စာစုတို

အောင်မော်ဦး ● အက်ကွဲနေတဲ့ ဖေဖော်ဝါရီ

February 18, 2017
အောင်မော်ဦး ● အက်ကွဲနေတဲ့ ဖေဖော်ဝါရီ

အောင်မော်ဦး ● အက်ကွဲနေတဲ့ ဖေဖော်ဝါရီ (မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇ ဖေဖော်ဝါရီ (၁၂) ရက်ကဲ့သို့သော တိတိကျကျ ဝိသေသရှိသည့် နေ့ကြီးရက်ကြီးတခု၌ ယင်းနှင့်ကိုက်ညီသည့် ဂုဏ်ပြုလက် ဆောင်တခုခုတော့ မုချရကြလိမ့်မည်ဟူ၍ အများနည်းတူ သူလည်းမျှော်လင့်မိသည်။ သူတို့ငံ့လင့်နေသည့်အရာမှာ အချစ် ဖြစ်သည်၊ စစ်မဟုတ်။ သူတို့မွတ်သိပ်နေသည့်အရာမှာ အကြမ်းဖက်မှုမဟုတ်၊ ငြိမ်းချမ်းမှု ဖြစ်သည်။ သို့သော် မျှော်လင့်သလိုဖြစ်မလာခဲ့သဖြင့် ငြိမ်းချမ်းရေးရယ် ဝေးရချည်သေးရဲ့ဟူ၍ စိတ်ထိခိုက်ရသည်။ ထို့အတူ နောက် ဆက်တွဲအဖြစ် ကြားရသည်များက စောစောက ထိခိုက်နေသည့်စိတ်ကို ဒေါသတကြီး ပေါက်ကွဲရန် လှုံ့ဆော်သည်။ ပေါက်ကွဲစိတ်ဖြင့် ဒေါသအလျောက် စိတ်လိုက်မာန်ပါ ပြောမိရေးမိလျှင် အဆိုးသက်ရောက်မှုကများနိုင်သဖြင့် “တခုခုမရေးမိ အောင်လို့ ကျနော့်ကီးဘုတ်ကိုတိပ်နဲ့ ပိတ်ထားတယ်“ ဟူ၍ ခပ်သုတ်သုတ် ရေးတင်ထားလိုက်သည်။...

Read more »

ဒီလူည ● မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် စောင့်ဆိုင်းသူတယောက် ဖြစ်ပါသည်

February 18, 2017
ဒီလူည ● မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် စောင့်ဆိုင်းသူတယောက် ဖြစ်ပါသည်

ဒီလူည ● မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် စောင့်ဆိုင်းသူတယောက် ဖြစ်ပါသည် (မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇  နိဒါန်း တခါတရံစောင့်ဆိုင်းခြင်းသည် အောင်မြင်ခြင်း၏ကြိုးစတခုဖြစ်သလို တခါတရံ၌ ခလုတ်ကန်သင်းလည်း ဖြစ်သည်။ **** (၁) အမှန်တော့ ကျွန်တော်သည် စောင့်ဆိုင်းခြင်းကို စိတ်မရှည်လွန်းသူတယောက်ဟု ပြောလျှင် လည်းမှားမည်မဟုတ်။ ထို့ထက်ပိုပြီးပြောရလျှင် ကျွန်တော်သည် ချစ်သူလာရာလမ်းမှာ သူမရောက်သင့်သည့် အချိန်ထက်နောက်ကျသည်ကိုပင် စိတ်မရှည်တတ်သူဖြစ် သည်။ တခါက သူမနှင့်ကျွန်တော် နားလည်မှုလွဲ၍ သူမအလာကို ကျွန်တော် အချိန်တော်တော်ကြာအောင် မိုးရေထဲ၌ စောင့်နေခဲ့မိ တယ်။ ထိုအခါ စောင့်ဆိုင်းခြင်းကိုသည်းမခံတတ်သော ကျွန်တော် ဘယ်လိုမှစိတ်ကို ထိန်းမရတော့။ ကျွန်တော့် ဒေါသတွေ သူမအပေါ် အကြီးအကျယ် ကျရောက်ခဲ့ပါတော့တယ်။ **** စောင့်ဆိုင်းခြင်းသည် ကျွန်တော်နှင့်...

