ခရီးသွား ဆောင်းပါး

မောင်ရင်ငတေ – ဘဝထဲက လူသား … ခါးဘုရင်မလေးများ

September 17, 2015
မောင်ရင်ငတေ – ဘဝထဲက လူသား … ခါးဘုရင်မလေးများ

မောင်ရင်ငတေ – ဘဝထဲက လူသား … ခါးဘုရင်မလေးများ (မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅ ဒီတခါ မောင်ရင်ငတေပြောပြချင်တာကတော့ ပါရီမြို့တော်ရဲ့ နာမည်ကျော် ခါးဘုရင်မလေးတွေရဲ့အကြောင်းပါ။ ခါးဘုရင်မ လေးတွေဆိုလိုက်လို့ လူဝီဘုရင်တွေခေတ်က လက်ကျန်မျိုးနွယ်ဖွားတွေလို့တော့ မထင်လိုက်ပါနဲ့။ သူတို့လေးတွေရဲ့ ဘဝဇာတ်ကြောင်းတွေ အတိတ်အဟောင်းတွေကိုသာ မသိရင်နေကြပါမယ်၊ ပါရီမြို့ကို လည်ပတ်ဖူးကြသူတိုင်းတော့ ထိ တွေ့ဖူးကြမှာပါ။ ကြားဖူးကြမှာပါ။ ခါးဘုရင်မလေးများလို့ တင်စားလိုက်ရတဲ့အကြောင်းရင်းက သူတို့တတွေထဲကအများစုက ငယ်ငယ်ရွယ်ရွယ် နုနုလေးတွေ မို့ပါ။ တချို့ဆိုရင် မော်ဒယ်ဂဲလ်လေးတွေအလားပါ။ အဲဒီလို နုနုငယ်ငယ်လေးတွေရဲ့ဝင်ငွေက ကြောက်ခမန်းလိလိမို့ ဘုရင် မအဖြစ်တင်စားပြီး သူတို့အလုပ် ** ခါးပိုက်နှိုက် ***  အလုပ်ဘွဲ့နဲ့ ပေါင်းစပ်လို့ ခါးဘုရင်မလေးများလို့ တင်စားလိုက်ရခြင်းပါ။ အဲဒီ Pickpockets . ....

Read more »

ရန်ဝင်း (တောင်တံခါး) – သီရိပစ္စယာ ဂူပြောက် ဂူဘုရား

September 11, 2015
ရန်ဝင်း (တောင်တံခါး) – သီရိပစ္စယာ ဂူပြောက် ဂူဘုရား

ရန်ဝင်း (တောင်တံခါး) – သီရိပစ္စယာ ဂူပြောက် ဂူဘုရား (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၅ ပုဂံမြို့ဟောင်းမှာ ဂူပြောက်အမည်နဲ့ ဂူဘုရားတွေ ရှိပါတယ်။ သီရိပစ္စယာ အရပ်မှာရှိတာကြောင့် သီရိပစ္စယာဂူပြောက် ဂူဘုရားလို့ အမည်ပေးထားတဲ့ ဘုရားအမှတ် (၉၉၅/၄၁၅-က) က မဟာဗောဓိပုံစံမျိုး ကွန်းထောင်ပါရှိတဲ့ ဂူဘုရားတစ်ဆူပါ။ ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိစေတီတော်ကြီးရဲ့ပုံစံကိုမှီငြမ်းပြီး ဂူဘုရားအထက်မှာ ကွန်းထောင်အဖြစ်ထည့်သွင်း တည် ဆောက်ထားပါတယ်။   သီရိပစ္စယာဂူပြောက်၊ ယခင် တည်ဆောက်တဲ့ခုနှစ်ကိုတော့ အတိအကျမပြောနိုင်ပေမယ်လို့ မဟာဗောဓိ ကွန်းထောင်ပါရှိတဲ့ ဂူဘုရားအများစု တည် ဆောက်ကြတဲ့ကာလ၊ ၁၃ ရာစုအတွင်းလောက်မှာ တည်ဆောက်ထားတာဖြစ်နိုင်တယ်လို့ ပညာရှင်များက ခန့်မှန်းထားကြ ပါတယ်။ သီရိပစ္စယာဂူပြောက်၊ ယခင် သီရိပစ္စယာဂူပြောက် ဂူဘုရားပုံစံက ပုဂံခေတ်လယ်ပိုင်းမှာ ဆောက်တည်တဲ့ မြင့်မြင့်...

