ကဗျာ

ဇေယျာလင်း ● ငါးတကောင်နှင့် အယ်ရာများ

April 5, 2017
ဇေယျာလင်း ● ငါးတကောင်နှင့် အယ်ရာများ

ဇေယျာလင်း ● ငါးတကောင်နှင့် အယ်ရာများ (မိုးမခ) ဧပြီ ၅၊ ၂၀၁၇ အကယ်၍ အဲဒီညမှာ နဒီဝင်းမှာ မင်းဟာ လွန်ခဲ့တဲ့နှစ်ရက်က ဆေးကွဲထားတဲ့အရှိန်နဲ့ ရယ်လိုက်ငိုလိုက်စကား အော်ပြောလိုက် အိနြေ္ဒပျက်လိုက်နဲ့ ဒရာမာတွေ တချပ်ပြီးတချပ် ချမနေခဲ့ရင် အကယ်၍ မင်းရဲ့နောက်ဆုံးပေါ်ရည်းစားစကားဟာ မင်းကို ၅ မိနစ်တခါဖုန်းဆက်ပြီး ချစ်လို့ပါ၊ ချစ်လွန်းလို့ပါ၊ ကျွန်တော်ကိုသတ်သွားပါ၊ ဘာကြောင့်အဲဒီလိုလူကိုမှချစ်ရတာလဲ လို့မြိန်ရည်ရှက်ရည်ငိုယိုပြီး သူ့နှုတ်ခမ်းကွဲကသွေးကို နို့ရည်လိုလျက်မနေခဲ့ရင် အကယ်၍ ရုပ်လွန်ဒသနကနေ၊ သိပ္ပံဒသနကနေ၊ လူဗဟိုပြုဒဿနကနေ၊ ယဉ်ကျေးမှုဗဟိုပြု ဒဿနတွေ တဆင့်ဆင့်ပြောင်းမလာခဲ့ရင် အဲဒီငါဟာ အက်ဘ်ဇာ့ဒ်ကိုရသဗေသရဲ့ သီအိုရီပေါ်ကလဲ့စားချေခြင်းအဖြစ် ပေါင်ကြားမှာ ယဉ်ကျေးမှု ယားနာတွေဖြစ်မလာခဲ့ရင် အကယ်၍ အကယ်၍များပေါ့ အဲဒီငါဟာ လိင်စိတ်များများ၊ သကြားနည်းနည်း၊ ဆားနည်းနည်း ပစ္စုပ္ပန်ကမ္မဝါဒ နည်းနည်းနဲ့ နယ်ဖတ်ပြီး...

Read more »

လင်းမိုးစွေ ● သက်သတ်လွတ်မရောင်းပါ

April 4, 2017
လင်းမိုးစွေ ● သက်သတ်လွတ်မရောင်းပါ

လင်းမိုးစွေ ● သက်သတ်လွတ်မရောင်းပါ (မိုးမခ) ဧပြီ ၄၊ ၂၀၁၇ နေလို့လည်း အဆင်ပြေ သေဖို့လည်း အဆင်ပြေတယ်ဆိုရင် ဒီကဗျာကို ဖတ်ပါ။ သားသတ်ရုံထဲက မြနေတဲ့ ဓား သွေးကတည်းက သွေးတွေချည်း တစ်ချက်ဆို တစ်သက်ပဲ။ ကျွမ်းကျင်တဲ့သားသတ်သမားလည်း ဒီတစ်သက်ပါပဲ။ အကုသိုလ်က ညှီစို့စို့နဲ့ နှာခေါင်းနား ကပ်ပြောသွားတယ် နောင်သံသရာထိ နံတယ်။ ယင်တလောင်းလောင်းမနက်ခင်း အသားကောင်းရဖို့ ရှေ့မှာ တန်းစီစောင့်နေကြသလို နောက်မှာ အသက်တွေ တန်းစီစောင့်နေပါတယ်။ စကားမစပ် ကြားဖြတ်မေးပါဦးမယ် ဘာသားနဲ့စားမှာလဲ…။ လင်းမိုးစွေ ၂၅.၃.၂၀၁၇   Tags: လင်းမိုးစွေ

