ကဗျာ

မောင်မောင်ငြိမ်းအေး – ခင်ပန်နှင်းကို ကျွန်တော်သိတယ်(လူပီသတဲ့ နားကြပ်)

April 27, 2017
မောင်မောင်ငြိမ်းအေး – ခင်ပန်နှင်းကို ကျွန်တော်သိတယ်(လူပီသတဲ့ နားကြပ်)

  ခင်ပန်နှင်းကို ကျွန်တော်သိတယ် (လူပီသတဲ့နားကြပ်) မောင်မောင်ငြိမ်းအေး (မိုးမခ) ဧပြီ ၂၇၊ ၂၀၁၇   ဆရာနေမျိုးအေးထံမှ ယူပါသည် အစဉ်အလာမဟုတ် လွှတ်တော်အမတ်တစ်အုပ်လုံးကို အိမ်ဖြူတော်ဖိတ် မြောက်ကိုရီးယားချာတိတ်ကလေးကို”ပညာ”ပေးဖို့ဆွေးနွေး “ထရမ့်”ရဲ့နိုင်ငံရေးကိုစောင့်ကြည့်အကဲခတ်နေတုန်း ဖြုန်းခနဲ ရင်ထဲမှာလှုပ်ရှား သတင်းတခုကြားလိုက်မိတယ်။     မန္တလေးဆေးရုံကြီးက ကင်ဆာကုသဆောင်အတွင်း “ခင်ပန်နှင်း”တယောက် ဒူးမထောက် လက်မမြှောက် သေမင်းဆီတည့်တည့်ရင်ကော့လျှောက် သက်ရှိလောကကို သပိတ်မှောက်သတဲ့။     အစဉ်အလာကောင်းတဲ့ မြောင်းမြသူ “ခင်ပန်နှင်း” ဝတ္ထုတိုရွှေခေတ်အတွင်း လင်းခဲ့တယ်။     ရွှေဘုံသာလမ်းထဲ အလင်းနည်းတဲ့ဆေးခန်းကလေး ထောင့်တွေမှာပင့်ကူမြှေးတွေစွဲ သူကတော့စပ်ဖြဲဖြဲ စာနယ်ဇင်းလောကထဲက ကဗျာဆရာ စာရေးဆရာ ကာတွန်းဆရာ ပန်းချီဆရာ အယ်ဒီတာ အသပြာချို့တဲ့သူတွေရဲ့ရောဂါများ တတ်အားသမျှစမ်းသပ် သူ…နှင်ပေးတတ်ပေရဲ့။    ...

Read more »

ညိမ်းအေးသာ ● မတ်လ

April 27, 2017
ညိမ်းအေးသာ ● မတ်လ

ညိမ်းအေးသာ ● မတ်လ (မိုးမခ) ဧပြီ ၂၇၊ ၂၀၁၇ QA Workshop နှစ်ရက်ကလွဲ မတ်လထဲ ဘာထူးလဲ အလောင်းတော်ကဿပဘုရားဖူး ကြယ်ပဲစားပြီး သွေးအားနည်းသွားလို့ ဆေးများသွင်း အောက်စီဂျင်ကူ စာမေးပွဲခန်း Round လှည့်ရင် မောပြီး အဖြေလွှာသိမ်းရင် ခေါင်းမူးတတ်ရုံအပြင် မတ်လမကုန်ခင် ထူးခြားဖြစ်စဉ်အနေနဲ့ သမိုင်းဝင်တော်လှန်နီ တော်လှန်ဖြူတွေရဲ့ ကြား တော်လှန်ဖြူ နီ အသစ်တစ်ခု ပေါက်ဖွား ငါကရော သူ့ကို တော်လှန်ရဲသွားပြီလား မတ်လထဲမှာပဲ ယူကရိန်း ပရော်ဖက်ဆာရဲ့ မျက်ဝန်းလဲ့ပြာနဲ့ အင်္ဂလိပ် အက္ခရာ ကြိုးစားပမ်းစား အဖြေရှာနေလည်း ချစ်သောသူများနဲ့ ညစာစားဆဲ ရေဦးရေဖျား ကဗျာစာအုပ်မိတ်ဆက်ပွဲမှာ မထင်မှတ်ဘဲ ရွတ်ခဲ့တဲ့ကဗျာ “ခေါင်းစဉ်က အချစ်” သေချာစစ်ကြည့်တော့ မတ်လထဲ ငါ့စိတ်ကို...