Read more »

ကိုသန်းလွင် – သာဝတ္တိ

September 8, 2015
ကိုသန်းလွင် –  သာဝတ္တိ

   ကိုသန်းလွင် –  သာဝတ္တိ (မိုးမခ)  စက်တင်ဘာ ၈၊ ၂၀၁၅   (၁) ဘီစီ ၆ ရာစု ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က သာဝတ္တိ သည်ကောသလတိုင်း၏ မြို့တော် ဖြစ်သည်၊ ဘုရင်မှာ ပသေနဒီကောသလမင်းကြီးဖြစ်သည်၊ သာဝတ္တိမြို့တော်သည်ချမ်းသာကြွယ်ဝသောမြို့တော်ကြီး  ဖြစ်ခဲ့ပါသည်၊ တချိန်က သာဝတ္တိ ဟုခေါ်သော ဘုရင်မင်းမြတ်က တည်ခဲ့သော မြို့တော်ဖြစ်သည်၊ သာဝတ္တိဆိုသော စကားလုံးမှာ အလုံးစုံကြွယ်ဝချမ်းသာခြင်းဟူ၍လည်း အဓိပ္ပါယ်ရသည်၊ လူတို့အတွက် လိုအပ်သော အစာအဟာရ နှင့် ပျော်ရွှင်ချမ်းမြေ့ခြင်းအတွက် လိုအပ်သာ အရာဝတ္တုပစ္စည်းမှန်သမျှ ကြွယ်ဝ သည်ဟု ဆိုပါသည်။    (၂)   ဗုဒ္ဓ၏ ကျောင်းတော်အမွန် ဇေတ၀န် သို့ ကျွန်တော်တို့သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ဆီးနှင်းတွေ...

Read more »

မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ဇင်းမယ် အစုန်အဆန်)

July 23, 2015
မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ဇင်းမယ် အစုန်အဆန်)

မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ဇင်းမယ် အစုန်အဆန်) (မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၅ မောင်ရင်ငတေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထိုင်းကိုရောက်ရှိနေခိုက် ဘန်ကောက်ကနေ ချင်းမိုင်ကို နေ့ရထားစီးပြီးသွားခဲ့စဉ် ရထားပေါ်မှာ ဓါတ်ပုံရိုက်လိုက် စာလေးတကြောင်းနှစ်ကြောင်း ရေးလိုက်နဲ့ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်တင်လိုက် လုပ်ခဲ့တာ လေးတွေကို ပြန်အချောသတ် ရေးလိုက်ရတာပါ။ ထိုင်း သို့မဟုတ် ယိုးဒယား ဘန်ကောက် သို့မဟုတ် ဘီကေကေ ချင်းမိုင် သို့မဟုတ် ဇင်းမယ်ဆိုပြီး  တယ်လီဖုန်းမျက်နှာပြင်မှာ အစဉ်ပြေသလို ရေးမိရေးရာရေးမိတာကြောင့် သည်းခံပြီးဖတ်ကြပါရန်၊ ဘယ်လိုခေါ်ခေါ် ဘယ်လိုရေးရေး ဒီအသုံးတွေက လူသိများတဲ့ အသုံးအနှုန်းတွေသာပါ။ La Gare de Hua Lamphong (สถานีรถไฟ หัวลำโพง) (ဓါတ်ပုံ မရငတ) အတိတ် သမိုင်းထဲက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်