တွေကို တိုးပြီး နှိမ်နင်းမယ်၊ အိုဘားမားကျန်းမာရေးဥပဒေကို ပယ်ဖျက်ဖို့ ခြေလှမ်းတွေ စတင်ပြီ … – စတဲ့ အပြုတွေမကြားရဘဲ အပျက်တွေချည်း ဟိန်းဟောက် ခြိမ်းခြောက်တာတွေ...

Read more »

ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့်

March 8, 2017
ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့်

ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့် (မိုးမခ) မတ် ၈၊ ၂၀၁၇ (၁) အမေရိကန်လူမျိုးတို့သည် မိမိတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို များစွာတန်ဖိုးထားကြသူများဖြစ်ပါသည်၊ ၁ရ၈ရ ခုနှစ်စက်တင်ဘာလက အတည်ပြုခဲ့သော ထိုဥပဒေမှာနှစ်ပေါင်း ၂၃၀ သက်တမ်းရှိခဲ့ပြီး အမေရိကန် တို့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ ဖြစ်ခဲ့ရသည်မှာ ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်သော စနစ်ကြောင့် ဖြစ်သည်ဟုဆိုနိုင်ပါသည်၊ သမ္မတ ဂျော့ဝါရှင်တန်လက်ထက်က အတည်ပြုခဲ့သော ထိုဥပဒေ မှာ လူတို့၏ ဒီမိုကရေစီ အခြေခံလွတ်လပ်ခွင့်များဖြစ်သော လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ မိမိဆန္ဒကို ထုတ်ဖေါ် ပြောဆိုပိုင်ခွင့် အပြည့်အ၀ပေးထားသော ဥပဒေလည်းဖြစ်ပါသည်၊ နိုင်ငံတွင် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာတို့ ကို သုံးပိုင်းခွဲထားပြီး ကဏ္ဍ တခုစီသည် လွတ်လပ်စွာလုပ်ပိုင်ခွင့်များရှိသည်၊ အစိုးရ အဖွဲ့၏ လုပ်ပိုင်ခွင့်များကိုလည်း...

Read more »

မိုက်ခဲစိန် – ဒေါ်နယ်ထရန့် ရဲ့ တောပြော တောင်ပြော

March 5, 2017
မိုက်ခဲစိန် – ဒေါ်နယ်ထရန့် ရဲ့ တောပြော တောင်ပြော

မိုက်ခဲစိန် – ဒေါ်နယ်ထရန့် ရဲ့ တောပြော တောင်ပြော (မိုးမခ) မတ် ၅၊ ၂၀၁၇ ဖေဖော်ဝါရီ ၂၅ မှာ မြန်မာပြည်က ပြည်ထဲရေးဝန်ကြီးဌာန ဦးကိုနီလုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး တရားဝင်သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အဲသည်မှာ ၀န်ကြီး ဗိုလ်ကျော်ဆွေ ပြောသွားတာက လုပ်ကြံသူတွေဟာ လူငယ်တို့ သဘာဝနဲ့ အစွန်းရောက်မျိုးချစ်စိတ်တွေ ထက်သန်ပြီး လူသတ်ကြတာလို့ ဆိုပါတယ်။ လုပ်ကြံဖို့ ကြံစည်သူတွေက ၄၀ကျော် ၅၀တွေချည်းပဲ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေမျက်စိထဲမှာ လုပ်ကြံလူသတ်သမားတွေဟာ လူငယ်လေးတွေ စိတ်လိုက်မာန်ပါ လုပ်ကြတာဆိုပြီး ပြောလိုက်တော့ အသက်ဘယ်လောက်ကြီးကြီး နိုင်ငံတော်နဲ့ ချီပြီး မိုက်ရင်တောင်မှ တချို့လူတွေအတွက်က ရေးကြီးခွင်ကျယ်မဟုတ်သလိုပါပဲလား။ သည်လိုနဲ့ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၈ မှာ လွှတ်တော်မှာ...

