ကဗျာ

နရီမင်း- အသည်းကွဲဟိုတယ်

March 29, 2017
နရီမင်း- အသည်းကွဲဟိုတယ်

  နရီမင်း- အသည်းကွဲဟိုတယ် (မိုးမခ) မတ် ၂၉၊ ၂၀၁၇ ဓားသွားလို ထက်​မြက်​တဲ့ စကားလုံးတွေနဲ့ နှလုံးသားကို ဓားနဲ့ မွှန်းပြီး မင်း ထွက်​သွား ပိတ်လိုက်တဲ့ တံခါးက ငါ့အသည်းကို ခွဲပစ်ခဲ့။ မင်း ဖွင့်ထားခဲ့တဲ့ မီးလုံးတွေ စစ်ကြောရေးဝင်နေသလို မဖြေနိုင်တဲ့ ​မေးခွန်းတွေ မေးနေဆဲ။ တ​ခုတည်းသော ကြည့်စရာ လှောင်ပြောင်နေတဲ့ မျက်နှာကျက်အောက်မှာ ငါဟာ ဂုဏ်​သိက္ခာမဲ့သွားတဲ့ လူတယောက်ပါ။ အဆုံးတင်ပစ်ခဲ့တဲ့ အဲကွန်းကြောင့် အိပ်ရာခင်းက အေးစက်လွန်း ခေါင်းအုံးတလုံးက စိုရွှဲ​နေပြီး နောက်တလုံးက ပိုင်ရှင်မဲ့လို့။ စားပွဲပေါ်မှာတော့ မင်း ဖောက်သောက်ခဲ့တဲ့ ဘီယာဘူးခွံတွေနဲ့ စားလက်စတန်းလန်း ကြာဇံပြုပ်ပန်းကန်က ဇာတ်လမ်းကို ဆက်ရေးဖို့ ကြိုးစားဆဲ။ နံရံတွေရဲ့ ရယ်သံတွေအကြား မင်းရဲ့ စွဲချက်များနဲ့...

Read more »

တင်လတ်ကို- ဇာတ်လမ်းတပုဒ်

March 28, 2017
တင်လတ်ကို- ဇာတ်လမ်းတပုဒ်

KT#  ဇာတ်လမ်းတပုဒ် တင်လတ်ကို မတ်၂၄၊ ၂၀၁၇ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှာန်း ပေးဖို့ကနေ ခု ငြိမ်းချမ်းရေးပေးပါအထိ ပေးဖို့အရေး ပေး ပေး ပေး ပေးအထူးပြု ဇာတ်လမ်းတွေ။ ငါ့ဖိနပ် ပြန်ပေး ငါ့ကိုးကွယ်မှု ပြန်ပေး ငါ့လယ်ယာ ပြန်ပေး ငါ့မိသားစု ပြန်ပေး နားထောင်ကြည့်စမ်းပါ ပေးဖို့ အော်နေသံများပါပဲ။ ပေးကားပေး၏မရ မဟုတ်လို့ မျက်နှာမသစ်မီ အိပ်ရာမသိမ်းမီ ပေးဆိုမှပေး တို့တေးတွေ။ ပေးသံသရာ ပေးကမ္ဘာထဲ နစ်တော့ ပေးဖို့သည်သာ ကြွေးကြော်သံ။ ကမ္ဘာမှာ နေ့ထူးနေ့မြတ်တွေ ပြန်ကြည့် ပေးဖို့ တောင်းဆိုတိုက်ပွဲဝင်ရာကနေ ဖြစ်လာတာမဟုတ်လား။ ကမ္ဘာမှာ ဥပဒေတွေ ကြေညာချက်တွေ ထိုနည်းလည်းကောင်းပါပဲ။ ကိုယ့်မြေ ကိုယ့်ဥစ္စာ ကိုယ့်ကိုယ်ပိုင် မဟုတ်ဘဲ ဆုပ်ကိုင်ထားရအောင်...

