မျက်မှောက်ရေးရာ

တူမောင်ညို ● ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးပါတီ

April 15, 2017
တူမောင်ညို ● ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးပါတီ

တူမောင်ညို ● ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးပါတီ (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇ စစ်အုပ်စုရဲ့ မဖုံးနိုင်မဖိနိုင်တဲ့ အာဃာတနဲ့ အညှိုးအတေးတွေထဲမှာ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေအပေါ်ထားရှိတဲ့ အာဃာတနဲ့ အညှိုးအတေးကလည်း တခုအပါအဝင်ဖြစ်ပါတယ်။ “ပါတီနိုင်ငံရေး” ဆိုတာ ယုတ်ညံ့တဲ့လုပ်ရပ်တစ်ခုသဖွယ်ဖြစ်သယောင် စစ်အုပ်စုက ပြစ်တင်ရှုံ့ချလေ့ရှိပြီး၊ မြင့်မြတ်တဲ့ “အ မျိုးသားနိုင်ငံရေး” ကိုတော့ သူတို့ကသာလျှင် လုပ်နိုင်တယ်လို့ အသလွတ်အချောက်တိုက်ဘဝင်မြင့်ပြီး ဝင့်ကြွားတတ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်က “ပါတီနိုင်ငံရေး” အပေါ် မလိုမုန်းထားတဲ့စစ်အုပ်စုရဲ့ မူလ သ ဘောထားကို “ပါတီနိုင်ငံရေးဆိုသည်မှာ မိမိပါတီအင်အားတောင့်ရေး၊ ပါတီ၏နိုင်ငံရေးအာဏာရရှိရေး၊ ရရှိပြီးသည့် အာ ဏာတည်မြဲရေးတို့ကို အစဉ်တစိုက်ဦးစားပေးနေရသည့်အတွက် အမျိုးသားနိုင်ငံရေးလမ်းကြောင်းမှ သွေဖည်မှုမျိုး၊ တခါ တရံ အမျိုးသားအကျိုးစီးပွားကို လျစ်လျူရှုမှုမျိုးရှိနိုင်ကြောင်း” ...

Read more »

လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး

April 15, 2017
လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး

လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇ ၂၀၁၆-ခုနှစ်-ဟာ ဂလိုဘယ်လာဇေးရှင်းအတွက်ကြမ္မာငင်တဲ့နှစ်လို့ပြောရမလားပဲ။ ဇွန်လ(၂၃) ရက်နေ့က အင်္ဂလန်မှာပြုလုပ်ခဲ့တဲ့-လူထုဆန္ဒခံယူပွဲမှာ ဥရောပသမဂွက ထွက်ဖို့ဘက် က အနိုင်ရလိုက်ပါတယ်။ ၀င်ဘာမှာ ကျင်းပတဲ့ အမေရိကန်သမတရွေးကောက်ပွဲမှာတော့ မမျှော်လင့်ပဲ ဒေါ်နယ်ထရန့် အနိုင်ရလိုက်ပါတယ်။ ဂလိုဘယ်လာဇေးရှင်းရဲ့အားနည်းချက်များရဲ့ ဂယက်ရိုက်ခတ်မှုကိုခံရတဲ့ပြည်သူ လူထုရဲ့ဒေါသကိုဖေါ်ပြလိုက်တာလို့လည်း ပြောနိုင်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်အတွင်းကျင်းပမှာဖြစ်တဲ့ ဥရောပနိုင်ငံကြီးတချို့ (ပြင်သစ်၊ဂျာမဏီ) ရဲ့ရွေးကောက်ပွဲများမှာလည်း – လက်ယာအစွန်းရောက် အင်အားစုများက မကြုံစဖူး အလားအလာကောင်းနေတာ မြင်တွေ့နေရပါတယ်။ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးရဲ့တညီတညွတ်တည်းရှိတဲ့ အိမ်မက်(၀ါ)လိုအင်ဆန္ဒကတော့ – – လူနေမှု ဘ၀မြင့်တက်ရေး – – လူချင်းတူတူ – သူချင်းမျှမျှနေထိုင်ရေး – – တနည်းပြောရရင်-တရားမျှတတဲ့ လူမှုဘ၀...

