စာပဒေသာ

တင်မိုး – သာဓုခေါ်ဖို့ စောင့်မျှော်ပါ အမေ

June 24, 2017
တင်မိုး – သာဓုခေါ်ဖို့ စောင့်မျှော်ပါ အမေ

တင်မိုး – သာဓုခေါ်ဖို့ စောင့်မျှော်ပါ အမေ (မိုးမခ) ဇွန် ၂၄၊ ၂၀၁၇ မောင်စွမ်းရည်ရဲ့ အမေ ဆုံးရှာချေသတဲ့။ အညာနွေအပူဒဏ်ကို အမေ မခံနိုင်ရှာတော့ဘူး မောင်စွမ်းရည်ရဲ့ အမေ ငါ့ အမေပဲပေါ့။ အမေမှန်သမျှ ကျေးဇူးအနန္တ အဝေးက ဦးချပါတယ်။ အမျှဝေပါတယ်။ ကန်ဆင့်နဲ့မြင်းခြံ ချောက်အတန်တန် အခေါက်ခေါက် အပြန်ပြန် ရန်ကုန်ရောက် မန္တလေးရောက် အလှမ်းဝေးလွန်း စခန်းဝေးလွန်းလို့ မန္တလေးဟိုဘက်ကိုတော့ မရောက်နိုင်ရှာ သားပျောက်လို့ အမေရှာ ဝေဒနာတွေ သံယောဇဉ်တွေ ပဲတီပင် အချဉ်ပေါက်သလို ဟိုကပေါက် သည်ကပွား အမေ့မှာ သောကများရှာရဲ့။ ထန်းတောကြား ပဲပင်၊ နှမ်းပင်ကြားက မနားတမ်း၊ တလှုပ်လှုပ် မပူရုပ်နဲ့ လူလုပ်နေရှာသတဲ့ အမေ အခုတော့ နားချေပြီ။...

Read more »

ဆောင်းယွန်းလ ● ပင်လယ်ကိုပစ်လို့ အဝီစိရှာခြင်း

June 24, 2017
ဆောင်းယွန်းလ ● ပင်လယ်ကိုပစ်လို့ အဝီစိရှာခြင်း

ဆောင်းယွန်းလ ● ပင်လယ်ကိုပစ်လို့ အဝီစိရှာခြင်း (မိုးမခ) ဇွန် ၂၄၊ ၂၀၁၇ ပြဿနာကို မီးခွက်ထွန်းရှာတဲ့ ခေတ်ဟာကုန်သွားတော့ မီးခွက်ကို ပြဿနာထွန်းရှာနေရတဲ့ ခေတ်ကိုရောက်လာတယ်။ ပြေပြေလည်လည်ပြောလေ ပိုပြီးမပြေမလည်ဖြစ်နေတဲ့ ကမ္ဘာမှာ တရာတန်တရွက်ကျပျောက်လို့ ငုံ့ရှာရင် ဖုန်းစုတ်ကလေးပါ ကျပျောက်တာ မဆန်းတော့။ အိပ်မပျော်တဲ့ ညတွေကို ကျေညက်အောင် မထွန်ယက်နိုင်တဲ့အခါ လူကြီးလူကောင်းဆိုသူတို့ရဲ့ တိုက်နဲ့ကားကြီးတွေပေါ်မှာ အိပ်မက်ဟာ ဖုန်မှုန့်ကလေးအဖြစ်တောင် မကပ်နိုင်ပါ။ ငွေထိုးရင်း လေလျော်ခံရတဲ့ စိတ်ကူးတွေထဲမှာလည်း အဝတ်အစားတွေ မပြောင်ယောင်နိုင်တော့။ မဲမဲမြင်ရာကို ပစ်ရမယ်ဆိုရင် မဖြောင့်တန်းတဲ့ စနစ်ကို ပစ်ချင်သလို အောင့်နမ်းနေရတဲ့ အချစ်ကိုလည်း ပစ်ချင်တယ် မကောင်းတဲ့ ချောင်းနဲ့ မစစ်တဲ့ မြစ်ကိုလည်း ပစ်ချင်ပေါ့။ ပင်လယ်ပြာရှာသော်လည်း ကမ္ဘာအလီလီတိုင်သည်အထိ မတွေ့မိ။ ရှေ့ပြော နောက်ကြည့်နေရတဲ့...

