ကဗျာ

မဲဆောက်မှာ

June 5, 2012
မဲဆောက်မှာ

ဆွေကို (နိုင်/ကျဉ်း) ဇွန် ၅၊ ၂၀၁၂ အမေတွေ့ချင်တယ်… သားအချစ် မြေးအနှစ်တဲ့ …၊၊ အချစ်ကို မတွေ့ချင်ဘူး … အနှစ်ကိုပဲ တွေ့ချင်တယ်၊၊ အချစ်က ပူလောင်တယ် အနှစ်က အေးမြတယ်၊၊ အချစ်က ဆိုးတယ် အနှစ်က ရိုးတယ်၊၊ အနှစ်တောင်းတာ ပေးချင်ပေမယ့် အချစ်တောင်းတာ မပေးနိုင်ခဲ့လို့ … စိတ်မကောင်းစွာ ပြန်ခဲ့တယ် … ၊၊ No tags for this post.

Read more »

ဇာတ်ရဲ့ပရိသတ်

June 5, 2012
ဇာတ်ရဲ့ပရိသတ်

နိုင်ဦးညို (ဖိုးဇီးရိုး) ဇွန် ၅၊ ၂၀၁၂ မြေဝိုင်းက ဇာတ်ဘဲဖြစ်ဖြစ် ကပွဲရုံထဲက ဇာတ်ဘဲဖြစ်ဖြစ် ပိတ်ကားပေါ်က ဇာတ်ဘဲဖြစ်ဖြစ် လူ့ဘဝဇာတ်ခုံပေါ်က ကနေဆဲ ကနေမြဲ …။ ဇာတ်တစ်ဇာတ်မှာ ဇာတ်စကောင်းဖို့လိုသလို ဇာတ်သိမ်းကောင်းဖို့လိုတယ် ဇာတ်လယ်မအီဖို့လိုသလို ဇာတ်ရှိန်မြှင့်တတ်ဖို့လိုတယ် ဇာတ်ညွှန်းဖွဲ့ကောင်းဖို့လိုသလို ဇာတ်ဆရာလည်းတော်ဖို့လိုတယ် ဇာတ်ပို့တတ်ဖို့လိုသလို ဇာတ်လိုက်ကောင်းဖို့လိုတယ် ….။ ဇာတ်တစ်ဇတ် ဇာတ်ညွှန်း ဇတ်လမ်း ဘယ်လိုဘဲခင်းခင်း ဇာတ်ဆရာ ဇာတ်ဆောင် ဘယ်လောက်ဘဲညီညီ သူ့ဇာတ် သူ့အရပ်နဲ့ ဘယ်လိုဘဲကက ….။ စင်ပေါ်မှာ ကြာကြာခံမဲ့ဇာတ် ပရိသတ်ရှိဖို့ သိပ်လိုတယ် ….။ No tags for this post.

Read more »

စည်း၊ နည်းနှင့် ဖွားဘက်တော်

June 4, 2012
စည်း၊ နည်းနှင့် ဖွားဘက်တော်

ကျော်ဟုန်း ဇွန် ၄၊ ၂၀၁၂ သစ္စာဖောက်တို့မည်သည် စည်းကမ်းမရှိ စည်းကို ကမ်းတတ်သူ။ သစ္စာစောင့်တို့မည်သည် စည်းကမ်းကို သိ စည်းကို နမ်းတတ်သူ။ စည်းကမ်းမှာ နည်းလမ်းတွေ ရှိ၊ နည်းလမ်းမှာ ခရီးလမ်းတွေ ရှိ၊ ခရီးလမ်းရှိလျှင် ခရီးလျှောက် ခရီးလျှောက်လျှင် ခရီးပေါက် ခရီးပေါက်လျှင် ခရီးရောက် ပြီးမြောက်မှုများ အလီလီ။ ထို့ကြောင့် သစ္စာဖောက်သည် ခရီးမပေါက် အောင်ပွဲအလီလီ လွဲလိမ့်မည်၊ သစ္စာစောင့်သာ ခရီးရောက် အောင်ပွဲ အလီလီ စံချိမ့်မည် အောင်လံ အကြိမ်ကြိမ် လွှင့်လိမ့်မည်။ ။ No tags for this post.

