ကဗျာ

အောင်မော်ဦး ● အစိုးရရှိရင် လမ်းသရဲ ရှိရမယ်

May 18, 2017
အောင်မော်ဦး ● အစိုးရရှိရင် လမ်းသရဲ ရှိရမယ်

အောင်မော်ဦး ● အစိုးရရှိရင် လမ်းသရဲ ရှိရမယ် (မိုးမခ) မေ ၁၈၊ ၂၀၁၇ ရန်ကုန်ဟာ မစားရဝခမန်း စီမံကိန်းကြီးငယ်တွေနဲ့ လက်တည့်စမ်း ခရမ်းပျိုးခံနေရတာ (မသိရင်) တနိုင်ငံလုံး သူ့တမြို့တည်းရှိတဲ့အတိုင်း သမိုင်းတွင်ချင်စိတ်ကြီး တခွဲသားနဲ့ မော်လို့။ လူတကာ မျက်မုန်းကျိုးလောက်အောင် ဖူးဖူးမှုတ်ခံနေရတဲ့မြို့ဟာ မြို့နီးနားချင်းတွေအပေါ် အားနာရကောင်းမှန်းမသိဘူး ဘတ်ဂျက်တွေ တဖျပ်ဖျပ်ခတ်လို့ သူကြီးဘုရား ရွာသားကောင်းမှု စီမံချက်နဲ့ အာရှမှာ နှာတဖျား သာချင်နေသေးတယ်။ အလိုက်ကန်းဆိုးမသိတဲ့မြို့ဟာ ပေးလိုက်ရတာတွေနဲ့ ပြန်ရတာတွေရဲ့အကြား ဘာတွေဆုံးရှုံးပြီး ဘာတွေရလိုက်သလဲ မတွေးဘူး အမေရှိရင် ငွေရှိတယ်ဆိုတဲ့ပေါ့ပေါ့နေ ပေါ့ပေါ့စား တယောက်လို လေကလေးတချွန်ချွန်နဲ့ ကြိုးတန်းလမ်းလျှောက်လို့ သူ့ကြည့်ရတာ အသဲတအေးအေးပဲ။ အေးအေးလူလူ ညနေခင်းတွေမှာ တခုခုစားမယ် စိတ်ကူးနေသလား ရေနုတ်မြောင်းတွေလျှံလို့ ဒူးဆစ်လောက်မြုပ်ပြီဆိုရင် ငါတို့ဟာ...

Read more »

လင်းသက်ငြိမ် ● ကမ္ဘာကြီးနဲ့ ကဗျာ

May 17, 2017
လင်းသက်ငြိမ် ● ကမ္ဘာကြီးနဲ့ ကဗျာ

 လင်းသက်ငြိမ် ● ကမ္ဘာကြီးနဲ့ ကဗျာ (မိုးမခ) မေ ၁၇၊ ၂၀၁၇ ကဗျာဆီရောက်အောင်မသွားနိုင်ခဲ့တဲ့နေ့တွေ ကဗျာကိုရအောင်မခေါ်နိုင်တဲ့နေ့တွေ ကဗျာကကဗျာရှိရာမှာ အမြဲပျော်နိုင်ပါ့မလား ကဗျာနဲ့ကဗျာကအမြဲတမ်း သင့်မြတ်နိုင်ပါ့မလား ထပ်ခိုးပေါ်တက်အိပ်နေတဲ့ကဗျာ မြေကြီးပေါ်လဲလျောင်းနေတဲ့ကဗျာ အနံ့အရသာ နည်းနည်းနဲ့ကဗျာ အရောင်အဆင်း ဝင်းလက်နေတဲ့ကဗျာ ရှိပြီးသားကဗျာရဲ့ အရပ်အမောင်းနဲ့ ရောက်မလာသေးတဲ့ ကဗျာရဲ့အသားအရောင် ကွဲပြားမလား ခွဲခြားမလား အက္ခရာနှစ်လုံးမှာ ရွာလည်တဲ့အခါလည် သော့ပျောက်သွားတော့ တံခါးကသာငြိမ်နေတယ် စိတ်တွေက မငြိမ်တော့ဘူး နေရောင်ခြည်အောက်က ကဗျာနဲ့ လေအေးစက်တပ်ထားတဲ့အခန်းထဲကကဗျာ ကိုယ်အလေးချိန်အရွယ်အစား ကွာမကွာ ခွာ မခွာ မြွေမှန်ရင် တွင်းဝင်ဖြောင့်ဖြောင့်ကဗျာ ပစ်မှတ်ဆီက သွေဖယ်သွားတဲ့ကဗျာ စာသားတွေကို တဆင့်ခြင်းတပ်ဆင်ပြီး တခုချင်းပြန်ဖြုတ်ချ… စာရွတ်တွေငြိမ်သက်သွားတဲ့ ကဗျာ ဟောင်းနွမ်းဆွေးမြေ့မသွားတဲ့ကဗျာ အကောင်းစားကဗျာနဲ့ အညံ့စားကဗျာ လှပသောကဗျာနဲ့ အကျည်းတန်သောကဗျာ အထက်ပါအကြောင်းအရာတွေရဲ့...

