ကဗျာ

မျှော်လင့်ချက်နဲ့ မနက်ဖြန်

October 27, 2012
မျှော်လင့်ချက်နဲ့ မနက်ဖြန်

ဇော်ထက် (ပျဉ်းမနား) အောက်တိုဘာ ၂၇၊ ၂၀၁၂ ညကလေးရယ် အိပ်စို့ကွယ်လေ ပျောက်ဆုံးနေတဲ့ မျှော်လင့်မှုရဲ့ နေ့ရက်များ အတူအတူသွားရှာစို့လား။မြစ်နဒီရယ် မနားနဲ့ကွယ်လေ ပိတ်ဆို့လေမယ့် ငွေရဲ့ သားကောင်များ အတူတူသနားစို့လား။ဟိုတောင်ရိုးရယ် အားတင်းပါကွယ်လေ လှိုက်စားနေတဲ့ ၀ိသမဆိုတဲ့ပိုးများ တစ်နေ့တော့ ပျောက်သွားရမှာပေါ့။ မြိုင်တောညိုရယ် မငိုနဲ့ကွယ်လေ ပျောက်သွားလေတဲ့ မင်းရဲ့ ဝတ်ရုံများ ဘယ်သူယူသွားရက်ခဲ့ကြတာလဲ။ လယ်ကွင်းလေးရယ် အားမငယ်နဲ့ကွယ်လေ ငိုချင်နေရှာမယ့် စိမ်းစိုနေတဲ့ပန်းချီကား ငါတို့အားပေးကြစို့လား။ မုန်တိုင်းပြီးရင်တော့ လေပြေနှော့နှော့ လာတော့မှာမို့ အားမလျော့လို့ကွယ် ညကလေးရယ် မြစ်နဒီရယ် ဟိုတောင်ရိုးရယ် မြိုင်တောညိုရယ်နဲ့ လယ်ကွင်းလေးရယ် နံနက်ခင်းမယ် နိုးထကြစို့ကွယ်လေ မိုးသောက်နေထွက် မျှော်လင့်ချက်ရဲ့ရောင်ခြည်များ အတူတူကစားကြမယ်လေ။  ။ သရုပ်ဖော်ပုံအား ဤနေရာမှ ယူပါသည်။ No tags for this...

Read more »

ဖူးပွင့်ဝေဆာ သီရိမင်္ဂလာ

October 27, 2012
ဖူးပွင့်ဝေဆာ သီရိမင်္ဂလာ

လင်းဝံသ အောက်တိုဘာ ၂၆၊ ၂၀၁၂ ၂၀၀၂ ခု အစပြုခဲ့တဲ့ သာယာလှစွာ ပေါ့တလန်မှာ သီရိမင်္ဂလာ ကျောင်းတော်သာကို တည်ထောင်ပြုစု ယခုဆိုလျှင် ဆယ်နှစ်အတွင်းမှာ အမျိုးဘာသာ သာသနာနှင့် လူငယ်ယဉ်ကျေးမှု အခြေပြုလို့ အောင်မြင်မှုတွေ လှမ်းခဲ့ပြီ။ ယခုအခါ ကျောင်းတော်သာမှာ စိတ်ရှည်ဇွဲသန် သည်းညည်းခံ ပြုရန်သာသနာ ဆရာများမိန့်မှာ လင်္ကာအတိုင်း ဦးဆောင်ဦးရွက် ပြုလျှက်ရှိတဲ့ ဦးသီရိန္ဒ အမည်ရသည့် ထေရအကျော် ဆရာတော်၏ စွမ်းစွမ်းတမံ ဆောင်ရွက်ဟန်ကြောင့် နာပျော်ဖွယ်ရာ ပေါ့တလန်မှာ ဘုရားကျောင်းကန် တရားသံနှင့် ကောင်းမှုသံတွေ ပေါင်းစုညံကာ ဒါနတွေလည်း လွှမ်းခဲ့ပြီ။ သီလတွေလည်း ရွှမ်းခဲ့ပြီ။ ဘာဝနာတွေလည်း မွှမ်းခဲ့ပြီ။ သာသနာ့အမွေ ခံယူစေဖို့ ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ ဖြူစင်စွာနှင့် သံသရာဝဋ် ကျွတ်လွတ်ခြင်းငှါ...