Read more »

ခေတ်ပြိုင်မြန်မာကဗျာအတွက် အစီအစဉ်တခု

April 13, 2017

ခေတ်ပြိုင်မြန်မာကဗျာအတွက် အစီအစဉ်တခု (မိုးမခ) ဧပြီ ၁၃၊ ၂၀၁၇ ကဗျာသမားတွေကို သတင်းပေးပါရစေ။ ခေတ်ပြိုင်မြန်မာကဗျာ နဲ့ ပတ်သက်တဲ့ အစီအစဉ်တစ်ခုပါ။ အထူးသဖြင့် လူငယ်ကဗျာဆရာတွေ အတွက် အရေးပါတဲ့ platform တစ်ခုဖြစ်ဖို့ ရည်ရွယ်ပါတယ်။ အဲဒါကတော့ ကဗျာစာအုပ် ထုတ်ပေးဖို့ အစီအစဉ်ပါ။ စာမျက်နှာ ၈၀ ဝန်းကျင် ကဗျာ စာအုပ်အတွက် submission ခေါ်ပါမယ်။ နိုင်ငံတကာက copper canyon စတဲ့ ကဗျာဖွံ့ဖြိုးမှု အတွက် နှစ်ရှည်လများ လုပ်လာတဲ့ စာအုပ်တိုက်များရဲ့ ရွေးချယ်မှု ပုံစံမျိုး ကို နမူနာယူပြီး ဆောင်ရွက်ပါမယ်။ submission အတွက် အသေးစိတ် guidelines တွေကိုတော့ သင်္ကြန်ပြီးမှ official page နဲ့...

Read more »

ထွန်းဝင်းငြိမ်း ● ကြားဖြတ်ရလဒ်၏ အချက်ပေးခရာသံ

April 11, 2017
ထွန်းဝင်းငြိမ်း ● ကြားဖြတ်ရလဒ်၏ အချက်ပေးခရာသံ

ထွန်းဝင်းငြိမ်း ● ကြားဖြတ်ရလဒ်၏ အချက်ပေးခရာသံ (မိုးမခ) ဧပြီ ၁၁၊ ၂ဝ၁၇ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂ သန်းကျော်ရှိခဲ့ပေမယ့် ပြည်သူလူထုရဲ့ စိတ်ပါဝင်စားမှု အားနည်းပြီး နိုင်ငံရေးပါတီတွေ ရဲ့ စည်းရုံးလှုပ်ရှားမှုတွေကလည်း နည်းပါးတာကို တွေ့ရှိရကြောင်း စောင့်ကြည့်လေ့လာရေး အဖွဲ့တွေရဲ့ ကနဦး အစီအရင်ခံစာတွေအရ သိရပါတယ်။ ဒီရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၉ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ပါတီ နဲ့ တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အာဏာရပါတီ NLD က သူယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် စုစုပေါင်း ၁၈ နေရာအနက် ၉ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ မွန်၊ ရှမ်း၊ ရခိုင်...

Read more »

ထက်ခေါင်လင်း (Myanmar Now) ● စီးပွားဖြစ် သစ်ခုတ်သူတို့ရန်ကို ရင်ဆိုင်နေရတဲ့ ရခိုင်ဒီရေတောများ

April 10, 2017
ထက်ခေါင်လင်း (Myanmar Now) ● စီးပွားဖြစ် သစ်ခုတ်သူတို့ရန်ကို ရင်ဆိုင်နေရတဲ့ ရခိုင်ဒီရေတောများ

 ထက်ခေါင်လင်း (Myanmar Now) ● စီးပွားဖြစ် သစ်ခုတ်သူတို့ရန်ကို ရင်ဆိုင်နေရတဲ့ ရခိုင်ဒီရေတောများ (မိုးမခ) ဧပြီ ၁၀၊ ၂၀၁၇ ရခိုင်ဒေသဒီရေတောကို ကာကွယ်သူတွေရှိသလို ပျက်စီးအောင်လုပ်သူတွေလည်း ရှိနေပါတယ်။ ကျိန္တလီ (Myanmar Now) – တံငါသည်ဆိုတာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကျေးလက် ဒေသတခုမှာနေထိုင်သူ တံငါသည် ဦးကျော်ဝင်းရဲ့ လုပ်ကိုင်နေတာကတော့ ငါးဖမ်းတာထက် ပိုပါတယ်၊ သူကြိုးစားပမ်းစာ လုပ်ကိုင်နေတဲ့နောက်ထပ် အလုပ်တခုကတော့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းပါပဲ။ မကျည်းငူကျေးရွာအုပ်စု၊ ကံငူကျေးရွာက  ၆၂ နှစ်အရွယ် ဦးကျော်ဝင်းဟာ ကျေးရွာအဆင့် ဒေသတွင်း ဒီရေတောကာ ကွယ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။ “ဒီရေတောတွေက ကျွန်တော်တို့ကို ထမင်းကျွေးနေတာ။ ဒါကိုထိန်းတာကြောင့် ငါး၊ ပုဇွန်၊...