Read more »

မိုက်ခဲစိန် – လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့်

February 18, 2017
မိုက်ခဲစိန် – လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့်

မိုက်ခဲစိန် – လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့် (မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇ ဒီတခါလည်း သမ္မတကြီး ထရန့်ကတော့ ပြောလို့မကုန် မိုးမြေ မဆုံးနိုင်အောင်ပါပဲ။ ဖေဖော်ဝါရီ ပထမပတ်မှာ ပြည်ထောင်စု တရားရုံးက ထရန့်တချက်လွှတ်အမိန့်နဲ့ မူဆလင်နိုင်ငံ ၇ နိုင်ငံက လူတွေကို ပိတ်ပင်တာဟာ အခြေခံဥပဒေနဲ့ မညီဘူး ဆိုပြီး ပယ်ချလိုက်ပါတယ်။ ဒါကို ထရန့်က လက်တုန့်ပြန်ဦးမယ်လို့ ကြုံးဝါးပါတယ်။ သမ္မတကြီး ထရန့်က ရွေးကောက်ပွဲကာလတုန်းကအတိုင်း အချိုးက မပြောင်းပါဘူး။ တွစ်တာအကောင့်ကနေ ဗလွတ်ရွှတ်တတွေ ပြောနေ၊ သူမကြိုက်တဲ့သူတွေကို မှိုချိုးမျှစ်ချိုးတွေ ပြောနေတုန်းပါပဲ။ အမေရိကန်ပြည်ထောင်စုကြီးရဲ့ ရေမြေ့သနင်း ပြည့်ရှင်မင်းကြီး ဖြစ်လာတော့ ပိုတောင်မှ ဆိုးလာသေးတယ် ပြောရမှာပါ။ နောက်တပတ်မှာ တရားမ၀င်...

Read more »

မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက်

February 7, 2017
မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက်

မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက် (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇ မိုက်ခဲစိန်လည်း တခြားသတင်းတွေ မရေးရဘူး။ အမေရိကားမှာ ဟော့ဖြစ်နေတဲ့ သမ္မတကြီး ထရန့်၏ တနေ့စာ အလွဲများ၊ တပတ်စာ အလွဲများကနေ တလစာအလွဲများအထိ ဆက်ရေးနေရမလား မသိ။ အယင်တပတ်က တင်ပြခဲ့သလို ထရန့်က အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ၇ နိုင်ငံကို လူဝင်မှု ပိတ်ပင်လိုက်တယ်။ ပြည်ထောင်စု တရားရုံးက တရားသူကြီးတွေက သမ္မတအမိန့်ကို ပြန်တားဆီးတဲ့ အမိန့်ထုတ်လိုက်တယ်။ ပထမပတ်မှာ သမတကြောင့် ပြည်ဝင်ခွင့်အပိတ်ခံထားရတဲ့ ဧည့်နိုင်ငံသားတွေ၊ ဗီဇာနဲ့သူတွေ တရားသူကြီးက ခြွင်းချက်အမိန့်နဲ့ နောက်တပတ်မှာ ပြန်ဖွင့်ပေးတုန်း အပြေးအလွှား ပြည်ဝင်ကြရတယ်။ သမတကြီးက ဆန်ဖရန် ပြည်ထောင်စုတရားရုံး...

Read more »

မိုက်ခဲစိန် – သမ္မတကြီး ထရန့်က အမွှေစိန်လား

February 3, 2017
မိုက်ခဲစိန် – သမ္မတကြီး ထရန့်က အမွှေစိန်လား

UC Berkeley, Student Protest Feb 1st 2017 မိုက်ခဲစိန် – သမ္မတကြီး ထရန့်က အမွှေစိန်လား (မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇ မောင်ရစ်က မနက် သူ့ကျောင်းကင်တင်းက ကော်ဖီဆိုင်မှာ ထိုင်ရင်းနဲ့ ရေးစရာ အဆိုင်းမင့် ပေးပါတယ်။ သမ္မတကြီးထရန့်ရဲ့ ပထမ ၁၀ ရက်အတွင်း အဖြစ်အပျက်တွေ အထင်အမြင် ဂယက်တွေ ဘာတွေ ညာတွေ ရေးစမ်းပါဦးလို့ ပြောပါတယ်။ “ယူစီဘာကလီ (UC Berkeley) သိတယ် မို့လား၊ ဆန်ဖရန်အရှေ့ဘက်ကမ်းက ဘာကလေမြို့က ပြည်နယ်တက္ကသိုယ်မှာ ကျောင်းသားတွေ ဆန္ဒပြကြတာ အကြမ်းဖက်ဆန်ဆန်ကို ဖြစ်ကုန်ပြီ” လို့ ဆက်ပြောပါတယ်။ “ခင်ဗျားတို့ (SFSU) တက္ကသိုလ်မှာကော ဘာမှ မဖြစ်ဘူးလား၊...