Read more »

မြတ်လှိုင်း ● ငါတို့ပရဝုဏ်ထဲက

April 26, 2017
မြတ်လှိုင်း ● ငါတို့ပရဝုဏ်ထဲက

မြတ်လှိုင်း ● ငါတို့ပရဝုဏ်ထဲက (မိုးမခ) ဧပြီ ၂၆၊ ၂၀၁၇ ငါတို့အတွက် ထိုးနေတဲ့ခေါင်းလောင်းသံ ငါ့ရဲ့အခန်းကျဉ်းလေးထဲ အတွေးတွေအငွေ့ပျံပြီး ကံကြမ္မာတခြမ်းစောင်းခဲ့ တစတစအက်ကွဲလာနေတဲ့နာရီတွေ အလာမှာနှေးသလောက် အပြန်မှာမြန်လွန်းနေတယ် ခေတ်ကြီးကိုပြတဲ့နိမိတ်ပုံတွေ နဖူးကကျတဲ့ချွေးတွေကြားမှာ သနပ်ခါးပါးကွက်လို ပျက်ခဲ့ရ အိပ်မက်က မဟာမဆန်တော့သလို၊ ကျေးလက်ဟန်အမူအယာပျောက်သွားခဲ့ မြို့ပြထဲမှာ အတ္တညော်နံ့တွေ အနာဆွေးလိုကုတ်ဖဲ့ပြီး မနာလိုခြင်းနဲ့ ဖောင်းပွရှင်သန် အပြိုင်းအရိုင်း။ ငါတို့ခေတ်ကြီးက ငါတို့မြစ်လိုမစီးဆင်းခဲ့ ဒါ သဘာဝဆိုပေမယ့်၊ မာယာတွေထဲမှာလှလှပပ တဖက်မှာ သောင်ထွန်းဖို့၊ ပြိုကျပေးခဲ့ရတာတန်သလား စဉ်းစားခြင်းနဲ့ပြန်စဉ်းစား၊ ပြန်စဉ်းစားရင်းရူးသွပ်သွားကြ စုတ်ပြတ်နေတဲ့သင်ရိုးညွှန်းတမ်း၊ ဒီလမ်းဟောင်းကိုပဲ အလွတ်ကျက် အလွတ်ကျက်ရင်း ခလုပ်တိုက်လဲကျ ပြန်အထမှာ ဘဝအသစ်ကို တွေ့ရှိခဲ့တယ် မရသင့်ပဲ မရနိုင်ကြတဲ့နောင်တတွေနဲ့ ဒီလမ်းဟောင်းကိုပဲ ဆက်လျှောက်နေရ။ ဘဝတွေကျွံကျနေတဲ့ဂယက်ဝဲထဲမှာ မူးယစ်ဆေးရှာစရာမလိုပဲ တချို့က ထုံအ၊...

Read more »