Read more »

မင်းကိုနိုင် ● ညီမလေးကို ထိန်းတဲ့နေ့

June 23, 2017
မင်းကိုနိုင် ● ညီမလေးကို ထိန်းတဲ့နေ့

မင်းကိုနိုင် ● ညီမလေးကို ထိန်းတဲ့နေ့ (မိုးမခ) ဇွန် ၂၃၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ ကြည့် … ဟိုမှာ နွေနှောင်းစံပယ်တွေ လုပ်ပုံ မိုးဦးမြင်ရုံနဲ့ ညဝတ်စုံတွေ ဖရိုဖရဲ အိပ်ရာထဲထား ဒုန်းပြေးသွားကြတာ။ လာ…ညီမလေး ဖားကလေးတွေလို တို့လည်းမိုးရေချိုးကြမယ် အမေဆူမယ်..လား နွေမှာ သားပိုက်ကောင်တွေ၊ ဆောင်းမှာ နှံကောင်လေးတွေ ဒီလိုပဲ ခုန်ဆွ ခုန်ဆွ လုပ်ကြတာ “ကျန်းမာရေးအတွက်” လို့ ပြောလိုက်မှာပေါ့။ လူဟာ… ကုက္ကိုပွင့်တွေလို၊ လဲမှို့ပွင့်တွေလို သတ္တိကောင်းဖို့လိုတယ်လို့ ကိုကို ထင်တယ်ကွ။ ကြည့်…ဟိုမှာ သူတို့အမြင့်ကြီးတက်ပြီး လေထီးခုန်ကြတယ်လေ၊ ခရေတွေဆို ခုန်ချရင်း မြေကြီးကို ရေမွှေးတောင် ဆွတ်ပေးသွားသေး။ ဒီထင်းချောင်းဟာ နန်းတော်ဟောင်းရဲ့ ခေါင်မိုးကွ၊ သူပြောပြတာက...

Read more »

ကျော်ထင် ● သရက်သီးမှည့်တွေ ပေါလိုက်တာ

June 22, 2017
ကျော်ထင် ● သရက်သီးမှည့်တွေ ပေါလိုက်တာ

ကျော်ထင် ● သရက်သီးမှည့်တွေ ပေါလိုက်တာ (မိုးမခ) ဇွန် ၂၂၊ ၂ဝ၁၇ “မြောက်စူးစူးကို သွားပါလား၊ ပဒေသာပင်တွေပေါက်ရောက်ရာ၊ အပြန်မှာ ကြုံရင် အဗ္ဗန္တရ သရက်သာယူခဲ့ပါ” ဆိုတာ စိုင်းထီးစိုင် ဆိုတာမဟုတ်လား။ သီချင်းစာသားတွေကိုတော့ သိပ်မမှတ်တော့ဘူး။ သီချင်းတွေနဲ့ဝေးနေတာကြာပြီ။ လမ်း သွားရင်းနဲ့ သီချင်းညည်းမယ့်စိတ်ပေါ်ရင်တောင် ဖျောက်ဖျက်ပစ်ပြီး မြင်တာမမြင်တာတွေအားလုံးကို မေတ္တာပို့ကြည့်ပစ် တာ။ ရွတ်တာချင်းအတူတူ ဒါက တေဇောမီးကို မတောက်စေဘူးလေ။ ဒီလိုရွတ်ဖို့ကျတော့ အစမှာ တော်တော်အား ထုတ်ရတယ်။ ရွတ်ဆိုဖို့လေးနေတတ်တယ်။ ရွတ်ဖြစ်အောင်ရွတ်လိုက်တဲ့အခါကျတော့ ရင်ထဲမှာ အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး။ တကယ် ကို ငြိမ့်တဲ့ပီတိ။ အစကတော့ ခက်တာပေါ့လေ။ စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်ကြတာမဟုတ်လား။ ဘယ်လို ဖြစ်ဖြစ် မကောင်းတာတွေထဲကတော့ ကြိုးစားပြီးထွက်ရမှာပဲ။ ဒီအတွေးအမြင်နဲ့ပဲ...