Read more »

ကေဇော်မိုး ● အေးစက်စက်နံရံထဲက မူးရီနေတဲ့စိတ္တဇ

February 11, 2017
ကေဇော်မိုး ● အေးစက်စက်နံရံထဲက မူးရီနေတဲ့စိတ္တဇ

ကေဇော်မိုး ● အေးစက်စက်နံရံထဲက မူးရီနေတဲ့စိတ္တဇ (မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇ ငါက ရိုးမသွေးနဲ့ ဒီရေအလင်းထဲ ဧရာဝတီပင်လယ်အစပ်နားက ရိုးချောင်းလေးအပေါ် အုပ်မိုးနေတဲ့ မီးတိမ်တအုပ်။ ကြမ်း တမ်းလွန်းတဲ့တွေးဆချက်တွေထဲ အဝေးဆုံးညက အိပ်တန်းပြန်ရင်း အလင်းကိုဖျောက်ပစ်ခံခဲ့ရ။ ရန်ကုန်မြစ်ပြင်ပေါ် စနစ် တွေရဲ့သားကောင်တကောင်လို လက်နက်မချသေးတဲ့ တဘဝစာအရှုံးတွေနဲ့ တရားသဖြင့် နေထိုင်ခဲ့တယ်။ အစီအစဉ်တကျ ချိုးဖောက်ခံထားရတဲ့ဆောင်ပုဒ်တွေထဲ ရဲရဲရင့်ရင့်မိုက်မဲတေပေသူကြီးရဲ့ မျက်နှာပေါ်မှာ ခပ်ရေးရေးအမှတ်အသားဟောင်းတခုရှိတယ်။ တကယ်ဆို ကိုယ့်ဆက်ထုံးအသီးသီးထဲ ကချင်လွယ်အိတ်ကလေးနဲ့ ဂျစ်ကန်ကန်ကျောက်ဒိုးသမားလေး။ ဇယ်ခုံနဲ့ အံစာ ဝိုင်းတွေထဲ အလစ်ချောင်းနေတဲ့ကျားရဲ။ ခွဲတမ်းစနစ်မှာ စာအုပ်ထပ်ရင်း ပိုင်စိုးမှုဧကရီကို မကြာခဏ ညည်းတတ်တဲ့ကောင်။ ငါ့အစ်ကိုသူငယ်ချင်းနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် လမ်းဘေးအုတ်ခုံဝိုင်းမှာ လူငယ်စိတ်နဲ့ လွင့်စင်ဖူးတဲ့သူ။ လက်ကြီးနဲ့ လန်ဒန်နဲ့ သန့်စင်ခန်းဘေးမှာ ရွာလွန်ရွက်တိုက်...

Read more »

စိုးခိုင်ညိန်း ● လမ်း

February 8, 2017
စိုးခိုင်ညိန်း ● လမ်း

စိုးခိုင်ညိန်း ● လမ်း (မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇ နေရောင်ခြည်သည် တဖြေးဖြေး အိုဟောင်းဆွေးမြေ့လာပြီမို့ လမ်းမီးတိုင်တွေကို လှုပ်နှိုးပြီး ထားရစ်ခဲ့ကာ တရွေ့ရွေ့ ထွက်ခွာသွားပေပြီ။ မြွေတကောင်လို တွန့်လိမ်ပြေးလွှားနေသောလမ်းသည် သစ်ရွက်ခြောက်နှင့် အမှုံအမွှားတို့ကို ခါထုတ် လျှက် ရှိ၏။ အသားကင်နံ့၊ ညှော်နံ့တို့ဖြင့် ပုလင်းဖုံးကို ဆွဲဖွင့်လိုက်သောအခါ ဘီယာအမြှုပ်တို့သည် ဖန်ခွက်နှုတ်ခမ်းဖျားမှ တဆင့် ပေါင်သားဖွေးဖွေးတို့ဆီ စီးဆင်းသွားလေသည်။ ခစ်ခနဲ့ ရယ်သံနုနုလေးသည် လမ်းမီးတိုင်အောက်သို့ ပဲ့ကျလာသည်။ လမ်းမပေါ် ရိုက်ထည့်ထားသော သူ့အကြည့်တို့ကို ကားတွေ တစီးပြီး တစီး ဖြတ်ကြိတ် သွားကြသည်။ နာကျင်ကြေကွဲမှုများနှင့် သူ့၏ အကြည့်ကို ဝတ်ကောင်းစားလှ ပေါင်သားလှလှလေးတွေဆီ ရွှေ့ကြည့်လိုက်တော့ သူအကြည့်တို့သည် နွမ်းဖတ်ပျော့ အိကာ ကျိုးကြေနေပေပြီ။ အားလုံးဟာ...