အောင်မော်ဦး ● အလှဆုံးဆည်းဆာကို ပင်လယ်ထဲလွှတ်ချခဲ့ကြတယ်

April 23, 2017
အောင်မော်ဦး ● အလှဆုံးဆည်းဆာကို ပင်လယ်ထဲလွှတ်ချခဲ့ကြတယ်

အောင်မော်ဦး ● အလှဆုံးဆည်းဆာကို ပင်လယ်ထဲလွှတ်ချခဲ့ကြတယ် (မိုးမခ) ဧပြီ ၂၃၊ ၂၀၁၇ ကမ္ဘာကျော်အောင်လှတဲ့ဆည်းဆာမှာ ကမ္ဘာကျော်ကဗျာတပုဒ်အကြောင်းပြောကြစို့ဂျနီဖာ ငါ့နံဘေးမှာထိုင်ပါ ငါ့ပခုံးကိုမှီပါ အသက်ဝဝရှူပါ တဖျပ်ဖျပ်ရိုက်နေတဲ့ ကင်မရာကို ပိတ်လိုက်ပါ လေအပင့်မှာ လွင့်လာမယ့်ဆံပင်တွေကို မသိမ်းလိုက်ပါနဲ့ ကျေးဇူးပြု၍ သူ့အလွင့်အတိုင်း ရှိကြပါစေ။ ရေခြားမြေခြားရောက်နေသူတွေရဲ့အလွမ်းဟာ အကွာအဝေးနဲ့ဆို မိုင်ပေါင်းထောင်ချီတယ် အချိန်ကာလနဲ့ဆို ရက်ပေါင်းထောင်ချီတယ် လွမ်းကောင်းတိုင်းသာ လွမ်းရရင် အလွမ်းချည်းသက်သက်တင် ရာဇဝင်တွင်လောက်တယ်။ ဒါပေမဲ့ ဒါတွေ နင်ဘယ်သိလိမ့်မတုန်း ငါဟာ ကမ္ဘာ့လူဦးရေစာရင်းထဲ ထည့်သွင်းရေတွက်ခြင်းမခံရတဲ့ ကမ္ဘာမဲ့တကောင်ပါ ငါဟာ နိုင်ငံ့လူဦးရေစာရင်းထဲ ထည့်သွင်းရေတွက်ခြင်းမခံရတဲ့ နိုင်ငံမဲ့တကောင်ပါ ငါဟာ မိဝေးဖဝေး ဇာတိနဲ့ဝေးခဲ့တဲ့ ပြည်ပြေးတကောင်ပါ ဒုက္ခသည်တွေလို့ သတ်မှတ်ခံကြရတဲ့ ဒုက္ခကို ဒုက္ခသည်တွေလောက် ဘယ်သူသိနိုင်ပါ့မလဲ။ ဒါပေမဲ့ ဒါတွေ နင့်ကိစ္စမှမဟုတ်တာ...

Read more »

သျှင်မျိုးငယ် ● ပစ္စက္ခမှတ်တမ်း

April 23, 2017
သျှင်မျိုးငယ် ● ပစ္စက္ခမှတ်တမ်း

သျှင်မျိုးငယ် ● ပစ္စက္ခမှတ်တမ်း (မိုးမခ) ဧပြီ ၂၃၊ ၂၀၁၇ ရင်ဘတ်ကို ဗလာကျင်းထားလိုက်တယ်ရှည်လျားစပြုနေပြီဖြစ်တဲ့ မုတ်ဆိပ်မွှေးတွေကို ပွတ်သပ်ပြီး တွေးတယ်လူငယ်တယောက်ရဲ့ယုံကြည်ချက်အတိုင်းဆိုပါတော့ငါတို့ဟာ လူငယ်ဘဝကို သင်းသတ်ခံထားရတဲ့မျိုးနွယ်စုမဟုတ်လားအမှောင်ထဲမှာ နေကာမျက်မှန်တလက်ကိုတပ်ပြီး ကြည့်မှတော့ခွေးဝဲစားတကောင်လောက်တောင် လတ်ဆတ်မှုမရှိတဲ့အမြင်နဲ့ငါတို့ဟာ မရှိမဲ့ရှိမဲ့အတွေးအခေါ်နဲ့ ခရီးတွေဆက်ခဲ့တယ်ဒါဟာ ခရောင်းလမ်းဆိုလည်း ခရောင်းလမ်းပေါ့ဒါဟာ ပန်းမွေ့ယာဆိုလည်း ပန်းမွေ့ယာပေါ့ကိုယ့်အသက်အရွယ်ကိုပြန်ပြီးကြည့်လိုက်တော့သောက်သုံးမကျတဲ့ခေတ်ကာလအပိုင်းအခြားကိုပဲ တွေ့ခဲ့ရတယ်ဆောင်းလက်ကျန်နှင်းစက်တွေအောက်မှာ ငါ့ကို မွေးဖွားခဲ့သတဲ့ဘယ်မှာလဲ အေးချမ်းမှုဘယ်မှာလဲ ငြိမ်းအေးရာငါနေထိုင်ရာ ဟောဒီဘဒ္ဒကမ္ဘာဟာ အဆီအငေါ်မတည့်မှုတွေ ဒုနဲ့ဒေးငါတို့ အပြိုင်အဆိုင်ပြေးနေခဲ့ကြတာပဲ မဟုတ်လားမှားယွင်းနေတဲ့လမ်းမကြီးပေါ်မှာ သံကုန်ဟစ်လို့ဦးတည်ရာမဲ့စိတ်ကူးတွေကို စိုက်ပျိုးလို့အထပ်ထပ်အခါခါ မှားတယ်  မှားတယ် မှားတယ်အမှန်တရားလား ငါ ပြတင်းပေါက်ဖွင့်မထားဘူးဝင်လာမစဲတသဲသဲဆိုတာ ဒုက္ခတရားအတွက်ဖြစ်နေရဲ့အမှောင်ထုတွေဟာ သိပ်ပြီး ထူးပိန်းလွန်းတယ်လျှောက်လက်စလမ်းတွေကို ခရီးဆက်ဖို့ ကိုယ့်ကိုယ်ကို လောင်ကျွမ်းပေးခဲ့ရတယ်…ပြာကျတဲ့အထိအသိခေါက်ခက် အဝင်နက်တယ်ဆိုဆိုငါတို့ဟာ နံရံထူထူတွေနဲ့တသားတည်း တသွေးတည်းစိတ်ပျက်လက်ပျက်နဲ့ လောကဓံတရားကို ရင်ဆိုင်တယ်ဆယ့်နှစ်ရာသီပြည်တွင်းစစ်ရှိတဲ့နိုင်ငံတော်အလံကိုငါတို့ သစ္စာရှိရှိ အလေးပြုခဲ့ကြတယ်…အခုထက်ထိပဲငါ့မိတ်ဆွေတချို့မှာ ပြင်ပဒဏ်ရာဒဏ်ချက်တွေ...

