ကဗျာ

မြစ်ဆုံ

February 28, 2012
မြစ်ဆုံ

ကွန်စစ်ကောင်း ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂ လာခဲ့ … အစ်ကိုလဲ လာခဲ့ ညီလေးလဲ လာခဲ့ အစ်မလဲ လာခဲ့ ညီမလေးလဲ လာခဲ့ သူငယ်ချင်းတွေလဲ လာခဲ့ မိတ်ဆွေတွေလဲ လာခဲ့ အားလုံးကို ပေါင်းစုမှ အင်အားတစ်ခုကို ရမှာပေါ့။ ယူခဲ့ ချစ်ခင်မှုကို ယူခဲ့ လေးစားမှုကို ယူခဲ့ ရိုးသားမှုကို ယူခဲ့ မြင့်မြတ်မှုကို ယူခဲ့ ဇွဲလုံ့လကို ယူခဲ့ သတ္တိကို ယူခဲ့ အားလုံးကို ပေါင်းစုမှ စွမ်းဆောင်ရွည်တစ်ခုကို ရမှာပေါ့။ လာခဲ့ကြ အားလုံးလာခဲ့ကြ ယူခဲ့ကြ အားလုံးယူခဲ့ကြ။ ။ No tags for this post.

Read more »

ဆက်လျှောက်ဖို့ရန် လမ်းပျောက်နေဆဲ လမ်းလျှောက်နေဆဲ

February 27, 2012
ဆက်လျှောက်ဖို့ရန် လမ်းပျောက်နေဆဲ လမ်းလျှောက်နေဆဲ

နိုင်ဦးညို (ဖိုးဇီးရိုး) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၂ အာဏာရှင်တွေ အာဏာမမက်တော့ဘူး ယုံမလားတော့မသိဘူး၊ ယုံတမ်းစကားပြောနေတာမဟုတ်ဘူး ကျဗန်းစကားပြောနေတာမဟုတ်ဘူး အောင်မှတ်ရမဲ့ စာစီစာကုံးရေးနေတာမဟုတ်ဘူး ပြည်ပက ဟိုဘက်မလိုက် ဒီဘက်မလိုက် မြန်မာသတင်းဌာနက သတင်းကြေညာတာမဟုတ်ဘူး ဘယ်သူမှနားမထောင်တဲ့ မြန်မာ့ရုပ်မြင်သံကြားက သတင်းလွှင့်နေတာမဟုတ်ဘူး။ အာဏာရှင်က အာဏာရှင်ဖြစ်တာ ခေတ်ကုန်သွားပြီ ခေတ်ပျက်ငွေရှင်တွေ စနစ်တကျပညာရှင်တွေ အာဏာရှင်ဖြစ်ချင်လာတဲ့ တူးဟန်ဒရက်ယီးယားဘီဖိုး ပြန်ဆိုတေးစီးကြောင်းမှာ ကိုယ်တိုင်သဘောမတူပေမဲ့ စကားလုံးလှလှလေးသုံးတဲ့ အများသဘောတူရင် လေးဆယ့်ကိုးနဲ့ငါးဆယ့်တစ် ငါးဆယ့်တစ် အသာရတဲ့ခေတ်မှာ ငါးဆယ်မှာတစ်ပေါင်းဖို့ ငါးဆယ်မှာတစ်နှုတ်ဖို့ မနှုတ်လောက်တစ်ဆယ်ချေး … လျှော်ဖို့စားဖို့ကြံနေတဲ့သူတွေ အကြံကုန် ဂဠုန်အဖြစ်ခံ … ဆားချက်မဲ့သူတွေ ငါးပွက်ရာ ငါးစာချ … မွေးမြူရေးလုပ်ချင်သူတွေ ထင်းခွေမကြုံ ရေခတ်မကြုံ … အဝီစိတွင်းတူးချင်သူတွေ တိုက်ရာပါငွေနဲ့ … ဂေါပကအလုပ်လျှောက်လွှာတင်ထားသူတွေ...

