News Features

ရန်နောင် (ဗိုလ်တထောင်) – စာစောင်ပို့ဆောင်ရေး

May 20, 2014
ရန်နောင် (ဗိုလ်တထောင်) – စာစောင်ပို့ဆောင်ရေး

စာစောင်ပို့ဆောင်ရေး ရန်နောင် (ဗိုလ်တထောင်) မေ ၂ဝ၊ ၂ဝ၁၄ စာဖတ်သူတွေဆီကို သတင်းတွေ မနက်တိုင်း အရောက်သွားဖို့အတွက်ဆိုရင် ဂျာနယ်၊ သတင်းစာတွေ ပို့ပေးသူများရဲ့ အခန်းကဏ္ဍလည်း အင်မတန် အရေးပါပါတယ်။ ကျွန်တော်က ကမာရွတ် ဘူတာရုံလမ်းကပါ၊ ဒီကနေဆို မိနစ် အစိတ်လောက်တော့ နင်းရတာပေါ့ဗျာ။ နေ့စဉ်နင်းနေကျဆိုတော့လည်း မောတယ်မထင်ပါဘူး လို့ ကမာရွတ်မြို့နယ်က စာစောင်ပို့သူတယောက်က ပြောပါတယ်။ စက်ဘီးနင်းနေတုန်း စာစောင်တွေ လမ်းမှာ ပြုတ်ကျမသွားဖို့  သေသေချာချာ ချည်နှောင်ရင်း မေးသမျှကို သူက ပြန်ဖြေပါတယ်။ ကျွန်တော်ဒီအလုပ် လုပ်လာတာ နှစ် ၂ဝ လောက်ရှိပါပြီ။ အစကတော့ နည်းနည်းပေါ့ဗျာ။ အခုတော့ စောင်ရေ ၅ဝဝ ကျော်သွားပါပြီ။ အရင်ကတော့ စိတ်ညစ်ရတယ်ဗျ ၊ ကြေးမုံ တို့၊မြန်မာ့အလင်းတို့က...

Read more »

ဝတ်မှုန်(စင်္ကာပူ) – ကြော်ငြာလုပ်ငန်းတစ်ခုအကြောင်း – စီးပွားရေးလောက

April 17, 2014
ဝတ်မှုန်(စင်္ကာပူ) –  ကြော်ငြာလုပ်ငန်းတစ်ခုအကြောင်း – စီးပွားရေးလောက

ကြော်ငြာလုပ်ငန်းတစ်ခုအကြောင်း – စီးပွားရေးလောက ၀တ်မှုန် (စင်္ကာပူ)၊ ဧပြီ ၁၇၊ ၂၀၁၄ ရန်ကုန်မြို့သင်္ကြန်ပွဲတော် မြို့တော်ခမ်းမရှေ့မှာ ဖြေဖျော်ပွဲတွေကို LCD ကားချပ်ကြီးနဲ့ ထပ်မံရုပ်သံလွှင့်ပြသပေးတဲ့ eye corp ကုမ္မဏီကို လေ့လာကြည့်ပါတယ်။ နေပြည်တော်မှာတစ်စီး၊ ရန်ကုန်မှာတစ်စီး ကြော်ငြာ်များကို ဗီဒီယိုလိုက်ပြပေးပါတယ်။ ရန်ကုန်မြို့နယ် စည်ပင်သာယာနယ်နမိတ် လူစည်ကားတဲ့နေရာများမှာ မောင်းသွား၊ ရပ်ထားပြီး ကြော်ငြာဗီဒီယိုတွေကို ပရိတ်သတ်အတွက် ဖွင့်ပြတဲ့လုပ်ငန်းဖြစ်ပါတယ်။ ထုံးစံအတိုင်း အဆိုကျော်၊ ရုပ်ရှင် သရုပ်ဆောင်များရဲ့ ရုပ်ရှင်၊ စတိတ်ရှိုးတွေကို ဖွင့်ပြရင်း သူတို့ဆီ ပိုက်ဆံပေးထားတဲ့ ကုမ္မဏီများအတွက် ကြော်ငြာများကို ဖွင့်ပြရပါတယ်။ တော်တော် ဝင်ငွေကောင်းပါတယ်။ ကြော်ငြာ်လုပ်ငန်းကို ၁။ ရုပ်မြင်သံကြားဌာနများ (မြန်မာ့ရုပ်မြင်သံကြား၊ Skynet .) ၂။ FM Radio များ...

Read more »

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် ၄၆ – Aung Din

December 20, 2013
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် ၄၆ – Aung Din

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၆၊ ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈) မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် ၄၆ အောင်ဒင်၊ ဒီဇင်ဘာ ၂၁၊ ၂၀၁၃ အပိုင်း (၄၆) ပြည်ထောင်စုလွှတ်တော် ၂၀၁၃ နှစ်ချုပ်သုံးသပ်ချက် (ခ) # ဥပဒေပြုခြင်း ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော် ဆဋ္ဌမအစည်းအဝေးမှာ ဥပဒေကြမ်း ၃၉ ခုရှိတဲ့အထဲက ၂၉ ခုကိုသာ ဆွေးနွေးခဲ့ပြီး ဥပဒေကြမ်း ၁၅ ခုကို အတည်ပြုခဲ့ပါတယ်၊ သတ္တမအစည်းအဝေးမှာ ဥပဒေကြမ်း ၃၈ ခု ဆွေးနွေးဖို့ စီစဉ်ထားပြီး ၂၈ ခုကိုပဲ ဆွေးနွေးနိုင်ပြီး ဥပဒေကြမ်း ၁၆ခုကို...