Read more »

သူ့မာန်နဲ့ လူ့စံ (၂)

June 3, 2012
သူ့မာန်နဲ့ လူ့စံ (၂)

မောင်စွမ်းရည် ဇွန် ၃၊ ၂၀၁၂ André Kertész, Distortion, photograph, Paris, 1933 လူဆိုတာ အရင်းစစ်ပြန်တော့ ဒင်းအဖြစ်က တိရိစ္ဆာန်တမျိုး “ဗာတီဘရိတ်” * မျိုးဆက် “ဟိုမို ဆက်ဗီးယား” ** လူသားမည်တွင် ဉာဏ်ကြီးရှင်ပဲတဲ့။ မြင်မြင်သမျှ အကောင်ဗလောင် ဓလေ့ “တရွေ့ရွေ့ဖြစ်စဉ်” ၀န်းကျင်နဲ့ အံဝင်အောင် ပြုပြင်ပြောင်းလဲ၊ တိုးတက်မြဲမို့ လူလဲ မျောက်လို၊ တောထဲမှာ ခိုရင် လက်ကိုမြေထောက်၊ လေးဖက်လျှောက်ရာက မျောက်လွှဲကျော် ပွေလီပြီ “ပေလီယို လစ်သစ်” *** တဲ့ “နီယိုလစ်သစ်” **** တဲ့ ကျောက်ခဲနဲ့ခြစ်၊ လောက်လွှဲနဲ့ပစ် ထုဆစ်ရိုက်ဖဲ့၊ ကျောက်ဓါးတဲ့၊ ဆောက်သွားတဲ့ လူသားရဲ့လက်၊ တချက်မျှဆုပ်မိရင် နောက်မဆုတ်တမ်း၊ ရှေ့ကိုလှမ်း...

Read more »

သူ့မာန်နဲ့ လူ့စံ (၁)

June 2, 2012
သူ့မာန်နဲ့ လူ့စံ (၁)

မောင်စွမ်းရည် ဇွန် ၂၊ ၂၀၁၂ Picasso, Desnudo de pie junto al mar | Nude by the Sea, 1929. Metropolitan Museum of Art, Nueva York ရှေးသရောအခါ၊ ကမ္ဘာဦးကလို့ ဆိုပါစို့။ ရှေးသရောအခါကတဲ့၊ ဗြဟ္မာကြီး လေးယောက်၊ အအိပ်ကြီးလို့ စိတ်ပုတီးပျောက်ပြီး မိုးကောင်းကင် တိမ်ကြားပေါက်က ဦးစောက် ကျွမ်းပြန် ကလန်ကလား ခြေချော်ပြီး မြေပေါ်ကို ကားကနဲကျသတဲ့။ မြေပေါ်ကို ရောက်ပြန်တော့ မြေပေါ်မှာပေါက်တဲ့ ပေါက်တတ်ကရတွေ စား စိတ်ကစားပြီး “အကျိတ်” က ထွားသနဲ့ ဟိုက ယား၊ ဒီကယား “အယ်လားဂျီး” တွေဖြစ် ဟိုခြစ်...

Read more »

စစ်တုရင်

May 28, 2012
စစ်တုရင်

ကျော်ဟုန်း မေ ၂၈၊ ၂၀၁၂ စကတည်းက လူကြမ်းလို့တရားသေထား မင်းသားတက်လုပ်လဲ မင်းသားရုပ် မမြင်နိုင်ကြ ကြိုးစားခွင့်မရှိတော့ဘူးလား နေရာရယ်။ ကိန်းသေအသွင်နဲ့  ကြည့်ကြတဲ့မြင်ကွင်းများ ဆတိုးပြေးရင် ဆတိုးမောမယ်ဆိုလဲ မောရော့ ဘဝအမောတွေနဲ့  ကစားခဲ့တဲ့သူများ သက်လုံကောင်းတဲ့ဆုတော့ ရနိုင်သေးရဲ့။ ဘယ်သူမဆို ကိုယ်တန်ရာပဲရမယ်တဲ့လား ဟန်ချက်ထိန်း မယိမ်းသရွေ့တော့ ကျွန်းပင်ထက်က သစ်ခွပန်း နမ်းခွင့်ကြုံနိုင်ပါသေးတယ်။ ဘဝကို စာတမ်းထိုးပြီး အလောင်းအစားလုပ်ရဲလား ကံဆိုတာအလုပ်မို့  ဆက်လုပ် ဆက်ရွှေ့ ဆက်ဟေ့။ အစွဲသည်းတဲ့သူတွေကြား အစွဲမြဲတဲ့သူ ဘယ်မူနဲ့  လက်ကိုင်ဖမ်းမလဲ ချုပ်မလဲ။ စိတ်များ ပုံစံခွက်ထဲက ရေခဲတုံးမဟုတ် အသက် အခက်ကြုံရင် ပဓာနမဟုတ်။ ပြီး ပြီးရောနေတတ်ခဲ့ရင် လူ့သမိုင်း ဘယ်တိုးတက်ခဲ့ပါ့မလဲ စပရိန်လို...