Read more »

မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့

February 24, 2012
မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့

ချိုတူးဇော် ဖေဖော်ဝါရီ ၂၃၊ ၂၀၁၂ ခင်ဗျားတို့ရဲ့ ဘုရားသခင်ဆီမှာ. . . မေတ္တာတော် တောင်းခံပါတယ် ကျနော်တို့ရဲ့ ဗုဒ္ဓရှင်တော်မြတ်ထံမှ မေတ္တာတော်ကို ဖြန့်ဝေပါတယ်။ နာကျင်မှုတွေနဲ့ နာကြည်းစွာ ကျခဲ့ကြတဲ့ မျက်ရည်များကို မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့။ ဟောဟိုက ဒုက္ခသည်စခန်းထဲမှာ မွေးဖွားလာတဲ့ ကချင်ကလေးငယ်တယောက်ရဲ့အနား သူ့ဖခင် မရှိရှာဘူး။ အဲဒီလိုပဲ နောက်တန်း အိမ်ထောင်သည်လိုင်းထဲက ဆနွင်းဝါ၀ါနဲ့ မီးနေသည်ရဲဘော်မယားက သူ့သားကို မချီရင်း . . သူ့လင်သားကို တ,နေတယ်။ ကလေးတွေက တအဲ့အဲ့ အဖေတွေ တဒိုင်းဒိုင်း တဒက်ဒက် အဲဒါ ငါ့တို့ပြည်ထောင်စုပဲ. . .။ ဘယ်ကလေးမှ ဖခင်မဲ့ဖြစ်စရာမလို ဘယ်မိခင်မှ မုဆိုးမ ဖြစ်စရာမလို ဘယ်သူက နယ်ချဲ့လို့ ဘယ်သူက...

Read more »

မရှိခြင်းကို မျှော်လင့်ပါ၏ ငါတို့ရွာ

February 21, 2012
မရှိခြင်းကို မျှော်လင့်ပါ၏ ငါတို့ရွာ

နိုင်ဦးညို ဖေဖော်ဝါရီ ၂၁၊ ၂၀၁၂ အမှောင် မရှိ …။ ဧည့်စာရင်း မရှိ …။ ရာအိမ်မှူး မရှိ …။ ကြက်ဆူပင် မရှိ …။ စွမ်အားရှင် မရှိ …။ ဆက်ကြေး မရှိ …။ ပေါ်တာ မရှိ …။ မြှုပ်မိုင်း မရှိ …။ ဓါတ်ပေါင်းဖို မရှိ …။ ရွှေ့ပြောင်းအလုပ်သမား မရှိ …။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် မရှိ …။ ညညခဏလိုက်ခဲ့ပါ မရှိ …။ စစ်ခုံရုံး မရှိ …။ ငါးည မရှိ …။ နိုင်ကျဉ်း မရှိ …။ အာဏာရှင် မရှိ …။ ထလရ မရှိ...

Read more »

Cho Tu Zaw – လှိုင်သာယာမှာ . . . နိုင်ငံရေး မရှိဘူး

February 20, 2012
Cho Tu Zaw – လှိုင်သာယာမှာ . . . နိုင်ငံရေး မရှိဘူး

လှိုင်သာယာမှာ . . . နိုင်ငံရေး မရှိဘူး ချိုတူးဇော်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂  ကျမတို့မှာ ရေ မရှိဘူး ကျမတို့မှာ ရေမရှိဘူး ကျမတို့မှာ ရေမရှိဘူး။  (တကယ်တော့ ရေမရှိတာ မဟုတ်ဘူး                   တရားမရှိတာ. .                   တရားမဲ့နေတာ. .)  ရေဝေမယ့် သူမရှိဘူး ထမင်းထုပ်ကမ်းမယ့် သူမရှိဘူး အားပေးမယ့် သူမရှိဘူး ဦးဆောင်မယ့် သူမရှိဘူး။ ဖျာပုံက လူတချို့ကို ခေါ်ပေးပါ။ ထားဝယ်က လူတချို့ကို မှာပေးပါ။  ဖွင့်ပွဲတွေနဲ့ အခမ်းအနားအစီအစဉ်တချို့ ရွှေ့ပေးပါ။ နိုင်ငံရေးဆိုတာ နိုင်ငံမှာ ခါးသီးနေတဲ့ ဘ၀တွေရဲ့ ခါးသီးနေတဲ့ ပြဿနာတွေကို  ဖြေရှင်းပေးတာမှ မဟုတ်ရင်  နိုင်ငံရေး ဆိုတာ မရှိဘူး။           ...

Read more »

Min Ko Naing – Poem

February 14, 2012
Min Ko Naing – Poem

x x x မင်းကိုနိုင်၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂ ခဲတံချွန်ပြီးပြီ ကျောင်းသင်္ခန်းပုံ ဆွဲချင်ဆွဲ ၀စ်လစ်စလစ်ပုံ ဆွဲချင်ဆွဲ သဘောပဲလေ ဒီမြေမှာ ဓါးလှံတွေ ကြဲချင်ကြဲ ချိုးငှက်တွေ ၀ဲလိုဝဲ သဘောပဲလေ စိတ်ချ ကလေးရေ စစ်တိုက်ခန်းတွေ မကြိုက်လို့ ထိုးကြိတ်ခန်းတွေ မကြည့်လို့ သူရဲဘောကြောင်တယ် မစွပ်စွဲဘူး ဒါပေမယ့် ကလေးရေ ကိုယ်ဆွဲရာ ကိုယ့်ကားချပ် ကိုယ့်လက်မှတ်တော့ ထိုးရမယ် (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂) Ref – http://www.facebook.com/photo.php?fbid=301146083272786&set=a.125771214143608.32841.100001321914808&type=3&theater No tags for this post.