Read more »

ေ သွး စု တ် ဖု တ်ေ ကာ င်

October 23, 2012
ေ သွး စု တ် ဖု တ်ေ ကာ င်

ခင်လွန်း အောက်တိုဘာ ၂၃၊ ၂၀၁၂   လေထဲမှာသွေးညှီနံ့ နားထဲမှာ တော်လဲသံ ငါတို့ကမ္ဘာ ဂြိုဟ်ပြာကြီးဟာ ရန်ဂြိုဟ်ထဲက ရုန်းမထွက်နိုင်တော့ဘူး။ သေနတ်ကိုပိုက်ရင်း သူပုံပြော စစ်ပွဲများရပ်ဖို့လိုပြီ စစ်ပွဲများချက်ချင်းရပ် စစ်ပွဲများအလိုမရှိ သေနတ်မောင်းခလုပ်ပေါ်က လက်ညှိုးမကွေးလိုက်ခင် သူပုံပြော စစ်ဆန့်ကျင်ရေး လက်ညှိုးတကွေး မောင်းခလုပ်ပေါ်က လက်ညှိုးတကွေး ငြိမ်းချမ်းရေး စစ်ဥဿုံကင်းမဲ့တဲ့ငြိမ်းချမ်းရေး ထာဝရငြိမ်းချမ်းရေးတဲ့..။ ငြိမ်းချမ်းရေး ဒါဟာ မက်လုံးလား ပျက်လုံးလား စစ်ဟာ ရပ်တန့်မသွားခဲ့ဘူး စစ်ဟာ တိုးပွားရင်းသာ တိုးပွားလာခဲ့ အဲဒီ့သွေးစုတ်ဖုတ်ကောင်ကြီးဟာ ကမ္ဘာတခွင်လုံး လျှောက်သွားနေပြီ ထိန်းမနိုင်သိမ်းမနိုင်လျှောက်ပြေးနေပြီ ဆီးရီးယားမှာ လက်ဘနွန်မှာ အာဖဂန်မှာ ဆူဒန်မှာ မာလာလာရဲ့ ဦးခေါင်းခွံထဲမှာ ငါတို့အိမ်ခေါင်းရင်းမှာ ငါတို့ထမင်းအိုးထဲမှာ သွေးသံတရဲရဲ ငါတို့ခြောက်အိပ်မက်ထဲမှာ အဲဒီ့ သွေးညှီနံ့ဟာ ပွက်ခနဲကျလာတဲ့ ငါ့နှလုံးသားကလား...

Read more »

