နိုင်ငံတကာရေးရာ

ရွှေကူမေနှင်း၊ ကြည်မင်းနဲ့ မိချမ်းဝေတို့ရဲ့ ပထမဦးဆုံး အမေရိကန်စာပေဟောပြောပွဲ ကျင်းပ

November 22, 2016
ရွှေကူမေနှင်း၊ ကြည်မင်းနဲ့ မိချမ်းဝေတို့ရဲ့ ပထမဦးဆုံး အမေရိကန်စာပေဟောပြောပွဲ ကျင်းပ

ရွှေကူမေနှင်း၊ ကြည်မင်းနဲ့ မိချမ်းဝေတို့ရဲ့ ပထမဦးဆုံး အမေရိကန်စာပေဟောပြောပွဲ ကျင်းပ (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆ ဆန်ဖရန်စစ္စကို ဘေးဧရိယာ၊ နယူးအခ်မြို့၊ ဆွစ်ပတ်ခ်ခန်းမဆောင်မှာ မြန်မာပြည်က စာရေးဆရာများ ဖြစ်ကြတဲ့ … ရွှေကူမေနှင်း၊ ကြည်မင်းနဲ့ မိချမ်းဝေတို့ရဲ့ ပထမဦးဆုံးအကြိမ်မြောက် အမေရိကန်စာပေဟောပြောပွဲကို ဧည့်ပရိသတ် ၁၀၀ ကျော်နဲ့ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါတယ်။ စာရေးဆရာတို့ကို ၎င်းတို့ရဲ့ စာချစ်သူတို့က အယ်လ်အေမြို့တော်တ၀ိုက်သို့ အလယ်အပတ်ခရီး ၀ိုင်းဝန်း စီစဉ် ပို့ဆောင်ပေးခဲ့ကြပါတယ်။ ထိုနောက် နယူးယောက်မြို့တော်သို့ ခရီးဆက်ကြမှာ ဖြစ်ပါတယ်။ နယူးယောက်မြို့တော်မှာ နိုဝင်ဘာ ၂၇ မှာ မြန်မာစာပေဟောပြောပွဲတခု ကျင်းပရန် ဒေသခံ စာဖတ်ပရိသတ်တို့က ၀ိုင်းဝန်း စီစဉ်နေကြပါတယ်။ ဓာတ်ပုံ ပန်းသီး Tags:...

Read more »

၂၀ နိုဝင်ဘာ၊ ဆန်ဖရန်မှာ ဟောမည့် ကြည်မင်း၊ ရွှေကူမေနှင်းနဲ့ မိချမ်းဝေ တို့ စာပေပွဲ

November 19, 2016
၂၀ နိုဝင်ဘာ၊ ဆန်ဖရန်မှာ ဟောမည့် ကြည်မင်း၊ ရွှေကူမေနှင်းနဲ့ မိချမ်းဝေ တို့ စာပေပွဲ

၂၀ နိုဝင်ဘာ၊ ဆန်ဖရန်မှာ ဟောမည့် ကြည်မင်း၊ ရွှေကူမေနှင်းနဲ့ မိချမ်းဝေ တို့ စာပေပွဲ (မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၆ အမေရိကန်ပြည်ထောင်စုကို စာပေခရီးစဉ်နဲ့ စာရေးဆရာကြီးများဖြစ်တဲ့ ကြည်မင်း (ကျော်စောမင်း)၊ ရွှေကူမေနှင်းနဲ့ မိချမ်းဝေတို့ရဲ့ ပထမဦးဆုံး စာပေဟောပြောပွဲကို နိုဝင်ဘာ ၂၀၊  Swiss Park . 5911 Mowry Avenue,  Newark, CA 94560  (510) 793-6272မှာ နေ့ခင်း ၂ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပမှာဖြစ်ပါတယ်။ ဟောပြောမယ့် ခေါင်းစဉ်တွေကတော့ –  မိချမ်းဝေ  –  ပင်လယ်ရဲ့ အတွင်းသားကို ဖွင့်ဖတ်၊ ကြည်မင်း – ခေတ်ပြိုင် မြန်မာစာပေ...

Read more »

နယူးယောက်၊ အယ်ဘနီက မြန်မာကဗျာရွတ်ပွဲ အောင်မြင်

November 15, 2016
နယူးယောက်၊ အယ်ဘနီက မြန်မာကဗျာရွတ်ပွဲ အောင်မြင်

နယူးယောက်၊ အယ်ဘနီက မြန်မာကဗျာရွတ်ပွဲ အောင်မြင် (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၆ လက်ခံရရှိသော သတင်းပေးပို့ချက်ကို ဖော်ပြပေးလိုက်ပါသည်။ ဆရာကြီး မောင်စွမ်းရည် ၊ အမေရိကားသို့ ရောက်ရှိနေသည့် ကိုကိုသက်၊ ကျော်မင်းထွန်း ( ဆေး – ၁ )၊ မိုးကြယ် ( နိုင်ငံရေး အကျဉ်းသားဟောင်း) ၊ ရိုး(ခေတ္တရာ)၊ အောင်နေကျော်၊ကဗျာဆရာများ ရဲ့ ကဗျာရွတ်ပွဲ အခမ်းအနား ကို နယူးယောက် နေပြည်တော် တွင်ကျင်းပခဲ.ပါသည်။ နယူးယောက် နေပြည်တော် (Albany) နေ့ရက်- နိုဝင်ဘာလ ၁၂ ရက်(စနေနေ့ ) အချိန်- ညနေ ၂ နာရီတိတိ နေရာ- နယူးရောက်နေပြည်တော် ပင်မ စာကြည့်တိုက် ကိုနိုင်မွန်သော၊...

