ကဗျာ

ဂါတွေ ဘလတ်ပြီး နူးတဲ့ ဟောဒီမြေကမ္ဘာ

July 15, 2012
ဂါတွေ ဘလတ်ပြီး နူးတဲ့ ဟောဒီမြေကမ္ဘာ

ခင်အောင်အေး၊ ဇူလိုင် ၁၅၊ ၂၀၁၂ သူတို့ ပြိုဆင်းလာကြပြီ ဒီဖက်ကို ယိုင်ထွက်လာတဲ့ အုပ်စုတွေ တစ်ဖက်သတ် ထိုးထားတဲ့ စပေါ့လိုက်ထ်တွေ ၀င်းဝင်းတောက်နေတဲ့ အလင်းထဲ တဖျပ်ဖျပ် ဒါပေမယ့် ၀ရုန်းသုန်းကား နိုင်လွန်း ဒေါသ မီးတောက် မီးလျှံတွေ နောက် ပေါက်ကွဲမှုတွေ ထိန်းမနိုင် သိမ်းမရ ပရမ်းပတာ ပြန့်ကားသွားမှုများ ပန်းခြံ တစ်ခုထဲမှာ ကောင်လေးတစ်ယောက်ကို ကောင်မလေး တစ်ယောက်က ဗြန်းကနဲ ပါးကို လွှဲရိုက်ပစ်လိုက်တယ် တစ်ကမ္ဘာလုံးဆိုင်ရာ ချိုမြိန်မှု ခင်ဗျားလက်ထဲက စာရွက်ကို ခင်ဗျား ဘယ်လောက်ယုံကြည်သလဲ ဖိုရမ်တွေ၊ စယ်မီနာတွေ၊ ၀ပ်ခ်ရှော့ပ်တွေ၊ ကွန်ဖရင့်န့်စ်တွေ သစ်ပင်စိုက်ရတာနဲ့ ဆင်စွယ်တွေ မီးရှို့ဖျက်ဆီးရတာနဲ့ မီဂါ ကြော်ငြာ လုပ်ငန်းတွေကို ဟိုဟာ ဒီဟာ ကန့်သတ်ရတာနဲ့...

Read more »

အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာ နာတယ်

July 14, 2012
အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာ နာတယ်

အေတီအိတ်ခ်ျ ဇူလိုင် ၁၄၊ ၂၀၁၂ အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာ နာတယ် လယ်တွေ၊ ယာတွေ၊ ချောင်းတွေ၊ မြစ်တွေ လက်ညှိုးထိုးရောင်းလိုက်ကြတာ အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာ နာတယ်။ ကြီးပွားချင်လွန်းလို့ ထီထိုးချဲထိုးနဲ့ လမ်းရိုးလိုက်ခဲ့သမျှ အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာ နာတယ်။ ဓမ္မနဲ့ အဓမ္မ သဘာဝဂေဟ … ဆိုတာတွေက ငါတို့ခေတ်မှာ ယုံရခက်ကြီးပါ အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာကိုပဲ နာတယ်။ ဆယ်နွေ ဆယ်မိုးမက နွေပေါင်း မိုးပေါင်းများစွာ အာဏာရှင်တွေ တယောက်ပြီးတယောက် ပေါ်လိုက် ပျောက်လိုက် ဒင်းတို့နဲ့ မပေါင်းလိုက်ရတာ နာတယ်။ ထမင်းတလုပ်အတွက် ရွံ့ထဲ ဗွက်ထဲမှာ နွားနဲ့ဖက် ရုန်းလို့ရုန်း သားရေဖိနပ်မှာ အ၀တ်ကြိုးတပ်ပြီး စီးတဲ့အခါ စီး ကျောတပြင်လုံး ဟောင်းလောင်းပွင့်လည်း အရောင်မထွက်တဲ့...

Read more »

ထွန်တုံးတိုက်ပွဲ

July 14, 2012
ထွန်တုံးတိုက်ပွဲ

အောင်ဝေး ဇူလိုင် ၁၃၊ ၂၀၁၂ ခြင်္သေ့ကို ဂဠုန် သုတ်မည်။ အနင်းခံတဲ့ စပါး (အမှန်တရား) သန်မည်။ ဗိုလ်ချုပ်လမ်းပေါ်က (လယ်သူမကြီးတွေ) ကြိမ်မီးအုံးနေတဲ့ အလွမ်း ခေတ်ကို ၀ှမ်းမည်။ တစ်မိုးသောက်ရင် ရွာရိုးကိုးပေါက် အိပ်မက်နှိုးတဲ့ ခလောက်သံ ညိုးညိုး ညံမည်။ ထွန်တုံးပေါ် မျက်ရည် ချောင်းစီး မြေတုန် ဟည်းမည်။ ကန်သင်းရိုးပေါ် သွေးမိုးသွန်းသော် (တို့လယ်သမား) တစ်ခေတ်ထွန်းမည်။ တောမီးကို တောမီးနဲ့မှ ငြှိမ်းလို့ရမည်။ ခင်ရေ- တို့ရင်ထဲ ထယ်သွားနဲ့ခွဲ ထွန်တုံးတိုက်ပွဲဝင်မည်။ ။ No tags for this post. Related posts No related posts.