Read more »

နေစိမ့် ● အမေးနွားကျောင်းသား

April 19, 2017
နေစိမ့် ● အမေးနွားကျောင်းသား

နေစိမ့် ● အမေးနွားကျောင်းသား (မိုးမခ) ဧပြီ ၁၉၊ ၂၀၁၇ ရည်ရွယ်ချက်က ဘုရားသခင်ရဲ့ကောင်းကင်ဘုံ အသေခံဗုံးဖောက်ခွဲသူ ဓာတ်ပုံမှာ သက်ငယ်အကြမ်းဖက်အစွန်းရောက် ကမ်းလွန်ပင်လယ်ပြင် ရေမျောကမ်းတင်သဲသောင်စပ်က ကလေးငယ်ရဲ့အလောင်း ဒုက္ခသည်ခိုလှုံရေးစခန်းမှာ တီတီတာတာ အမေကိုပြောနေတဲ့ကလေးရဲ့စကားက သားအဖေကို သားမမှတ်မိတော့ဘူးဆိုလား စစ်ရေးလေ့ကျင့်ခန်းတွေအပြီး ယမ်းငွေ့တွေစဲသွားတော့ မိဘနှစ်ပါးရဲ့အလာင်းရှေ့ မျက်စိသူငယ်ကလေးငယ်က ဆွံ့အနားမကြား အမှိုက်ပုံမှာ သားအိမ်ကထွက်ထွက်ချင်း ချက်ကြိုးတန်းလန်း အမည်မရှိလွန်လေသူ ကလေးရဲ့ဝိညာဉ်လိပ်ပြာ ရင်သွေးရှင်ကို ကိုယ်ထင်ပြ ကျိန်စာတွေလား ဝဋ်ကြွေးတွေလား ကြွေကျပြီးသား ကြယ်တွေရဲ့အနာဂတ် ဘယ်ကောင်းကင်မှာ ဘယ်သူပြန်တက်ချိတ်မလဲ။ ။ နေစိမ့် Tags: နေစိမ့်

Read more »

