သတင်းပဒေသာ

မြစ်ကြီးနားရှိ သပိတ်အဖွဲ့ ပြေလည်မှုမရရှိသေး

May 3, 2018
မြစ်ကြီးနားရှိ သပိတ်အဖွဲ့ ပြေလည်မှုမရရှိသေး

မြစ်ကြီးနားရှိ ကချင်လူငယ်ထုသပိတ်အဖွဲ့နှင့် မြို့နယ်တာဝန်ရှိသူများအကြား ညှိနှိုင်းမှု ပြေလည်မှုမရရှိသေး အောင်ငြိမ်းချမ်း / Myanmar Now ။ (မိုးမခ) မေ ၃၊ ၂၀၁၈ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်သည့် မြေပုံတွင် တပ်မတော်ထိန်းချုပ်နယ်မြေ၊ KIA နယ်မြေတို့ရှိ စစ်ပြေးဒုက္ခသည်များ တည်ရှိသည့် နေရာကို အပြာ၊ အနီ တြိဂံပုံစံဖြင့် ပြထားသည်။ ဧပြီလအတွင်း ထွက်ပေါ်လာသော စစ်ပြေးအရပ်သားတို့ ရှိသည့် နေရာကို စက်ဝိုင်းဖြင့် ဖော်ပြထားသည်။ ဧပြီ ၁ မှ ၁၈ အတွင်း ပဋိပက္ခ ပေါ်ပေါက်သည့်နေရာတို့ကိုလည်း တွေ့နိုင်သည်။ ရန်ကုန် (Myanmar Now) — ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တပ်မတော်နှင့် KIA တို့အကြားတိုက်ပွဲများအတွင်း ပိတ်မိနေသော ဒေသခံပြည်သူများ...

Read more »

မီဒီယာလွတ်လပ်ခွင့်စစ်တမ်းရလဒ်ကို လူ့အခွင့်အရေး ကော်မရှင်ထံသို့ ပေးပို့မည်

May 3, 2018
မီဒီယာလွတ်လပ်ခွင့်စစ်တမ်းရလဒ်ကို လူ့အခွင့်အရေး ကော်မရှင်ထံသို့ ပေးပို့မည်

  မီဒီယာလွတ်လပ်ခွင့်စစ်တမ်းရလဒ်ကို လူ့အခွင့်အရေး ကော်မရှင်ထံသို့ ပေးပို့မည် (မော်လေး / Myanmar Now ) မိုးမခ၊ မေ ၃၊ ၂၀၁၈ မေ ၂ ရက်နေ့က ရန်ကုန်မြို့ စာနယ်ဇင်းအရောင်းဆိုင်တစ်ခုတွင် တွေ့ရသော သတင်းစာ၊ ဂျာနယ်များ (မော်လေး/Myanmar Now) ရန်ကုန် (Myanmar Now) — သတင်းထောက်များ၏ အမြင်သဘောထားများကို ကောက်ယူထားသည့် ‘ခြိမ်းခြောက်ခံနေရသော မြန်မာ့မီဒီယာလွတ်လပ်ခွင့်’ အမည်ရှိ စစ်တမ်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း စစ်တမ်းကောက်သည့်အဖွဲ့က ပြောသည်။ အဆိုပါစစ်တမ်းကို ‘လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) FEM’ အဖွဲ့က သတင်းမီဒီယာလောကမှ လူဦးရေ ၂၀၀ ၏ သဘောထားများကို ပြီးခဲ့သည့် ဒီဇင်ဘာလမှ ယခုနှစ်...

Read more »

K ငြိမ်းချမ်း ● မန္တလေး ရေဆေးပန်းချီပြပွဲ ကျုံးဘေးမှာ ကျင်းပနေ

May 2, 2018
K ငြိမ်းချမ်း ● မန္တလေး ရေဆေးပန်းချီပြပွဲ ကျုံးဘေးမှာ ကျင်းပနေ

K ငြိမ်းချမ်း ● မန္တလေး ရေဆေးပန်းချီပြပွဲ ကျုံးဘေးမှာ ကျင်းပနေ (မိုးမခ) မေ ၂၊ ၂၀၁၈ မန္တလေး ရေဆေးပန်းချီအသင်းမှ ဦးစီးကျင်းပတဲ့ (၁၅) ကြိမ်မြောက် ရေဆေးပန်းချီပြပွဲကို မန္တလေးမြို့ ၂၆ လမ်း၊ ၆၆ လမ်း ထောင့် ကျုံးဘေး Public Area မှာ ဧပြီလ ၃၁ ရက်နေ့မှ မေလ ၃ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ကျင်းပ သွားမယ်လို့ သိရပါတယ်။ ရေဆေးပန်းချီပြပွဲ ပြပွဲဖိတ်စာ ပြပွဲကို ဧပြီလ ၃၀ရက်နေ့ နေ့လယ် ၃နာရီမှာ မန္တလေးမြို့တော်ဝန်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြပွဲကာလအတွင်း နံနက် ၈...