Read more »

ကျုပ်တို့ဆုတောင်း

May 26, 2012
ကျုပ်တို့ဆုတောင်း

နိုင်ဦးညို (ဖိုးဇီးရိုး) မေ ၂၆၊ ၂၀၁၂ ပြည်တော်ပြန် ပြည်တော်ချစ် ရေပန်းစားလူတန်းစားတွေ ကြွေးကြော်သံအပျံစားတွေနဲ့ တိုင်းပြည်ပြန်လည်တည်ထောင်ဖို့ သဲကားတစ်စီးတိုက် အုတ်ကားတစ်စီးတိုက် အကြံအပြည့် ဟန်အပြည့် ဒါ တို့တိုင်း တို့ပြည် တို့မြန်မာပြည် မာန်အပြည့်ဟစ်ကြွေးအော်ကာ …။ သို့ပေသည့် ကြားဖူးသည့်စကား သင်္ကြန်အမြောက်လိုပေါ့ အဆံတော့ မချောင်ကြစေလိုပါ ခရိုနီပြည်တွင်းနေအပေါင်း ပြည်ပပြန် ခရိုနီ ညီမျှခြင်းလုပ်ရင် ရလဒ်သုည ဘယ်လိုမှမဖြစ်စေလိုပါ …။ ဘဝတွေတစ်ခုလုံးဘာမှမရှိတဲ့ မျှော်လင့်ချက်တွေ မမျှော်လင့်ရဲခဲ့တဲ့ ကျုပ်တို့မြန်မာလူထုကတော့ ….. ခင်ဗျားတို့ ပြည်တွင်းနေ ခရိုနီလက်ရှိတွေကိုလည်း အားထားပါရစေ ပြည်တော်ပြန် ခရိုနီလက်သစ်တွေလည်း လုပ်နိုင်ကိုင်နိုင်ပါစေ ပြည်သူချစ် ဒေါ်အောင်ဆန်းစုကြည်လည်း ခေါင်းဆောင်မှုနိုင်ပါစေ ပြည်သူတွေအတွက် ပြောင်းလဲလာသူသမတကြီးလည်း ကျန်းမာပါစေ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်းလုံးလည်း မီးမှန်မှန် ရေမှန်မှန် အမြန်လာပါစေ...

Read more »