ဝါကျဖြူ ● ဘရိတ်ပေါက်နေသော အရိပ်

April 17, 2017
ဝါကျဖြူ ● ဘရိတ်ပေါက်နေသော အရိပ်

ဝါကျဖြူ ● ဘရိတ်ပေါက်နေသော အရိပ် (မိုးမခ) ဧပြီ ၁၇၊ ၂၀၁၇ ကျမနောက်က အရိပ်တခု အမြဲကပ်လိုက်နေတယ်။ ကျမခန္ဓာကိုယ်ဟာ သီချင်းတပုဒ်ဖြစ်ပြီး ပုရွက်ဆိတ်တွင်းထဲ အတင်းသွတ်သွင်းလိုက်ကြတယ်။ သံစဉ်တွေတစစီ ပျက်စီးကြေမွသွားတာကို ကျမကြောက်ရွံ့စိတ်နဲ့ ကြည့်နေရတယ် ငိုကြွေးလိုက်ဖို့ ဆုတောင်းလိုက်ဖို့ ကျမဦးနှောက်ဟာ မှင်ကုန်သွားတဲ့ ဘော့ပင်တချောင်း ဘာတခုမှ မလုပ်နိုင်တော့ခြင်းမှာ ဘာတခုမှ မဖြစ်လာနိုင်ခြင်းထဲ ကံတရားဟာ ကျမတို့အတွက် ဘုရားပါပဲ။ သေဆုံးခြင်းထဲမှာ ထင်နေတဲ့ပုံရိပ်တွေ ကျမတို့မျက်ဝန်းမှာစွဲကပ် မြေသားထဲမှာ စိမ့်ဝင်နေတဲ့အနံ့အသက်တွေ ကျမတို့ခန္ဓာကိုယ်မှာပူးဝင် စစ်ဟာ ဘယ်တော့မှ သမိုင်းကြောင်းထဲမှာ အကောင်းအတိုင်း မပါနိုင်တော့တဲ့ ပန်းချီကားတချပ်လား ။ ကျမတို့ရင်ဘတ်ထဲမှာ ။ ဝါကျဖြူ Tags: ဝါကျဖြူ

Read more »

တိုးနှောင်မိုး ● ကြယ်တွေဟာ လက်နောက်ပစ်ပြီး လမ်းလျှောက်တယ်

April 15, 2017
တိုးနှောင်မိုး ● ကြယ်တွေဟာ လက်နောက်ပစ်ပြီး လမ်းလျှောက်တယ်

တိုးနှောင်မိုး ● ကြယ်တွေဟာ လက်နောက်ပစ်ပြီး လမ်းလျှောက်တယ် (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇ သမီးရေ တွေးစရာအများကြီးရှိနေတဲ့ကမ္ဘာမှာ မတွေးရင်အတယ် သူများကိုခိုင်းချင်ရင် ကိုယ်ကိုယ်တိုင်ကအရင် ကျွန်လိုအယောင်ဆောင်ပြီး လုပ်ပြရတယ်။ သမီးရေ တဘဝလုံး လျှောက်ရမယ့်ခြေထောက်တွေ အမြဲသန့်ရှင်းဖို့လိုသလို အတွေးအခေါ်ကိုလည်း အတွေးအမြင်နဲ့ သိရမယ် အတွေးအမြင်ကိုလည်းအတွေးအခေါ်နဲ့သိရမယ် ပြာပဲကြိုးကျစ်နိုင်တဲ့အခါမျိုးမှာ ပုံပြင်တွေဟာ သိပ်အရေးကြီးတယ်။ ဘာမှမယုံနဲ့ မကြည်တာကို ကြည်အောင်ရုန်းရင် ပင်ပန်းတယ်။ ကြယ်တွေမှာ သမိုင်းရှိတယ် မြသန်းတင့် သမိုင်းနဲ့ကြယ်ဟာ သူအလင်းနဲ့သူရှိသလို မောင်ချောနွယ် သမိုင်းနဲ့ကြယ်ဟာ သူ့အလင်းနဲ့ သူရှိတယ် အသံနေ အသံထား အလင်းမတူဘူး ကိုယ်ပိုင်ဟန်တွေမတူဘူး အဲ့လို ဘဝတွေမတူဘူး။ အနုပညာဟာ သူတို့အလင်းတွေကို သူတို့ဆန္ဒနဲ့ လင်းတယ်။ သမီးရေ ဘယ်တော့မှ ပွန်းတွေကို အထင်မသေးနဲ့...