Read more »

စောဝေ၏ ၀ုန်းနေတဲ့ လက်ထိပ်၊ လန်းနေတဲ့ သေနတ်များ မိတ်ဆက်မည်

April 29, 2018
စောဝေ၏ ၀ုန်းနေတဲ့ လက်ထိပ်၊ လန်းနေတဲ့ သေနတ်များ မိတ်ဆက်မည်

    စောဝေ၏ ၀ုန်းနေတဲ့ လက်ထိပ်၊ လန်းနေတဲ့ သေနတ်များ မိတ်ဆက်မည် K (မိုးမခ) ဧပြီ ၂၉၊ ၂၀၁၈ ကဗျာဆရာစောဝေ စာအုပ်သစ်မိတ်ဆက်ပွဲနှင့်ရေးသူဖတ်သူဆွေးနွေးပွဲ Yangon Book Plazaမှာ ပြုလုပ်မည်။ ကဗျာဆရာစောဝေ၏စာအုပ်အသစ်ဖြစ်သည့် ၀ုန်းနေတဲ့ လက်ထိပ်၊ လန်းနေတဲ့ သေနတ်များ စာပဒေသာ စာအုပ်မိတ်ဆက်ပွဲကို ၂၉.၄.၁၈ (တနင်္ဂနွေနေ့)၊ရန်ကုန်မြို့ လမ်းမတော်မြို့နယ် သံဈေး ငါးလွှာရှိ Yangon Book Plazaတွင် နေ့လယ် ၂နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါစာအုပ်မိတ်ဆက်ပွဲတွင် ကဗျာဆရာမ မအိ၊ပန်းချီဆရာမြင့်မောင်ကျော်တို့က မိတ်ဆက် အ မှာစကားပြောကြားမည်ဖြစ်ပြီး ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၏ ပါဖော့မန့်လက်ဆောင်ပြကွက်နှင့် အတူ Bookaholics၊ လင်းဝေ၊ စိမ်းရိပ်၊ ၀န်းရံခံနှင့်စောဝေတို့ရဲ့ ရေးသူဖတ်သူဆွေးနွေးပွဲကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။ အဆိုပါစာအုပ်တွင် ကဗျာ၊စကားပြေနှစ်မျိုးစလုံးလည်း ပါရှိပြီး...

Read more »

စာပေဖန်တီးမှုအနုပညာ သင်တန်းအမှတ်စဉ် ၂ ဖွင့်လှစ်မည်

April 28, 2018
စာပေဖန်တီးမှုအနုပညာ သင်တန်းအမှတ်စဉ် ၂ ဖွင့်လှစ်မည်

၂၀၁၇ အောက်တိုဘာလက စာရေးဆရာကလပ်၏ လှုပ်ရှားမှုဓာတ်ပုံ (ဖေ့စ်ဘွတ်) စာပေဖန်တီးမှုအနုပညာ သင်တန်းအမှတ်စဉ် ၂ ဖွင့်လှစ်မည်  (ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဧပြီ ၂၈၊ ၂၀၁၈ (ရန်ကုန် ဧပြီ ၂၈) မြန်မာစာရေးဆရာကလပ်က စီစဉ်သည့် စာပေဖန်တီးမှုအနုပညာ သင်တန်းအမှတ်စဉ် ၂ ကို မေလ ၁၄ ရက် မှ ဇွန်လ ၉ ရက်နေ့အထိ သင်တန်းရက် စုစုပေါင်း ၂၀ ၊ နာရီပေါင်း ၆၀ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။ သင်တန်းကြေး နှစ်သောင်းကျပ် သတ်မှတ်ထားပြီး လူဦးရေ ၄၀ ဦးသာ ကန့်သတ်သင်ကြားမည် ဖြစ်သည်။ သင်တန်းသို့ တက်ရောက်သင်ကြားလိုသူများ အနေဖြင့် ကောင်းသန့်စာပေ ၊ အမှတ် ၂၀၉ ပထမထပ်၊...