Read more »

စိုးနေလင်း ● ကဗျာတပုဒ်ရဲ့ဘူမိဗေဒ

May 17, 2017
စိုးနေလင်း ● ကဗျာတပုဒ်ရဲ့ဘူမိဗေဒ

စိုးနေလင်း ● ကဗျာတပုဒ်ရဲ့ဘူမိဗေဒ (မိုးမခ) မေ ၁၇၊ ၂၀၁၇ ဟောဒီ… မွန်ခ်ျ* ရဲ့အော်သံပန်းချီကားနဲ့ တသားတည်း ပူးကပ်သွားတဲ့နေရာ လူမှုစီးပွားထိမ်းသိမ်းစောင့်ရှောက် ဖွံ့ဖြိုးဖို့ဆိုတာထက် အာဏာအက်သံ မပါရအောင်သာ။ လေညာအရပ်သားတို့က ဆည်ဝကစောင့် ‘ကောင့်ဒေါင်း’ # ကို စရေနေကြပြီ ခါတော်မှီ ကကွက်ရေးသူများ ဇာတ်သိမ်းသီချင်းစင်တင်လိုသူများ တွားသွားသတ္တဝါအဖြစ်ပြောင်း ရေမလာ မြောင်းပေးလုပ်နေကြရဲ့။ အမှတ်တမဲ့ လှည့်ပြန်လိုသူတွေကြား ငါးမရလည်း ရေချိုးပြန်လိုသူ သစ်မရခင် ဝါးပေါင်းကွပ်လိုသူ ဂူကိုမမြင်သူများ ဆူးကြားဗူးသီးများသာဖြစ်ရဲ့။ အလှည့်အပြောင်းဆိုတာ အကောင်းလား အဆိုးလား မိုးခါးရေလွှမ်းသောဒေသများ ဘယ်နှစ်သီးစားဖို့များ မျှော်လင့်ထားကြပါသလဲ မြေသားကို နည်းနည်းထပ်တူးကြည့်လိုက်စမ်းပါ။ ရုပ်ကြွင်းတွေဟာ… ပွင့်လင်းရာသီတခုကို ထုဆစ်ဖို့ လျှို့ဝှက်စွာ ခုန်လှုပ်နေကြရဲ့။     ။ *Advard Munch’s Scream #Countdown...

Read more »

