စာစုတို

ဆောင်းလူ – သူမနှင့် ဘ၀ …

May 29, 2015
ဆောင်းလူ – သူမနှင့် ဘ၀ …

 ဆောင်းလူ – သူမနှင့် ဘ၀ … (မိုးမခ) မေ ၂၉၊ ၂၀၁၅ (က) သူမ၏ ကိုယ်ခန္ဓာပေါ်တွင် ထိုသူ၏ စိတ်အစာဖြစ်သမျှကို မနားတမ်း ကျဲချခံနေရ၏။ ထိုသူ၏ လက်တို့မှာကား တဆတ် ဆတ်တုန်ခါလျှက် ဟိုဟိုဒီဒီ လူးလွန့်လှုပ်ရှားကာ ဂဏှာမငြိမ်လှသည့် မျက်ဆံတို့သည်ကား တဖိတ်ဖိတ် တောက်တခါ လင်းတလှည့်ဖြင့် …။ ထို့နောက် တစုံတရာကို စဉ်းစားလိုက်…၊ သူမ၏ ခန္ဓာကိုယ်အား မသိမသာ ခိုးငဲ့ကြည့်လိုက်နှင့် အလုပ်ရှုပ်နေဟန်ပြု၏။ အတန်ကြာပြီးနောက် သူမသည် ထိုသူ၏ စိတ်ထင်တိုင်း ကိုယ်ထိလက်ရောက် အပြုအမူအောက်တွင် နုံးနယ်နွမ်းချိလျှက် ..။ ထိုသူသည် စိတ်အေးလက်အေးဖြစ်သွားဟန်ဖြင့် နွမ်းနယ်နုံးချိနေသည့် သူမအား ထပ်ထပ်ခါ မနားတမ်းကြည့်လျှက် … ဖင်တခုလုံး ဖွာလန်စုတ်ပြတ်သတ်နေသည့် ဆေးလိပ်ကြမ်းတလိပ်ကို...

Read more »

ဖိုးထက် – လူပါးဝသော စာအုပ်

May 29, 2015
ဖိုးထက် – လူပါးဝသော စာအုပ်

 ဖိုးထက် – လူပါးဝသော စာအုပ် (မိုးမခ) မေ ၂၉၊ ၂၀၁၅ အခြားသောဘာသာစကားတွေမှာ ဘယ်သို့ ဘယ်ပုံရှိမည် ကျွန်တော်မသိ။ မကျွမ်းကျင်။ မြန်မာစကားကတော့ ရှုပ်လည်း ရှုပ်သလို ချစ်လည်း ချစ်စရာ ကောင်းသည်။ စကားလုံး အသုံးအနှုန်းပေါ်မူတည်ပြီး အဓိပ္ပါယ် အများကြီး ကွာသွားနိုင်သည်။ စကားလုံးကိုလိုက်ပြီး ဆန့်ကျင်ဘက်အဓိပ္ပါယ် ကောက်ယူလို့ရသွားနိုင်သဖြင့် မြန်မာနိုင်ငံရှိ လက်ရှိနိုင်ငံရေးသမားများ စကားလုံး အသုံးအနှုန်း၊ စကားလုံးရွေးချယ်မှု ဆင်ချင်လာတာ သတိထားမိသည်။ ဘာစနစ်ကြီးနဲ့အုပ်ချုပ်နေမှန်း မသိသည့် လက်ရှိ အစိုးရ၀န်ကြီးများပင်လျှင် အခုနောက်ပိုင်း စကားလုံးရွေးချယ်တတ်လာသည်။ မြန်မာစကားမှာ စကားလုံး ရှုပ်ထွေး၊ များမြောင် လှသည်။ သာဓကအားဖြင့် “လူရည်လည်သောလူ” နှင့် “လူလည်” ဆိုသည့် စကားလုံးနှစ်လုံးကို ကြည့်ပါ။ လူရည်လည်ခြင်းသည် လူ...