Saung Yun La – ငါ့ကဗျာမှာ Blah Blah Blah တွေမပါဘူး

May 25, 2012
Saung Yun La – ငါ့ကဗျာမှာ Blah Blah Blah တွေမပါဘူး

ဆောင်းယွန်းလ၊ မေ ၂၅၊ ၂၀၁၂ နောက်ကျောကို တေ့တေ့ပြီးပစ်နေတဲ့ စကားလုံးတွေက ရှေ့တည့်တည့်ရောက်ရင် ငြိမ်းချမ်းနေတဲ့ မြစ်တစင်းပဲ အလုပ်အကိုင်မရှိတာတောင် လုပ်စရာနဲ့ ကိုင်စရာကတော့ တခုခုရှိနေတာချည့်ပဲ ရောက်တတ်ရာရာကို အမြဲတမ်း အကဲစမ်းနေတဲ့ စိတ်တွေက ရေမရောတဲ့ အပျိုစင်စစ်တယောက်ကို သန္ဒေတားဆေးကြွေးထားတယ် အကြည့်တွေ နောက်ကျိနေတဲ့ အောက်ကလိအာ လက်သရမ်းမှုဟာ ဖလမ်းဖလမ်းထနေတဲ့ လူယဉ်ကျေးကြော်ငြာဆိုင်းဘုတ်တခုကို လူလစ်တဲ့ ဖြတ်လမ်းတနေရာမှာ မသိမသာခိုးချိတ်ထားပြီး မနက်ခင်းတွေကို ဂုဏ်တော်ပုတီးစိတ်ပြလိုက်တယ် နားနားနေနေ သွားသွားလာလာ ကျဉ်းမြောင်းလာတဲ့ ကမ္ဘာမှာ လက်တွေ့ကို မာယာနဲ့ Blah Blah Blah လှည့်ဖြားထားပြီး အိပ်မက်တွေကိုတော့ အားပါးကလပ်စ်မှာ လေယာဉ်လက်မှတ်ဖြတ်ထားတယ် ယောင်ရမ်းသမ်းဝေမှုတွေမှာ အမြီးတပ်ထားတော့ ခပ်ကျော့ကျော့နေပြနိုင်ရင် ခပ်ပေါ့ပေါ့မဟုတ်သလိုပေါ့ တစုံတခုကို မြှောက်တင်လိုက်ပြီး လက်နှစ်ချောင်းထောင်ထောင်ပြလိုက်ရင် ခင်မင်ရာခင်မင်ကြောင်းမှာ နှစ်နာရီလောက်တော့...

Read more »

ဘေးကျပ် နံကျပ်

May 23, 2012
ဘေးကျပ် နံကျပ်

ကျော်ဟုန်း မေ ၂၃၊ ၂၀၁၂ စပျစ်ခိုင်နံဘေးမှာ ခွေးဟောင်သံကြားတယ် စပျစ်သီးချကျွေးလိုက်တော့ နမ်းရှုံ့ပြီး ခွေးကမော့ကြည့်တယ် သဒ္ဓါကျွံမှားသွားပြီလားမသိ။ သေးသိမ်သူတွေရဲ့မျက်စိကို ဒေါက်ထောက်ဖို့ စိတ်ပညာဗေဒတွေ အသုံးကျမယ်ထင်ရ မဖြစ်ညစ်ကျယ်တွေ ရန်ကလဲအများသား။ ရိုက်လင်းတန်းနဲ့ ပြန်လင်းတန်းကြား အချိုးညီတွေ ရှာရင်းဖွေရင်း သင်္ချာနဲ့ သင်ညာ စစ်ခင်းလေပြီတကား။ ‘ဝ’ နှစ်လုံးရှိပြီး ‘ဝိ’ မလုပ်တတ်သူတွေကို ‘ဝ’ တလုံးရှိသူက သနားရမလား၊ ကစားရမလား ဉာဏ်ပညာနဲ့ ချစ်ခြင်း စစ်ခင်းနေရမလား။ ခွေးဟောင်တိုင်း ထမကြည့်တော့ပါဘူးဆိုရင်လဲ ဝီရီယနည်း သတိ မမြဲရာရောက်မယ်၊ ခွေးဟောင်တိုင်း ထကြည့်ပြန်တော့လဲ အိပ်ရေးပျက်နိုင်သလို အတွေးလဲပျက်နိုင်တယ်။ လက်ထိပ်အနာပေါက် ခံစားချက် မသေလောက်သလို မနေလောက်ပြန်ဘူး။ ကဲ … ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့်သမိုင်း ကိုယ်ရေး ကိုယ့်သီလ...

Read more »

၈၈ (၂၃ မှ၂၄)

May 21, 2012
၈၈ (၂၃ မှ၂၄)

နိုင်ဦးညို (ဖိုးဇီးရိုး) မေ ၂၁၊ ၂၀၁၂ အော် ရှစ်ဆယ့်ရှစ် ဒီလိုနဲ့ဘဲ ဘဝတွေဖြတ်သန်း တချို့တွေလဲ ဝေစဲ တချို့တွေလဲ နေမြဲ တချို့တွေလဲ ကြေကွဲ တချို့တွေလဲ ပြိုလဲ နှစ်ဆယ့်သုံးနှစ်မှာ ပထမ ဘဝ ဒုတိယ ဘဝ တတိယ ဘဝ ဘဝတွေကိုဖြတ် စတုတ္ထ ဘဝကိုမျှော် မျှော်လေတိုင်း မှိုင်းရည် အော်… နှစ်ဆယ့်လေးနှစ် မကြာမီရောက်တော့မည် …။ No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်