ဖိုးရွှေညီမှိုင်း ● ဆု​တောင်းခန်း

May 16, 2017
ဖိုးရွှေညီမှိုင်း ● ဆု​တောင်းခန်း

ဖိုးရွှေညီမှိုင်း ● ဆု​တောင်းခန်း (မိုးမခ) မေ ၁၆၊ ၂၀၁၇ တကယ်​လား။ ယုံ​စေချင်​လို့ ညာ​လိုက်​​တာလား။ ညာ​ပြောချင်​လို့ အယုံသွင်းတာလား။ လှေကား​ခြေမှာ ဆူး​လေ ​မောင့်​​ကြောင့်​ကြဲ​တော့တယ်​။ ​လှေကားဦးမှာ ဘီလူး ​မောင့်​​ကြောင့်​​စောင့်​​တော့တယ်​။ ​လှေကားခုံမှာ ဂဠုန်​​မောင့်​​ကြောင့်​​စောင့်​​တော့တယ်​။ ဓား​တွေ လှံ​တွေကိုထမ်း အရင်​ကလို … ​မောင်​ ဝင်​​လာလို့ မရ​အောင်​ ရိုးရိုးသားသား စောင့်​ကြစမ်းပါလားကွယ်​။ ခုများ … ဝင်​ခဲ့ပါ ​မောင်​ရယ်​ဆိုပြီးမှ ကွမ်းတစ်​ရာ ​ကျွေးမှာလား ​ရေတစ်​မှုတ်​ တိုက်​မှာလား မအိုဇာ။ ​မောင်​စီးလာတဲ့မြင်းက … တကယ့် ​မြင်းစစ်​စစ်​ကြီး ထရိုဂျင်​မဟုတ်​ရပါလား ဟယ်​လင်​ရာ။ ဆူး​တွေ … ဘီလူး​တွေ ဂဠုန်​​တွေ ဓား​တွေ လှံ​တွေ ​မောင်​မ​ကြောက်​​ပေမယ့်​။ ကွမ်းတစ်​ရာ ​ရေတစ်​မှုတ်​ရဲ့​နောက်​မှာ ထရိုဂျင်​မြင်းရုပ်​ကြီးရဲ့​နောက်​မှာ...

Read more »

မျိုးတေဇာမောင် ● မာဂရီတာ အဲန်ဂဲလ်

May 16, 2017
မျိုးတေဇာမောင် ● မာဂရီတာ အဲန်ဂဲလ်

 မျိုးတေဇာမောင် ● မာဂရီတာ အဲန်ဂဲလ် (Margarita Engle – 1951 , USA /Cuban) (မိုးမခ) မေ ၁၆၊ ၂၀၁၇ ကဗျာဆရာမ မာဂရီတာ အဲန်ဂဲလ်ကို ကယ်လဖိုးနီးယားပြည်နယ်၊ ပါဆာဒီးနားမှာ ၁၉၅၁ မှာဖွားမြင်တယ်။ ကဗျာအပြင် ဝတ္ထု တိုလည်း ရေးတယ်။ ဂျာနယ်လစ်လည်းဖြစ်တယ်။ အမေက ကျူးဘားလူမျိုး၊အဖေက အမေရိကန်။ ကယ်လဖိုးနီးယား ပြည်နယ်ပိုလီတက္ကနစ်တက္ကသိုလ်ကနေ ပထမဘွဲ့ BSကိုရယူခဲ့ပြီး အိုင်အိုးဝါးပြည်နယ်တက္ကသိုလ်ကနေ မဟာသိပ္ပံဘွဲ့ MS ကို ဆွတ်ခူးခဲ့တယ်။ ဇီဝဗေဒပီအိပ်ခ်ျဒီအတွက် ကယ်လဖိုးနီးယားတက္ကသိုလ် (Riverside) မှာ လေ့လာဆည်းပူးခဲ့တယ်။ ကလေးစာပေဆိုင်ရာစာအုပ်များစွာရေးသားခဲ့သူလည်းဖြစ်ပါတယ်။ သူမရဲ့ အရေးအသားတွေကို The Atlanta Review, Bilingual Review, California Quarterly,...

Read more »