Read more »

ကိုသန်းလွင် – ကျောင်းကောင်စီ

May 27, 2015
ကိုသန်းလွင် – ကျောင်းကောင်စီ

ကိုသန်းလွင် – ကျောင်းကောင်စီ (မိုးမခ) မေ ၂၇၊ ၂၀၁၅ (၁) သားတို့ကျောင်းကဖိတ်စာ တစောင်ပို့လိုက်သည်။ ဖိတ်စာကဒ်မှာ လက်တင်စာတွေရေးထားပါသည်။ “Legatum Pei durantes”  လက်တင်စာမတတ်သောကြောင့် ဘာအကြောင်းရယ်မသိရ၊ Stundent Conncil Investiture” ဟုရေးထား သည်ကိုတွေ့တော့မှ သားတို့ကျောင်းက ကျောင်းကောင်စီကဖိတ်တာဘဲဟု သဘောပေါက်သည်။ ကျွန်တော့်သားတက်နေသောကျောင်းမှာ ဂျူရောင်း ဂျူနီယာကောလိပ် (Jurong Junior Colleage) ဖြစ်ပါသည်။ အာအိုင် တီက ကျောင်းပြီးသောမိတ်ဆွေတဦး၏သားက   တီမားဆက်ကောလိပ်မှာ၊ ဖေ့ (စ်) ဘုခ်တွင် သူတို့သား ကျောင်းကောင်စီ မင်ဘာဖြစ်သောကြောင့် တာဝန်ပေးအပ်ပွဲကို သူတို့သွားတက်ကြကြောင်း သတင်းပေးထားတာကို သွားပြီးသတိရမိသည်။ ကျွန်တော်တို့အဖို့ သည်လိုပွဲကို အလွတ်မခံနိုင်ပါ၊ RSVP  ခေါ် အခမ်းအနားတက်မည်ဆိုလျှင် အကြောင်းပြန်ပါဆိုသော  ဖိတ်ခေါ်စာကို...

Read more »

ဖိုးထက် – စိတ်ဖြောင့်စွာ စာဖတ်ပါရစေ

May 24, 2015
ဖိုးထက် – စိတ်ဖြောင့်စွာ စာဖတ်ပါရစေ

 ဖိုးထက် – စိတ်ဖြောင့်စွာ စာဖတ်ပါရစေ (မိုးမခ) မေ ၂၄၊ ၂၀၁၅ ကျွန်တော့် စာဖတ်ဝါသနာက မနက်ခင်းစောစောမှာ စိတ်ပါ လက်ပါ လမ်းထလျှောက်တာနဲ့ တူသည်။ လမ်းစပြီး လျှောက် ခါစမှာ စိတ်ရှိပေမယ့် သွေးလေး၊ လူလေး၊ အိပ်ချင်မူးတူး။ ခဏကြာတော့ ခြေလှမ်းသွက်လာပြီး အိပ်ချင်စိတ်များ ပျောက် သည်။ နောက်တော့ လေကိုအားရပါးရ ရှူပြီး ချွေးတွေစို့လာအောင် လက်နှစ်ဖက်ကို ကားကားကြီးလွှဲကာ လမ်းလျှောက် သလိုမျိုး။ စာဖတ်တာအရှိန်ရလာလျှင် ခပ်သွက်သွက် ဖတ်သွားလို့ရသည်။ စာဖတ်နည်းတာ ကြာခဲ့သည်။ စာဖတ်နည်းလာတာ အပြစ်ကြီးတခု ကျူးလွန်မိနေသလို ခံစားနေရသည်။ “စာဖတ်၊ စာဖတ် နင့်ဘ၀မှာ ဒါလေးတခုဘဲ ကောင်းတာရှိတော့တာ” လို့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း စာကို ဖိဖိစီးစီး...