ချ င်း တွ င်းေ ခါ် သံ

October 22, 2012
ချ င်း တွ င်းေ ခါ် သံ

အောင်ဝေး အောက်တိုဘာ ၂၂၊ ၂၀၁၂   အို…ချင်းတွင်း သင့်မြင်းတွေ ပြင်းပြင်းစီးဆင်းပါစ။ ဟိုး…တောင်ရိုင်းပေါ်က ဒုန်းစိုင်းချလာ ကဗျာတွေ၊ မုန်တိုင်းတွေ ဒါ ငါတို့ရဲ့ အရိုင်းခေါ်သံတွေ သင့်ရဲ့မြင်းတွေလည်းဖြစ်ရဲ့ ။ ချင်းတွင်းရဲ့ ငါက ကဗျာဆရာဆိုတော့ ငါ အရင်ဆုံးတီးခတ်ရမယ့် ဗုံသံက ငါ့ ကဗျာဆရာတွေရဲ့ ရင်အုံပဲ။ လူယဉ်ကျေးတွေက ချစ်ခြင်းမေတ္တာကို တယောပေါ်တင်ကြသတဲ့ ငါတို့ အရိုင်းအစိုင်းတွေကတော့ ဗုံပေါ်တင်ကြသပေါ့။ မာယာကော့ဖ်စကီးရဲ့ သင့်ရဲ့ ကဗျာဟာ ငါတို ရဲ့ကဗျာပါပဲ။ ဟောဒီမှာ ငါတီးခတ်လိုက်မယ် သလ္လာဝတီဗုံသံ။ အာဖရိကန်ဗုံသံလိုညံမယ် သလ္လာဝတီဗုံသံ။ ချင်းတွင်းရဲ့  ဒီမြေမှာ၊ ဒီကဗျာဆရာတွေ ခေတ်တစ်ခေတ်ထူထောင်ခဲ့ကြ။ ပျဉ်းမနား တောင်ငူ သလ္လာ ဒီကဗျာခေတ်တွေ ဘယ်သူငြင်းမလဲ။ မောင်သင်းခိုင်တို့ ကလည်း...

Read more »

ပန်းချီ … နှစ်

October 21, 2012
ပန်းချီ … နှစ်

ကမာပုလဲ အောက်တိုဘာ ၂၁၊ ၂၀၁၂ ကိုယ့်ရင်ဘတ်တောင် စွယ်တော်ရွက်လို နှစ်မွှာချိတ်ဆက်ထားရသေးတာ တဖက်နဲ့ တဖက် မေ့မယ်ကြံရင် ပြန်ပြန် ငဲ့ကြည့်နေရတာမျိုး … ။ စိတ်မချလို့ မဟုတ်ပါဘူး ဒဏ်ရာနဲ့ စားနေကျ ၀မ်းစာ ချစ်သူနဲ့ မုန်းသူ အလွမ်းနဲ့ ဥပေက္ခာ တလှေတည်း စီးခဲ့ကြပေမဲ့ လမ်းခွဲသွားတဲ့ လားရာကိုယ်စီများ …။ နီးခြင်းနဲ့ ဝေးခြင်းကို မျက်ဝန်းရဲ့ ကြည့်နိုင်စွမ်းနဲ့ တိုင်းတာလို့ ရနိုင်တာမျိုးမှမဟုတ်တာ … ပြည်သူကို သိချင်တယ် တိုင်းနိုင်ငံတွေ အကြောင်းကိုသိချင်တယ် ဘ၀ကို သိချင်တယ် အနုပညာကို သိချင်တယ် ချစ်ချင်းမေတ္တာတရားကို အသေအချာသိချင်တယ် …။ အမေက ညည မအိပ်ခင် စာတွေပဲ ဖတ်ခိုင်းခဲ့တယ် အဖေကတော့ မအိပ်ခင် တိတ်တိတ်ကလေး...

Read more »

မနန်းခင်ဇေယျာသို့

October 20, 2012
မနန်းခင်ဇေယျာသို့

သက်ခိုင် အောက်တိုဘာ ၂၀၊ ၂၀၁၂ မြန်မာ့အပြုံး ကမ္ဘာတခုလုံး အုံးအုံးကျွတ်ကျွတ် နှလုံးလှပ်အောင်ပေါ့ …. ….. ….. …. ….. ယှဉ်ပြ ဆင်ပြလိုက်ပါ ညီမလေးရေ။ မြန်မာဆိုတာ ကမ္ဘာကိုပတ် အသပြာအတွက် နေ့ကုန်ညစုံ အလုပ်လုပ် အဲဒီလို အရိုးထုတ်ခဲ့ရပေမယ့် ပီသ ကြည်မြ လူပီသတဲ့အလှ တို့ဗီဇမှာရှိတယ်။ မျိုးအဆက်ဆက် အမှောင်ဖုံး စစ်မြေပြင်ထက် အချိန်ဖြုန်း အဲဒီလို ဆုံးရှုံးခဲ့ရပေမယ့် လေပြေအသော့ ရွှေရင်မော့ အော်ဟစ်သီကြွေး ဒါ မြန်မာ့သွေးဖြစ်မယ်။ မြန်မာတို့ရဲ့ဒေါင်း ပြည်သူတွေရဲ့ လအကြောင်း ကမ္ဘာကိုတင်ပြ ဘဝင်ကျပါရစေ ညီမလေးရယ်။ မြန်မာ့အပြုံး ကမ္ဘာတခုလုံး အုံးအုံးကျွတ်ကျွတ် နှလုံးလှပ်အောင်ပေါ့ …. ….. ….. …. ….. ယှဉ်ပြ...