သျှင်မျိုးငယ် ● အမည်မဲ့ဓားချက်

May 15, 2017
သျှင်မျိုးငယ် ● အမည်မဲ့ဓားချက်

သျှင်မျိုးငယ် ● အမည်မဲ့ဓားချက် (မိုးမခ) မေ ၁၅၊ ၂၀၁၇ သွားနေတဲ့နာရီလက်တံပေါ်မှာ ငါ့ကိုယ်ငါချိတ်ဆွဲပြီး ခရီးဆက်ခဲ့တာပဲ လေက ဟောင်းနေတယ် သစ်ရွက်အသေတွေရဲ့နာမ်သဘောကို သိလား ညတွေဟာ ဂီတကို မမြင်ဘူး အမှောင်ဟာ ညကိုဖြတ်စီးပြီး ငါ့အိပ်မက်ကို ဆွဲဖွင့်တယ် လာရာလမ်းအတိုင်း ပြန်ပါ သဘာဝတရားကို ချစ်ကြတယ် သဘာဝတရားဟာ မပြောင်းလဲ မဖောက်ပြန် လူတွေဟာ ပြောင်းလဲကြ ဖောက်ပြန်ကြ ဒါလည်း သဘာဝတရားပဲလို့ တွေးမိခါမှ အိပ်ပျော် စားဝင်ဖြစ်လာတယ် သဘာဝဟာ သဘာဝပါပဲလေ မြစ်ကို ကြည့်တော့ ရေမစီးဘူး ရေစီးကြောင်းကိုကြည့်တော့ မြစ် မရှိဘူး လရောင်လည်း ကောက်ကာငင်ကာ ဖျားနေတယ် ဖွင့်ထားတဲ့ပြတင်းတံခါးချပ်များကို ပိတ်ခွင့်ပြုပါ ဈေးဦးပေါက်ပြီလား ရင်ဘတ်ပေါ်ကဓားသွားမှာ အမာရွတ်ဟာ ထင်းလို့ ဦးတည်ချက်ဟာ...

Read more »

အောင်မော်ဦး- အမေ

May 15, 2017
အောင်မော်ဦး- အမေ

အမေ အောင်မော်ဦး (မိုးမခ) မေ ၁၅၊ ၂၀၁၇  အမေ့အတွက် ကဗျာတပုဒ်ဖွဲ့ဖို့ ကြိုးစားတိုင်း “အမေ”ဆိုတဲ့စကားလုံးကနေ ရှေ့ဆက်လို့ မရခဲ့ဖူးဘူး အမေ။ အကြိမ်ကြိမ်ကြိုးစားတိုင်း အခါခါ လဲခဲ့ရပေမယ့် “အမေ”ဆိုတာကိုယ်၌က ကဗျာတပုဒ်ဖြစ်နေနှင့်ခဲ့တယ်ဆိုတာ ကျနော် သိခွင့်ရခဲ့ပါပြီ အမေ။ လူအမျိုးမျိုး ဘဝအထွေထွေ ဆိုသလိုပါပဲ တချို့ လွမ်းရေးထက် ဝမ်းရေးခက်ကြ တချို့ ဝမ်းရေးထက် လွမ်းရေးခက်ရနဲ့ ခေတ်ကြောင့်ပဲဖြစ်ဖြစ် စနစ်ကြောင့်ပဲဖြစ်ဖြစ် အားလုံးဟာ ကံတူအကျိုးပေး အမေနဲ့ဝေးခဲ့ကြရသူတွေချည်းပါပဲ။ ဟောဟိုမှာ သားပျောက်ရှာနေတဲ့ အမေတွေနဲ့ အမေပျောက်ရှာနေတဲ့ သားတွေ သမီးပျောက်ရှာနေတဲ့ အမေတွေနဲ့ အမေပျောက်ရှာနေတဲ့ သမီးတွေအတွက် ကမ္ဘာမြေဟာ သူ့ကိုယ်သူ တံတားခင်းလို့ မျှော်လင့်ချက်တွေကို ထွန်းညှိပေးထားတယ်။ ပြန်လာနေသူတွေနဲ့ ကြိုဆိုနေသူတို့ရဲ့ ပြန်ဆုံချိန်ဟာ သိပ်လှနေမှာ သေချာပါတယ်...

Read more »

နိုင်မြန်မာ ● ရွှေပြည်တော်မျှော်တိုင်းဝေး

May 14, 2017
နိုင်မြန်မာ ● ရွှေပြည်တော်မျှော်တိုင်းဝေး

နိုင်မြန်မာ ● ရွှေပြည်တော်မျှော်တိုင်းဝေး (မိုးမခ) မေ ၁၄၊ ၂၀၁၇ “နေရစ်ဦး’နေရစ်ဦး ” နဲ့ ခုထိလည်း”ပေ”ဖြစ်တုန်းပါပဲ “စောင့်ပါဦး” ”စောင့်ပါဦး” နဲ့ တစ်ထောင့်တစ်ညလုံးပါပဲ အနှီလူ”ဗလောင်းဗလဲ”တွေကြောင့် ပြည်သူတွေမပြောင်းလဲပုံက ခုထိလည်း’ မြောင်း”ထဲကျနေတုန်း လူတစုကတော့ ထင်တိုင်းကျဲလို့ လူထုကတော့ အရင်အတိုင်းပဲဗျို့။ ။ နိုင်မြန်မာ Tags: နိုင်မြန်မာ