Read more »

သျှင်မျိုးငယ် – အပြင်းစားထိချက်

March 28, 2017
သျှင်မျိုးငယ် – အပြင်းစားထိချက်

  သျှင်မျိုးငယ် – အပြင်းစားထိချက် (မိုးမခ) မတ် ၂၈၊ ၂၀၁၇ ကျည်ဆံတွေဟာ သိပ်စည်းကမ်းမဲ့လွန်းမနေဘူးလား။ကျည်ဆံတစ်ချက်ထိမှန်တိုင်း ငါတို့မြို့ကလေးဟာ ဒဏ်ရာအပြင်းအထန်ရလို့။ ကျည်ဆံတွေ လေထဲမှာ နေရာအနှံ့ သွေးနံ့သင်းနေတဲ့နေ့စွဲတွေဟာ မကောင်းဆိုးဝါးပဲ။ ခေါင်းတွေကို ထိုးပေးထားလိုက်တယ် ကျည်ဆံတွေဟာ ပစ်မှတ်ကို ဘယ်လိုသိသလဲ… ဒါဟာ ငါ့အတွေးသက်သက်ပါ…။ ။ Tags: သျှင်မျိုးငယ်

Read more »

မြတ်လှိုင်း ● ငါ့ကောင်းကင် နီရဲနေတဲ့ည

March 27, 2017
မြတ်လှိုင်း ● ငါ့ကောင်းကင် နီရဲနေတဲ့ည

မြတ်လှိုင်း ● ငါ့ကောင်းကင် နီရဲနေတဲ့ည (မိုးမခ) မတ် ၂၆၊ ၂၀၁၇ငါတို့၊ အခုမှောင်မည်းနေတဲ့ညကို မုသားပွဲခင်းကိုကြည့်ဖို့ လမ်းလျှောက်ထွက်ခဲ့တယ် အိမ်ကထွက်ကတည်းက ဖိနပ်မှားစီးတော့ ဘယ်တရံ ညာတဖက် ကို့ရို့ကားယား သမိုင်းတုတွေနဲ့အတိတ်ဟာ ကွေ့ကောက်နေတဲ့လမ်းမကြီး ပစ္စက္ခကို မလုံ့တလုံ ဘယာစီယာကာပြီး၊ အတိအလင်းမြူဆွယ်နေတယ်။အမှန်တရားဟာ ကျည်ဆန်တတောင့်နဲ့ ကျဆုံးသွားတယ် ဒီပြဇာတ်ကိုဘယ်သူရေးတာလဲ ဇာတ်သိမ်းခန်းမရောက်ခင် ရဲတွေရောက်လာပြီး သဲလွန်စတွေပျောက်ကွယ်သွားတဲ့မြို့တော် နောက်တခေါက်ပြန်ကြည့်တော့လဲ လူကြမ်းတွေရယ်နေကြတယ် နေပြည်တော်မှာကန့်အသွင်းခံနေရတဲ့၊ လူလိမ္မာပြပွဲ တိတ်တဆိတ်နဲ့ မာစီးဒီးအိပ်မက်မက်ရင်း ကယောင်ခြောက်ခြား နိုင်ငံတော်သီချင်းကို ကပေါက်ချိကပေါက်ချာဆိုလိုက်ကြတုန်း ညာနိုင်သမျှညာသံပေးနေကြတုန်း။ ကာစစ်လား ထိုးစစ်လား ဗျူဟာမြောက်တိုက်ပွဲကိုတိုက်ရင်း၊ ဒီ တိုက်ပွဲမှာ နပိုလီယံတွေနိုင်တယ် မကျရှုံးခင်အထိနိုင်တယ်၊ အဘိဓမ္မာကျမ်းဟာ ထင်းအဖြစ်မီးရှို့ခံလိုက်ရတယ်။ ခေတ်ကြီးက လေတိုက်နေတယ်၊ မီးဟုန်းဟုန်းတောက်ဖို့ ငါ့ကောင်းကင်ပေါ်မှာ မီးခိုးငွေ့တွေနဲ့ နီရဲနေလို့။      ။...