Read more »

အသောကမင်းကြီး Ashoka (304-232 BCE) နှင့် မြန်မာနိုင်ငံ (၂၀၁၃) (Zaw Aung (Monywa))

December 15, 2013
အသောကမင်းကြီး Ashoka (304-232 BCE) နှင့် မြန်မာနိုင်ငံ (၂၀၁၃) (Zaw Aung (Monywa))

  အသောကမင်းကြီး Ashoka (304-232 BCE) နှင့် မြန်မာနိုင်ငံ (၂၀၁၃)ဇော်အောင် (မုံရွာ) ဒီဇင်ဘာ ၁၅၊ ၂၀၁၃ လွန်ခဲ့တဲ့ ၅ နှစ်က စင်ကာပူမှာ စက်တင်ဘာ၂၀၀၇ သံဃာအရေးခင်းနှင့် မြန်မာပြည်စစ်အစိုးရ အကျပ်အတည်းဖြစ်ချိန် စင်ကာပူက တက်ကြွလှုပ်ရှားသူများ မြန်မာဘုန်တော်ကြီးကျောင်း အားလုံးကို ဖိတ်ကြားပြီး အခမ်းနားတစ်ခုလုပ်ပါသည်။ စင်ကာပူ Excelsior Hotel ခမ်းမကြီးမှာ လူ ၇၀၀ ခန့် သံဃာ ၈ပါး (အတိကျ မမှတ်မိ) နှင့် သီလရှင်တစ်ပါး တက်ရောက်တရားဟောကြပါသည်။ မြန်မာပြည်က နိုင်ငံခြားရောက်လာခါစ သံဃာတစ်ပါးအလှည့် ရောက်လာပါသည်။ …ဘုန်းကြီးကပြန်ရမှာနော်… ဆိုသည့်စကား၊ မကြာခဏပြောရင်း အလွန်ရက်စက်၊ ကြမ်းကြုတ်လှသည့် အသောကမင်းကြီး  အကျွတ်တရားရအောင် သံဃာတစ်ပါးက ဟောပြောနိုင်ခဲ့သည်လို့ ဆိုပါသည်။ ထိုကြောင်းကို...

Read more »

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၉) – Aung Din

December 15, 2013
ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၉) – Aung Din

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၉) အောင်ဒင် ၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၃ (ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၄၊ နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၃) (၆) အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များအစည်းအဝေး လိုင်ဇာညီလာခံက ဖွဲ့စည်းတာဝန်ပေးလိုက်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များဟာ နိုဝင်ဘာလ (၃) ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး မြန်မာအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ နိုဝင်ဘာလ (၄) ရက်နှင့် (၅) ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး အခြားပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်အစိုးရနဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က အရာရှိများအပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဒုဗိုလ်ချုပ်ကြီး မြင့်စိုး တို့ပါဝင်ပါတယ်၊...

Read more »

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၅) – Aung DIn

December 13, 2013
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၅) – Aung DIn

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၅) အောင်ဒင်၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၃ အပိုင်း (၄၅) ပြည်ထောင်စုလွှတ်တော် ၂၀၁၃ နှစ်ချုပ်သုံးသပ်ချက် (က) (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၅၊ ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈) ၂၀၁၃ ခုနှစ်အတွက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်၊ ဒီဆောင်းပါးမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ တစ်နှစ်တာဆောင်ရွက်ချက်များကို သုံးသပ်တင်ပြချင်ပါတယ်၊ # အစည်းအဝေးကျင်းပရက်များ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို ဇန်နဝါရီလ ၉ ရက်ကနေ မတ်လ ၂၂ ရက်နေ့အတွင်း စုစုပေါင်း ၃၀ ရက်ကျင်းပခဲ့ပါတယ်၊ သတ္တမအကြိမ်အစည်းအဝေးကို ဇွန်လ...

Read more »

၄၄နှစ်ကြာစောင့်ခဲ့ရသော အရှေ့တောင်အာရှအားကစားပွဲ (Zaw Aung)

December 12, 2013
၄၄နှစ်ကြာစောင့်ခဲ့ရသော အရှေ့တောင်အာရှအားကစားပွဲ (Zaw Aung)