Read more »

ဒုက္ခသည်

July 12, 2012
ဒုက္ခသည်

နိုင်ဦးညို (ဖိုးဇီးရိုး) ဇူလိုင် ၁၂၊ ၂၀၁၂ ဒုက္ခသည်တဲ့ ဘယ်လောက်များ မလှပလိုက်တဲ့နာမည် …။ ဒီနာမည်ကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်လို့ရရင်ရမယ် ဒီဒုက္ခသည်ဖြစ်ဖို့ မွေးရပ်မြေတွေမှာ ဒုက္ခခံခဲ့ရတာတော့ အတူတူဘဲပေါ့ နေရာဒေသ ကွာရင်ကွာမယ် အခြေအနေအရ အနိမ့်အမြင့်ရှိမယ် ဒုက္ခမခံနိုင်လွန်းလို့ ဒုက္ခသည်နာမည်ကို သည်းညည်းခံပြီး ခံခဲ့ကြရတာပေါ့ …။ ဒီနာမည်ခံယူထားသူတွေဟာ အစီစဉ်တကျ ခိုလှုံရတာဘဲဖြစ်ဖြစ် အခြေနေအရ ခုန်ချရတာဘဲဖြစ်ဖြစ် အခွင့်ရေးပိုလို့ စတေးပြောင်းရတာဘဲဖြစ်ဖြစ် ရေကြည်ရာမြက်နုရာ ရောက်လာသူဘဲဖြစ်ဖြစ် စနစ်ဟောင်းအမွေ ဆက်ခံရတဲ့ နာမည်အသစ်နဲ့ ရာစုအသစ်ရဲ့ ရွေ့ပြောင်းအလုပ်သမား ကျုပ်တို့ပါဘဲ …။ ဒီနာမည်ခံယူထားသူတွေဟာ တချို့နေရာဒေသတွေမှာတော့ ရေမမှန်မီးမမှန် ဝါးလုံးခေါင်းအုံးနေရသလို တချို့လည်း အခြေအနေကောင်းလို့ တတိယကမ္ဘာဆိုတဲ့မြို့တော်သစ်မှာ ကွန်ပျူတာခေါင်းအုံးနေတဲ့သူလည်းရှိတယ် …။ ဒီနာမည်ခံယူထားသူတွေကို ရန်သူလို့ သတ်မှတ်ထားသူရှိသလို ကြားယုံနဲ့...

Read more »

ပျင်းပျင်းရှိတဲ့အခါ အနုပညာနဲ့ နိုင်ငံရေးစကားပြောကြရအောင်

July 12, 2012
ပျင်းပျင်းရှိတဲ့အခါ အနုပညာနဲ့ နိုင်ငံရေးစကားပြောကြရအောင်

ကမာပုလဲ ဇူလိုင် ၁၁၊ ၂၀၁၂ သစ်ကောင်းအိမ် မင်းက အမေရိကားမှာ ဆူရှီလိပ်ရင်း ကဗျာရေးတယ် ငါက နယ်စပ်တကြောမှာ ယောင်ပေပေကျန်ရစ်ရင်း ကဗျာရေးတယ် …။ မင်းပို့တဲ့ ချွေးနည်းစာနဲ့ မင်းညွှန်ကြားချက်အတိုင်း ဒေးမူဆိုင်ကို ငါသွားတယ် မင်းမပါတဲ့ ကျောက်စားပွဲမှာ သူလာချပေးတဲ့ အမြည်းဟာ ဆားပေါ့နေတယ်ကွာ …။ ပြီးတော့ ဆောင့်ကြီး အောင့်ကြီးနဲ့ ရေခရား လာချတယ် ၈ နာရီထိုးရင် ဆိုင်ပိတ်မယ်ဆိုတဲ့အကြောင်း အကြွေး မရောင်းနိုင်ဘူးဆိုတဲ့အကြောင်း ဟိုလူ … ဦးတို့ထဲကယူသွားတဲ့ (သောက်သွားတယ် ပြောရင်ပိုမှန်ပါတယ်ကွာ) အဲ … အဲဒီအကြွေးကို ဘယ်သူ ဘယ်တော့ ဆပ်မလဲ ဆိုတဲ့အကြောင်း အာဏာသံပါပါနဲ့ နှင်တာခံရသေးတယ် မောင် …။ ငါတို့လည်း ညစ်ညစ်နဲ့ ထမပြန်နိုင်သေးဘဲ...