Read more »

ဆောင်းယွန်းလ ● အင်္ဂါဂြိုလ်ပေါ်ကို အဖော်မပါပဲရောက်ချင်တယ်

May 13, 2017
ဆောင်းယွန်းလ ● အင်္ဂါဂြိုလ်ပေါ်ကို အဖော်မပါပဲရောက်ချင်တယ်

ဆောင်းယွန်းလ ● အင်္ဂါဂြိုလ်ပေါ်ကို အဖော်မပါပဲရောက်ချင်တယ် (မိုးမခ) မေ ၁၃၊ ၂၀၁၇ စိတ် လက်တဆစ်ကို နှင်းထုရဲ့အောက်မှာ တနေကုန်အောင် နှစ်ထားပစ်လိုက်ရပါတယ်။ ခေတ်ဟာ လေပူတွေအောက်မှာ သုံးလို့မရအောင် ဆုံးသွားတဲ့ လေအေးစက်အပျက်တလုံးထက် ပိုပျက်သွားခဲ့။ မဲမဲမြင်ပစ်နေရမှ ကျေနပ်နေကြသူတွေကြားထဲ မြဲမြဲကိုင်စရာ တရားဓမ္မနဲ့ ရှားပါးလွန်းတဲ့ အချိန်ဟာ မသေရေး ငွေကြေးနောက်တကောက်ကောက်လိုက်ရင်း ပုလင်းအဖုံးဖွင့်ခံထားရတဲ့ အရက်ပျံလို လေထဲ အငွေ့ပြန်တက်ခဲ့ပါပြီ။ ညည လူက အိပ်မောကျနေပေမယ့် အိပ်ယာခင်းတွေက တွန့်လိပ်ကြေမွလို့ နိုးနေကြ မစားလိုက်ရတဲ့ အမဲမှာ ရေမဆေးလိုက်ရတဲ့ သဲတွေလည်း အထပ်ထပ်ကပ်လို့ပေါ့။ မြို့ပြနဲ့ဝေးဝေး တောမှာလည်း တောအလျောက် မတရားတဲ့ တရားတွေနဲ့ ပေါက်ပေါက်ဖောက်ရင်း ဒီသီချင်း နားထောင်ရဖန်များတော့ ငြီးငွေ့မှုတွေ ပျို့အန်လာ။ ဒီမိုကရေစီနဲ့ ခေတ်သစ်အစိုးရ...

Read more »

သစ်ငြိမ်း – တရံရောအခါ က

May 13, 2017
သစ်ငြိမ်း – တရံရောအခါ က

  သစ်ငြိမ်း – တရံရောအခါ က (မိုးမခ) မေ ၁၃၊ ၂၀၁၇ ဆူးတောင်မရှိတဲ့ ငါးတကောင်က ကန္တာရဆူးပင်လေးအောက် ပတ်ကြားအက်မှာ ဖျတ်ဖျတ်လူးရင်း ရေငတ်နေတယ် စူးစူးနစ်နစ်မျက်လုံးတွေနဲ့ လင်းနို့တကောင်ကတော့ ည အမှောင်ထဲ ဇရပ်ပျက်တဆောင်ရဲ့ ထုတ်တန်းပေါ်မှာ ဇောက်ထိုးဆွဲလို့ လောကကြီးကို ပြောင်းပြန်ကြည့်နေပေါ့ ကြာပါပြီ သူ့အထာနဲ့သူပါပဲ ငါးကလေး သေသွားတဲ့အခါ ထုတ်တန်းပေါ်က လင်းနို့လည်း သူ့အတောင်ပံ တဖျတ်ဖျတ်ခတ် ဇရပ်ထဲက ပျံထွက်သွားခဲ့တယ် ။ Tags: သစ်ငြိမ်း

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်