Read more »

အများမျှော်နေကြတဲ့ သမ္မတကြီး ထရန့်ရဲ့ ရက် ၁၀၀ စီမံကိန်း ဆိုတာ

November 10, 2016
အများမျှော်နေကြတဲ့ သမ္မတကြီး ထရန့်ရဲ့ ရက် ၁၀၀ စီမံကိန်း ဆိုတာ

အများမျှော်နေကြတဲ့ သမ္မတကြီး ထရန့်ရဲ့ ရက် ၁၀၀ စီမံကိန်း ဆိုတာ နိုင်ငံတကာသာဂိ၊ မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၆ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်သူ ဒေါ်နယ်ထရန့်မှာ အကြိတ်အနယ် မဲရလာဒ်များကြားထဲကနေပြီး ဒီမိုကရက်ပါတီက သမ္မတလောင်း ဟီလာရီကလင်တန်ကို အနိုင်ရပြီး အမေရိကန်သမ္မတကြီးအဖြစ် ရွေးချယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ အများပြည်သူတွေကြားထဲမှာ အမေရိကန်က ပထမဆုံးအမျိုးသမီး သမ္မတရွေးချယ်လိမ့်မယ်လို့ စိတ်ကူးယဉ်နေကြရာကနေ လူပြိန်းတို့ အချစ်တော် ဒေါ်နယ်ထရန့် ဖြစ်သွားတဲ့အတွက် စိတ်ကူးယဉ်သူများ၊ လစ်ဘရယ်များ၊ မီလီနီယံမျိုးဆက်သစ်များ အကြီးအကျယ် စိတ်ထိခိုက်သွားကြပါတယ်။ မီဒီယာတွေ၊ နှစ်ဖက်ပါတီက လူဟောင်းတွေ၊ အရင်းရှင်ငွေရှင်ကြီးတွေရဲ့ အကူအညီ ထောက်ခံမှုမပါဘဲ တဦးတည်း ကြဲပြီး တယောက်တည်း အောင်ပွဲဆင်သွားတဲ့ ထရန့်ကို အမေရိကန်တပြည်လုံးသာမက...

Read more »

ကျော်ဝဏ္ဏ – ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲနေ့ မှတ်စု

November 9, 2016
ကျော်ဝဏ္ဏ – ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲနေ့ မှတ်စု

  2016 Nov 8th – မဲပေးတဲ့နေ့က အဆိုတော် ဒေါ်မာမာအေး (ဓာတ်ပုံ ခင်မောင်လေး) ကျော်ဝဏ္ဏ – ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲနေ့ မှတ်စု (မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၆ ဒီနှစ် ၂၀၁၆ အမေရိကန်သမ္မတရွေးပွဲကို စိတ်ဝင်စားကြသူများပါတယ်။ ဒီမှတ်စုလေးက သမ္မတကို ဘယ်လိုရွေးကောက်တင်မြှောက်တယ် ဆိုတာ မသိသေးသူများအတွက် ရည်ရွယ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့  သမ္မတကို လူထုမဲနဲ့ ရွေးချယ်ပါတယ်။ ဒါပေမယ့် တနိုင်ငံလုံးရဲ့ စုစုပေါင်း လူထုဆန္ဒမဲ (Popular vote) အများဆုံးရရှိသူက တိုက်ရိုက်အနိုင်ရတဲ့စနစ်မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံကို အခြေခံတဲ့အတွက် ပြည်နယ်တွေအလိုက် လူထုဆန္ဒမဲ အများဆုံးရသူကိုသာ သမ္မတဖြစ်စေတဲ့ စနစ်ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ ရွေးကောက်ခံမဲ (Electoral...

Read more »