Read more »

မိုးဝေး ● ဘာသာစကားထဲက အိပ်မက်

April 4, 2017
မိုးဝေး ● ဘာသာစကားထဲက အိပ်မက်

မိုးဝေး ● ဘာသာစကားထဲက အိပ်မက် (မိုးမခ) ဧပြီ ၄၊ ၂၀၁၇ အိပ်စရာ အိပ်ရာပေါ်မှာ စောင်ကလေးတထည်ဘေးမှာ ဖက်လုံးကလေးက လျောကျလို့ ကမ္ဘာဆုံးတဲ့အထိ ဆွဲတင်နေမိတယ် ညတညနဲ့တညကြား အိပ်မက်ကနိုးလာသလို တမြို့လုံးကို ပတ်ကြည့်၊ ပြီး ပြန်အိပ်ပျော်သွား အိပ်မက်ထဲမှာ တွေ့ကြပြန်တယ် အိပ်မက်ထဲမှာလည်း မြို့ကိုပတ်ကြည့်နေတာပါပဲ အစစ်အမှန်ကိုတွေ့ပြီတဲ့ အစစ်အမှန်ဟာ အိပ်မက်ပဲ တဲ့ အိပ်မက်ထဲ နာကျင်နေသူ လူသားတဦး ဝတ္ထုစာအုပ်တအုပ်လို ဟိုလှန်ဒီလှော ညရဲ့အစွန်းဟာ သူ့အတ္တနဲ့ မှောင်နေတာအရမ်းလှ ငှက်သံကျေးသံတွေကြောင့် နိုးခဲ့ပြန်ပါပြီ ဆောင်းဥတုလိုပ သင်ပြောလိုက်လေသလား ဓာတ်မီးတိုင် မီးဝါကျင်ကျင်အောက်မှာ အလို ငါ့လိုသူတယောက်ပါလား။  ။ မိုးဝေး ၁၆-၁၁-၁၂၀၁၆ (မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၊ ၂၀၁၇...

Read more »

အောင်မှူးဝေ ● စစ်ဝါဒီများကောင်းမှု

April 4, 2017
အောင်မှူးဝေ ● စစ်ဝါဒီများကောင်းမှု

အောင်မှူးဝေ ● စစ်ဝါဒီများကောင်းမှု (မိုးမခ) ဧပြီ ၄၊ ၂၀၁၇ လက်တဖက်ပြတ် ဘတ်လပ်တွဲလွဲ သားကို ဆွဲ၍ ကွေ့ကောက်ပြေးသွား လယ်သမား…။ ခါးလယ်ကျိုးကျ မိုးမခ ပင်အောက် ခမောက် အုပ်ထား စစ်သည်များ မြေပုံ…။ ဘုံပြဿဒ်ဦး ကူးညိမီးလျှံ ဘလောင်ဆန်ပူပြင်း လင်းထိန်ပေတောင်း ရွာဦးကျောင်း…။ ကောင်းကင်ချိတ်လု စိန်ဖူး နုပြာ ဝဲကာ မြေသက် စေတီပျက်…။ ခက်လက် ကျွမ်းကာ မစွမ်းသာသည့် ကမ္ဗလာရောင်မောင်း သစ်တောဟောင်း…။ ပြောင်းရွေ့ရာသီ ကဗျာစီသော ဥသြလည်းသေ ဖုန်းဆိုးမြေ…။ ရွှေသင်္ကန်းမှာ ကျည်ဆန်ရာနှင့် ဗရဖွာဖြစ်နေ ဆင်းတုတွေ…။ ဝေသီမူးမူး မြူကူးဝေ့ဝေ့ တောင်ကွေ့ချောက်နား ကမူဖျားက ကျားဆွဲတတ်သော စာသင်ကျောင်း…။ ထောင်းထောင်းကြေမွ စိန်ပြောင်းခပြီ စစ်ဝါဒီများကောင်းမှုတည်း။ ။...