Read more »

ဇော်အောင် (မုံရွာ) ● နေရောင်ခြည်စွမ်းအင်နဲ့ ထမင်းဟင်း မချက်ကြသည့်အကြောင်း …

April 8, 2017
ဇော်အောင် (မုံရွာ) ● နေရောင်ခြည်စွမ်းအင်နဲ့ ထမင်းဟင်း မချက်ကြသည့်အကြောင်း …

ဇော်အောင် (မုံရွာ) ● နေရောင်ခြည်စွမ်းအင်နဲ့ ထမင်းဟင်း မချက်ကြသည့်အကြောင်း … (မိုးမခ) ဧပြီ ၈၊ ၂၀၁၇ မီတာခဈေးတက်ရင် နေရောင်ခြည်သုံးပြီး ထမင်းချက်ကြမယ်၊ ဟင်းလည်းချက်လို့ရတယ်၊ မြင့်လွင် ကာလီဖိုးနီးယား (USA) ဆောင်းပါးကို ရုတ်တရက်ကြည့်ရင် အလွန်အားရစရာ ကောင်းပါတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့ အမေရိကန်၊ တရုတ်၊ ဗီယက် နမ်တွေမှာ နေရောင်ခြည်နဲ့ ထမင်းဟင်း မချက်ကြသလဲ မေးခွန်းကို ကျနော်ပဲမေးပြီး ကျနော်ပဲဖြေပါမယ်။ ကွဲလွဲမှုတွေ ပညာရှင်များအနေနဲ့ ရှိမှာပါ။ လက်တွေ့နဲ့ စာတွေ၊ ဓါတ်ခွဲခန်း အတွေ့တွေက အများကြီး ကွာခြားပါတယ်။ အမေရိကန်မှာ လျှပ်စစ်တယူနစ်ဈေးနှုန်းနဲ့ တရုတ်ပြည်ဈေးနှုန်း အတူတူလောက်ရှိပေမဲ့ ထမင်းဟင်းကို ဘာကြောင့် လျှပ်စစ်၊ ဂတ်စ် (ဓါတ် ငွေ့) နဲ့...

Read more »

အောင်ငြိမ်းချမ်း (Myanmar Now) ● ရခိုင်ဒေသ ပုဂ္ဂလိကသစ်တောအစီအစဉ်ကို ဒေသခံတို့ကန့်ကွက်

April 7, 2017
အောင်ငြိမ်းချမ်း (Myanmar Now) ● ရခိုင်ဒေသ ပုဂ္ဂလိကသစ်တောအစီအစဉ်ကို ဒေသခံတို့ကန့်ကွက်

အောင်ငြိမ်းချမ်း (Myanmar Now) ● ရခိုင်ဒေသ ပုဂ္ဂလိကသစ်တောအစီအစဉ်ကို ဒေသခံတို့ကန့်ကွက် (မိုးမခ) ဧပြီ ၇၊ ၂၀၁၇ ကျိန္တလီ (Myanmar Now) – ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်း သစ်မာစိုက်ခင်းလုပ်ကိုင်တဲ့ ပုဂ္ဂလိကကုမ္ပဏီတချို့ တော ရှင်း သစ်ခုတ်မှုကြောင့်  သစ်တောထွက်ပစ္စည်းရှားပါး၊  ရာသီဥတုပြောင်းလဲလာတယ်လို့ မကြာသေးခင်ကတွေ့ခဲ့ရတဲ့ ဒေသ ခံများက ပြောပါတယ်။ ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးကျောင်းကုန်းကျေးရွာမှာနေထိုင်တဲ့ ဦးစိန်ဝင်းက တောပြုန်းမှုနောက်ဆက်တွဲအဖြစ် သဘာဝ ဘေးအန္တရာယ်က လိုက်ပါလာတယ်လို့ ဆိုပါတယ်။  (ပုဂ္ဂလိက ကုမ္ပဏီတွေ ၂ဝ၁၅ ခုနှစ်အတွင်း လုပ်ပိုင်ခွင့်ရသွားတဲ့ထဲမှာ  ဒေသခံတွေရဲ့ အစုအဖွဲ့ပိုင် သစ်တောနယ်မြေတချို့  ပါဝင်သွားကြောင်း ရှင်းပြနေတဲ့   ကျိန္တလီမြို့နယ်ခွဲ၊ ဘိုကလေးကျောင်းကုန်းရွာမှ  ဒေသခံတဦး) “သူတို့ ခုတ်တာက ၂ဝ၁၄ မှာ စခုတ်တာ။...