Read more »

ဂျိုဇော်- ချက်ကြီး

March 25, 2017
ဂျိုဇော်- ချက်ကြီး

 ချက်​ကြီး ဂျိုဇော် (MoeMaKa) မတ် ၂၅၊ ၂၀၁၇   ချက်​ကြီး အသက်​ကြီးပြီ… ထညက်​မီး ထ​နောင်း​ခေါက်​ ​သောက်​လို့​ကောင်းတုန်း ။     ဇနီး၊ သမီး၊ သား​ကြောင့်​ အမြည်းစားနိုင်​တာကိုပဲ သူကြီးဘုရားတည်​ရသလို ။     စာလည်းမတတ်​ ရွာလည်းမကပ်​နဲ့ နတ်​ဝှက်​တဲ့ ​ရွှေအ လို ဘာဆိုဘာမျှမသိ ။     အစိတ်​သား မသိ။ ၂၁ ပင်​လုံ မသိ။ ၆၆(ဃ) မသိ။ မူးတုန်း ​မေးကြည့်​ ဗိုလ်​ချုပ်​​တော့သိသတဲ့။ ဗိုလ်​ချုပ်​သမီး​တော့သိသတဲ့။     သူ့လက်​သန်း မင်​တို့​တော့ နင်​တို့အ​ဖေ ငါဟဲ့ အကွက်​ထဲတည့်​တည့်​ချိန်​ လက်​ငြိမ်​ခဲ့တဲ့ ချက်​ကြီး။    ...

Read more »

အာကာဦး-ငါတို့ သွေးတွေပေခဲ့ရတယ်

March 25, 2017
အာကာဦး-ငါတို့ သွေးတွေပေခဲ့ရတယ်

KT#  ငါတို့ သွေးတွေပေခဲ့ရတယ် အာကာဦး မတ် ၂၄၊ ၂၀၀၇ “မကျေနပ်ရင်အော်ဟစ်လိုက်ကြအေး သေနတ်သံကတော့ထွက်လာမှာနော်”ဒီဇာတ်လမ်းဟာကြမ်းခန်းတွေနဲ့အပြည့်မှောင်နေတဲ့ညဟာလူငယ်တယောက်ကိုဆွဲခေါ်သွားတော့ကျန်ခဲ့တဲ့မိသားစုခမျာအဲဒီညထက်ပိုမှောင်တယ်သားကအမေ့ကိုစိတ်ပူတယ်အမေကစနစ်ကိုစိတ်ပူတယ်။သွေးရဲရဲလမ်းပေါ်လျှောက်တော့ကျောင်းကန်တင်းက စကားလက်စုံတွေကိုထားခဲ့ရဖတ်လက်စ စာအုပ်ထူထူကိုထားခဲ့ရဘဝထဲက ချစ်သူကိုထားခဲ့ရ။တွင်းနက်ကြီးရဲ့နှုတ်ခမ်းကိုအမှန်တရားလို့ခေါ်ပြီးအဲဒီအမှန်တရားပေါ် ရွက်ကုန်ဖွင့်တဲ့အခါ၁၀ ပေပတ်လည်အခန်းကျဉ်းထဲသက်တမ်းနုလက်ကလေးရဲ့လက်ထိပ်တွေဟာ အစိမ်းသေသေတယ်။လွှင့်ထူထားတဲ့နိုင်ငံတော်အလံဟာလည်းအစိမ်းသေသေတယ်။ပျောက်ရှခဲ့ရတဲ့နေ့တွေမှာလူမမယ်သေးတဲ့လူရွယ်တွေရဲ့ဆေးဟာနိုင်ငံတော်ရဲ့ဒဏ်ရာကို ကုစားလို့။ကျောင်းလမ်းမကြီးပေါ်ကလက်ချင်းချိတ်ထားတဲ့လက်တစုံကိုဆွဲဖြဲလိုက်တဲ့အောက်တန်းစားအမိန့်တွေဟာသမိုင်းခေတ်ပေါ်ဖြတ်ပြေးတယ်။ ကြယ်တွေမစုံတော့ဘူးမှောင်နေတဲ့အခန်းထဲထောင်နေတဲ့အင်္ကျီကော်လံလေးပေါ်ကပ်ပါလာတဲ့ချစ်သူရဲ့ကိုယ်သင်းနံ့လေးတဖြည်းဖြည်းပျောက်ကွယ်လို့။အက်ကွဲခဲ့တဲ့ခန္ဓာကိုယ်ပေါ်လူကြီးမင်းတွေရဲ့တုတ်ချက်တွေကယုံကြည်ချက်ကိုအခါခါချေဖျက်တော့အခါခါပြန်ထိုးထွက်လာတဲ့ယုံကြည်ချက်ဟာနဖူးပေါ်က သွေးစေးတွေကိုလက်သည်းမရှိတော့တဲ့လက်နဲ့ပြန်သပ်ဟောဒီတိုင်းပြည်ရဲ့အနာဂတ်အတွက်နုပျိုခြင်းတွေနဲ့ခရီးရှည်ချီတက်ခဲ့တယ်ပေါ့။       အာကာဦး Tags: စမ်းတင်ခြင်း