Read more »

Maung Gyi Nyein Chan – အညတရများ

February 13, 2012
Maung Gyi Nyein Chan – အညတရများ

“အညတရများ” မောင်ကြီးငြိမ်းချမ်း။ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂ မမ ၀င်းမော်ဦး ဘယ်ဘ၀မှာလည်း ကျနော် မမေးရက်ပါဘူး မမ မိဘတွေ အမျှဝေတာ မရှိသေးပေမယ့် တချို့တွေကတော့ ရေစက်တောင်ချပြီးပြီ။ ရန် ငါ စည်းပြတ်တဲ့ မျိုးဆက်သစ်တွေ အတက်မှာ တွေဝေနေတဲ့ လင်းတအိုတွေ ကောင်းကင်မှာ ၀ဲသလိုမျိုး တိုင်းပြည်က ချောက်ထဲ နက်သည်ထက် နက်တော့မှာ မမ ရေ။ ၀မ်းနည်းခြင်းဆိုတဲ့ အမှတ်တရနေ့တွေမှာ နာကျည်းခြင်းဆိုတဲ့ နှလုံးသားကို လတ်တလော သေသွားတဲ့သူရဲ့နှလုံးသားနဲ့ သူတို့ အစားထိုးပြီး ပျော်ဖို့ကြံနေတာ ကျနော်သိတယ် မမ ရေ။ အညတရဆိုတဲ့ ကျနော်တို့ဟာ ပေးဆပ်ခြင်း သက်သက်ဆိုပေမယ့် သိသင့်သလောက်တော့ သိပါတယ် ကျောင်းသားတွေ အမေမှ ငိုတတ်တယ်ဆိုရင် ကျနော်တို့အညတရတွေက ဥက...

Read more »

အချိန်မြစ်ကြီးက ခင်ဗျားနဲ့ကျနော့်ဆီ ပြိုဆင်းလာနေတယ်

February 9, 2012
အချိန်မြစ်ကြီးက ခင်ဗျားနဲ့ကျနော့်ဆီ ပြိုဆင်းလာနေတယ်

ဆောင်းယွန်းလ ဖေဖော်ဝါရီ ၉၊ ၂၀၁၂ ခင်ဗျားက နေသာလို့ နေသာသလို နေမယ်ဆို ကျနော်က ခင်ဗျားထက်တောင် နေသာသေးတယ်…. ဒီလိုသာ နေသာကြကြေးဆို တကမ္ဘာလုံး နေသာပြီး ကမ္ဘာကြီး ပြာကျပျက်စီးသွားတာ ကြာပေါ့… ခင်ဗျားက မိုးခါးရေကို ခင်ဗျားဝါကျနဲ့ ချိုချင်သလို ချိုမယ်ဆို ကျနော့် မိုးခါးရေက ကျနော့်ဝေါဟာရနဲ့ ပိုလို့တောင်ချိုသေးတယ်…. ဒီလိုသာ မိုးခါးရေချိုကြကြေးဆို တကမ္ဘာလုံး မိုးခါးပြိုပြီး ကမ္ဘာကြီး ရေလွှမ်းပျက်စီးသွားတာ ကြာပေါ့…. အချိန်ဆိုတဲ့ မြစ်ကြီးထဲမှာ ခင်ဗျားရော ကျနော်ပါ စီးဆင်းမျောပါလာခဲ့ကြတာ ဘယ်လောက်ကြာခဲ့ပြီလဲ အဲဒီသတ္တဝါက ခင်ဗျားနဲ့ရော ကျနော်နဲ့ပါ အမျိုးတော်စပ်တာမဟုတ်ဘူး….. ပြောရင်းဆိုရင်း နေသာတဲ့အထဲမှာ မိုးတွေကရွာနေပြန်ပါပြီ…. ခင်ဗျားရောကျနော်ပါ အရက်တပုလင်းနဲ့ လက်ကမြင်းနေတဲ့ ဖျက်မြင်းတွေမဖြစ်မိဖို့ ထမင်းတစေ့နဲ့ အပင်းငြိနေတဲ့ သတိတွေကိုရွှေ့ဖို့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်