Read more »

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သီးသန့်တွေ့ဆုံ မေးမြန်းခန်း

April 7, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သီးသန့်တွေ့ဆုံ မေးမြန်းခန်း

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သီးသန့်တွေ့ဆုံ မေးမြန်းခန်း (မိုးမခ) ဧပြီ ၇၊ ၂၀၁၇ Myanmar State Counsellor Office လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူဖော်ပြသည်။ British Broadcasting Corporation – BBC သတင်းဌာနမှ ထုတ်လွှင့်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား BBC သတင်းဌာနမှ သတင်းထောက် Fergal Keane က တွေ့ဆုံမေးမြန်းမှု (အင်္ဂလိပ်ဘာသာ) အား မြန် မာဘာသာသို့ပြန်ဆိုချက်နှင့် အတူဖော်ပြအပ်ပါသည်။ (Fergal Keane, BBC News) : ပြောင်းလဲမှုကိုပြောရမယ်ဆိုရင် သာမာန်ပြည်သူတွေရဲ့ဘဝမှာပေါ့၊ တောင်အာဖရိကမှာ တွေ့ကြုံခဲ့ရတဲ့ အခြေအနေမျိုးပေါ့၊ လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ရပ်အပြီး အာဏာရ လာတဲ့အချိန်မှာ စိတ်တိုင်းမကျဖြစ်တဲ့ အနေအထားမျိုးတွေရှိနေတယ်လို့ ခံစားမိပါသလား။ ပြည်သူတွေရဲ့ဘဝတွေပိုမိုကောင်းမွန်ဖို့ ဘာတွေများလုပ်ပေးပြီးပါပြီလဲ။...

Read more »

ဖြိုးသီဟချို (Myanmar Now) ● မူးယစ်ဥပဒေကြမ်းကို လေ့လာသူတို့ ကြိုဆို

April 7, 2017
ဖြိုးသီဟချို (Myanmar Now) ● မူးယစ်ဥပဒေကြမ်းကို လေ့လာသူတို့ ကြိုဆို

ဖြိုးသီဟချို (Myanmar Now) ● မူးယစ်ဥပဒေကြမ်းကို လေ့လာသူတို့ ကြိုဆို (မိုးမခ) ဧပြီ ၇၊ ၂၀၁၇ ရန်ကုန် (Myanmar Now) – မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပ ဒေကြမ်းတွင် အားသာချက်များပါဝင်သည့်အတွက်  ကျေနပ်ဖွယ်ဖြစ်ကြောင်း မူးယစ်ဥပဒေစောင့်ကြည့်လေ့လာသူတို့က  သုံးသပ်နေကြသည်။ မတ်လ ၁၉ ရက်နေ့က နိုင်ငံပိုင် သတင်းစာများတွင်  ဖော်ပြလိုက်သော ဥပဒေကြမ်းကိုဖတ်ရှုပြီး ယင်းသို့ သုံးသပ်ကြခြင်း ဖြစ်သည်။ ၂ဝ၁၆ နှစ်ကုန်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်ကမ်းဘေးတနေရာတွင် မူးယစ်ဆေးသုံးသူတို့ စွန့် ပစ်ထားသော ဆေးထိုးပြွန်နှစ်ခု (ဓာတ်ပုံ – အောင်ငြိမ်းချမ်း/Myanmar Now) မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး (ဗဟို) မှ စီမံကိန်း...

Read more »

တူမောင်ညို ● ဘာသာ၊ သာသနာမှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့် “ဝီရသူ”

April 6, 2017
တူမောင်ညို ● ဘာသာ၊ သာသနာမှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့် “ဝီရသူ”

တူမောင်ညို ● ဘာသာ၊ သာသနာမှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့် “ဝီရသူ” (မိုးမခ) ဧပြီ ၆၊ ၂၀၁၇ ဖတ်ဖူးတာကြာပါပြီ၊ ဇာတကဝတ္တုတပုဒ်ထဲကပဲဖြစ်မှာပါ။ အတိအကျတော့မမှတ်မိတော့ပါဘူး။ မှတ်မိသလို အတိုချုပ် ရေးသားလိုက်ပါတယ်။ တခါက လယ်သမားတဦးဟာ သူ့စပါးတွေကို ကြွက်တကောင်က နေ့စဉ် ကိုက်ဖောက်စားသောက်နေတဲ့အတွက် ပူပန် သောက ရောက်နေရပါတယ်။ ဒါနဲ့ အဲဒီကြွက်သောင်းကျန်းကို ထောင်ချောက်ဆင်ပြီးဖမ်းဆီးပါတယ်။ ဖမ်းမိတဲ့အခါ တခါထဲ သတ် မပြစ်ဘဲ ကြွက်ရဲ့အမြှီးမှာ အဝတ်စကို ချီပြီး မီရှို့ကာ လွှတ်လိုက်ပါတယ်။ ပူလွန်းလို့ ကြွက်လည်း ပြေးမိပြေးရာပြေးရင်း လယ်သမားရဲ့ စပါးကျီထဲကို ဝင်ပြေးတဲ့အတွက် စပါးကျီတခုလုံး မီးလောင်ပြာကျရတဲ့အဖြစ်ကို ဆိုက်ရောက်သွားရပါတယ်။ အခုလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) နဲ့ ဒီချုပ်အစိုးရအနေနဲ့လည်း သင်္ကန်းဝတ် “ဝီရသူ”...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်