Read more »

ေ အာ င်ေ ဝး ● မ တ် လ ( ၂ ၃ ) ရ က်

March 23, 2017
ေ အာ င်ေ ဝး ● မ တ် လ ( ၂ ၃ ) ရ က်

ေ အာ င်ေ ဝး ● မ တ် လ ( ၂ ၃ ) ရ က် (မိုးမခ) မတ် ၂၃၊ ၂၀၁၇ အဖိုးရဲ့မွေးနေ့မှာ အဖိုးအတွက် စိုးရိမ်မိတယ်။ အခု အဖရဲ့လက်ကို ပြန်ကိုက်နေကြပြီ။ အဖိုးရဲ့မွေးနေ့မှာ ငြိမ်းချမ်းရေးကို တမိတော့။ “ဆားနဲ့ပဲ စားတော့မယ်” ဆိုပြီး လွတ်လပ်ရေးနတ်သမီးဟာ ကိုလိုနီခေတ်ကြီးထဲ ပြန်ဝင်သွားတယ်။ ဟောင်သံတွေ ကြားမှာပေါ့ ။    ။ ေ အ ာ င္ ေ ဝ း No tags for this post.

Read more »

အောင်မော်ဦး ● ဂျနီဖာရယ် ကျနော်ရယ် အတူတူ ရယ်ခဲ့ကြတယ်

March 22, 2017
အောင်မော်ဦး ● ဂျနီဖာရယ် ကျနော်ရယ် အတူတူ ရယ်ခဲ့ကြတယ်

အောင်မော်ဦး ● ဂျနီဖာရယ် ကျနော်ရယ် အတူတူ ရယ်ခဲ့ကြတယ် (မိုးမခ) မတ် ၂၂၊ ၂၀၁၇ “အာဏာရှင်ကလည်း မှားတယ်” “တော်လှန်ရေးကလည်း မမှန်ဘူး”တဲ့ သူက ပြောရင်း ရယ်တယ် ကျနော်သိပ်ချစ်တဲ့ နှုတ်ခမ်းလေးတွေကွေးလို့ အသံထွက်အောင် ရယ်တယ် ကျေးဇူးပြုပြီး ပွဲစားတွေရဲ့စကား ငါ့ လာမပြောပါနဲ့ မရဘူး ရယ်မြဲရယ်နေတယ် ကျနော်စွဲမက်တဲ့ ရှိုက်ကြီးဖိုငယ်တွေ သိမ့်သိမ့်ခါလို့ အထိန်းအချုပ်မဲ့ ရယ်တယ် ဒီလို သူ့ဆံနွယ်တွေ ဖွာရရာလွင့်လာတိုင်း ခုလိုပဲ ဆွံ့အနေလေ့ရှိတဲ့ကျနော် ဒီတခါလည်း သူရယ်နေတာလေးကိုပဲ ငေးလို့။ သူတို့ကမ္ဘာက လှေခါးကြီးတွေ မတ်မတ်လာသလောက် ကျနော်တို့ကမ္ဘာက ချောက်ကမ်းပါးကြီးတွေ နက်နက်လာတယ်တဲ့ ဒီတခါ သူ့ရယ်သံထဲမှာ လှောင်ရယ်သံကလေး ပါလာတယ် စိတ်လိုလက်ရ ရယ်နေပုံများ ပါးအို့ကလေးများတောင် ရဲလို့...