Read more »

မသုဉ်းတဲ့ … သုံး

October 19, 2012
မသုဉ်းတဲ့ … သုံး

ကျော်ဟုန်း အောက်တိုဘာ ၁၉၊ ၂၀၁၂ လတ်ဆတ်တဲ့ လေပြေ ငါ့တို့ရဲ့ နှာသီးဖြားက ဝင် စက္ကန့် မလပ် လေရှုတိုင်း မလတ်ဆတ်တဲ့ မျိုးကွဲ များစွာခွဲ၊မျက်လုံးဖွင့်ကြည့် ခံစားမိအတိုင်း ဆိုဝံ့ချိန်၊ မျက်လုံး စုံမှိတ်ပြီး ခံစားချက်မဲ့ ဇွတ်ငြင်းချိန်၊ မျက်လုံးရော နှလုံးသားပါဖွင့် ခံယူချက်အတိုင်း ကျူးရင့်ချိန်၊ စက္ကန့်မလပ် လေရှုတိုင်း အယူအဆတို့ကွဲ အဓိပ္ပါယ်ဖွင့်ဆို လွဲ၊ သင်္ချာတပုဒ်အတွက် အဖြေဆိုတာ တခုတည်းရှိ ခံစားချက်ကြ သင်္ချာမဟုတ် အဖြေဟာ တခုတည်းမရှိ၊ ဘယ်ဟာ မှားသလဲ ဘယ်ဟာ မှန်သလဲ ရေများ ရေနိုင် မီးများ မီးနိုင် ဒီအယူအဆတောင် စိတ်လှည့်ဖွက် ပြိုင်ဆဲ…၊ မင်းနဲ့ ငါ ငါနဲ့ သူ သူနဲ့ မင်း...

Read more »

တကယ်တော့ မင်းကိုနိုင်၏ ရွှေရတု

October 19, 2012
တကယ်တော့ မင်းကိုနိုင်၏ ရွှေရတု

ကျော်သူ အောက်တိုဘာ ၁၉၊ ၂၀၁၂ တကယ်တော့ … ခံစားမှုဟာအာဏာရှင်တွေ ပေါ်ပေါက်လာစေနိုင်သလို သွေးမျိုးဆက်သစ်တွေ ပေါ်ပေါက်လာစေခဲ့တယ်။တကယ်တော့ … ပေါက်ကွဲမှုဟာစည်းလုံးမှုကို ပြိုကွဲစေသလို ညီညွတ်မှု ပင်လုံဧရာဝတီစိတ်ဓါတ်ကို မွေးဖွားနိုင်စေခဲ့တယ်။တကယ်တော့ … ရဲရင့်မှုဟာကမ္ဘာမြေကြီးကို သွေးချောင်းစီးစေနိုင်သလို မဟာပထဝီမြေကြီး စိမ်းလန်းသာယာပြီး ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေနိုင်တယ်။ တကယ်တော့ … မင်းကိုနိုင်ဆိုတဲ့ မင်းကိုနိုင်ဟာ ကြမ်းတမ်းဆိုးမွေ့တဲ့ နိုင်ငံ့ဥယျာဉ်မှူးဖြစ်ရမယ်။ (မင်းကိုနိုင် အသက် (၅ဝ) နှစ်ပြည့် မွေးနေ့မင်္ဂလာအတွက် အဝေးတစ်နေရာမှ ကျော်သူနှင့် နယူးယောက်မြို့နေ ပန်းချီမင်းကျော်ခိုင်တို့၏ အမှတ်တရရေးချက်နှင့် ကဗျာအား ရွှေရတုမွေးနေ့အဖြစ် ပူးပေါင်းဂုဏ်ပြုသည်။) No tags for this post.