မြန်မာစာရေးစာဆရာ ၃ ဦး အမေရိကန် စာပေဟောပြောပွဲခရီး လာရောက်မည်

November 2, 2016
မြန်မာစာရေးစာဆရာ ၃ ဦး အမေရိကန် စာပေဟောပြောပွဲခရီး လာရောက်မည်

မြန်မာစာရေးစာဆရာ ၃ ဦး အမေရိကန် စာပေဟောပြောပွဲခရီး လာရောက်မည် (မိုးမခ) နိုဝင်ဘာ၂၊ ၂၀၁၆ နိုဝင်ဘာ လလယ်ပိုင်းမှာ မြန်မာစာရေးဆရာများဖြစ်တဲ့ ကြည်မင်း၊ ရွှေကူမေနှင်း နဲ့ မိချမ်းဝေတို့ အမေရိကန်ပြည်ထောင်စုကို စာပေဟောပြောပွဲခရီးစဉ်အဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး စာပေဟောပြောပွဲကို နိုဝင်ဘာလ  ၂၀၊ ဆန်းဒေးမှာ ဆန်ဖရန်ဘေးဧရိယာမှာ ကျင်းပမှာဖြစ်ပြီး ဒုတိယစာပေဟောပြောပွဲကိုတော့ နယူးယောက်ပြည်နယ်မှာ ကျင်းပဖို့ ရှိပါတယ်။ အသေးစိတ်ကို ဆက်လက်တင်ပြပါမယ်။ လက်ခံရရှိထားတဲ့ စာရေးဆရာများရဲ့ အထုပ္ပတ္တိအကျဉ်းကို တင်ဆက်လိုက်ပါတယ်။   ကြည်မင်း (ကျော်စောမင်း) ၏ စာပေနှင့် ကိုယ်ရေးဘဝ အကျဉ်း စာရေးဆရာကြည်မင်း (ခေါ်) ကျော်စောမင်း (အမည်ရင်း ဦးမောင်မောင်စံ) ၏ Profession မှာတိရစ္ဆာန် ဆေးကုဆရာဝန်ဖြစ်ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင်...

Read more »

မို်က်ခဲစိန် – မြန်မာတွေ ပြည်တော်ပြန်တာနဲ့ ပတ်သက်လို့

October 30, 2016
မို်က်ခဲစိန် – မြန်မာတွေ ပြည်တော်ပြန်တာနဲ့ ပတ်သက်လို့

မို်က်ခဲစိန် – မြန်မာတွေ ပြည်တော်ပြန်တာနဲ့ ပတ်သက်လို့ (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၆ စက်တင်ဘာနဲ့ အောက်တိုဘာအတွင်း ပြည်ပရောက် မြန်မာတွေကြား လှုပ်လှုပ်ရှားရှား ဖြစ်ကြတာကတော့ သူတို့တွေ ဘယ်လို အိမ်ပြန်ကြမလဲ၊ ဘယ်လို ပြန်လည်ပတ်လို့ ရမလဲ ဆိုတာပါ။ ဒေါ်အောင်ဆန်းစုကြည် အနောက်နိုင်ငံခရီးစဉ်အတွင်းမှာလည်း သည်ကိစ္စက မေးခွန်းအဖြစ် ရေပန်းစားပါတယ်။ သည်နေရာမှာ ရပ်တည်ချက်ပိုင်းဆိုင်ရာ မေးခွန်းက အဓိက ပထမဆုံး ရှေ့တန်းရောက်လာပါတယ်။ ဘာလဲဆိုတော့ ပြည်ပရောက်တွေကို နိုင်ငံရေးခံဝန်ချက်တွေ လက်မှတ်ထိုးပြီးတော့မှ ပြန်ခွင့်ရမယ် ဆိုတဲ့ ကိစ္စပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ချက်ခြင်း တုန့်ပြန်ပါတယ်။ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံသားဟောင်းတွေဟာ ပြည်တော်ပြန်ကြရာဝယ် နိုင်ငံရေးခံဝန်ချက် ထိုးပြီး ပြန်ရတယ်ဆိုတဲ့ ယခင်အစိုးရကန့်သတ်ချက်ဟာ မလိုအပ်တော့ဘူး၊ ဒါကို လိုအပ်သလို...

Read more »

အမေရိကား အရှေ့ခြမ်းမှာ အင်တာနက်ဆိုက်များ အတိုက်ခံနေရ

October 22, 2016
အမေရိကား အရှေ့ခြမ်းမှာ အင်တာနက်ဆိုက်များ အတိုက်ခံနေရ

  အမေရိကား အရှေ့ခြမ်းမှာ အင်တာနက်ဆိုက်များ အတိုက်ခံနေရ (မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၆ အောက်တိုဘာ ၂၁၊ သောကြာ မနက်ခင်းကစပြီးတော့ အမေရိကန်အရှေ့ဘက်ကမ်းခြေက အင်တာနက်သုံးစွဲသူများ သူတို့သွားချင်တဲ့ ၀က်ဆိုက်တွေကို သွားလို့မရအောင် အင်တာနက်ဆိုင်ဘာ တိုက်ခိုက်မှု ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အများသုံးစွဲနေကြတဲ့ Twitter၊ • SoundCloud • Spotify • Netflix • Reddit • Disqus • PayPal စတာတွေကို လူတွေ သွားလို့ မရတော့ပါဘူး။ ယမန်နေ့က သတင်းဝက်ဆိုက်အချို့လည်း အတိုက်ခံရလို့ လူတွေမှာ သတင်းပြတ်တောက်ကုန်တယ်လို့ ဆိုကြပါတယ်။ အင်တာနက်တိုက်ခိုက်မှုဆိုတာက ဒီဒေါ့စ်အတက်ခ်လို့ ခေါ်တဲ့ အင်တာနက်ရဲ့ လိပ်စာမှတ်ထားတဲ့ ဆာဗာ (ဒီအင်န်အက်စ် ဆာဗာ)...