Read more »

ကိုယ်စိတ် မချမ်းသာရခြင်း အကြောင်း … Kama Pale

July 10, 2012
ကိုယ်စိတ် မချမ်းသာရခြင်း အကြောင်း … Kama Pale

ကိုယ်စိတ် မချမ်းသာရခြင်း အကြောင်း … (ကမာပုလဲ) ကျနော်တို့ အမိနိုင်ငံ ဗမာပြည်မှာပေါ့ဗျာ …။ ကျနော်တို့ငယ်ငယ် အထက်တန်းကျောင်းသားဘဝ အရှော့တ် ဟစ်စရီအော့ဖ် ဘားမား (A Short History Of Burma) (ဗမာပြည်သမိုင်း အကျဉ်းတိုတို) ကို အင်္ဂလိပ် သင်္ခန်းစာမှာ ပြဌာန်း သင်ယူခဲ့ဖူးတယ် …။ တရုတ်ပြည်က ဆင်းလာတယ် ပြောပြော အိန္ဒိယကနေ နွယ်လာတယ် ဆိုဆို တိဘက်တို ဘားမိစ်လား မွန် ခမာလား ဘာလား ညာလား ထားပါတော့လေ …။ ဟိုး တလောလေးဆီက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခ အတော့်ကို ကြေကွဲစရာပါပဲ … ရှေ့ရေးကို မတွေးရဲအောင် ထိတ်လန့်ခဲ့တယ် …။...

Read more »

Kama Pale – မျှော်မနေတော့တဲ့ … ကိစ္စ

July 9, 2012
Kama Pale – မျှော်မနေတော့တဲ့ … ကိစ္စ

မျှော်မနေတော့တဲ့ … ကိစ္စ ကမာပုလဲ၊ ဇူလိုင် ၉၊ ၂၀၁၂ ခုတလော ဟိုတုန်းကလို အမေရိကန် မရိန်းတပ်ကြီးကို မမျှော်တော့ဘူး …။ အာရှ ပစိဖိတ်ဒေသကို အမေရိကန်ရေတပ်ကြီး လာနေတယ် ဒီတော့ လက်ယပ်ခေါ် မျှော်နေဖို့ မလိုတော့ဘူးပေါ့ …။ လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှု လုပ်တယ် ရန်သူ့ ပစ်မှတ်တွေကို ဒုံးလက်နက်တွေနဲ့ ပစ်တယ် ဒါ … ဆန်းတဲ့ကိစ္စမှ မဟုတ်တာ ပြုနေကျ ကိစ္စပဲ အဲ … တခုထူးခြားတာက သူတို့ရဲ့ ပစ်မှတ်ဟာ မြောက်ကိုရီးယား အလံ ဖြစ်နေတာပဲ …။ မီးမွှေးတာလား ရန်စတာလား ဒါ … သူတို့ကိစ္စ ဒုတိယ ကမ္ဘာစစ်မတိုင်မီက...

Read more »

Aung Way – မ င်း ကို နို င် ဥ ဒါ န်း

July 8, 2012
Aung Way – မ င်း ကို နို င် ဥ ဒါ န်း

မ င်း ကို နို င် ဥ ဒါ န်း အောင်ဝေး၊ ဇူလိုင် ၈၊ ၂၀၁၂ တစ်ပွင့် ကျန်လည်း လက်ပံ ပဲလေ တောအမြဲ တောင်အမြဲ မီးလျှံရဲရဲ၊ နီမှာပဲ။တစ်ပွင့် ကျန်စမ်း ဒါ – စိန်ပန်း ဟေ့ လမ်း တစ်လမ်းလုံး စိမ်းလန်းသော ရဲဘော်နီနီ။ တစ်ပွင့် တည်းလား နှလုံးသားထဲ ဓား လှံ လေးမြား၊ ၀င်စားရော့သလား ကျောက်သားနှင်းဆီ၊ ချင်းချင်းနီ။ အနီ အနီ အနီ ပဲလေ အပြာရဲ့  အနီ အဖြူရဲ့  အနီ ငြိမ်းချမ်းရေး အနီရောင်။ ဒီ အရောင်တွေ...