Read more »

ရွှေပိုးအိမ် (ပဲခူး) ● နှင်းဆီ ထရော်မာ

February 7, 2017
ရွှေပိုးအိမ် (ပဲခူး) ● နှင်းဆီ ထရော်မာ

ရွှေပိုးအိမ် (ပဲခူး) ● နှင်းဆီ ထရော်မာ (မိုးမခ) ဇန်နဝါရီ ၇၊ ၂ဝ၁၇ နှင်းဆီကို ကိုယ် စတွေ့တုန်းက အမေ့လက်ထဲမှာ…..။ ပန်းနုရောင် ရေမွှေးနှင်းဆီတွေပိုက်ထားတဲ့ အမေဟာ အိမ်ပေါ်ကို တလှမ်းချင်းတက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ်မြင်ဖူး သမျှ မိန်းမတွေထဲ အလှဆုံးမိန်းမဟာ အမေပဲ။ ကိုယ့်အတွက်တော့ နုပျိုမှုနဲ့သောကတွေ ယှဉ်တွဲနေတဲ့ အမေ့မျက်နှာဟာ နှင်းဆီတွေကြားထဲမှာ သိပ်လှနေခဲ့တယ်လေ။ ဘုရားသောက်တော်ရေလဲတယ်။ ဘုရားရှိခိုးတယ်။ ပြီးရင် အမေလဲပေးထားတဲ့ ပန်းအိုးလှလှတွေထက် နေရာယူဝံ့ထည်နေတဲ့နှင်းဆီတွေကို ခဏဖြစ်ဖြစ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ မော့ကြည့်နေရတယ်။ မှတ်မိနေတာတခုက ဘုရားမှာ ရေမွှေးနှင်းဆီတွေ အမေတင်တဲ့နေ့ဆို ညဘက် အဖေနဲ့ရန်ဖြစ်တော့တာပဲ။ နှင်းဆီတွေအပေါ် အမှတ်စရမိတဲ့အချိန်မှာ ကိုယ့်အသက်က ၇ နှစ် ၈ နှစ်။ အဖေနဲ့ အမေဆို...

Read more »

ခင်ဇော်မိုး ● ဆောင်းည

February 3, 2017
ခင်ဇော်မိုး ● ဆောင်းည

ခင်ဇော်မိုး ● ဆောင်းည (မိုးမခ) ဇန်နဝါရီ ၃၊ ၂ဝ၁၇ (၁) ဆောင်းဝင်လာပြီမို့ အအေးဓာတ်က ကဲသထက်ကဲလာပြီ။ နေညိုလာသည်နှင့် အပြင်မှာအေးစိမ့်လာတော့သည်။ နှင်းမှုန် လေးတွေဟာ ဆောင်းညရင်ခွင်မှာ ကြွေသည့်ပန်းကလေးများသာ။ အေးလွန်သည့်ဆောင်းညတွေဟာ ချောက်နက်ထဲကို ကျနေသူလိုခံစားရသည်။ မြောက်ပြန်လေနှင့် ခရီးနှင်လာသောဆောင်းဟာ အလွမ်းကိုရင့်မှည့်စေသည်။ သူမရော ဆောင်း ညအလှကို ခံစားမိလေမလား။ ကျွန်တော့်ကိုရော လွမ်းဆွတ်နေလေမလား။ ဘယ်အရာမှ မရေရာပါ။ ဒါပေမယ့် ဖမ်းဆုပ်မရ သည့်စိတ်ဟာ သတိရတိုင်းယိမ်းနွဲ့နေသည့်သစ်ကိုင်းဖျားတွေလို။ လွင့်လို့ ယိမ်းလို့။ ဘယ်လောက်ထိ ညွှတ်ကော့သွားမယ် ဆိုတာ ဒီဂရီတိတိကျကျမရှိ။ ကျွန်တော်ကိုယ်တိုင်ရော ဘယ်အချိန်ထိ လွမ်းဆွတ်နေမည်မသိ။ ဘယ်လောက်ထိ လွမ်းနေ ကြောင်း ပြောပြ၍မလုံလောက်။ ပုလဲသွယ်နှင်းမှုန်နှင်းရည်တို့နှင့်ရောကာ သက်ပြင်းတွေကို တိုးတိုးတိတ်တိတ်ချနေမိသည်။ အေးလွန်းသည့်ဆောင်းညထဲ အလွမ်းကြောင့် အနေခက်ရလွန်းပါသည်။...

