ကဗျာ

(၈၈) လက်သီးဆုပ်များရဲ့ ရာဇဝင်မြောက် အမိန့်  (Kyaw Home)

August 7, 2012
(၈၈) လက်သီးဆုပ်များရဲ့ ရာဇဝင်မြောက် အမိန့်   (Kyaw Home)

(၈၈) လက်သီးဆုပ်များရဲ့ ရာဇဝင်မြောက် အမိန့်  ကျော်ဟုန်း၊ သြဂုတ် ၇၊ ၂၀၁၂ ပြောကြရမယ်ဆိုရင် ဒီလက်သီးဆုပ်တွေက ပုဆိုးခြုံ ထမီခြုံထဲက ပြခဲ့တာမဟုတ်ဘူး၊ အာဏာရှင်သေနတ်ပြောင်းထွက်တဲ့ ကျည်ကြား ပြခဲ့တဲ့ ရဲရင့် လက်သီးဆုပ်တွေ။ ရှစ်လေးလုံးဆိုတဲ့ ၈-ရက်၊ ၈-လ၊ ၈၈ ဟာ နုနယ်တဲ့ လက်သီးဆုပ်တွေ လေထဲမြှောက်ရင်း ဟစ်ကြွေးခဲ့တဲ့ ကျောင်းသား၊ ပြည်သူတွေရဲ့ အသံဟုန် ဧရာဝတီမြစ်ဝှမ်းကနေ မေခ-မေလိခ အထက်ဆန် တနှင်္တရိုး ဖြိုးမောက်သွားခဲ့တယ်။ ရန်ကုန်မြစ်မှ ပင်လယ်ဆီ လှိုင်းထန် ပင်လယ်မှ သမုဒ္ဒရာများစီး မုန်တိုင်းဖြစ် တံတိုင်းခတ်ထားမရ ကြားစေခဲ့တဲ့ (ဒို့ အရေး) ဒီမိုကရေစီ ရရှိရေး (ဒို့ အရေး-ဒို့ အရေး)။ ရှေ့ နောက်တောင်မြောက် အရပ်ရပ်ကမ္ဘာက...

Read more »

တယောပြားလေး ပေါ်မှာ အားလုံးရှိတယ် (Khin Aung Aye)

August 7, 2012
တယောပြားလေး ပေါ်မှာ အားလုံးရှိတယ်  (Khin Aung Aye)

တယောပြားလေး ပေါ်မှာ အားလုံးရှိတယ် ခင်အောင်အေး၊ သြဂုတ် ၇၊ ၂၀၁၂ ကမ္ဘာလောကထဲ အူဝဲလို့ စတင်လိုက်တဲ့ အသံတွေ သိန်းသန်း ကုဋေမက ရှိတယ် ကလေးဘ၀ကတည်းက ဇာတိပြတဲ့ အနာဂတ် အာဇာနည်တွေရှိတယ် တယောပြားလေး ပေါ်မှာ အားလုံးရှိတယ် တပွင့်ချင်းပွင့်တဲ့ သာမင်ညောင်ည ပန်းက အစ တခဲနက် ပန်းခင်းကြီးတွေအားလုံးရဲ့ ပွင့်အာသံတွေ ရှိတယ် အသက်နဲ့ချိန်စက်ပြီး ယုံကြည်ချက်လည်ဖြတ်ဓါးစက်ပေါ်တက်ကာ အမှန်တရားနဲ့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေအကြောင်း မနားတမ်း အော်ပြောတဲ့သူတွေရှိတယ် တယောပြားလေး ပေါ်မှာ အားလုံးရှိတယ် ငေးကြောင်နေတဲ့ မင်သက်မိနေသူတွေပေမယ့် သတိဝင်လာတဲ့အခါ စကားလုံး စာသားတွေနဲ့ ခေတ်ကို ကိုင်လှုပ်ပစ်လိုက်တာတွေရှိတယ် ကော်ဖီတစ်ခွက်ရဲ့ နှုတ်ခမ်းအစပ်ပေါ်မှာ လွန့်လူနေတဲ့ အငွေ့တွေရှိတယ် ၀ါးရွက်ကလေး တရွက်ပေါ် နေခြည်ခ, တဲ့အခါ...

Read more »

သင်ဘာပြောမလဲ သြဂတ်စ် (Thet Khaing)

August 6, 2012
သင်ဘာပြောမလဲ သြဂတ်စ် (Thet Khaing)