Read more »

Maung Nyein Aye – နိုးထလာတဲ့သမိုင်း

July 8, 2012
Maung Nyein Aye – နိုးထလာတဲ့သမိုင်း

နိုးထလာတဲ့သမိုင်း မောင်ငြိမ်းအေး၊ ဇူလိုင် ၈၊ ၂၀၁၂ ကျောင်းသားစိတ်ဟာ အိပ်နေတဲ့လိပ်ပြာမဟုတ် ထိုးသုတ်မယ့်ဟန်၊ကောင်းကင်ပျံတက် မာန်ကသံမဏိ၊မထိလိုက်နဲ့ မရွဲ့မစောင်း၊ဒီမိုကရေစီလမ်းကြောင်းကို ကောင်းကောင်းလျှောက်မယ့်သိန်းငှက်တွေ။ ကျောင်းသားစိတ်ဟာ အကြောင်းတရားမှာ ပြောင်းလဲသွားမှာဖြစ်ပေမယ့် ဟောင်းနွမ်းသွားမှာမဟုတ် ဆုပ်ထားတဲ့လက်သီးတွေနဲ့အတူ ပြည်သူကိုဖေးမတွဲ ပွင့်လင်းလူ့အဖွဲ့အစည်းထဲ ခပ်ရဲရဲဆွဲခေါ်သွားမှာဖြစ်တယ်။ ကျောင်းသားစိတ်ဟာ အာဇာနည်ခေါင်းဆောင် ကိုအောင်ဆန်းစိုက်ပျိုးခဲ့တဲ့ သမဂ္ဂထဲကပန်းပွင့် လေလွင့်နေမယ့်ကြွပ်ကြွပ်အိတ်မဟုတ်ဘူးဟေ့ သိက္ခာမဲ့လှံစွပ်တွေကိုရင်ဆိုင်တွေ့မယ့် အရှက်မရှိကျည်ဆံတွေကိုရင်ဆိုင်တွေ့မယ့် တကယ့်ယောက်ျားကောင်းတွေ။ ကျောင်းသားစိတ်ဟာ စာရွက်ပေါ်ကအပြောင်းအလဲကို မြောင်းထဲလွှင့်ပစ်၊ခေတ်နဲ့အညီ ပြည်သူတစ်ရပ်လုံး၊အပြုံးသစ်သစ် ခံစားဖြစ်အောင်၊စံထားဆောင်ရွက် ရှေ့ကိုသာတက်ပြီးရင်တက်မယ့် ခြေလှမ်းသွက်သွက် စာမရီငှက်တွေသာဖြစ်တယ်။ အိုကေ…..ဆိုတဲ့ စကားကလေးနှစ်လုံးနောက်မှာ ဗုံးသံတွေဆူညံပေါက်ကွဲ သေပွဲဝင်ခဲ့ရတဲ့ကျောင်းသားတွေ အခုတော့ဒီဝိညာဉ်တွေနိုးထလာခဲ့ကြပြီ အိုကေကိုသူတို့မရိုသေကြဘူး နောင်တမရနိုင်ကြတဲ့လူ့အစိမ်းရောင်တွေ တိမ်းရှောင်စရာမြေမရှိတော့ဘူး ဦးနှောက်ချောင်ရူးသွားမတတ်ကြောက်လန့်နေကြရပြီလေ တက္ကသိုလ်မြေကသမဂ္ဂ သမိုင်းသစ်တစ်ခေတ်ကိုပြန်စစေခဲ့ကြပြီ။ ဇူလိုင် ၇ အခမ်းအနားမပြုလုပ်နိုင်ရန် အစိုးရက ဖမ်းဆီးခဲ့ပြီး ၇ နေ့ မှ...

Read more »

Kyaw Home – ငွေစင်ရတု အကြို ဥဒါန်း

July 8, 2012
Kyaw Home – ငွေစင်ရတု အကြို ဥဒါန်း

ငွေစင်ရတု အကြို ဥဒါန်း ကျော်ဟုန်း၊ ဇူလိုင် ၇၊ ၂၀၁၂ တခါတခါ စဉ်းစားတယ် ငါတို့ ဟာ စံနစ်ရဲ့ ထုတ်ကုန်တွေများလား ငါတို့ ဟာ စံနစ်လား ၊ စံနစ်ဟာ ငါတို့ လား ဆယ်စုနှစ် နှစ်စုခွဲခန့် က ပု စ္ဆာ ခုထိ တွက်လို့ ကောင်းဆဲ။ ဒီမြေလွှာကို ခွာထုတ်ရင် သွေးတွေ အဖတ်ဖတ် ချွေးတွေ တဖတ်ဖတ် အလွှာလိုက် ရှာတွေ့ မယ် စံနစ်ရဲ့ ဝါးမြိုပုံများ။ ကာလ ဝါဒလှိုင်းတွေကြား မုန်တိုင်းတွေ တိုက်လိုက်ကြတာ ပျဉ်းမ ငုတ်တိုပါ တိုက်စားသွားပေါ့ ဘိုးဘလက်ထက်က ပျဉ်းမငုတ်တိုအကျန် ငါတို့ လက်ထက်မှာ အမြစ်ပါကျွတ်ထွက် ငါတို့ တွေလဲပဲ ငါးတော့ငါး...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်