Read more »

ပြည်ပကဧည့်သည်များအပေါ် သမ္မတကြီးထရန့်၏ ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်သားများ ကန့်ကွက်ရှုံ့ချ

January 29, 2017
ပြည်ပကဧည့်သည်များအပေါ် သမ္မတကြီးထရန့်၏  ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်သားများ ကန့်ကွက်ရှုံ့ချ

  ပြည်ပကဧည့်သည်များအပေါ် သမ္မတကြီးထရန့်၏  ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်သားများ ကန့်ကွက်ရှုံ့ချ (မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇ ၎င်း၏ သဘောထားချင်း မတိုက်ဆိုင်သူများအပေါ် သဘောထားတင်းမာတဲ့ တုန့်ပြန်မှုတွေ ထုတ်ဖော်တတ်တဲ့ သမ္မတအသစ် ဒေါ်နယ်ထရန့်က မက္ကဆီကိုတွေကို တံတိုင်းဆောက်ပြီး တားဆီးမယ်လို့ ပြောပြီး နောက်တရက်မှာပဲ ပြည်ပက ၀င်ရောက်နေတဲ့ မူဆလင်တွေ၊ ဒုက္ခသည်တွေ ၀င်ရောက်မှုကို တားဆီးလိုက်ပါတယ်။ မူဆလင်တွေဆိုတာမှာ ဘာသာရေး အစွန်းရောက်အကြမ်းဖက်အုပ်စုတွေ ခိုလှုံရာ၊ လှုပ်ရှားနေရာ အရှေ့အလယ်ပိုင်းတိုင်းပြည်တွေ (အီရန်၊ အီရတ် အပါအ၀င်) က ဗီဇာနဲ့ ၀င်ရောက်လာတဲ့ ဧည့်သည်တွေကို လေဆိပ်မှာ ထိန်းသိမ်းပြီး အထူးစစ်ဆေးခြင်း နဲ့ အဆိုပါ တိုင်းပြည်တွေက နိုင်ငံရေးဒုက္ခသည်တွေ ၀င်ရောက်မှုကို ရက်အကန့်အသတ်နဲ့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်ပါတယ်။ အခုလို ပြည်ပက ဧည့်သည်တွေ ဒုက္ခသည်တွေကို တားမြစ်တာဟာ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တယ်၊...

Read more »

မိုက်ခဲစိန် – အမေရိကန်သမ္မတကြီးရဲ့ လူပြိန်းကြိုက် တချက်လွှတ်အမိန့်တော်တွေ

January 26, 2017
မိုက်ခဲစိန် – အမေရိကန်သမ္မတကြီးရဲ့ လူပြိန်းကြိုက် တချက်လွှတ်အမိန့်တော်တွေ

မိုက်ခဲစိန် – အမေရိကန်သမ္မတကြီးရဲ့ လူပြိန်းကြိုက် တချက်လွှတ်အမိန့်တော်တွေ (မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၇ ဇန် ၂၀ မှာ သမ္မတအဖြစ် တင်မြှောက်ပြီးတာနဲ့ တကမ္ဘာလုံးက သူ့ကို ရင်မပြီး ကြည့်နေရတော့တာပဲ။ ပါးစပ်ထဲ ရှိတာတွေ ပြောပြီး လူပြိန်းကြိုက်တွေနဲ့ မဲဆွယ်ပြီး အနိုင်ရလာတဲ့ အမေရိကန်ရဲ့ ၄၅ ကြိမ်မြောက် သမ္မတကြီး ဒေါ်နယ်ထရန့်ပါ။ ဇာတ်သမားပြန်ရင် မှတ်သားစရာကျန် ဆိုသလို ဒေါ်နယ်ထရန့် ပါးစပ်ဟလိုက်တာနဲ့ ပြောစရာတွေ အငြင်းပွားစရာတွေ ကျန်ရစ်သူကြီးပါ။ သူက သမ္မတတက်တက်ချင်းမှာ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အာမခံဥပဒေကို ဖြေလျော့ပေးတယ်လို့ တချက်လွှတ်အမိန့်ထုတ်ပြန်ပါတယ်။ ဆိုလိုတာက ပြည်ထောင်စု၊ ပြည်နယ်နဲ့ တရားရုံးတွေမှာ ဦးတိုက်လျောက်ထားတဲ့ အရေးဆိုထားတာတွေကို ပြန်စဉ်းစားပေးမယ် ပြောတာပါ။ လူတိုင်း ကျန်းမာရေးအာမခံခွင့်ရှိအောင်...