Read more »

အိုဘယ့် မြို့တော်

May 24, 2015
အိုဘယ့် မြို့တော်

အိုဘယ့် မြို့တော် (မိုးမခ) မေ ၂၄၊ ၂၀၁၅ နွေအကုန် မိုးအကူးရောက်ပြီ ….။ နွေဆိုလည်း နွေမို့ ….။ မိုးဆိုလည်း မိုးမို့ဆိုသလို ဒီတစ်ရာသီမှာ ဒီဒုက္ခ၊ ဟိုတစ်ရာသီ ဟိုတဒုက္ခ ဖြစ်မြဲ ကြုံမြဲ မြို့တော်ကြီးတို့ရဲ့ ဖြစ်ပျက်ကြုံရ ဒုက္ခအစုံစုံကို ကာတွန်းဆရာက လှစ်ဟပြထားတာပါ။ ဒီလိုပဲ .. ယိုယွင်းပျက်စီးမှုမျိုးစုံကို တတ်စွမ်းသူ၊ နားလည်သူ အဖက်ဖက် အမျိုးမျိုးအစုံစုံက ဝေဖန်ထောက်ပြ ရှင်းလင်းတင်ပြကြပါသော်လည်း တုဏှိဘာဝေတိုင်းပြည်မှာ .. မိဘပြည် သူများခေါ်ခေါ်ပြီး နှိပ်စက်တတ်သူများမှာတော့ နှလုံးသားမှ ရှိပါလေစ …။ ပြုပြင်ပြောင်းလဲရေးကာလ ဘယ်နှစ်နှစ်အတွင်းမှာဖြင့် ဟိုနိုင်ငံကြီးလို တိုးတက်အောင် … ဒီနိုင်ငံကြီးနဲ့ တူအောင် ဟိတ်လုံး ဟန်လုံးတွေထုတ်ရင်း … မြို့တော်ကြီးခမျာမှာလည်း …...

Read more »

ဖိုးထက် – ဟစ်တလာကို မေတ္တာပို့ရလေသည်

May 21, 2015
ဖိုးထက် – ဟစ်တလာကို မေတ္တာပို့ရလေသည်

ဖိုးထက် – ဟစ်တလာကို မေတ္တာပို့ရလေသည် (မိုးမခ) မေ ၂၂၊ ၂၀၁၅ လောကကြီးတွင် အဖိုရှိလျှင် အမရှိသည်။ လျှပ်စစ်သော်မှ အဖိုဓာတ်၊ အမဓာတ်ဆိုပြီး ခွဲခြားပြီး ရှိသေးသည်ဘဲ။ ပြီးတော့ အဖိုဓာတ် အဖိုဓာတ် အချင်းချင်းဆို တွန်းလေ၏။ ထို့အတူ ကိုသောင်းမြင့်ဆိုသော အဖို လူသတ္တ၀ါကြီးနှင့် မသူဇာဟူသော အမ လူသတ္တ၀ါနှစ်ယောက်သည် ဆန့်ကျင်ဘက် ဓာတ်သဘောအရ ဆွဲငင်ကြပြီးလျှင် အကြင်လင်မယားအဖြစ်သို့ ရောက်ရှိ သည်မှာ လူသတ္တ၀ါ အမလေးတကောင် ကျပြီးဖြစ်လေ၏။ လူအဖိုနှင့် လူအမ ပေါင်းဖက်ဖို့ ကြိမ်နှုန်း တူစရာမလို။ တနည်း.. ကဗျာဆန်ဆန်ပြောရလျှင် ရင်ခုန်သံစည်းချက်ထပ်တူ ကျ ချင်မှ ကျနိုင်သည်။ ယခုလည်း ကိုသောင်းမြင့်နှင့်မသူဇာတို့စုံတွဲသည် အဖိုသဘော၊ အမသဘောအရ ပေါင်းစည်း စုံဖက်...

Read more »