Read more »

တင်လတ်ကို- မရည်ရွယ်ပါဘူး

June 22, 2017
တင်လတ်ကို- မရည်ရွယ်ပါဘူး

KT# တင်လတ်ကို- မရည်ရွယ်ပါဘူး  (မိုးမခ) ဇွန် ၂၂၊ ၂၀၁၇ ရည်လည်းမရည်စူး  ရွယ်လည်း မရွယ်ဖူးပါဘူး  မရည်ရွယ်ခဲ့ပါဘူးကွာ။  စာတလုံးကအစ  တုတ်ကိုင် ဓားကိုင် သေနတ်ကိုင်တဲ့အထိ  အစစအရာရာ  ငါ သတိထား  ငါ သိထားပါတယ်။  မရည်ရွယ်ခဲ့ပါဘူး  ငါ့ကြောင့် ငါးတကောင်  ချိတ်စာမမိပါဘူး  ငါ့ကြောင့် ငှက်တကောင် လေးခွစာမထိပါဘူး  ငါပြောတယ်  ငါပြောတာ နားစိုက်ပေးပါ  မရည်ရွယ်ပါဘူး  ငါ့​ကြောင့်​ ကမ္ဘာစစ်ကြီး  ငါ့​ကြောင့်​ များပြားလှတဲ့စစ်ဘေးရှောင်  ငါ့​ကြောင့်​ အစာရေစာ ငတ်မွတ်ခြင်း  ငါ့​ကြောင့်​ ချစ်သူတို့ဝေးကွာမှု  စိတ်ချ ဘာတခုမှမဖြစ်စေရ ငါမရည်ရွယ်ကြောင်း  ဒီလိုပြောမယ် စိတ်ကူးထားပါတယ်။ ။  ၂၀၁၀ No tags for this post.

Read more »

ဇာနီကြီး ● စာရိတ္တမဏ္ဍိုင် (တရားဥပဒေစိုးမိုးရေး)

June 22, 2017
ဇာနီကြီး ● စာရိတ္တမဏ္ဍိုင် (တရားဥပဒေစိုးမိုးရေး)

ဇာနီကြီး ● စာရိတ္တမဏ္ဍိုင် (တရားဥပဒေစိုးမိုးရေး) (မိုးမခ) ဇွန် ၂၂၊ ၂ဝ၁၇ ဦးကိုနီ ပဉ္စမမြန်မာနိုင်ငံတော် (စာပေဟောပြောပွဲ၊ စင်ကာပူ ၂ဝ၁၅) ဒိအကြောင်း ဗွီဒီယိုကို နားဆင်သူအမြောက်အများ။ ပြန်ရေးကြသူအမြောက်အများပါ။ ရှုဒေါင့်အမြင်တခုနဲ့ ရေးပါမယ်။ * ပထမမြန်မာနိုင်ငံတော် ဘုရင်ခေတ်၊ သီပေါမင်းပါတော်မူခြင်းနဲY အဆုံးသပ်ပါတယ်။ * ဒုတိယမြန်မာနိုင်ငံတော် အင်္ဂလိပ်ကိုလိုနီခေတ်၊ ၁၉၄၈ ဗီုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးနဲ့အဆုံးသပ်ပါတယ်။ * တတိယမြန်မာနိုင်ငံတော် ဒီမိုကရေစီခေတ်ဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံခေတ် ဖြစ်ပေပါတယ်။ ခေါင်းဆောင်များမညီညွတ်မှုကို အခွင့်ကောင်းယူပြီး စစ်တပ်ခေါင်းဆောင်တစ်ဦးက အခွင့်ကောင်းယူ၊ အာဏာသိမ်းခြင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီအ ကြောင်းကိုပဲ ဦးကိုနီက အလေးပေးပြောဆိုမှာ ဖြစ်ပါတယ်။ * စတ္တုထမြန်မာနိုင်ငံတော် စစ်အာဏာရှင်များ အုပ်ချုပ်တဲ့ခေတ်ဖြစ်ပါတယ်။ အားလုံးသိပြီးပါပြီ။ စစ်အာဏာရှင်ကြီးက စနစ်တကျအာဏာလွှဲပေးပြီး၊ ၂ဝ၁၅...