Read more »

NY Capital Karen New Year – နယူးယောက် နေပြည်တော်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်

January 23, 2017
NY Capital Karen New Year – နယူးယောက် နေပြည်တော်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်

NY Capital Karen New Year – နယူးယောက် နေပြည်တော်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် (မိုးမခ၊ အယ်ဘနီ) ဇန်န၀ါရီ ၂၃၊ ၂၀၁၇ Albany 2756 Karen New Year celebration is held in William S. Hackett Middle School on Saturday, Jan. 21, 2016. In the celebration, there are three parts: opening, traditional dance and concert. Begin to end of the celebration; all audience can...

Read more »

မိုက်ခဲစိန် – လူပြိန်းကြိုက် အမေရိကန်သမ္မတကြီး ထရန့်ကို အမျိုးသမီးထုက ဆန့်ကျင်ကန့်ကွက်ပွဲများနှင့် ကြိုဆို

January 22, 2017
မိုက်ခဲစိန် – လူပြိန်းကြိုက် အမေရိကန်သမ္မတကြီး ထရန့်ကို အမျိုးသမီးထုက ဆန့်ကျင်ကန့်ကွက်ပွဲများနှင့် ကြိုဆို

မိုက်ခဲစိန် – လူပြိန်းကြိုက် အမေရိကန်သမ္မတကြီး ထရန့်ကို အမျိုးသမီးထုက ဆန့်ကျင်ကန့်ကွက်ပွဲများနှင့် ကြိုဆို (မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၇ အမေရိကန်သမ္မတ ၄၅ ဦးမြောက်အဖြစ် မဲဆန္ဒရှင်များက သေဌေးကြီး ဒေါ်နယ်ထရန့်ကို ရွေးချယ် တင်မြောက်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့က ၀ါရှင်တန်ဒီစီမြို့တော်မှာ သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီး တိုင်းပြည်အာဏာကို လွှဲပြောင်းရယူခဲ့ပါတယ်။ လက်ရှိ ၂၀ ရာစုနဲ့ ၂၁ ရာစု အမေရိကန်သမ္မတသမိုင်းမှာ ပြည်သူတွေများကြားထဲ အငြင်းပွားစရာ အဖြစ်ဆုံး၊ လူထုချင်း စိတ်ဝမ်းကွဲပြားစရာ အဖြစ်စေခဲ့ဆုံးသော သမ္မတရွေးချယ်မှုနဲ့ တက်လာတဲ့ သမ္မတကြီးပါ။ သူရဲ့ မဲဆွယ်ပွဲမှာကော သမ္မတအဖြစ် အနိုင်ရပြီးနောက်ပိုင်းမှာပါ လောလောလတ်လတ် သမ္မတကျမ်းသစ္စာဆိုပြီး ပထမဦးဆုံး မိန့်ခွန်းမှာပါ ပါးစပ်ထဲရှိတာ ပြောချင်ရာ ကမူးရှူးထိုး တုတ်ထိုး အိုးပေါက် ပြောသွားတာတွေနဲ့ အဲသည်လို ပြောတာကိုမှ သည်းခြေကြိုက်တဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုတွေ ရှိနေတာကြောင့်...

Read more »