Read more »

ကျော်ကျော်(မြရည်စမ်း) – နိုင်ငံရေး သတ္တဝါတဦး

February 2, 2017
ကျော်ကျော်(မြရည်စမ်း) – နိုင်ငံရေး သတ္တဝါတဦး

ကျော်ကျော်(မြရည်စမ်း) – နိုင်ငံရေး သတ္တဝါတဦး (မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၇ “လူဆိုသည်မှာ နိုင်ငံရေးသတ္တဝါဖြစ်၏” ဟူသော စကားကို ကြားဖူးခဲ့သည်မှာ ကြာပါပြီ။ ကျွန်တော်သည် နိုင်ငံရေးကို စိတ်မဝင်စားလှပါ။ ထို့ကြောင့် ကျွန်တော့်ကိုလူဟူ၍သတ်မှတ်နိုင်ရန် ခက်ခဲပေ မည်။ မိမိ၏မိသားစုဖြင့်သာ အေးအေးလူလူနေချင်ပါသည်။ ဆူညံသံကင်းမဲ့သောအရပ်၌ နေထိုင်လိုပြီး တောတောင်ရနံ့၊ ကျေးလက်ရနံ့ပါသော စာများ ကဗျာများရေး၍သာ ဘဝကိုငြိမ်းချမ်းစွာ ဖြတ်သန်းလိုပါသည်။ နိုင်ငံရေးကို စိတ်မဝင်စားသော်လည်း အသက်တစ်ဆယ့်ငါးနှစ်သားအရွယ် ကိုးတန်းကျောင်းသား ဘဝက တောင်ဥက္ကလာပနေအိမ်မှ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်သို့ ခြေကျင်လျှောက်ခဲ့ဖူး သည်။ ထိုနေ့က ဗိုလ်ချုပ်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးမြင်ဖူးခြင်းပင်။ ဒီမိုကရေစီတိုက်ပွဲ အောင်ရမည်ဟူသော ကြွေးကြော်သံများလွှမ်းမိုးနေသည့် ထိုကွင်းပြင်ကျယ်ကြီး မှ အိမ်အပြန်ခရီးသည် မောပန်းသော်လည်း လူက နွမ်းမသွားသည်မှာတော့အံ့သြစရာ။ ဆယ်စုနှစ်ကာလ...

Read more »

ခင်ဇော်မိုး – ကြွေ

February 1, 2017
ခင်ဇော်မိုး – ကြွေ

သန်းဌေးမောင် ခင်ဇော်မိုး – ကြွေ (မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇ ငါ့ကိုယ်ငါထက် မင်းကိုပိုချစ်မိတဲ့အခါ မင်းရဲ့ပျော်ရွှင်မှုတွေသာ အရေးပါဆုံးအရာ ဖြစ်လာတယ်။ တခါတလေ အဆင်မပြေမှုတွေကြားမှာ ငါတယောက်ထဲနေရထိုင်ရတဲ့အခါ လောကကြီးဟာ အဓိပ္ပာယ်မဲ့လွန်းတယ်။ လောကကြီးဟာ မေတ္တာတရားခေါင်းပါးလွန်းတယ် လို့ ငါမြင်တယ်။ တကယ်ဆို ငါ့ဘေးမှာ မင်းရှိစေချင်ခဲ့တာ။ မင်းရှိဖို့ လိုအပ်ခဲ့တာပါ။ တကယ်လက်တွေ့မှာ မင်းမျက်နှာကိုငေးကြည့်ခွင့်တောင်မရှိဘူး။ မင်းစကားသံကို ကြားခွင့်မရဘူး။ မင်းကိုစွဲလန်းမိတဲ့အချိန်ကစလို့ ငါဟာ ပင်ပန်းဆင်းရဲမှုကို စတင်တွေ့ရှိခဲ့ ခြင်းပဲ။ မြတ်နိုးရတဲ့သူ၊ ချစ်ရတဲ့သူဆီကဆိုရင် ဒဏ်ရာကိုတောင်မြတ်နိုးမိတာ။ ဝေဒနာကိုတောင် ချိုမြတယ်အထင်နဲ့ ရူးရူးမူးမူးခံစားချင်မိတာ။ မင်းမသိပဲ နင့်နင့်သီးသီးလွမ်းနေရတာ သိပ်ပင်ပန်းတာပဲ အချစ်ရယ်။ ငါက တိတိပပ မင်းတယောက်တည်းကိုချစ်တာ။ ငါ့မှာတချိန်က မင်းအကြည့်လေးတွေ လွမ်းနေရတယ်။ မင်းမျက်လုံးလေးတွေကို အရင်လိုငါ့လက်တွေနဲ့ စမ်းကြည့်ချင်တုန်း။...

Read more »

အောင်မော်ဦး ● သမ္မတကြီး ခင်ဗျား …..