Read more »

ခင်လွန်း – “ကမ္ဘာကြီရေ … ကဗျာနေ့မှာ ငါ ကဗျာမရေးတော့ဘူး”

March 22, 2017
ခင်လွန်း – “ကမ္ဘာကြီရေ … ကဗျာနေ့မှာ ငါ ကဗျာမရေးတော့ဘူး”

ခင်လွန်း – “ကမ္ဘာကြီရေ … ကဗျာနေ့မှာ ငါ ကဗျာမရေးတော့ဘူး” (မိုးမခ) မတ် ၂၂၊ ၂၀၁၇ ကဗျာတွေလဲ ဖတ်မနေတော့ပါဘူးကွာ တော်လှန်ရေးမှ မအောင်ဘဲ ကဗျာတွေလဲ စပ်မနေတော့ပါဘူးကွာ တော်လှန်ရေးလို့ပြောရင် ငပေါဖြစ်တာပဲ နိုင်ငံရေးလို့ပြောရင် ငပေါဖြစ်တာပဲဒါပေမဲ့ ကွမ်းယာစားသလိုပေါ့ကွာ ပါးချောင်ထဲ ငုံထားလိုလဲ ငုံထား သွားနဲ့ ဖိဝါးချင်လဲ ဝါး သွားဖုံးကြားထဲညှပ်နေရင် လက်ညှိုးထိုးသွင်းပြီး ကော်ထုတ်ချင်လဲကော်ထုတ် ပါးစပ်က လှုပ်နေမှကွ နှုတ်ခမ်းက ရဲနေမှကွ ကဗျာအကြောင်းပြောကြတာပေါ့ နီစရာ ရဲစရာ ရှိလဲ နှုတ်ခမ်းကိုသာကြည့်လိုက် ငါဟာ ရဲရဲနီသပေါ့ ပြီးတော့ ထွေးထုတ်လိုက်တယ်ကွာ လမ်းပေါ်ပစ်ခနဲ ထွေးထုတ်လိုက်တယ်ကွာ ကဗျာအကြောင်းပြောကြတာပေါ့ နိုင်ငံရေး တော်လှန်းရေးလား တဲ့ နှုတ်ခမ်းကိုကြည့်ပေါ့ ငါ့ပါးစပ်က ရဲလို့ စင်ပေါ်တက်လဲ...

Read more »

အောင်ဝေး – သံ လွ င်ေ န ၀ င် ချိ န်

March 21, 2017
အောင်ဝေး – သံ လွ င်ေ န ၀ င် ချိ န်

အောင်ဝေး – သံ လွ င်ေ န ၀ င် ချိ န်  (မိုးမခ) မတ် ၂၁၊ ၂၀၁၇ တိမ်မည်းကြီးကြောင့်။ တိမ်မည်းကြီးကြောင့်။ မဟုတ်ပါဘူး။ ဒီနေ၀င်တာ အငုံ့ စိတ်ကြောင့်ပါ။ ။ေ အာ င်ေ ၀း (မတ် ၁၉- ၂၀၁၇) (Photo credit – https://picjumbo.com/category/abstract/)  No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်