Read more »

ဆောင်းယွန်းလ ● အသံထွက်တူပေမယ့် လမ်းဟာ မလန်းပါ

April 14, 2017
ဆောင်းယွန်းလ ● အသံထွက်တူပေမယ့် လမ်းဟာ မလန်းပါ

ဆောင်းယွန်းလ ● အသံထွက်တူပေမယ့် လမ်းဟာ မလန်းပါ (မိုးမခ) ဧပြီ ၁၄၊ ၂၀၁၇ ပျော်ပါစေလို့ ဆုပေးသူကိုယ်တိုင်က မပျော်တဲ့အခါ ပူနေအောင်လောင်တဲ့ နွေဟာ လေအေးစက်အပြည့်နဲ့ အခန်းထဲမှာလည်း ဆောင်းပြန်ဖြစ်မလာခဲ့ ညှိုးနေတဲ့ သစ်တပင်အတွက်လည်း ရေခဲတတုံးဟာ ရေတခွက်ဖြစ်မလာခဲ့ လုံလုံခြုံခြုံ အမိုးပေါ်ကို ထပ်မိုးထားတဲ့ မိုးကသည်းလွန်းနေတော့ လုံခြုံမှုကို ခြုံစရာ အကာမရှိတော့ပါ။ ဒါဟာ.. သဘာဝပဲတဲ့ တိုင်းပြည်ကမွဲတော့ ပြာနှမ်းနေတဲ့ မျက်နှာတွေကို ခွဲခြမ်းစိတ်ဖြာစရာ ဆန်းသစ်တဲ့ ကာလာတွေလည်း မရှိတော့ပါ။ ရေတခွက်ထဲက ရေတစက်ကိုလိုက်ရှာနေရတာလည်း မောလှပါတယ်။ သမုဒ္ဒရာကြီးတွေကို ဖြတ်ပြီးရင် တံတိုင်းကြီးတွေကို ကျော်ပြီးတဲ့အခါ နည်ခြားစည်းတွေရဲ့တဖက်ကို ဖြတ်ကျော်ပြီးသွားတိုင်း ကျန်ရစ်သူ ပြည်သူလူထုကြီးအတွက် နောက်ဆုံးကျန်တာက မျက်ရည်တစက်ပါပဲ။ တဲတဲလေးကျန်နေတဲ့ကြိုးကို ဖြတ်ပြီးသွားတဲ့နောက် တစုံတယောက်အတွက် လျှောက်စရာလမ်းဟာ...

Read more »

မြတ်လှိုင်း ● ပိတောက်ကို သစ္စာဖောက်သူများ

April 12, 2017
မြတ်လှိုင်း ● ပိတောက်ကို သစ္စာဖောက်သူများ

မြတ်လှိုင်း ● ပိတောက်ကို သစ္စာဖောက်သူများ (မိုးမခ) ဧပြီ ၁၂၊ ၂၀၁၇ ပိတောက်နဲ့ခမောက်ကို ဘယ်သူလုယူခဲ့သလဲ သူတို့လုယူလိုက်ကတည်းက ပိတောက်ပန်းတွေဖောက်ပြန်သွားတယ် အာဏာရှင်ရဲ့ဒေါက်တိုင်ပေါ်မှာ ခမောက်ကိုချိတ်လို့။ ပိတောက်တွေလှိုင်မယ့်နှစ် ခမောက်တွေနိုင်မယ့်ခေတ်ဆိပြီး ငါ့နိုင်ငံတော်ကြီး ကခုန်ခဲ့တယ် အဲဒီနှစ်က မှတ်မှတ်ရရ ပိတောက်တွေနောက်ကျပြီးမှပွင့်ခဲ့ ခမောက်တွေအကျဉ်းထောင်ထဲရောက်ခဲ့ အိပ်မက်တွေနဲ့ ကခုန်ပြီးပျော်ခဲ့တဲ့ ငါနိုင်ငံတော်လည်း အကြီးအကျယ်အလိမ်ခံခဲ့ရတယ်။ အခုအချိန်မှာတော့ အတာသင်္ကြန်နဲ့ပိတောက်ပန်းက ရှင်ကွဲကွဲနေတာကြာခဲ့ပြီ သင်္ကြန်မှာဖက်ဆွတ်မိုးမရွာခဲ့တာကြာပြီ အတာနဲ့ပိတောက်တွေ ခမောက်ပြန်ဆောင်းနိုင်ဖို့ ပြည်သူရဲ့အမိန့်ကိုနာခံ ငါ့နိုင်ငံတော်သစ္စာဖောက်သူတွေကို ကန့်ကွက်လိုက်တယ်။ မြတ်လှိုင်း Tags: မြတ်လှိုင်း

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်