Read more »

နိုင်ငံတကာသာဂိ – အမေရိကန်က ရီပတ်ဘလစ်ကန်ပါတီနဲ့ သမ္မတလောင်း ထရန့် တို့၏ အတက်အကျများ

October 14, 2016
နိုင်ငံတကာသာဂိ – အမေရိကန်က ရီပတ်ဘလစ်ကန်ပါတီနဲ့ သမ္မတလောင်း ထရန့် တို့၏ အတက်အကျများ

နိုင်ငံတကာသာဂိ – အမေရိကန်က ရီပတ်ဘလစ်ကန်ပါတီနဲ့ သမ္မတလောင်း ထရန့် တို့၏ အတက်အကျများ (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၆ လွန်ခဲ့တဲ့ လက ဒေါ်နယ်ထရန့်၏ အတက်အကျများဆိုပြီး ရေးပြီးမှတ်တယ်၊ အခုလည်း ထပ်ရေးရပြန်ဦးတော့မယ်။ အမေရိကန်က နိုဝင်ဘာ သမ္မတရွေးကောက်ပွဲ မတိုင်မီ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီတို့ရဲ့ သမ္မတလောင်းများ စကားစစ်ထိုးပွဲ ကျင်းပခဲ့တာ ၂ ခါရှိ ပါပြီ။ ၀က်ဝက်ကွဲ အားပေးကြတဲ့ကြားမှာ ရီပတ်ဘလစ်ကန်ကော ထရန့်ကောဟာ ၀က်ဝက်ကို ကွဲကြတာပဲ။ ၀က်ဝက်ကွဲတယ်ဆိုတာ ပါတီခင်မျာလည်း လူပေါ်လူဇော် သေဌေးကြီးကို တင်မိတာ စင်ပေါ်တက်ပြီးချိုမိုင်မိုင် တက်ကပြနေတော့ ခေါင်းမဖော်နိုင်အောင်ဖြစ်၊ ထရန့်မှာလည်း စင်ပေါ်တက်ပြီး အပေါက်ဆိုးဆိုးနဲ့ ကမူးရှုးထိုးတွေ ပြောချင်ရာပြောတော့ မျက်နှာတွေ ပျက်ရနဲ့ မို့ပါ။ ဒေါ်နယ်ထရန့်ကို...

Read more »

အမေရိကန်ရဲ့ ပထမဆုံးလူမည်းသမ္မတကို ၈ နှစ်လုံးလုံး အာဏာဖီဆန်ခဲ့တာ ရီပတ်ဘလစ်ကန်ပါတီ တဲ့လား

October 4, 2016
အမေရိကန်ရဲ့ ပထမဆုံးလူမည်းသမ္မတကို ၈ နှစ်လုံးလုံး အာဏာဖီဆန်ခဲ့တာ ရီပတ်ဘလစ်ကန်ပါတီ တဲ့လား

  အမေရိကန်ရဲ့ ပထမဆုံးလူမည်းသမ္မတကို ၈ နှစ်လုံးလုံး အာဏာဖီဆန်ခဲ့တာ ရီပတ်ဘလစ်ကန်ပါတီ တဲ့လား (မိုက်ခဲစိန်) အောက်တိုဘာ ၄၊ ၂၀၁၆ ကမ္ဘာတလွှားက နိုင်ငံရေးပရိသတ်တွေက အမေရိကန်က လူမည်းသမ္မတ ဘရပ်ဟူစိန်အိုဘားမား နိုင်ငံရေးစင်မြင့်ပေါ်မှာ ၈ နှစ်လုံးလုံး အသုံးတော်ခံခဲ့တာကို ပွဲကြည့်သလိုကြည့်ပြီး အားပေးခဲ့ကြ ဝေဖန်ခဲ့ကြတယ်။ အခုဆိုရင်ဖြင့် လူမည်းသမ္မတကြီး သက်တမ်း ၂ ခု စာ ကုန်လို့ သူ့အိမ်ပြန်ချိန် ရောက်ပါတော့မယ်။ အမေရိကန်နိုင်ငံရေးသမိုင်းစာမျက်နှာမှာ အာဏာရသမ္မတတဦးကို သက်တမ်း ၈ နှစ်လုံးလုံး မထီလေးစား၊ မရိုမသေ၊ ဆန့်ကျင် ကန့်ကွက် ဖီဆန်မှုတွေ တောက်လျောက်လုပ်ပြီး အချိန်ကုန် အားထုတ် လုပ်ဆောင်ခဲ့သူ ကန့်သတ်ဖိနှိပ် အနိုင်ထက်စီးနင်းလုပ်ခဲ့သူ အပြိုင်နိုင်ငံရေးပါတီ အပြိုင် လွှတ်တော်အမတ်တွေကတော့ ရီပတ်ဘလစ်ကန်တွေပဲ ဖြစ်ပါတော့တယ်လို့...