January 23, 2017
အောင်မော်ဦး ● သမ္မတကြီး ခင်ဗျား …..

အောင်မော်ဦး ● သမ္မတကြီး ခင်ဗျား ….. (မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၇ နိုဘယ်မြန်မာစာပေပွဲတော်၌ သမ္မတကြီးဦးထင်ကျော်က ရသစာပေ များများဖတ်ကြရန် တိုက်တွန်းပြောကြားသည်ဟူသည့် သတင်းတပုဒ်ဖတ်လိုက်ရသည်။ အားတက်သွားသည်။ တွေ့လား၊ ရသစာပေကိုတန်ဖိုးထားတဲ့ ငါတို့သမ္မတကွ၊ စာဖတ်တဲ့ ငါတို့သမ္မတကွ ဟူ၍ ဂုဏ်ယူဝံ့ကြွားစွာ လက်သန်းထောင်လိုက်သည်။ ထို့အတူ ဖတ်စရာ ရသစာပေများလည်း များများစားစားရှိရန်လိုအပ်သဖြင့် ကျနော်တို့အနေဖြင့် ဝိုင်းဝန်းဖန်တီးကြရပေလိမ့်မည်။ သို့နှင့် ကျနော်တို့ရေးခဲ့သည့်စာများအား ပြန်ငဲ့ကြည့်မိသည်။ တော်လှန်ရေးကာလတလျှောက် တစိုက်မတ်မတ်ရေးခဲ့ကြ သည်က တော်လှန်စာပေများချည်းသာ။ ထိုအထဲမှ ဆောင်းပါးဆိုလျှင် အကျိုးနှင့်အကြောင်းနှင့် ပြေပြေပြစ်ပြစ်ရှိသဖြင့် နည်းနည်းတော်သေးသည်ဟု ဆိုရမည်။ သို့သော် ကဗျာကျလျှင်မူ ထိုသို့မဟုတ်။ ပေါက်ကွဲအားပြင်းပြင်းနှင့် တော်လှန်စစ်ခင်း နေတတ်သည်။ တော်တော်တန်တန်ကဗျာသည်ပင်လျှင် မီးတောက်တခွက် ပက်ခနဲ ကျိုက်လိုက်ရသည့်နှယ် သွေးကြော...

Read more »

လင်းသက်ငြိမ် ● ရှောက်ဟုန်

January 21, 2017
လင်းသက်ငြိမ် ● ရှောက်ဟုန်

လင်းသက်ငြိမ် ● ရှောက်ဟုန် (မိုးမခ) ဇန်နဝါရီ ၂၁၊ ၂ဝ၁၇ ကျနော်ခွေးတကောင်ကို သတိရနေမိတာကြာပါပြီ။ အဲ့ဒီလိုသတိရတဲ့အကြောင်းကို စာနဲ့ရေးဖို့ကြိုးစားနေခဲ့တာ လည်း ကြာပါပြီ။ အခု ဒီစာကိုရေးနေတဲ့အချိန်မှာပဲ စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုတဲ့ ခွေးတယောက်နဲ့ လူနှစ်ကောင် သီချင်း ကိုလည်း သတိရမိပါတယ်။ ကျနော်အလုပ်လုပ်တဲ့ အလုပ်ရုံက ခွေးကလေးတကောင်ပါ။ ကျနော်တို့အလုပ်ပိုင်ရှင်ကတရက်မှာ ခွေးကလေးတကောင် ယူလာပါတယ်။ အဝါရောင် အမွေးပွနဲ့ ပုပုသေးသေးခွေးကလေးဖြစ်ပါတယ်။ ခွေးက ခွေးမလေးဖြစ်ပြီး နာမည်ကို ရှောက်ဟုန်လို့ တရုတ်လို့ပေးထားတယ်။ ကျနော်တို့ အလုပ်ရုံပိုင်ရှင်သူဌေးက ပန်းသေး လူမျိုးဖြစ်ပါတယ်။ ကျနော်တို့အလုပ်ရုံက ကားအလိုင်းမင့်အလုပ်ရုံဆိုတော့ စက်ဆီချေးတွေက နေရာအနှံ့ဆိုတော့ တပတ် လောက်မှာပဲ ရှောက်ဟုန်ရဲ့အမွေးတွေဟာ ဆီချေးတွေနဲ့ ပေကျံနေပါတော့တယ်။ ဆပ်ပြာနဲ့ရေချိုးပေးလည်း ခဏနဲ့ပြန်ပေ တာပါပဲ။ သူ့ကိုရေချိုးတဲ့အခါ ကာဘော်လစ်ဆပ်ပြာနဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်