Read more »

တိုးနှောင်မိုး ● ကြယ်တွေမှာ အဖြေမရှိဘူး

April 3, 2017
တိုးနှောင်မိုး ● ကြယ်တွေမှာ အဖြေမရှိဘူး

တိုးနှောင်မိုး ● ကြယ်တွေမှာ အဖြေမရှိဘူး (မိုးမခ) ဧပြီ ၃၊ ၂၀၁၇ သမီးကမေးလိမ့်မယ် ဖေဖေဘာလို့ ကဗျာရေးတာလဲလို့ အဲဒီအခါ အလင်းနဲ့မျက်နှာချင်းဆိုင် နိုင်ငံရေးရဲ့တည်နေရာအကျယ်အဝန်း အမှန်တရားရဲ့အမှောင်ဆုံးအခြမ်း လူသားဆန်ဆန်တွေးခေါ်တတ်ခြင်းအတွက် သတ္တဝါတွေကိုယ်စား ပျားတွေတဝီဝီပျံသန်းနေသလို ရင်ဘတ်နဲ့ရိုက်လျှော်ပြီး ခံစားအော်ဟစ်ခဲ့တယ်လို့ ဖြေမိမှာပဲ။ တကယ်တော့ ဒီအဖြေမျိုး မိပန်ပန် ဘယ်ကျေနပ်လိမ့်မလဲ အဖေကဘဝဆိုသမီးကသုခ အဖေကဒုက္ခဆိုသမီးကသဘာဝ အဲ့ဒီလိုမတူညီတဲ့ခေတ်ရေစီးထဲ အချိုးကျ တရစ်ရစ်ခေတ်ကိုအချစ်နဲ့ ကိုက်ခဲနေဦးမှာပဲဆိုတော့ စက်ယန္တယားဆန်တဲ့ ကွန်ပြူတာလို အသိမျိုး ကမ်းပါးပြိုသလို ဖေဖေတို့ သစ်စေ့တွေက စကြဝဠာအနှံ့ အရသာရှိရှိ ပွင့်ဖူး လင်းလက်တောက်ပခဲ့ပါတယ်။ စကရရုပ်လိုနွေဦးဆန်တဲ့သဘာဝထဲ ပျားလို ပန်ကြိုက်တတ်တဲ့ရှုခင်းစိတ်ကူးမျိုးထဲ လောကနိတိနည်းနည်း လောကအမွန်မှလောကအမှန်နည်းနည်း ပေါင်မုန့်အစာသွတ်သလိုမုန့်ကတိုး ရွက်ဆုတ်ပြက္ခဒိန်လို အသက်ရှူသံများ သက်ပြင်းနဲ့ငြင်းခုန်ခြင်းများ ဥဒဟိုမောင်းနှင်ခဲ့ပါတယ်။ မြစ်ဆန်ဆန် ဗျူရိုကရက်ကွန်ဆာဗေးတစ်မုန်တိုင်းဟာ မီးခလုတ်ဖွင့်လိုက်ပိတ်လိုက်အစီးအဆင်းတခု...

Read more »

မောင်ကြူးရင့် ● အိမ်

April 3, 2017
မောင်ကြူးရင့် ● အိမ်

မောင်ကြူးရင့် ● အိမ် (မိုးမခ) ဧပြီ ၃၊ ၂၀၁၇ (မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၃၊ မတ်လထုတ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် ကဗျာဖြစ်သည်) သစ္စာတရားထွန်းကားရာ ငြိမ်းချမ်းသောအိမ်ကလေးဆောက်ကြမယ် မေတ္တာတရားပွင့်သစ်ရာ ငြိမ်းချမ်းသောအိမ်ကလေးဆောက်ကြမယ် ဉာဏ်ပညာဝင်းပရာ ငြိမ်းချမ်းသောအိမ်ကလေးဆောက်ကြမယ် မင်းက စန္ဒယားတလုံးဖြစ်ရင် ကိုယ်က တယောတလက်ဖြစ်ရမယ် စာနာမှုတေးကိုဆိုကြမယ် မင်းက ထမင်းတဆုပ်ဖြစ်ရင် ကိုယ်က ထန်းလျက်တခဲဖြစ်ရမယ် ရောင့်ရဲမှု ပန်းချီကားတချပ် ရောင်စပ်ကြမယ် မင်းက ကတုတ်ကျင်းတခုဖြစ်ရင် ကိုယ်က သေနတ်တလက်ဖြစ်ရမယ် ဘဝတိုက်ပွဲအတူတိုက်ကြမယ် အို … အချစ်ရယ် မင်းက ထီးတလက်ဆိုရင် ကိုယ်က ဖိနပ်တရံ မင်းကပန်းတပွင့်ဆိုရင် ကိုယ်က ပျားတကောင် မုန်တိုင်းထန်ပါစေ ကန္တာရကြမ်းပါစေ ဆူးတောဖြစ်ပါစေ ကြံ့ကြံ့ခံ မဆုတ်မနစ် ဖြတ်သန်းရမှာပဲ...