သင်ဘာပြောမလဲ သြဂတ်စ် သက်ခိုင်၊ သြဂုတ် ၆၊ ၂၀၁၂ ဒီမယ်သြဂတ်စ်ရဲ့ သေချာတယ်ကွဲ့ ဇနပုဒ်က မိခင်ထောင်သောင်း သားအလောင်းရှာခဲ့တဲ့ဇတ်လမ်း သင့်မှတ်တမ်းထဲမှာရှိတယ်။ နီစွေးဖွေးကြွ ခွပ်ဒေါင်းဘဝနဲ့ မတရားမှုကိုပြိုင်တု ငါတို့ အနိုင်လုခဲ့တာလဲသိမယ်။ စာသင်သံ တိုးတိတ် ထောင်နံရံမှာ တိုးကြိတ် ဒီလို လူငယ်တွေ ပိုးအဆိပ်ခံရတာလည်း ရှိတယ်။ မိကွဲဖကွဲ ဒီဘဝထဲ သင်ကဆက်လျှောက် အခုဆို (၂၄)နှစ်ရောက်ခဲ့ပြီ။ လွမ်းလိုက်တာ အခုချိန်ထိ လူတွေက တမ်းမှန်း မတူသူတွေက ဗြဲလရမ်း အော် … ပူပင်စရာတွေက သန်းဂဏန်းနဲ့ပါလားကွယ်။ ဒီမယ်သြဂတ်စ်ရဲ့ မိုးစက်ကြား ကျည်ဆံရော သွေးအစက်စက်တွေ ပေတရာမှာမျော အဲဒါ သင်ဘာပြောမလဲ။ (photo – 88 Generation Students – facebook...

Read more »

Okay Linn – ဆုတောင်း

August 5, 2012
Okay Linn – ဆုတောင်း

အိုကေလင်း – ကဗျာ၊ သြဂုတ် ၅၊ ၂၀၁၂ (ကမ္ဘာတခြမ်းစီ ဆုတောင်း) No tags for this post.

Read more »

မိုးမခမင်း (ကမာပုလဲ)

August 5, 2012
မိုးမခမင်း (ကမာပုလဲ)

 Ko Oo + Ma Thandar Design သား မင်းကို မင်းအဖေက မိုးမခမင်း လို့ အမည်ပေးခဲ့တယ် …။ သူလည်း သူ့ အဖေ အမေ ကိုယ်စား မိုးမခပင်တွေနဲ့ ကြီးပြင်းခဲ့ရတာ …။ သား မင်း စကား စ ပြောတော့ ‘အရေးကြီးပြီ ညီနောင် အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့’ တဲ့ …။ ဘဝ အပူတွေလည်းငြိမ်းခဲ့ ကိုယ့် ရွေးချယ်ရာလမ်းကိုလည်း ကိုယ်အမှန်အတိုင်းမြင်ခဲ့ ဆီ ဆန် ဆား ငြုပ် … ချို့တဲ့ ဘဝ ပြဿနာ သားရဲ့ ပြုံးစစ မျက်နှာမှာ လက်ဝါးကလေး နဖူးမှာကပ် အလေးပြုနေတဲ့ စတိုင်က …။ ညီမကလေး...

Read more »

ပျံ သန်း နေ တဲ့ မြစ် ၊ စီး ဆင်း နေ တဲ့ ငှက် (Aung Way)

August 4, 2012
ပျံ သန်း နေ တဲ့ မြစ် ၊ စီး ဆင်း နေ တဲ့ ငှက် (Aung Way)

POEM FOR NYC  24th 8888 DAY ပျံ သန်း နေ တဲ့ မြစ် ၊ စီး ဆင်း နေ တဲ့ ငှက် အောင်ဝေး၊ သြဂုတ် ၄၊ ၂၀၁၂ (ကျား) ပျံသန်းနေတဲ့မြစ်။ (မ) စီးဆင်းနေတဲ့ငှက်။ (ကျား) စီးဆင်းနေတဲ့ငှက်။ (မ) ပျံသန်းနေတဲ့မြစ်။ (ကျား) ကျနော်တို့  စခဲ့ကြတယ်။ (မ) ကျမတို့  စခဲ့ကြတယ်။ (ကျား) ကျနော်တို့  စခဲ့ကြတယ်။ (မ) ကျမတို့  စခဲ့ကြတယ်။ (ကျား) ရှစ်လေးလုံးက၊ စ၍စီးဆင်း၊ မြစ်တစင်း။ (မ) ရှစ်လေးလုံးက၊ စ၍ပျံသန်း၊ ငှက်ရဲ့ လမ်း။ (ကျား)...

Read more »

အဖွင့်တီးလုံး (ကမာပုလဲ)

August 3, 2012
အဖွင့်တီးလုံး (ကမာပုလဲ)

 Ko Oo + Ma Thandar Design မုဆိုးတို့ ဆူးကြောက်တဲ့အခါ သားကောင် ဝေဒနာကင်းတယ် …။ ငါးမျှားသူ စိတ်ကစဥ့်ကလျား ဖြစ်တဲ့အခါ ငါးကလေးတွေ … သူတို့အန္တရာယ် သူတို့ မြင်နိုင်တယ် …။ ငှက်ခတ်သမား စိတ်လက်မရှည်တဲ့အခါ ငှက်ကလေးတွေ ငြိမ်းချမ်းတေးကို ဆိုနိုင်တယ် …။ ထောင်ချောက်ကိုမှ တိုးချင်လှတဲ့ သားကောင် မာယာကမ်းခြေပေါ်မှာ ပျော်ချင်ရှာတဲ့ ငါး ဘဝရဲ့ တောင်ပံတစုံကိုမှ ရွှေချချင်တဲ့ ငှက်ကလေး …။ အဲဒီ ဆင်ဖိုနီတေးသွား ခြောက်ခြားစရာ သိပ်ကောင်းတယ် …။ ။ ကမာပုလဲ ဇူလိုင် ၃၁၊ ၂၀၁၂။ ၂၃း၂၉ No tags for this post.