နေ၀န်းနီ (မန္တ​လေး) – ကဗျာ​တွေထဲက မန္တ​လေး

May 20, 2015
နေ၀န်းနီ (မန္တ​လေး) – ကဗျာ​တွေထဲက မန္တ​လေး

 နေ၀န်းနီ (မန္တ​လေး) – ကဗျာ​တွေထဲက မန္တ​လေး (မိုးမခ) မေ ၂၀၊ ၂၀၁၅ ကြည်​နူးဆွတ်​ပျံ့ဖွယ်​ အလှတရားများဖြင့်​ပြည့်​နှက်​​သော မန္တ​လေးကို ​ရှေး​ခေတ်​ ကဗျာစာဆိုပညာရှိ​တော့အစ ယ​နေ့​ခေတ်​ ​​ခေတ်​​ပေါ်ကဗျာဆရာ​တွေထိ အသိမ်​​မွေ့ဆုံးအ​တွေး အလှဆုံး​သောစိတ်​ကူး ကျစ်​လစ်​​သောစကားလုံးများဖြင့်​ မန္တ​လေးကို အမျိုးမျိုးကဗျာ မရိုးနိုင်​​အောင်​ဖွဲ့ဆိုသွားကြသည်​။ မန္တ​လေးကို ကဗျာဖွဲ့ဆိုကြသူထဲတွင်​ အချုပ်​တန်းဆရာ​ဖေက မန္တ​လေး​ဆောင်းအ​အေးလွန်​ကဲပုံကို အခုလိုလှပစွာသရုပ်​​ဖော်​ဖွဲ့ထားတယ်​​လေသည်​။ “​ငွေနှင်းရယ်​မှုန်​ ၊ ​လေညင်းရယ်​တသုန်​သုန်​နှင့်​ ချမ်းပုံမှာကမ်းကုန်​ရစ်​တာမို့ မန်းတုန်​​အောင်​ လမ်းဆုံကဟစ်​ချင်​​တော့” ဆရာ​ဖေသည်​ မန္တ​လေး​ဆောင်းရာသီကို ပီပြင်​စွာခံစားသရုပ်​​ဖော်​ပြသွားလို ဆရာ​မောင်​​နွေထက်​ကလည်း “မန္တ​လေး​တောင်​ နဲ့ စကား​ပြောခြင်း” လို့ ကဗျာ​ခေါင်းစီး​ပေးပြီး မန္တ​လေးကို သူမြင်​သည့်​အတိုင်း ကဗျာရှည်​တစ်​ပုဒ်​ကို လှပစွာ​ရေးဖွဲ့ပြ​လေ သည်​။ ဆရာ​မောင်​​နွေထက်​၏ “မန္တ​လေး​တောင်​နဲ့ စကား​ပြောခြင်း” ကဗျာ​လေးထဲမှ ကျွန်​​တော်​နှစ်​သက်​သည့်​အပိုဒ်​​လေး အား တင်​ပြလိုက်​ပါတယ်​။...

Read more »

ဖိုးထက် – ကျွန်တော့်လောဘတွေ

May 20, 2015
ဖိုးထက် – ကျွန်တော့်လောဘတွေ

ဖိုးထက် – ကျွန်တော့်လောဘတွေ (မိုးမခ) မေ ၂၀၊ ၂၀၁၅ လိုအင်ဆန္ဒတွေ အခုတလောများနေသည်။ ပြီးတော့ ရသင့်ရထိုက်သော ပိုက်ဆံအကြွေးတွေ ပြန်ရသည်။ အလုပ်အတွက် ထည့်ဝင်ထားသော ငွေကြေးအမြတ်အစွန်းက ထင်ထားသည်ထက် ပိုရသည်။ ငွေယားလေးများရှိသောသူပီပီ ဖြတ်သွား ဖြတ်လာ လမ်းသွားရင်း တွေ့သမျှပစ္စည်း ငါဝယ်နိုင်တယ်ဆိုသည့်အပေါက်ဖြင့် ၀င်ကြည့်သည်။ ကိုင်ကြည့်သည်။ ဈေးမေး သည်။ သို့သော် အလိုလောဘကြီးသောသူများကို လူအများ မြင်ပြင်းကပ်တတ်ကြသလို ကျွန်တော်နှင့်အတူပါလာသော မိတ်ဆွေများက စိတ်မရှည်ကြ။ ၀ယ်ပါ။ ၀ယ်လိုက်စမ်းပါ။ ခင်ဗျားအဆင့်နဲ့ ကိုင်ကြည့် ဈေးမေးနေတာတောင် လွန်လှပြီဟု အချွန်ဖြင့်မသောသူများလည်း မရှား။ ၀ယ်ပေါ့ လိုအပ်နေတာဘဲဟု ဆိုကြသူများလည်း မရှား။ ခင်ဗျားဟာကြီးက စုတ်ပြတ် နေပြီ။ အသစ်လဲတော့လေဟု စေတနာဗရပွဖြင့် တိုက်တွန်းသူများလည်း မရှား။...