Read more »

ဆန်းကျော်စွာဝင်း ● မြို့ကို ဖက်နဲ့ထုပ်ထားကြ

April 3, 2017
ဆန်းကျော်စွာဝင်း ● မြို့ကို ဖက်နဲ့ထုပ်ထားကြ

 ဆန်းကျော်စွာဝင်း ● မြို့ကို ဖက်နဲ့ထုပ်ထားကြ (မိုးမခ) ဧပြီ ၃၊ ၂၀၁၇ အနုပညာနဲ့ တည်ဆောက်ထားတဲ့မြို့မှာ အနူလက်တွေဟာ ရွှေခွက်ကို ဓါးပြနှိုက်တယ် မြို့ကြီးထဲ လူရေစီးကြောင်းတွေ စီးဝင်တဲ့အခါ မြို့ဟာ လူဝန်တွေပိလာ ပွင့်လင်းဖော်ရွေတဲ့မြို့ဟာ ပွင့်ပွင့်လင်းလင်း ဖော်ချွတ်လာ… လူမိုက်တွေ မှောင်ရိပ်မခိုတော့ဘူး နေ့ခင်းကြောင်တောင် လမ်းလယ်ကောင်မှာ လုယက်တယ် လူမိုက်တွေ မှောင်ရိပ်မခိုတော့ဘူး လမ်းမီးတိုင်အောက်မှာ မားမားရပ်လို့… လမ်းမကြီးတွေ မလုံခြုံတော့ဘူး တရားဥပဒေစိုးမိုးမှုဟာ မယားငယ်ယူသွားပြီ မြို့ခမျာ ဥပဒေကို ငိုယိုခေါ်နေရှာ… တရားဝင်ဆေးပြားတွေ မြို့မှာရှိတယ် လိုင်စင်ရဆေးခန်းတွေ မြို့မှာရှိတယ် တဝမ်းတခါးအတွက် မပူနဲ့ ဓါးမြှောင်တချောင်းပါရင် အဆင်ပြေတယ် လည်မျိုကို နင်းရဲရင် အဆင်ပြေတယ် ဆိုင်ကယ်ချင်း ယှဉ်လုရဲရင် ပိုအဆင်ပြေတယ် ဆေးပြားနဲ့လုယက်မှုဟာ ရင်ချင်းဆက် အမွှာပဲ…...

Read more »

AUNG WAY ● TRIBUTE TO YEVTUSHENKO

April 2, 2017
AUNG WAY ●  TRIBUTE TO YEVTUSHENKO

 AUNG WAY ●  TRIBUTE TO YEVTUSHENKO (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ “ယ က် ဗ် တူ ရှ င် ကို က ဗျာ ရွ တ် တဲ့ ည ငါ့ သားမွေးဖွားခဲ့ပလေ” ဒီလို ကျနော် ကဗျာဖွဲ့ခဲ့ဖူးတယ်။ ၁၉၈၆ နိုဝင်ဘာလ (၃) ရက်။ ရုရှားကဗျာဆရာ ယက်ဗ်တူရှင်ကို မြန်မာပြည်အလည်လာတုန်း ရုရှားသံရုံးမှာ ကဗျာရွတ်တဲ့ညပေါ့။ ဆရာမောင်သော်ကတို့၊ ဆရာမောင်သာနိုးတို့ တက်ရောက်ခဲ့ကြသပေါ့။ မောင်သာချိုတို့ လှမ်းအကြောင်းကြားခေါ်ပေမဲ့ ကျနော် မသွားနိုင်ခဲ့ပါဘူး။ အဲဒီညမှာပဲ ကျနော့်ရဲ့ ဒုတိယသား လပြည့်ဝေးကို ရွေးမြစ်ကမ်းတစ်နေရာမှာ မွေးဖွားခဲ့တာပါ။ အခု ယက်ဗ်တူရှင်ကို ကွယ်လွန်ရှာပြီဆိုတော့...