Read more »

ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် (Naing Oo Nyo (Po Zero)

August 2, 2012
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် (Naing Oo Nyo (Po Zero)

နိုင်ဦးညို(ဖိုးဇီးရိုး)၊ သြဂုတ် ၁၊ ၂၀၁၂ ညီညွတ်ခြင်းရဲ့ ရှစ်ဆယ့်ရှစ် ပြောင်းလဲခြင်းရဲ့ ရှစ်ဆယ့်ရှစ် တော်လှန်ခြင်းရဲ့ ရှစ်ဆယ့်ရှစ် ဝေဒနာများနဲ့ ရှစ်ဆယ့်ရှစ် ဒဏ်ရာများနဲ့ ရှစ်ဆယ့်ရှစ် ရှစ်ရက်ရှစ်လ ရှစ်ဆယ့်ရှစ် လွန်ခဲ့တဲ့ နှစ်ဆယ့်လေးနှစ်က ဗမာ့သမိုင်းမှာ ရာဇဝင်တွင်ခဲ့တယ် ၊ ဘဝတွေ ဘဝတွေ ရှင်သန်နေတဲ့ ဘဝတွေ အိမ်မက်ထဲက ဘဝတွေ ရည်ရွယ်ချက်ထဲက ဘဝတွေ မျှော်လင့်ချက်ထဲက ဘဝတွေ ဘဝတွေ ဇောက်ထိုးမိုးမျှော် ဘဝတွေ အမှောင်ဖုံးလွှမ်း ဘဝတွေ ဝေဝါးထွေပြား ဘဝတွေ ချည်တိုင်မဲ့သွား ဘဝတွေ လမ်းလွဲလေလွင့် ဘဝတွေ ပျက်စီးကြေကွဲ ဘဝတွေ ကျိုးပဲ့ပျောက်ဆုံး ဘဝတွေ တဆစ်ချိုးကွေ့ ဘဝတွေ ချုပ်နှောင်ခံရ ဘဝတွေ ရိုက်သတ်ခံရ ဘဝတွေ ချိုးဖျက်ခံရ ဘဝတွေ...

Read more »

မူ (Kama Pale)

August 1, 2012
မူ (Kama Pale)

မူ (ကမာပုလဲ) from Ko Oo + Ma Thandar by Ko Oo တပွင့်တည်းပဲ … ငယ်ကထားခဲ့ အသက်ပေး ရေးဆက် ဆိုခဲကတိ သစ္စာစကားတွေ ပျက်သုဉ်းပျောက်ကွယ်သွားတဲ့အခါ …။ သူ့ ဦးခေါင်းထက် … သွေးပျက် သရဖူ။ ခေတ်ကြီး တခုလုံး မှောင်နေရာမှ … မှောင်အတိကျသွား ဆံမြိတ်မပြေခင် … ပန်းတို့ အစိမ်းကြေ ။ ။ ကမာပုလဲ ဇူလိုင်၊ ၂၀၁၂ No tags for this post.

Read more »

ကဗျာရဲ့ မြှုပ်ထားတဲ့ အသံတသံ (Khin Aung Aye)

August 1, 2012
ကဗျာရဲ့ မြှုပ်ထားတဲ့ အသံတသံ (Khin Aung Aye)

ခင်အောင်အေး၊ ဇူလိုင် ၃၁၊ ၂၀၁၂ ငါ့ကဗျာတွေမှာ အ, နေတဲ့ အသံတသံပါရှိတယ် အ, နေတယ်ဆိုပြီး ပါတယ်လို့လဲ ပြောတယ် ရှိတယ်လို့လဲပြောတယ် ငါ ဟာ င့ါစကားနွားရ ပြောတတ်သူလား ငါ့နွားဆီကက ငါ ဘာစကားရမလဲ ငါ့မှာ နွားတစ်ကောင်မှ မရှိဘူး ငါ ကိုယ်တိုင်လဲ နွားသိုးတစ်ကောင်မဟုတ်ဘူး ငါ နွားမဟုတ်ဘူးကွ လို့ ငါ့ ဘ၀မှာ တခါမှ မပြောခဲ့ဖူးဘူး (သူများတွေ ပြောတာ ခဏခဏကြားဖူးတယ်) နွားအော်တဲ့ အသံကို ဘွတ်အဲ လို့ စာထဲမှာရေးတာ မှတ်သားစရာ အဖြစ်သိရတယ် ကဗျာထဲက အသံဟာ နွားအော်သံတခု မဟုတ်တာတော့အသေအချာပဲ ကဗျာထဲမှာ အသံတွေ တော်တော်စုံစုံလင်လင် ရှိနိုင်တာပဲ တိရစ္ဆာန်အသံတွေလည်း ရှိမှာပဲ ဒါဆို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်