  ၄၄နှစ်ကြာစောင့်ခဲ့ရသော အရှေ့တောင်အာရှအားကစားပွဲဇော်အောင် (မုံရွာ၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၃မြန်မာပြည်မှာ ပြန်လည်ကျင်းပနိုင်ခဲ့တဲ့ ဖွင့်ပွဲအခမ်းအနား မနေ့ညက ကျင်းပပြီးစီးခဲပါပြီ။ အရှေ့တောင်အာရှအကောင်းဆုံး အားကစားသမား ၆၀၀၀ နဲ့ ဝဏ္ဍသိဒ္ဓိအားကစားရုံအသစ်ကြီးမှာ ကျင်းပခဲ့ပါတယ်။ ပရိတ်သတ် ၃သောင်း လာရောက်ကြည့်ရှုပါတယ်။ မြန်မာ့မျှားပစ်သမား မောင်ဝေလင်းထွန်းရဲ့ မျှားနဲ့မီရှုးပန်းတိုင်ကို ထွန်းညှိလိုက်ပါတယ်။ စစ်အုပ်ချုပ်ရေး နှစ်၅၀ရဲ့ အဆုံးသတ် အားကစားပွဲဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ဒုသမ္မတဦးဥာဏ်ထွန်းတို့က အခမ်းအနားကိုဖွင့်လစ်ပေးခဲ့ပါတယ်။ ဒေါ်လာသန်းပေါင်း ၄၀၀ အကုန်ခံခဲ့ပါတယ်။ တရုပ်နိုင်ငံက ၂၀၀၈ခုနှစ် ကမ္ဘာ့အိုလံပစ်ကျင်းပခြင်း အတွေ့အကြုံများကို မြန်မာများကို လာရောက်ကူညီပေးခဲ့ပါတယ်။ တရုပ်နိုင်ငံမှ ဒေါ်လာ ၃၃ သန်းဖိုး အားကစားအကူညီများ ပေးခဲ့ပါတယ်။ နိုင်ငံတကာကလည်း အကူညီများစွာပေးခဲ့ပါတယ်။ ဥပမာ အားကစားဝတ်စုံများအတွက် ဂျပန်နိုင်ငံက အကူညီပေးခြင်း ဖြစ်ပါတယ်။ နောက်၂နှစ်အကြာ၂၀၁၅...

Read more »

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၈) – Aung Din

December 12, 2013
ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၈) – Aung Din

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၈) အောင်ဒင်၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၃ (ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၃၊ နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၃) “ငြိမ်းချမ်းရေး….ဟိုး…အဝေးမှာ”…ဆောင်းပါးရှည် ၊ အပိုင်း (၇) ပိုင်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ စရေးပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်၊ နှစ် ၆၀ ကျော်ကြာခဲ့ပြီး ပြည်သူတွေ ထောင်နဲ့ သောင်းနဲ့ချီ သေဆုံးခဲ့၊ သေဆုံးနေရတဲ့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ကြီးကို အမြန်ဆုံး ထာဝရ အဆုံးသတ်စေချင်တဲ့ သာမာန်လူတစ်ယောက်ရဲ့ မချင့်မရဲ ကြေကွဲသံတွေပါ၊ ကုမုဒြာသတင်းဂျာနယ်မှာ အပိုင်း (၁) ကို...

Read more »

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၄) – Aung Din

December 11, 2013
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၄) – Aung Din

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၂၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈) မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၄) အောင်ဒင်၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၃ အပိုင်း (၄၄) လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးပါ။ အိုအိုင်စီ (OIC) လို့ခေါ်တဲ့ အစ္စလမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Countries) ကိုယ်စားလှယ်များဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၄ရက်ကနေ ၁၆ ရက်နေ့အထိ လာရောက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများကို လေ့လာကြပါတယ်၊ အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်မစခင်မှာရော၊ ခရီးစဉ်ကာလအတွင်းမှာပါ မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ကို ပြည်သူလူထုက ဆန္ဒပြခဲ့ကြပါတယ်၊...

Read more »

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၇) – Aung Din

December 10, 2013
ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၇) – Aung Din

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၇) အောင်ဒင်၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၃ (ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၂၊ နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၃) ဒုတိယပင်လုံညီလာခံ တိုင်းရင်းသားအင်အားစုတွေ ဘယ်လိုပဲ အုပ်စုတွေကွဲကွဲ၊ ဘယ်လောက်ပဲ မူဝါဒတွေခြားနားပါစေ အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်ကတော့ ပင်လုံညီလာခံကဲ့သို့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကြီးတစ်ခုကို ကျင်းပပြီး တိုင်းပြည်ရဲ့ ပြဿနာများကို စုပေါင်းဆွေးနွေး ဖြေရှင်းဖို့ဖြစ်ပါတယ်၊ မြန်မာအစိုးရဘက်ကလည်း အဲဒီလို ညီလာခံကြီးကျင်းပပြီး နိုင်ငံရေးပြဿနာများဆွေးနွေးရေးကို မူအားဖြင့် သဘောတူပုံရပါတယ်၊ ဒီလို ညီလာခံကြီးကျင်းပပြီဆိုရင် ဘယ်သူတွေပါဝင်သင့်သလဲ ဆိုတဲ့အပေါ်မှာလည်း ယေဘူယျအားဖြင့် တူညီကြပါတယ်၊ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်ကော်မီတီ (WGEC) က ရေးဆွဲအဆိုပြုထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များမှာ “ပင်လုံပြည်ထောင်စုညီလာခံကြီးကို မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်မှ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်