၂၀၁၆ ခုနှစ် နယူးယောက်မြို့ စာပေဟောပြောပွဲ မြင်ကွင်း

November 30, 2016
၂၀၁၆ ခုနှစ် နယူးယောက်မြို့ စာပေဟောပြောပွဲ မြင်ကွင်း

၂၀၁၆ ခုနှစ် နယူးယောက်မြို့ စာပေဟောပြောပွဲ မြင်ကွင်း (ကိုမျိုး၊ ကိုသိန်းမင်း၊ သျှားလေး) မိုးမခ၊ နိုဝင်ဘာ ၃၀၊ ၂၀၁၆ စာရေးဆရာ ကြည်မင်း စာရေးဆရာမ ရွှေကူမေနှင်း စာရေးဆရာမ မိချမ်းဝေ —————————————————- သတင်းမှတ်တမ်းဓါတ်ပုံ၊ ကိုမျိုး၊ ကိုသိန်းမင်း၊ သျှားလေး ၂၀၁၆ခုနှစ်၊ နယူးယောက်ခ်မြို့စာပေဟောပြောပွဲအခမ်းအနား ကို စာပေဟောပြောပွဲကျင်းပရေးကော်မတီ မှကြီးမှူး၍ NYCMYA အဖွဲ့၊ နယူးယောက်ခ်မြို့ခံ ရပ်မိရပ်ဖ များ၏ ကူညီပံ့ပိုးမှုဖြင့် နယူးယောက်ခ်မြို့Queens, Elmhurst ရှိ St. James Church ခန်းမ၌ နိုဝင်ဘာလ ၂၇ ရက်နေ့၊ မနက် ၉း၃၀ မှ မွန်းလွဲ ၁း၃၀ အထိ အမိမြန်မာနိုင်ငံမှ အထင်ကရနိုင်ငံကျော်စာရေးဆရာများ ဖြစ်ကြသည့် စာရေးဆရာကြည်မင်း၊...

Read more »

လုပ်ကြံသတင်းတွေနဲ့ တိုင်းပြည်ကို ကိုင်လှုပ်နိုင်သူနဲ့ တွေ့ဆုံခြင်း

November 29, 2016
လုပ်ကြံသတင်းတွေနဲ့ တိုင်းပြည်ကို ကိုင်လှုပ်နိုင်သူနဲ့ တွေ့ဆုံခြင်း

fake news run by Boston Globe လုပ်ကြံသတင်းတွေနဲ့ တိုင်းပြည်ကို ကိုင်လှုပ်နိုင်သူနဲ့ တွေ့ဆုံခြင်း (NPR News Report) မိုးမခ၊ နိုဝင်ဘာ ၂၉၊ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲကာလတွင်းမှာ သတင်းအတု (လုပ်ကြံသတင်း) တွေ၊ အထင်အမြင်မှားစေတဲ့ ထုတ်လွှင့်မှုတွေဟာ ဆိုရှယ်မီဒီယာတွေမှာ ခေတ်စားပါတယ်။ အဲသည်ထဲက ထင်ရှားတဲ့ တခုကတော့ … ‘ကလင်တန်၏ အီးမေးဆာဗာပေါက်ကြားမှုမှာ သံသယရှိသူ အက်ဖ်ဘီအိုင်ဝန်ထမ်း ကိုယ့်ကိုယ်ကို အဆုံးစီရင်’ ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းဟာ လုပ်ကြံသတင်း တခုသာ ဖြစ်တယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်မှာ လူတွေက အကြိမ် ၅သိန်း ကျော် ရှယ်ပြီး သွားပြီ။ ဒီသတင်းလိမ်နောက်ကို သတင်းထောက်အဖွဲ့က လိုက်ကြတဲ့အခါမှာ ဒေသခံသတင်းဝက်ဆိုက်အမည် ခံထားတဲ့...

Read more »

Karen Buddhist Society of Albany ကို ဖွဲ့စည်းပြီ

November 24, 2016
Karen Buddhist Society of Albany ကို ဖွဲ့စည်းပြီ

  Karen Buddhist Society of Albany ကို ဖွဲ့စည်းပြီ (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆ အယ်ဘေနီ မြန်မာမိသားစုများထံက သတင်းပေးပို့ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်၊ Amarillo မြို့ရှိ ထီးဆေမေးယွာကျောင်းမှ ဆရာတော် ဒေါက်တာအရှင်ခေမိန္ဒ၏ နယူးယောက်ပြည်နယ် သာသနာပြုခရီးစဉ်အတွင်း Albany မြို့ ကို အောက်တိုဘာ (၇) ရက်၊ ၂၀၁၆ ညနေပိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ကြွရောက်လာခဲ့ပါသည်။ ဆရာတော်သည် အောက်တိုဘာ(၈)ရက်နေ့တွင် Albany မြို့၏ အထင်ကရနေရာတစ်ချို့နှင့် ပြတိုက်သို့ ဒကာတော်များနှင့်အတူ လေ့လာကြည့်ရှုခဲ့ပြီး ညနေ(၇)နာရီအချိန်တွင် မြို့ခံ ကရင်ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံစည်းဝေးကာ မြို့ခံဘာသာဝင်တို့၏ ပြင်းပြသောဆန္ဒအရ Karen Buddhist Society of Albany...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်