Read more »

ရွာ က လေး

October 18, 2012
ရွာ က လေး

ကျော်မိုး (စကားဝါမြေ) အောက်တိုဘာ ၁၈၊ ၂၀၁၂ တုံးမောင်းအခေါက် လင်းယံရောက် နောက်ကျမနှေး ထစို့လေး။ အိမ်ခေါင်မှာရပ် တောင်ပံခတ် မပြတ်တွန်ပေး လင်းကြက်တေး။ ဆွမ်းချက်အထ ရောင်နီပြ ဆောင်းကချမ်းအေး မီးဖိုဘေး။ လှည်းနွားပြင်ဆင် လုပ်ငန်းဝင် ရွာပြင်ယာဘေး လူနွားခွေး။ လှည်းသံလူသံ ရွားလုံးညံ ထပျံအဝေး ငှက်ကလေး။ ဘုရားဝတ်ပြု ဘကြီးပု သာဓုခေါ်ရေး အမျှပေး။ နေထွက်နှင်းကွယ် လွယ်အိတ်လွယ် ငယ်ရွယ်ကလေး ကျောင်းသို့ပြေး။ ရွာကျောင်းကိုရင် ဆွမ်းခံဝင် အိမ်စဉ်လှူပေး ကုသိုလ်ရေး။ ထန်းပင်တည့်မတ် ရင်းထောင်ကပ် လှီးဖြတ်ခံပေး ထန်းရေမွှေး။ ပေါင်းရှင်းမြက်နှုတ် တောင်ယာလုပ် ချွေးသုတ်ဆိုတေး လုံမလေး။ ထမင်းတောင်းရွက် နေခေါင်းထက် ထွန်ယက်ယာဘေး ဝိုင်းဖွဲ့လွှေး။ နေလုံးနီကြင် သိမ်းလုပ်ခွင် ရွာဝင်နွားပြေး ဖုန်လှိုင်းထွေး။ ရေခပ်ပျိုနွဲ့...

Read more »

( ဖြစ်ရပ်မှန် ကော်ပီ ) – Naing Oo Nyo

October 18, 2012
( ဖြစ်ရပ်မှန် ကော်ပီ ) – Naing Oo Nyo

( ဖြစ်ရပ်မှန် ကော်ပီ )  နိုင်ဦးညို (ဖိုးဇီးရိုး)၊ အောက်တိုဘာ ၁၈၊ ၂၀၁၂ (ကာကွယ်ရေး) ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူအပေါင်းတို့ ခင်ဗျား၊ (ငြိမ်းချမ်းရေး) လောက၌ … ရှိသော များလူခပ်သိမ်း ငြိမ်းချမ်းကြပါစေ၊ (ကျန်းမာရေး) ဆရာမ သားသား ဗိုက်ထဲက အောင့်အောင့်နေတယ်၊ (ဆက်သွယ်ရေး) လူကြီးမင်း ခေါ်ဆိုနေသော တယ်လီဖုန်းသည်၊ (ပညာရေး) ဒို့ကျောင်းရဲ့ ဂုဏ်ကိုကွယ် ထိမ်းသိမ်းကြရမယ်၊ (အားကစား) မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည်၊ (အလုပ်) တိုင်းသူပြည်သား လူအများတို့လေး  ဒူ ……….. ၊ (အမိန့်) ဥပဒေကဲ့သို့ အာဏာတည်သော၊ (အတိုက်အခံ) မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ၊ (နိုင်ငံရေး) ဒို့အရေး ဒို့အရေး ဒို့အရေး၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်