Read more »

အမေရိကန်သမ္မတလောင်း ဟီလာရီနဲ့ ထရန့်တို့ ပထမအကြိမ် စကားစစ်ထိုးကြပုံ

September 28, 2016
အမေရိကန်သမ္မတလောင်း ဟီလာရီနဲ့ ထရန့်တို့ ပထမအကြိမ် စကားစစ်ထိုးကြပုံ

အမေရိကန်သမ္မတလောင်း ဟီလာရီနဲ့ ထရန့်တို့ ပထမအကြိမ် စကားစစ်ထိုးကြပုံ (နိုင်ငံတကာသာဂိ) မိုးမခ၊ စက်တင်ဘာ ၂၈၊ ၂၀၁၆ စက်တင်ဘာ ၂၆ ညနေခင်းက အမေရိကန်အနောက်ဖက်ကမ်း စံတော်ချိန် ၆ နာရီကနေ ၈ နာရီ ခွဲအထိ မိနစ် ၉၀ ဆက်တိုက် အမေရိကန်သမ္မတလောင်း ၂ဦးရဲ့ စကားစစ်ထိုးပွဲ ကို တီဗီများကနေ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။ အမေရိကန်နဲ့ နိုင်ငံတကာက ပရိသတ် သန်း ၁၀၀ ကျော်က ကြည့်ရှုကြပါသတဲ့။ အဆိုပါ သမ္မတရွေးကောက်ပွဲ (နိုဝင်ဘာလဆန်း) မတိုင်ခင် သမ္မတလောင်းတွေက ၃ ကြိမ် စကားနိုင်လုကြမယ်။ ဒုသမ္မတလောင်းတွေက ၁ကြိမ် လုကြမယ်။ လူထုက နားထောင် ဆင်ခြင် ဆုံးဖြတ်ကြမယ်လို့ ဆိုပါတယ်။ သည်...

Read more »

အမေရိကန် မြန်မာများအတွက် မတူညီသော ပြည်ဝင်ခွင့် ခံဝန်ချက်လျောက်လွှာများ မြန်မာသံရုံးဝက်ဆိုက်များတွင် ဖော်ပြထား

September 20, 2016
အမေရိကန် မြန်မာများအတွက် မတူညီသော ပြည်ဝင်ခွင့် ခံဝန်ချက်လျောက်လွှာများ မြန်မာသံရုံးဝက်ဆိုက်များတွင် ဖော်ပြထား

အမေရိကန် မြန်မာများအတွက် မတူညီသော ပြည်ဝင်ခွင့် ခံဝန်ချက်လျောက်လွှာများ မြန်မာသံရုံးဝက်ဆိုက်များတွင် ဖော်ပြထား (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်အတွင်း အဝေးရောက်မြန်မာများက မြန်မာပြည်ဝင်ခွင့်လျောက်လွှာတွင် နိုင်ငံရေးမလုပ်ပါဟူသော ခံဝန်ချက်ထိုးရသည်ကို ပြန်လည် စဉ်းစားပေးပါရန် တောင်းဆိုခဲ့ကြသည်။ ယခုအခါ အမေရိကန်ပြည်ရှိ မြန်မာသရုံးဝက်ဆိုက်အသီးသီးက အာဘော်အမျိုးမျိုး ကွဲပြားသော ခံဝန်ချက်ပါသည့် ဗီဇာလျောက်လွှာများ တင်ဆက်ထားကြောင်း ပရိသတ်က ဝေဖန်နေကြသည်။ ယခင်ခံဝန်ချက် ယခင်အစိုးရ၏ မူလ လျောက်လွှာတွင် “နိုင်ငံရေးမလုပ်ရ၊ နိုင်ငံရေးလုပ်သူများနှင့် ဆက်စပ်ခြင်း မပြုရ” ဟု ဖော်ပြထားခဲ့သည်ကို ၀ါရှင်တန်ရှိ မြန်မာသံရုံးဝက်ဆိုက်မှ ဒေါင်းလုပ်ကူးယူထားရာတွင် တွေ့ရှိခဲ့ရသည်။ ယခုခံဝန်ချက် ယခုအစိုးရ တက်လာပြီးနောက်ပိုင်းတွင် “မြန်မာနိုင်ငံအားဆန့်ကျင့်သည့် အလုပ်များ မလုပ်ပါ” ဟူ၍ ပြောင်းလဲ ပြင်ဆင်ထားသည့် လျောက်လွှာ...

Read more »

ဧရာဝတီတိုင်းရေဘေးသင့် ပြည်သူများအတွက် ဆန်ဖရန်ဘေး မြန်မာတို့ အလှူငွေ ပေးအပ်

September 15, 2016
ဧရာဝတီတိုင်းရေဘေးသင့် ပြည်သူများအတွက် ဆန်ဖရန်ဘေး မြန်မာတို့ အလှူငွေ ပေးအပ်