Read more »

စိုးနေလင်း ● လမ်းလွှဲ

April 2, 2017
စိုးနေလင်း ● လမ်းလွှဲ

စိုးနေလင်း ● လမ်းလွှဲ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကြည့်တတ်လို့ မြင်နေပြန်တော့လည်း သဲသဲကွဲကွဲနားလည် နယ်ရုပ်တွေကိုသာ မဟုတ် ဘုရင်မကိုပါ အကွက်ပြောင်းစေစားခဲ့ကြ တကွက်မကများ မှားသွားခဲ့ပြီလား။ တအားမျှော်လင်းထားကြသူတွေကတော့ ခေါင်းတောင်မမော့နိုင်ဖြစ်နေဆဲ သဲပြင်ပေါ်ကရဲတိုက်တွေက ဆောက်မဆုံးနိုင်သေး တဖြည်းဖြည်းကွေးပြီးဆွဲညှစ်မယ့် မောင်းကွင်းထဲကလက်ညှိုး မိုးနဲ့မြေကို ဆုံးရှုံးလိုက်ကြရုံသာ။ ရှေ့စာမျက်နှာတွေကို မှန်းဆမရ ထိုက်တန်တဲ့ အစိုးရကိုသာ ရပေလိမ့်မယ်တဲ့…။ အဲဒီလမ်းကို လိုက်လိုကလည်း လိုက်ကြပေစေတော့။ ။ သရုပ်ဖော် – သန်းဌေးမောင် Tags: စိုးနေလင်း

Read more »

ခက်သီ ● ခေတ်သစ် ငဘများသို့ ….

March 31, 2017
ခက်သီ ● ခေတ်သစ် ငဘများသို့ ….

ခက်သီ ● ခေတ်သစ် ငဘများသို့ …. (မိုးမခ) မတ် ၃၁၊ ၂၀၁၇ လက်ဝါးကြီးအုပ် ခရိုနီစီးပွားရေးဟာ အသက်ဝင်နေတုန်း သနားစရာအကောင်းဆုံးက တောင်သူတွေ သီးနှံပေါ်ပြီဆို ဈေးတွေ ထိုးကျပြီ တောင်သူလက်ထဲ သီးနှံမရှိတော့ဘူးဆို ဈေးတွေက ထိုးတက်ပြီ စိုက်ချိန်ပျိုးချိန်ဆို အာမခံချက်မရှိတဲ့မြေဆီတွေ တံဆိပ်အဖုံဖုံ နဲ့ ဝင်လာပြီ (ကောင်း မကောင်း လျာနဲ့လျက်မြည်းလို့လည်းမရ မားကတ်တင်းသမား အာချောင်သမျှ လိုက်သုံးနေရ) ပွင့်သီး ဝင်ပြီဆို ရွတ်ဖြန်းအားဆေး၊ ပိုးသတ်ဆေး တံဆိပ် အဖုံဖုံနဲ့ ဝင်လာပြီ (ကောင်း မကောင်း လျာနဲ့ လျက်မြည်းလို့မရ မားကတ်တင်းသမား အာချောင်သမျှ လိုက်သုံးနေရ) သီးနှံသိမ်းချိန် အလုပ်သမားဈေးက ခေါင်ခိုက် တချို့တောင်သူတွေ ရှုံးကြတယ်။ ကဲ ပြောမယ် ဒီနိုင်ငံမယ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်