Read more »

ရခိုင်ဒေသအခြေအနေ တိုးတက်ဖြစ်ထွန်းဖို့ HRW တိုက်တွန်းမည်

April 28, 2018
ရခိုင်ဒေသအခြေအနေ တိုးတက်ဖြစ်ထွန်းဖို့ HRW တိုက်တွန်းမည်

ရခိုင်ဒေသအခြေအနေ တိုးတက်ဖြစ်ထွန်းဖို့ HRW တိုက်တွန်းမည် (မိုးမခ) ဧပြီ ၂၇၊ ၂၀၁၈ ရခိုင်ဒေသမှာရှိနေတဲ့ ဘင်္ဂါလီတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖြစ်ထွန်းမှု မရှိဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေသူတွေ ပြန်ဝင်လာကြမှာမဟုတ်ဘူးလို့ ရန်ကုန်မှာ ရောက်ရှိနေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အမှုဆောင်ညွှန်ကြားရေးမှူးက သတင်းထောက်တွေကို ဧပြီ ၂၇ မှာ ပြောကြားလိုက်ပါတယ်။   လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖြစ်ထွန်းမှု ဆိုတဲ့ထဲမှာ “နိုင်ငံသားဖြစ်ခွင့်” ဆိုတဲ့အချက်လည်း ပါဝင်တယ်လို့ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Kenneth Roth က ပြောပါတယ်။   မကြာသေးခင်က ရခိုင်ဒေသ ပဋိပက္ခမှာ အစိုးရရဲ့ ဖြေရှင်းပုံက အဲဒီဒေသအတွင်း နေထိုင်သူ အများအပြား ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရလောက်အောင် အလွန်အကျွံ ဖြစ်ခဲ့တယ်လို့ သူက...

Read more »

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်မည်

April 21, 2018
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်မည်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်မည် K ငြိမ်းချမ်း (မိုးမခ) ဧပြီ ၂၁၊ ၂၀၁၈ သတင်းစာဆရာ၊စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း ၄နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဧပြီလ၂၁ရက်နေ့ တွင် မန္တလေးမြို့တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်း သူဌေးဘုရားပြင်တွင် နံနက် ၉ နာရီမှ ၁၁ နာရီထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားကို မန္တလေးမြို့ရှိ ဇာတိမာန်စာဖတ်အသင်းနှင့်နီုင်ငံရေးလောက စာပေလောကမှ ဆရာကြီး ကိုချစ်ခင်ကြသူများက ဦးဆောင်ကျင်းပကြ ခြင်းဖြစ်ပြီး နောက်လာမည့်နှစ်များတွင်လည်း ဆက်လက်ကျင်းပသွား မှာဖြစ်ကြောင်း ဇာတိမာန်စာဖတ်အသင်းဝင်တစ်ဦးဖြစ်သူ နောင်(ရူပ)က ပြောကြားသည်။ ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍လည်း သတင်းစာဆရာတစ်ဦးဖြစ်သူ နောင်(ရူပ)က “ ကျနော်တို့က အဓိကအား ဖြင့် ပေါ့၊ ကိုယ်ကလည်းသတင်းစာဆရာတစ်ဦးဖြစ်တယ်။ ဆရာကြီးလို...

Read more »

ကဗျာဆရာ ကောက်နွယ်ကနောင်ကွယ်လွန်ခြင်း ၀မ်းနည်းမှတ်တမ်း

April 20, 2018
ကဗျာဆရာ ကောက်နွယ်ကနောင်ကွယ်လွန်ခြင်း ၀မ်းနည်းမှတ်တမ်း

ကဗျာဆရာ ကောက်နွယ်ကနောင်ကွယ်လွန်ခြင်း ၀မ်းနည်းမှတ်တမ်း (မိုးမခ) ဧပြီ ၂၀၊ ၂၀၁၈ ကဗျာဆရာ ကောက်နွယ်ကနောင် ကွယ်လွန်ကြောင်း ကြားသိရ၍ မိသားစုနှင့်အတူ စာပေမိတ်ဆွေများနဲ့အတူ ကြေကွဲဝမ်းနည်းပါကြောင်း မှတ်တမ်းပြုအပ်ပါသည်။ သူ့ဖေ့စ်ဘွတ်ပေါ်မှာ ဧပြီလ ၁၀ ရက် နေ့စွဲနဲ့ ရေးခဲ့တဲ့ ကဗျာလေးကို အလေးပြု တင်ပြလိုက်ပါတယ်။ ငါလွင့်မျောပုံဆန်းကြယ် မဟော်ဂနီရောင် ဝါနွမ်းရွက်ခြောက်ကြွေတွေ မိစ္ဆာမမျက်ရည်ရှိုက်သံ လေအသုပ်မှာ တဝေါဝေါကြွေဆင်း ငါ့တစ်ကိုယ်လုံးဖုံးလွမ်း မီးလောင်တိုက်သွင်းတော့မှာလား မိစ္ဆာမမျက်လုံးက စူးရဲတောက်ပ ပိုးစုန်းကြူးလက်လက်ထ ငါ့ခေါင်းကို တဆစ်ဆစ်ကိုက်ခဲ ငါ့မျက်လုံးက မီးတောက်ပိုးစုန်းကြူးတွေ မူးရိပ်မူးရီ မိဆ္ဆာမက ငါ့ရင်ပတ်က ချုပ်ရိုးအမာရွတ်တွေကို ချွန်မြိ သူမလက်သည်းတွေနဲ့ ထိုးဖေါက်ကုပ်ဖြဲ ရှင်ခြင်းရဲ့အဆုံးမှာ သေခြင်းတရားတွေ အခု ငါ ဘယ်ရာက်နေတာလဲ မွေးရပ်ဇာတိမြေ ကနောင်တောင်သချိုင်းကလဲ ထုံးဖွေးဖွေး...