ဧရာဝတီတိုင်းရေဘေးသင့် ပြည်သူများအတွက် ဆန်ဖရန်ဘေး မြန်မာတို့ အလှူငွေ ပေးအပ် (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၆ စက်တင်ဘာ ၁၄၊ ဧရာဝတီတိုင်းဒေသကြီး၊ ၀န်ကြီးချုပ် ရုံးမှာ ဒေသတွင်းက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ဒေါ်လာ ၁သောင်း ၁ ထောင် ၅၀၀ ကို ဆန်ဖရန်စစ္စကိုဘေးဧရိယာနေ မြန်မာတိုင်းရင်းသားတို့ကိုယ်စား ဒေါက်တာ မောင်မောင်သော်၊ ဒေါ်နီနီသော်တို့က သွားရောက် လှူဒါန်းခဲ့ပါတယ်။ ယခင်ကလည်း မကွေးတိုင်းဒေသကြီး အစိုးရရုံးမှာ ညီမျှသော ရေဘေးအကူ အလှူငွေများကို ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ အလှူငွေများမှာ သြဂုတ် ၂၁က အမေရိကန် အနောက်ခြမ်း ဆန်ဖရန်ဘေးဧရိယာနေ မြန်မာတိုင်းရင်းသားတွေက ကိုယ်ထူကိုယ်ထ ဈေးရောင်းပွဲ ကျင်းပပြီး စုဆောင်းရရှိတဲ့ အလှူငွေ အားလုံး ဖြစ်ပါတယ်။...

Read more »

မကွေးတိုင်းက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကို သက်ဆိုင်ရာဝန်ကြီးချုပ်ရုံးမှာ သွားရောက်လှူဒါန်း

September 13, 2016
မကွေးတိုင်းက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကို သက်ဆိုင်ရာဝန်ကြီးချုပ်ရုံးမှာ သွားရောက်လှူဒါန်း

  မကွေးတိုင်းက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကို သက်ဆိုင်ရာဝန်ကြီးချုပ်ရုံးမှာ သွားရောက်လှူဒါန်း (မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၆ စက်တင်ဘာ ၂၁က ဆန်ဖရန်ဘေးဧရိယာနေ မြန်မာတိုင်းရင်းသားမိသားစုများက မြန်မာပြည်က ရေဘေးသင့် ပြည်သူများအတွက် ကူညီမှုအလှူငွေများအနက်က ဒေါ်လာ ၁ သောင်း ၁ထောင် ၅၀၀ ကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ရုံးမှာ စက်တင်ဘာ ၁၂ မှာ အလှူရှင်များကိုယ်စား ဒေါက်တာမောင်မောင်သော်နှင့် ဒေါ်နီနီသော်တို့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။   Tags: ဆန်ဖရန် Related posts နွယ်ခွေ – မေတ္တာနန္ဒစာသင်ကျောင်းက အပြန် (MoeMaKa Interview) (0) နိုဝင်ဘာ ၂၈၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ၀ိဟာရကျောင်း တန်ဆောင်တိုင်ပွဲမြင်ကွင်း (0) ငြိမ်းချမ်းအေး –...

Read more »

နိုင်ငံတကာ သာဂိ – ရွေးကောက်ပွဲဆိုတာ နိုင်ဖို့ မလို၊ ပြိုင်ဖို့ပဲ လိုတယ်

September 7, 2016
နိုင်ငံတကာ သာဂိ – ရွေးကောက်ပွဲဆိုတာ နိုင်ဖို့ မလို၊ ပြိုင်ဖို့ပဲ လိုတယ်

နိုင်ငံတကာ သာဂိ – ရွေးကောက်ပွဲဆိုတာ နိုင်ဖို့ မလို၊ ပြိုင်ဖို့ပဲ လိုတယ် (မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲက ၂ လ ပဲ လိုတော့တယ်။ ၂၀၁၆ နိုဝင်ဘာဆို စတော့ မှာကိုး။ အခုဆိုရင် ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရန့်တို့ဟာ အကြိတ်အနယ်ပဲ။ အကြိတ်အနယ်ပဲ ဆိုတာက တယောက်နဲ့ တယောက် နှိပ်ကွပ်နေကြတာ အပြန်အလှန် အကြိတ်အနယ်ပဲလို့ ဆိုရမှာ။ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ ကမ္ဘာက ရင်သပ် ရှုမော ကြည့်နေရတဲ့ ဘောလုံးပွဲကြီးပွဲကောင်းဆိုရင် တဖက်နဲ့ တဖက် လူချ ကစားနေလိုက်တာများ အ၀ါကပ်တွေတောင် မလောက်တော့ဘူးလို့ ဆိုရတော့မလို။ နိုင်ငံရေးနယ်ထဲ တခါဖူးမှ မတခါဖူးတဲ့ သေဌေးကြီး ထရန့်က...