Read more »

သားကြီးမောင်ဇေယျ – ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ

May 19, 2015
သားကြီးမောင်ဇေယျ – ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ

သားကြီးမောင်ဇေယျ – ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ (ဒီမိုပညာကျောင်းသားများ ၆ ကြိမ်မြောက် ရုံးထုတ်) (မိုးမခ) မေ ၁၉၊ ၂၀၁၅ သာယာဝတီတရားရုံး လမ်းမတန်းဝင်ပေါက်မှာ သံဆူးကြိုးအထပ်ထပ်နဲ့ ရဲလုံခြုံရေးတွေချထားတာတွေ့ရပါတယ်။ ၀င်ခွင့်မရ ပါ။ အဲဒါကြောင့် ကျနော်တို့ ဘေးဝင်ပေါက်ကို လာခဲ့ပါတယ်။ ဘေးဝင်ပေါက်ရောက်တော့ လူငါးဆယ်လောက် ရုံးစု ရုံးစုနဲ့ ရောက်နေပါပြီ။ ဒါဟာ ကျောင်းသားတွေ ကိုခြောက်ကြိမ်မြောက်ရုံးထုတ်တာ ဖြစ်ပြီး၊ သာယာဝတီတရားရုံးမှာတော့ ပထမဆုံး ရုံးထုတ်တာပါ။ ပြီးခဲ့တဲ့ ၅ ကြိမ်ကိုတော့ လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ သာယာဝတီ တရားရုံး မှာ အခုလို ရုံးထုတ်ခဲ့တာပါ။ ရောက်ရောက်ချင်း ကျနော်တို့ တရားရုံးဝန်းကျင် မြင်ကွင်းတွေကို ဗီဒီယိုလိုက်ရိုက်ပါတယ်။ ကိုဉာဏ်ကြီးက မကွေးသား  ၀န်းရံတဦးဖြစ်တဲ့ အသားဖြူဖြူ...

Read more »

ဖိုးထက် – ရွေးကောက်ပွဲမမှန်ရင် ကွဲမယ့်စုံတွဲ

May 17, 2015
ဖိုးထက် – ရွေးကောက်ပွဲမမှန်ရင် ကွဲမယ့်စုံတွဲ

ဖိုးထက် – ရွေးကောက်ပွဲမမှန်ရင် ကွဲမယ့်စုံတွဲ (မိုးမခ) မေ ၁၇၊ ၂၀၁၅ “လူတယောက်ရဲ့ ကောင်းကွက်ချည်းဘဲ.. လိုချင်လို့တော့ မရဘူးရယ်… ဒွန်တွဲတဲ့ ဆိုးကွက်လည်းပါမယ်.. အံဝင်ဂွင်ကျ ဘယ်ဘုရားမှ မတတ်နိုင်ဘူး… နီးစပ်တာနဲ့ ရောင့်ရဲတတ်ကြရတာလဲ မင်းအသိပါဘဲ” တဲ့။ ဆရာကြီး စိုင်းခမ်းလိတ်ရေးပြီး ကွယ်လွန်သူ အဆိုတော်ကြီး စိုင်းထီးဆိုင်ဆိုသောသီချင်းသည် ၎င်းတို့စုံတွဲအတွက် အလွန်မှန်သည်။ အဘယ်စုံတွဲ ရှိရမည် နည်း။ ကိုသောင်းမြင့်နှင့် မသူဇာတို့ လင်မယားစုံတွဲတည်း။ ထိုလင်မယားတွင် ကိုယ်စီ ကိုယ်စီ ကောင်းကွက် ဆိုးကွက်လေးများ ရှိကြသည်။ ကောင်းကွက်လေးများကို ရှာကြံပြောရလျှင် ကိုသောင်းမြင့်က မသူဇာကို သိပ်ချစ်သည်။ မသူဇာကလည်း ကိုသောင်းမြင့်ကလွဲ ကျန်တာ ဖွဲ၊ ဆန်ကွဲလို့ ထင်ရလောက် အောင် စိတ်ထားရှာသည်။ ဘယ်လောက်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်