Read more »

လှကျော်ဇော ● ၂၁ ရာစု ပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ (အပိုင်း-၂)

June 22, 2017
လှကျော်ဇော ● ၂၁ ရာစု ပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ (အပိုင်း-၂)

လှကျော်ဇော- ရာစုပိုးလမ်းမကြီးအကြောင်းသိကောင်းစရာများ အပိုင်း(၂)။ (မိုးမခ)၊ ဇွန် ၂၂၊ ၂၀၁၇ ပိုးလမ်းမကြီးဆိုင်ရာသမိုင်းအချက်အလက်များ။ ၂၁ ရာစုပိုးလမ်းမအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်-ဖွင့်ပွဲကို ၂၀၁၇ခု မေလ (၁၄) ရက်နေ့က ပီကင်းမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ တရုတ်သမ္မတရှီကျင့်ဖင်က အဖွင့်မိန့်ခွန်း ပြောရာမှာ- ပိုးလမ်းမရဲ့သမိုင်းကြောင်းက အစချီပြီး ဒီလိုပြောခဲ့ပါတယ်။ …… တရုတ်လူမျိုးများရဲ့ဘိုးဘွားဘီဘင်များဟာ ရှေးနှစ်ပေါင်း(၂၀၀၀)ကျော်ကစလို့ တောတွေတောင်တွေ သဲကန္တာရ တွေကိုဖြတ်ပြီး အာရှ-ဥရောပ-အာဖရိကတို့ကို ဆက်စပ်ပေးတဲ့(ကုန်းတွင်း)ပိုးလမ်းကြီးကို ဖွင့် လှစ်ပေးခဲ့တယ်။ တခါ အရှေ့ဘက်ကမ်းရိုးတန်းများကနေပြီး သဘောင်္များရွက်လွှင့်ကာ သမုဒ္ဒရာတွေကို ဖြတ်ပြီး အနောက်ဘက်အာဖရိက အရှေ့ဘက်ကမ်းခြေများအထိပေါက်ရောက်တဲ့ ရေလမ်းကြောင်း ပိုး လမ်းမကြီးကိုလည်း တည်ဆောက်လမ်းဖွင့်ခဲ့ကြပါတယ်။…. …… အဲဒီလမ်းကြောင်းကြီးတွေကနေ ရှေးတရုတ်လူမျီုးကုန်သည်များဟာ လမ်းခရီးတလျှောက် အပြန် အလှန်ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းများသာမက ယဉ်ကျေးမှုဆိုင်ရာအယူအဆတွေ၊ အတွေးအခေါ် တွေ၊...

Read more »