Read more »

လှကျော်ဇော – နိုင်ငံတကာအခြေအနေအပြောင်းအလဲများ

August 25, 2016
လှကျော်ဇော –  နိုင်ငံတကာအခြေအနေအပြောင်းအလဲများ

လှကျော်ဇော –  နိုင်ငံတကာအခြေအနေအပြောင်းအလဲများ (မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးအဆင့်အတန်း (order)ဟာ အလျင်အမြန် အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကိုအမီလိုက်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် အခုတလောဖြစ်ပေါ် လာနေတဲ့အခြေအနေတွေ၊ အဲဒါတွေအပေါ် ပညာရှင်တွေ၊ သုတေသနသမားများရဲ့သုံး သပ်ချက်များကိုလက်လှမ်းမီသမျှ စုဆောင်းရေးသားလိုက်ပါတယ်။ မှီငြမ်းနိုင်ဖို့ပါ။ (မှတ်ချက်။ ။ အချက်အလက်များအားလုံး တရုတ်မီဒီယာများကပါ။) ၁။ ကမ္ဘာစီးပွားရေးအခြေအနေ။ နလံမထူသေးပါ။ ဒါ့အပြင် globalization အရှိန်ကျ လာမှု ကြောင့် နိုင်ငံရေးဂယက်ရိုက်ခတ်မှုများလည်း များလာပါတယ်။ (ဥပမာ Brexit ကိစ္စမျိုး။ Trumpသြဇာကြီးလာမှု) သဘောက နဂိုရှိရင်းစွဲ establishment ကို ဆန့်ကျင်တဲ့စိတ် ဓာတ်တွေပေါ်လာနေမှုတွေ မြင်လာရပါတယ်။(ဒါတွေကို လက်ဦးမှုရှိရှိမဖြေရှင်းရင် လူမှု ရေး တည်ငြိမ်မှုတွေ ထိခိုက်လာနိုင်ပါတယ်။)...

Read more »

ဖိလစ်ပိုင်သမ္မကိုယ်တိုင် မူးယစ်ဆေးသုံးသူတွေကို သတ်ဖြတ်နေတာ တရားသလား

August 11, 2016
ဖိလစ်ပိုင်သမ္မကိုယ်တိုင် မူးယစ်ဆေးသုံးသူတွေကို သတ်ဖြတ်နေတာ တရားသလား

President Duterte says he will protect enforcers involved in shootouts. Image via Concept News Central ဖိလစ်ပိုင်သမ္မကိုယ်တိုင် မူးယစ်ဆေးသုံးသူတွေကို သတ်ဖြတ်နေတာ တရားသလား (မိုက်ခဲစိန် ဘာသာပြန်) မိုးမခ၊ သြဂုတ် ၁၀၊ ၂၀၁၆ အမေရိကန်အတွက် အရှက်ရတဲ့ ရေငုံနှုတ်ပိတ်နေမှုကြီးကတော့ ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးသမားတွေကို သတ်ဖြတ်သုတ်သင်ခြင်းခံနေရတာကို ဘာမှ ၀င်မပြောလို့ပါဘဲတဲ့။ အကယ်၍သာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ သာယာဝပြောရေးကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံတကာမူးယစ်ဆေးပြသနာကို ထိန်းချုပ်ရေး၏ အဓိကတချက်သာဆိုရင်တော့ သတ်ဖြတ်မှုတွေကို ရပ်ဆိုင်းရပါမယ်။ ဆောင်းပါးရေးသူက Hannah Hetzer (Alternet) ကပါ။ Salon.com မှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်များမှာ ဖိလစ်ပိုင်မှာ...

Read more »

နိုင်ငံတကာသာဂိ – သမ္မတလောင်း ဒေါ်နယ်ထရန့်ရဲ့ အတက်အကျများ

August 5, 2016
နိုင်ငံတကာသာဂိ – သမ္မတလောင်း ဒေါ်နယ်ထရန့်ရဲ့ အတက်အကျများ

  နိုင်ငံတကာသာဂိ – သမ္မတလောင်း ဒေါ်နယ်ထရန့်ရဲ့ အတက်အကျများ (မိုးမခ) သြဂုတ် ၅၊ ၂၀၁၆ ဇူလိုင်လကုန်ခါနီးမှာ ရီပတ်ဘလစ်ကန်ပါတီညီလာခံကြီးကနေ သူတို့သမ္မတလောင်းအဖြစ် သေဌေးကြီး ဒေါ်နယ်ထရန့်ကို တင်မြှောက်လိုက်တယ်။ သူ့ကို လူကြိုက်များတဲ့ နှုန်းတွေ တက်လာတယ်လို့ ဆိုကြတယ်။ ဒီမိုကရက်တွေရဲ့ ပါတီညီလာခံကြီး နောက်ကလိုက်လာတဲ့ပြီး ဒေါ်ကလင်တန် သမ္မတလောင်းအဖြစ် တဖက်ပါတီက အတည်ပြုတဲ့ နောက်ပိုင်း ထရန့်တယောက် တောက်လျောက် ကာလနာတိုက်တော့တာပဲ။ ဒေါ်နယ်ထရန့်၏ တလွဲများဆိုတာ ကျမ်းပြုစုရတော့မလိုပါ။ အခုတော့ သူ့ကို လူကြိုက်နည်းလာပြီလို့ ဆိုကြပြန်တယ်။ ဘယ်လိုများ ဖြစ်ရပြန်တာပါလိမ့်နော်။ အမေရိကန်တီဗီတွေနဲ့ တခြား သတင်းမီဒီယာတွေက ထရန့်ကြီးနဲ့ သူ့ပါတီတို့ အထိနာနေတာကို တန်းတန်းစွဲလိုက်ပြီး သတင်းပို့နေကြတယ်။ အမေရိကန်ပြည်သား တ၀က်လောက်ကလည်း ထရန့်တယောက် တွစ်တာကနေ ဘာတွေများ...