Read more »

ဦးတင်မိုး၊ မောင်စွမ်းရည် နဲ့ မာမာအေးတို့၏ အထိမ်းအမှတ်စာကြည့်တိုက်များ ဖွင့်

April 14, 2018
ဦးတင်မိုး၊ မောင်စွမ်းရည် နဲ့ မာမာအေးတို့၏ အထိမ်းအမှတ်စာကြည့်တိုက်များ ဖွင့်

File Photo – Khin Maung Lay ဦးတင်မိုး၊ မောင်စွမ်းရည် နဲ့ မာမာအေးတို့၏ အထိမ်းအမှတ်စာကြည့်တိုက်များ ဖွင့် (မိုးမခ) ဧပြီ ၁၄၊ ၂၀၁၈ မိုးမခ၏ နာယကကြီးများဖြစ်ကြတဲ့ ဆရာ တင်မိုး၊ မောင်စွမ်းရည်နဲ့ ဂီတမိခင်ကြီး မာမာအေးတို့၏ အထိမ်းအမှတ်စာကြည့်တိုက်များ ယမန်နှစ်နဲ့ ဒီနှစ်အတွင်းမှာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း မောင်စွမ်းရည်က မှတ်ချက်ပေးပါတယ်။ ကဗျာဆရာကြီး (ဦး) တင်မိုး၏ စာကြည့်တိုက်ကို ဇာတိ ကန်မြဲရွာ၊ ကဗျာဆရာကြီး၊ ဝေဖန်ရေးဆရာကြီး မောင်စွမ်းရည်၏ စာကြည့်တိုက်ကို ဇာတိ ကန်ဆင့်(တောင်)ရွာ၊ ဂီတမိခင်ကြီး ဒေါ်မာမာအေး၏ အမေ့အိမ်စာကြည့်တိုက်ကို အမေရိကန်ပြည်၊ အင်ဒီယာနာ၊ ဖို့ဝိန်းမြို့မှာ အသီးသီး ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ ဒေါ်မာမာအေးက ဦးတင်မိုးနဲ့ မောင်စွမ်းရည်စာကြည့်တိုက်အသီးသီးအတွက် ကျပ်ငွေ...

Read more »

ရန်နောင်(ဗိုလ်တထောင်) – သင်္ကြန် ကာလ ပိတ်ရက် အိမ်မပြန်နိုင်သူများလည်းရှိ

April 13, 2018
ရန်နောင်(ဗိုလ်တထောင်) – သင်္ကြန် ကာလ ပိတ်ရက် အိမ်မပြန်နိုင်သူများလည်းရှိ

  ရန်နောင်(ဗိုလ်တထောင်) – သင်္ကြန် ကာလ ပိတ်ရက် အိမ်မပြန်နိုင်သူများလည်းရှိ (မိုးမခ) ဧပြီ ၁၃၊ ၂၀၁၈ (ရန်ကုန် ဧပြီ ၁၂) ယခုနှစ် သင်္ကြန်ကာလတွင် ရုံးပိတ်ရက်ကာလမှာ ငါးရက်တည်းသာ ဖြစ်သည့်အတွက် ခရီးဝေး လွန်းသူများ ပြန်မည့်သူမရှိသဖြင့် ယခုနှစ် မဟာအတာသင်္ကြန်တွင် ကားစီးသူ ယခင်နှစ်တွေလောက် ကျပ်သိပ်ခြင်း မရှိကြောင်း အဝေးပြေးယာဉ်လိုင်းတစီးမှ ယာဉ်နောက်လိုက် တစ်ဦးမှ ပြောပြခဲ့သည်။ “ဟုတ်တယ်ဗျ ၊ ဒီနှစ်က အရင်နှစ်တွေ လောက် နယ်ဝေးသမားတွေက မပြန်နိုင်တော့ဘူးလေ။ ပိတ်ရက်က နည်းတော့ လမ်းမှာတင် အချိန်ကုန်ပြီး ခရီးပန်းတာပဲ အဖတ်တင်မယ်လေ။ ကျနော်ဆို ဒီနှစ်မပြန်ဘူး၊ ၁၈ မိုင် ၃ ဖာလုံမှာ ရှိတဲ့ ဖားအောက်တောရမှာ တရားသွားဝင်မယ်ဆိုပြီး...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်