နေသွင် ● ငါဟာ ကျီးတကောင်

June 22, 2017
နေသွင် ● ငါဟာ ကျီးတကောင်

နေသွင် ● ငါဟာ ကျီးတကောင် (မိုးမခ) ဇွန် ၂၂၊ ၂၀၁၇ ငါ့အတောင်တွေ မဟူရာရောင်တောက်တောက် ငါ့အသံက “အာတာတာ” ငါဟာ ကျီးကောင်စစ်စစ် ပုံပြင်ထဲကလို ဒေါင်းယောင်ဆောင်မထားဘူး၊ “ဘုတ်”ကို မြှောက်တဲ့ကျီးနဲ့တော့ မျိုးစိတ်ချင်းကွဲတယ်၊ ငါတို့တခေတ်လုံး အမှောင်ဖုံးလို့ ငါ့အတောင်တွေ နက်ပြောင်နေတာဆန်းသလား ကျီးလန့်စာ စားတဲ့ခေတ်မှာ ငါ့အသံတွေ ပြာနှမ်းနေတာဆန်းသလား၊ သိုးဆောင်းစကားပုံထဲကအတိုင်း ငါတို့ဟာ အတူနေတယ် အတူစားတယ် အတူ “အာ” ပြီး အပြန်အလှန်တာဝန်ခံကြတယ်၊ ငါတို့ဟာ အရွယ်တူ တန်းတူ ကိုယ့်အသိုက်ကိုယ်ဆောက်ပြီး ကိုယ့်အစာ ကိုယ်သုတ်ရတယ်၊ ကြီးနိုင်ငယ်ညှဉ်းလုပ်ကြတဲ့ တောရိုင်းယဉ်ကျေးမှုထက်တော့သာတယ်၊ အပြိုင်အဆိုင် ထိုးသုတ်တဲ့အလုပ်က ငါတို့ နားတွေကို အကဲဆတ်နေသလို အားတွေကို သစ်လွင်နေစေတယ် “ကျီးကျတဲ့ခေတ်” မှာ ကျီးဖြစ်လာတဲ့ကောင်ပီပီ ငါ့နှုတ်သီးဟာ...

Read more »

ေ အ ာ င္ ေ ၀ း – အ ေ မ့ ယ ာ

June 21, 2017
ေ အ ာ င္ ေ ၀ း – အ ေ မ့ ယ ာ

Than Htay Maung  ေ အ ာ င္ ေ ၀ း – အ ေ မ့ ယ ာ  (မိုးမခ) ဇွန် ၂၁၊ ၂၀၁၇ ရွာပြင် မိုးချုပ်၊ ခွေးသားအုပ်။ ခွေးအုပ် ထိုးဟောင်၊ မိုး လရောင်။ မိုး လရောင်၊ ရိုး တောင်ခြေရင်း။ အဘိုး မာပါစေ၊ အဘွား သာပါစေ၊ ယာအခြေ၊ မြေနူးနူးမှာ ကောက်ဦးနံ့သင်း။ ။ (ဇွန် ၁၉၊ ၂၀၁၇) No tags for this post.

Read more »

စိုးနေလင်း ● ကိုယ်တိုင်းကျပ်တဲ့ အရေခွံ

June 21, 2017
စိုးနေလင်း ● ကိုယ်တိုင်းကျပ်တဲ့ အရေခွံ

စိုးနေလင်း ● ကိုယ်တိုင်းကျပ်တဲ့ အရေခွံ (မိုးမခ) ဇွန် ၂၁၊ ၂၀၁၇ မြစ်ကရောင်ပြောင်းတောက် အင်္ကျီသစ်နဲ့ တဆစ်ချိုး ကကြိုးအပြောင်းမှာ ဇာတ်ကောင်စာရင်းအရ အပြစ်ရှာလိုသူ ဝံပုလွေတကောင် တောကြောင် ဖားဖားတသိုက်နဲ့ တိမ်းစောင်းသွားတဲ့မြားလမ်းကြောင်းတလျှောက် လွင့်မြောက် လေပူဖောင်းတို့ တိုးဝှေ့ ရှေ့မှာ…. ဗေဒါကြပ်တဲ့ ကောင်းကင်…ပျပျ တစွန်းတစမျှသာ။ ဇာတိသွေး ဇာတိမာန် ခေါင်းပေါင်းကို ဆောင်းချင်သူတွေကလည်း တရဲရဲ ချောက်ထဲကျလုတဲတဲ အခြေအနေရောက်ဖို့သာ မုတ်ဆိတ်မှာ ပျားတွေစွဲပါပေါ့။ ဟောဒီ မြစ်ရိုး အသီးသီးမှာတော့ လျှော့ရင်းပြတ်ခဲ့ရတဲ့ စွန်တွေလည်း ခြာလည်ဝဲကတော့ထဲ မနည်းတော့။      ။   No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်