Read more »

ဗြိတိန်သိပ္ပံပညာရှင် စတိဖင်ဟော့ကင်းက ဗြိတန်ခွဲထွက်တွေကို ဝေဖန်လိုက်ပြီ

August 4, 2016
ဗြိတိန်သိပ္ပံပညာရှင် စတိဖင်ဟော့ကင်းက ဗြိတန်ခွဲထွက်တွေကို ဝေဖန်လိုက်ပြီ

ဗြိတိန်သိပ္ပံပညာရှင် စတိဖင်ဟော့ကင်းက ဗြိတန်ခွဲထွက်တွေကို ဝေဖန်လိုက်ပြီ (မိုက်ခဲစိန် ဘာသာပြန်) မိုးမခ။ သြဂုတ် ၄၊ ၂၀၁၆ မကြာသေးမီက ဗြိတိန်အမျိုးသားတွေက ဥရောပသမဂ္ဂကနေ ခွဲထွက်ကြောင်း မဲနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဝေဖန်ပြစ်တင်မှုတွေအထဲမှာ အထင်ကရ သိပ္ပံပညာရှင်၊ မသန်စွမ်းသူ စတိဖင်ဟော့ကင်းလည်း ပါဝင်လာပါတယ်။ သူက သီးခြားခွဲထွက်နေလိုခြင်းနဲ့ ၀န်တို အာဃာတစိတ်ကြီးခြင်းတို့ဟာ လူသားတွေ မျိုးတုန်းစေတဲ့အထိ ဖြစ်နိုင်တယ်၊ လူ့ဘောင်လောကမှာ ဥစ္စာဓနအဓိကဆိုတဲ့ သဘောထားကို ပြန်လည် သုံးသပ်စေလိုကြောင်း တိုက်တွန်းလိုက်ပါတယ်။ ဗြိတိန်ထုတ် ဂါဒီယန်းသတင်းစာထဲမှာ သူရေးတဲ့ အက်ဆေးကနေ အသေးစိတ်ထောက်ပြတာကတော့ ကြွယ်ဝချမ်းသာမှု ဆိုတဲ့အထဲမှာ ငွေကြေး၊ ဥစ္စာဓနဆိုတာထက် အသိဥာဏ်ပညာ၊ သဘာဝ အရင်းအနှီး နဲ့ လူသားစွမ်းအားတွေကိုပါ ထည့်သွင်း ဖွင့်ဆိုသင့်တယ်လို့ ဆိုလိုက်ပါတယ်။ ကံဆိုးမိုးမှောင်ကျနေတဲ့ မျက်မှောက်လူ့ဘောင်လောကရဲ့...

Read more »

ဒီမိုကရက်ပါတီက ညီညွတ်ရေးကို ဦးတည်ပြီ

July 28, 2016
ဒီမိုကရက်ပါတီက ညီညွတ်ရေးကို ဦးတည်ပြီ

ဒီမိုကရက်ပါတီက ညီညွတ်ရေးကို ဦးတည်ပြီ (နိုင်ငံတကာသာဂိ) ဇူလိုင် ၂၈၊ ၂၀၁၆ ပြိုင်ဘက်ပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်တွေက အမုန်းစကား၊ သွေးခွဲစကားတွေ လက်ရှိအစိုးရနဲ့ တဖက်ပါတီကို တဖက်သတ် စွတ်စွဲမှုတွေနဲ့ တိုက်ခိုက်နေချိန်မှာ ယခုတပတ် တနင်္လာနေ့က ကျင်းပတဲ့ ဒီမိုကရက်ပါတီ ညီလာခံကြီးကနေ ပါတီတွင်းနဲ့ မဲဆန္ဒရှင်များကြားက မတူညီတဲ့ အမြင်တွေ ဆန္ဒတွေကို ပေါင်းစည်းနိုင်ကြောင်း၊ နိုင်ငံရေး စီးပွားရေးအကြပ်အတည်းကြားကနေ ပြည်သူတွေ ညီညွတ် ချစ်ခင်မှုနဲ့ ကျော်လွှားနိုင်မှာ ဖြစ်တဲ့အကြောင်း တခဲနက် ထုတ်ဖော်နေတာ တွေ့ရပါတယ်။ ဒီမိုကရက်ပါတီညီလာခံမကျင်းပခင် ချိန်ကိုက်ပြီးတော့ ရုရှားဟက်ကာတွေ ခိုးယူသွားတဲ့ ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာ အီးမေးတွေကို ၀ီကီလိ(က်)ကနေ အထုတ်ဖြေလိုက်ပါသေးတယ်။ ၀ိကီလိက်ဆိုတဲ့ လျို့ဝှက်ချက်ပေါက်ကြားရေးလှုပ်ရှားမှုကနေ ကလင်တန်၏ အရှုပ်တော်ပုံတွေကို ပြည်သူကို ချပြပြီး ကလင်တန်နဲ့ ဒီမိုကရက်တွေကို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်